• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဘာလဲဟဲ့ ရွေးကောက်ပွဲ

by ဉာဏ်လင်း
5 May 2025
in သူ့အတွေး သူ့အမြင်
A A
ဘာလဲဟဲ့ ရွေးကောက်ပွဲ
2.3k
VIEWS
Share on FacebookShare on Twitter

ယခု တလော ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ရုံးသို့ နိုင်ငံရေးပါတီအသစ်များ မှတ်ပုံတင်ကြသည့် သတင်းများ ဆက်တိုက်လိုလို ဖတ်ရှုလာရသည်။ အထူးသဖြင့် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အနေဖြင့် လာမည့် မေလ ၉ ရက်နေ့အား နောက်ဆုံးထား၍ လာရောက် မှတ်ပုံတင်ကြပါရန်နှင့် ယင်းနေ့နောက်ပိုင်းတွင် မှတ်ပုံတင်ခြင်းများကို ရပ်ဆိုင်းထားမည့်အကြောင်း ထုတ်ပြန်ချက် ထုတ်ပြန်ပြီးသည့်နောက်ပိုင်းမှာ ပါတီအသစ်များ မှတ်ပုံတင်လာကြသည်ကို တွေ့ရသည်။

စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်ကလည်း လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကို ကျင်းပမည့်အကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည့် သတင်းကြောင့်လည်း ရွေးကောက်ပွဲသည် အမှန်တကယ် ဖြစ်တော့မည်ဟု ထင်မြင်ယုံကြည်ကြသည့်အတွက် ပါတီများက မှတ်ပုံတင်လာကြသည်ဟု မှတ်ယူနိုင်မည် ဖြစ်သည်။

ယခုအခါ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ထံသို့ မှတ်ပုံတင်ထားကြသည့်၊ မှတ်ပုံတင်ရန် လျှောက်ထားကြသည့် နိုင်ငံရေးပါတီပေါင်း ၇၀ ကျော်သွားခဲ့ပြီ ဖြစ်ပါသည်။ အစဉ်အလာအရ ထင်ရှားသည့် နိုင်ငံရေးပါတီကြီးများဖြစ်ကြသည့် ရခိုင်ပါတီကြီးတခုနှင့် ချင်း (ဇိုမီး) ပါတီ နှစ်ခုကိုတော့ ပါတီမှတ်ပုံတင်ခွင့် မပြုနိုင်ကြောင်းဖြင့် ပယ်ချခဲ့သည်ကိုလည်း မှတ်မိထားပါသည်။ မည်သည့်အကြောင်းပြချက်ကိုမှ မပေးဘဲ ပယ်ချလိုက်ခြင်း ဖြစ်သည်။

ထူးခြားချက်မှာ ရခိုင်ပြည်နယ်တွင် စည်းရုံးရန် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ရခိုင်နိုင်ငံရေးပါတီ အသစ်အနေဖြင့် သတ်မှတ်ချက်များဖြစ်သည့် စပေါ်ငွေအပြင် ပါတီဝင် ဦးရေ ၁ ထောင်ကို စည်းရုံးပြီး တင်ပြရမည် ဖြစ်သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ငါးခုတွင် ရုံးခန်းများ ဖွင့်လှစ်ပြီးသား ဖြစ်ရပါမည်။ အများသိရှိနေကြသည့်အတိုင်း ယခုအခါ ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်အစိုးရ ထိန်းချုပ်ထားနိုင်သော မြို့နယ်ဟူ၍ သုံးမြို့နယ်သာ ကျန်ပါသည်။ မာန်အောင်၊ စစ်တွေနှင့် ကျောက်ဖြူတို့ ဖြစ်ပါသည်။

ထူးခြားချက်မှာ ရခိုင်ပြည်နယ်တွင် စည်းရုံးရန် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ရခိုင်နိုင်ငံရေးပါတီ အသစ်အနေဖြင့် သတ်မှတ်ချက်များဖြစ်သည့် စပေါ်ငွေအပြင် ပါတီဝင် ဦးရေ ၁ ထောင်ကို စည်းရုံးပြီး တင်ပြရမည် ဖြစ်သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ငါးခုတွင် ရုံးခန်းများ ဖွင့်လှစ်ပြီးသား ဖြစ်ရပါမည်။ အများသိရှိနေကြသည့်အတိုင်း ယခုအခါ ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်အစိုးရ ထိန်းချုပ်ထားနိုင်သော မြို့နယ်ဟူ၍ သုံးမြို့နယ်သာ ကျန်ပါသည်။ မာန်အောင်၊ စစ်တွေနှင့် ကျောက်ဖြူတို့ ဖြစ်ပါသည်။

သို့ဆိုပါလျှင် ရခိုင်ပါတီအသစ်သည် မည်သို့သောနည်းလမ်းဖြင့် မြို့နယ် ငါးမြို့နယ်တွင် သူတို့၏ ရုံးခန်းကို ဖွင့်လှစ်ကြမည်နည်း။ စဉ်းစားစရာဖြစ်ပါသည်။ ပါတီသစ်ထူထောင်သူများအနေဖြင့် ထိုအချက်အား မသိရှိ၍ ပြုခြင်းဟု ဆိုရန်ကား မဖြစ်နိုင်ပါချေ။

ထို့အတူ လက်ရှိအခြေအနေတွင် ချင်းပြည်နယ်ရှိ မြို့နယ်ပေါင်း ကိုးမြို့နယ်တွင် မြို့နယ် ငါးမြို့နယ်၌ ချင်းပါတီသစ်နှင့် ဇိုမီးပါတီအသစ်တို့သည် မည်သို့မည်ပုံ ရုံးခန်းဖွင့်လှစ်ကြမည်မှာ စိတ်ဝင်စားဖွယ် မေးခွန်းများ ဖြစ်ပါသည်။ ထိုအချက်အလက်များကို ပါတီအသစ် လျှောက်ထားသူများအနေဖြင့် မသိရှိဟု ဆိုရန်မှာ ယုံတမ်းစကားသာ ဖြစ်ပါလိမ့်မည်။

လက်ရှိ မှတ်ပုံတင်ထားကြပါသည်ဟုဆိုသော နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံတော်က ကျင်းပသော နိုင်ငံတော်အဆင့် အခမ်းအနားများသို့ တက်ရောက်နေကြသော်လည်း ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်နှင့် အဆက်အသွယ် လုံးဝ မရှိသော နိုင်ငံရေးပါတီ ၁၃ ပါတီ ရှိသည်ဟု သတင်းများက ဆိုပါသည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
129
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
93
မဲရုံမှာ ရှုံးသော်လည်း ကြိုတင်မဲဖြင့် အနိုင်ယူသည့် ကြံ့ဖွံ့အမတ် တဒါဇင်ကျော်ရှိ

မဲရုံမှာ ရှုံးသော်လည်း ကြိုတင်မဲဖြင့် အနိုင်ယူသည့် ကြံ့ဖွံ့အမတ် တဒါဇင်ကျော်ရှိ

10 January 2026
228

အဆိုပါ ပါတီများအနေဖြင့် သတ်မှတ်ထားသည့် ပါတီဝင် ဦးရေ၊ ရုံးခန်းများနှင့် ပတ်သက်၍ ကော်မရှင်နှင့် အဆက်အသွယ် လုံးဝ မပြုကြဟု ကြားသိရပါသည်။ အစဉ်အလာရှိထားသည့် တိုင်းရင်းသားနိုင်ငံရေးပါတီကြီး တချို့၏ မှတ်ပုံတင်ခွင့်အား အကြောင်းပြချက် မရှိဘဲ ငြင်းပယ်နိုင်ခဲ့သော်လည်း ပေးထားချက်များ မပြည့်အစုံဖြစ်နေသည့် အဆိုပါ နိုင်ငံရေးပါတီများကိုမူ ပါတီမှတ်ပုံတင်ခွင့် မပယ်ဖျက်သေးသည်မှာလည်း မေးခွန်းထုတ်သင့်သည့် အချက်ဖြစ်နေပါသည်။

သတ်မှတ်ချက်များ ပြည့်မီခြင်း မရှိသေးသည့် နိုင်ငံရေးပါတီ လေးပါတီစာရင်းကိုလည်း ရုံးတွင်းစာများတွင် ဖော်ပြထားသည်ဟု သိရပါသည်။ ထူးခြားသည်မှာ အဆိုပါ လေးပါတီတွင် ဦးကိုကိုကြီး ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေသည့် “ပြည်သူ့ပါတီ” လည်း ပါဝင်နေခြင်း ဖြစ်သည်။

သတ်မှတ်ချက်များ ပြည့်မီခြင်း မရှိသေးသည့် နိုင်ငံရေးပါတီ လေးပါတီစာရင်းကိုလည်း ရုံးတွင်းစာများတွင် ဖော်ပြထားသည်ဟု သိရပါသည်။ ထူးခြားသည်မှာ အဆိုပါ လေးပါတီတွင် ဦးကိုကိုကြီး ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေသည့် “ပြည်သူ့ပါတီ” လည်း ပါဝင်နေခြင်း ဖြစ်သည်။

ပြည်သူ့ပါတီအနေဖြင့် သတ်မှတ်ချက်များကို ရိုးသားဖြောင့်မတ်စွာ ဖြည့်ဆည်းနေရသည့်အတွက်လည်း မပြည့်မစုံ ဖြစ်နေရသည်ဟု ယုံကြည်ရပါသည်။ ပြည်သူ့ပါတီသည် တပြည်လုံးကို စည်းရုံးမည့် နိုင်ငံရေးပါတီကြီးအဖြစ် မှတ်ပုံတင်ထားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ပါတီအနေဖြင့် တင်ပြထားရမည့် စပေါ်ငွေ၊ ပါတီဝင်ဦးရေတို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်နိုင်သော်လည်း မြို့နယ်ပေါင်း ၁၁၀ တွင် ရုံးခန်းဖွင့်လှစ်ရမည်ဆိုသည့် အချက်ကိုတော့ ပြည့်မီရန် အကြီးအကျယ် ကြိုးစားနေရသည်ဟု မြင်မိပါသည်။

လူအများ သိရှိထားကြသည့် လက်ရှိ အခြေအနေများအရဆိုလျှင် တပြည်လုံးရှိ မြို့နယ်ပေါင်း ၃၃၀ အနက် မြို့နယ် ၁၁၀ တွင် ရုံးခန်းများ ဖွင့်လှစ်ဖို့ရာ အလွန်အင်မတန်မှကို ခက်ခဲသောကိစ္စ ဖြစ်ပါသည်။

တပြည်လုံး စည်းရုံးရန် မှတ်ပုံတင်ထားသော ပါတီကြီးပေါင်း ကိုးပါတီ ရှိထားရာ မြို့နယ်ပေါင်း ၁၁၀ တွင် ရုံးခန်းဖွင့်လှစ်နိုင်စွမ်းရှိသည့် ပါတီကြီးဟူ၍ ဖျစ်ဖျစ်ညှစ်ညှစ် လျှော့ပေါ့လျက် စဉ်းစားပေးရမည်ဆိုလျှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) တို့သာ ဖြစ်နိုင်ပါမည်။

ကျန်ပါတီများမှာမူ ဆိုခဲ့သည့်အတိုင်း စဉ်းစားကြည့်၍ပင် မရနိုင်ပါပေ။ အကယ်၍သာ မမှန်မကန်သော စာရင်းများအား စစ်ဆေးသူက မျက်စိမှိတ် လက်ခံလျှင်တော့ မသိပါ။ မရိုးမဖြောင့်သော နည်းလမ်းဖြင့်သာ ဖြစ်နိုင်ပါမည်။ ဖြောင့်ဖြောင့်မတ်မတ်လုပ်သော ပြည်သူ့ပါတီအတွက် အန္တရာယ်ဖြစ်နိုင်သည်ဟု မြင်မိပါသည်။ ရွေးကောက်ပွဲနီးမှ ဖျက်သိမ်းခံပါတီများစာရင်းတွင် မပါဝင်ပါဟု မည်သူမှ အာမခံနိုင်မည် မဟုတ်ပေ။

ကျန်ပါတီများမှာမူ ဆိုခဲ့သည့်အတိုင်း စဉ်းစားကြည့်၍ပင် မရနိုင်ပါပေ။ အကယ်၍သာ မမှန်မကန်သော စာရင်းများအား စစ်ဆေးသူက မျက်စိမှိတ် လက်ခံလျှင်တော့ မသိပါ။ မရိုးမဖြောင့်သော နည်းလမ်းဖြင့်သာ ဖြစ်နိုင်ပါမည်။ ဖြောင့်ဖြောင့်မတ်မတ်လုပ်သော ပြည်သူ့ပါတီအတွက် အန္တရာယ်ဖြစ်နိုင်သည်ဟု မြင်မိပါသည်။ ရွေးကောက်ပွဲနီးမှ ဖျက်သိမ်းခံပါတီများစာရင်းတွင် မပါဝင်ပါဟု မည်သူမှ အာမခံနိုင်မည် မဟုတ်ပေ။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတရပ် ဖြစ်ပေါ်လာရန်မှာ အချက်အလက်များစွာ လိုအပ်ပါသည်။ နိုင်ငံတကာမှ လေ့လာစောင့်ကြည့်မည့် အဖွဲ့အစည်းများအနေဖြင့် အမှန်တကယ် သွားချင်သည့်နေရာများသို့ သွားလေ့လာနိုင်ပါမည်လား။ များစွာခက်ခဲပါလိမ့်မည်။

လိုအပ်နေသော ကိုယ်စားလှယ်နေရာ အနည်းငယ်အတွက် မြို့နယ်အနည်းငယ်တွင်သာ ရွေးကောက်ပွဲကို အကျဉ်းချုံး ကျင်းပမည်ဟု အချို့က ဆိုထားကြပါသည်။ သို့ဆိုလျှင် ရွေးကောက်ခံထားရသည့် ကိုယ်စားလှယ် ဆယ်ဂဏန်းနှင့် ဥပဒေအရ စစ်တပ်က ခန့်အပ်သည့် ရာချီရှိမည့် ကိုယ်စားလှယ်များဖြင့် ပေါင်းစည်းကာ ကျင်းပသော လွှတ်တော်သည် ဂုဏ်သိက္ခာအရ များစွာထိခိုက်ပါလိမ့်မည်။ တပြည်လုံးအား လွှမ်းခြုံသည်ဟု မည်သို့ဆိုပါမည်နည်း။

ရွေးကောက်ပွဲ ဖြစ်၊ မဖြစ်၊ ဖြစ်ခဲ့လျှင် တရားမျှတမှု ရှိ၊ မရှိ၊ မှန်မှန်ကန်ကန် ဟုတ်၊ မဟုတ် ဆန်းစစ်ရမည့်ကိစ္စ အများအပြား ရှိနေပါသေးသည်။ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဆိုသည့် နိုင်ငံရေးပါတီများတွင်လည်း ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ချက်များနှင့် အမှန်တကယ် ပြည့်မီသည့်ပါတီများ ဟုတ်၊ မဟုတ် ဆိုသည့်ကိစ္စမှာပင် ရွာလည်နေကြပြီ ဖြစ်ပါသည်။

ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ အနီးအနားရောက်မှ သတ်မှတ်ချက်များကို ပယ်ဖျက် ပြင်ဆင်ပေးလိုက်လျှင်တော့ အဆင်ပြေနိုင်သော်လည်း သတ်မှတ်ချက်များကြောင့် ပါတီမှတ်ပုံ ပြန်မတင်လိုက်ရသော နိုင်ငံရေးပါတီများအတွက် တရားမျှတခြင်း မဟုတ်ဟူသော သမိုင်းက တွင်ရစ်ပေလိမ့်မည်။ အဓိကအားဖြင့် ရွေးကောက်ခံရသော ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာအား များစွာ ထိခိုက်နိုင်ပေသည်။

အမှန်စင်စစ် ရွေးကောက်ပွဲတရပ် ကျင်းပတော့မည်ဆိုလျှင် လွတ်လပ်သော၊ တရားမျှတသော၊ ပွင့်လင်းမြင်သာသော၊ အကြားအလပ်မရှိသည့် မဲဆန္ဒရှင်အများစု ပါဝင်သော ရွေးကောက်ပွဲဖြစ်ရန် လိုပါသည်။ အထူးသဖြင့် အာဏာသိမ်းထားသော စစ်တပ်အနေဖြင့် ပိုမိုလိုအပ်ပါသည်။

အမှန်စင်စစ် ရွေးကောက်ပွဲတရပ် ကျင်းပတော့မည်ဆိုလျှင် လွတ်လပ်သော၊ တရားမျှတသော၊ ပွင့်လင်းမြင်သာသော၊ အကြားအလပ်မရှိသည့် မဲဆန္ဒရှင်အများစု ပါဝင်သော ရွေးကောက်ပွဲဖြစ်ရန် လိုပါသည်။ အထူးသဖြင့် အာဏာသိမ်းထားသော စစ်တပ်အနေဖြင့် ပိုမိုလိုအပ်ပါသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် လိမ်လည်သည့်အတွက် အာဏာသိမ်းရခြင်းဟုဆိုလျှင် ယခု စစ်ကောင်စီအနေဖြင့် ခန့်အပ်ထားသော ကော်မရှင်က ကျင်းပပေးမည့် ရွေးကောက်ပွဲသည်လည်း ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲထက် ပိုမို လွတ်လပ်၊ တရားမျှတ၊ ပွင့်လင်းသည့် ရွေးကောက်ပွဲများဖြစ်ရန် အထူးလိုအပ်ပါကြောင်း ပြောကြားလိုပါသည်။ ၂၀၂၀ ရွေးကောက်ပွဲထက်ပို၍ ညစ်ပတ်သော ရွေးကောက်ပွဲမျိုးသာ ဖြစ်သွားလျှင် အလွန်ရှက်ဖွယ်ကောင်းသော သမိုင်းတရပ် တွင်ရစ်ပေလိမ့်မည်။

(ဉာဏ်လင်းသည် မြန်မာပြည်တွင်းရှိ နိုင်ငံရေးသမားတဦး ဖြစ်သည်။)

You may also like these stories:

ရွေးကောက်ပွဲက ငလျင်ကြောင့် သေဆုံးသူတွေကို စော်ကားရာရောက်လိမ့်မယ် (ရုပ်/သံ)

စစ်ကောင်စီ ရွေးကောက်ပွဲက တိုင်းပြည်ပြဿနာ ဖြေရှင်းနိုင်မည်မဟုတ် (ရုပ်/သံ)

၂၀၂၅ ရွေးကောက်ပွဲကို လုပ်နိုင်မယ်မထင်ဘူးလို့ ထိုင်းဗိုလ်ချုပ်ပြော (ရုပ်/သံ)

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုလုပ်မလဲ

မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကို ရုရှားနဲ့ ဘီလာရုစ် အာဏာရှင်တွေ အားပေး

Your Thoughts …
Tags: USDPစစ်ကောင်စီစစ်အာဏာသိမ်းမှုတစညပြည်သူ့ပါတီရွေးကောက်ပွဲ
ဉာဏ်လင်း

ဉာဏ်လင်း

ဉာဏ်လင်းသည် ဝါရင့်နိုင်ငံရေးသမားဟောင်းတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
DOGE မှ နားပြီး အလှူရှင်ကြီး ဆက်လုပ်ရန် အီလွန်မတ်စ် ပြင်ဆင်နေ

DOGE မှ နားပြီး အလှူရှင်ကြီး ဆက်လုပ်ရန် အီလွန်မတ်စ် ပြင်ဆင်နေ

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved