• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထရမ့်ရဲ့ ဂါဇာ AI ဗီဒီယိုကြောင့် ပါလက်စတိုင်းတွေ ဒေါသထွက်

by ဧရာဝတီ
28 February 2025
in သတင်း
A A
ထရမ့်ရဲ့ ဂါဇာ AI ဗီဒီယိုကြောင့် ပါလက်စတိုင်းတွေ ဒေါသထွက်

ဂါဇာဒေသကို အမေရိကန်ပိုင် ကမ်းခြေအပန်းဖြေစခန်းအဖြစ် ပြောင်းလဲရန် ထရမ့်က Truth လူမှုကွန်ရက်တွင် တင်ထားသည့် AI ဖြင့် ဖန်တီးထားသော ဗီဒီယိုမှ ဇာတ်ကွက်တချို့

4.9k
VIEWS
Share on FacebookShare on Twitter

အမေရိကန်သမ္မတ မစ္စတာ ဒေါ်နယ်ထရမ့်သည် သူ၏ Truth လူမှုကွန်ရက်အကောင့်တွင် ဉာဏ်ရည်တု နည်းပညာ (AI) ဖြင့် ဖန်တီးထားပုံရသည့် ဗီဒီယိုတခုကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တင်ခဲ့သည်။ ထိုဗီဒီယိုတွင် ဂါဇာကို ပင်လယ်ကွေ့နိုင်ငံတခုနှင့်တူသည့် အပန်းဖြေစခန်းအဖြစ် အသွင်ပြောင်းကာ သူ့ပုံတူ ရွှေရုပ်တု၊ အရှေ့အလယ်ပိုင်း အစားအသောက်များ စားနေသော အီလွန်မတ်စ်နှင့် ကမ်းခြေတွင် အင်္ကျီမပါဘဲ အပန်းဖြေနေသည့် အမေရိကန်နှင့် အစ္စရေးခေါင်းဆောင်များ စသည်တို့ကို ပုံဖော်ထားသည်။

“လိုဏ်ခေါင်း မရှိ၊ အကြောက်တရား မရှိ” ဟု စည်းချက်အတိုင်းဆိုသည့် သီချင်းလည်း ပါဝင်သည်။ “ထရမ့်ရဲ့ဂါဇာက နောက်ဆုံးတော့ ပေါ်ပေါက်လာပြီ” ဟုလည်း ထိုသီချင်းတွင် သီဆိုထားသည်။

အမေရိကန် သမ္မတသည် ပါလက်စတိုင်း ၂ ဒသမ ၁ သန်းကို ဂါဇာမှ ရွှေ့ပြောင်းနှင်ထုတ်ပြီး ထိုဒေသကို အမေရိကန် ပြည်ထောင်စုပိုင်သည့် ကမ်းခြေအပန်းဖြေစခန်းအဖြစ် ပြောင်းလဲရန် အဆိုပြုခဲ့သည်။

အနောက်ဘက်ကမ်းခြေ အခြေစိုက် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က ထိုအဆိုပြုချက်သည် “နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်သည်” ဟုပြောသည်။ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗာဆန် အဂါဘီကီယန် ရှာဟင်းက ယခုလအစောပိုင်းတွင် “နေရပ်စွန့်ခွာရတာ ကြုံခဲ့ဖူးပြီး နောက်ထပ် အဲဒါမျိုး မဖြစ်စေရဘူး” ဟု ပြောသည်။ ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံ ပေါ်ပေါက်စေသည့် အာရပ်-အစ္စရေး စစ်ပွဲအတွင်း ပါလက်စတိုင်း သိန်းပေါင်းများစွာ နေရပ်စွန့်ခွာရခြင်းကို ၎င်းက ရည်ရွယ်ပြောကြားခြင်း ဖြစ်သည်။

ထိုဗီဒီယိုကို ဂါဇာမှ အုတ်ကျိုးအုတ်ပဲ့များကြားတွင် ဖိနပ်မပါဘဲ လမ်းလျှောက်နေသည့် ပါလက်စတိုင်း ကလေးငယ်များဖြင့် စဖွင့်သည်။ “ဘာဆက်ဖြစ်မလဲ” ဟု စာတန်းထိုး မေးသည်။ ထိုကလေးများသည် ဂါဇာကမ်းခြေကို အနားသတ်ထားသည့် မိုးမျှော်တိုက်ခန်းများရှိသော ကောင်းကင်နောက်ခံဆီသို့ လျှောက်သွားကြသည်။

ဗီဒီယိုထဲတွင် ထရမ့်နှင့်နေတန်ယာဟုတို့ အပန်းဖြေပုံ ထည့်သွင်း ဖန်တီးထားသည်

“ဒေါ်နယ်က မင်းတို့ကို လွတ်မြောက်စေတော့မယ်” ဟု သီချင်းဆိုသံ ပါသည်။ “ထရမ့် ဂါဇာက တောက်ပတယ်။ ရွှေရောင်အနာဂတ်၊ အသစ်စက်စက် အလင်းရောင်၊ အစားအသောက်နဲ့ အကအခုန်၊ အားလုံး ပြီးဆုံးသွားပြီ” ဟုလည်း ဆက်လက် သီဆိုသည်။

ထိုဗီဒီယိုတွင် မုတ်ဆိတ်မွှေးနှင့် ဘီကီနီဝတ်ထားသည့် ဗိုက်သားလှုပ် ကချေသည်များ၊ ထရမ့်၏ ဦးခေါင်းပုံ ရွှေရောင် မိုးပျံပူဖောင်းကို ကိုင်ထားသည့် ကလေးငယ်တဦးနှင့် ကမ်းခြေတခုတွင် ဒေါ်လာများ ကြဲချနေသည့်အောက်မှ အီလွန်မတ်စ် လမ်းလျှောက်နေပုံ စသည်တို့ကိုလည်း မလိုက်ဖက်စွာ ဖော်ပြထားသည်။

ထိုဗီဒီယို အဆုံးသတ်တွင် မစ္စတာ ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် မစ္စတာ ဘန်ဂျမင်နေတန်ရာဟုတို့ ကမ်းခြေတွင် ဖျော်ရည်သောက်နေသည့်ပုံကို ပြသသည်။

ဂါဇာမှ ဟားမတ်စ်အစိုးရမီဒီယာရုံးက ထိုဗီဒီယိုကို “အရှက်မဲ့သည်” ဟု ကြေညာချက်တစောင်တွင် ဖော်ပြသည်။

“အဲဒီဗီဒီယိုနဲ့ စော်ကားတဲ့အကြောင်းအရာဟာ ပကတိအခြေအနေကို ပုံဖျက်ပြီး ကျူးကျော်မှုရဲ့ ရာဇဝတ်မှုတွေကို တရားမျှတကြောင်း ပြဖို့ကြိုးစားတဲ့၊ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ လူမျိုးရေး ကိုလိုနီစိတ်ဓာတ်ကို ထင်ဟပ်နေတယ်” ဟု ဂါဇာ အစိုးရမီဒီယာရုံး ညွှန်ကြားရေးမှူးချုပ် မစ္စတာ အစ္စမေးလ် အယ်လ် ထာဝပ်ဘ်တာက ပြောသည်။

“ဂါဇာကို လူမျိုးတမျိုး မရှိတဲ့နေရာလို ပုံဖော်ပြီးတော့ ဒီမျှော်လင့်ချက်ကင်းမဲ့တဲ့ အားထုတ်မှုဟာ အမေရိကန်ရဲ့ အကူအညီနဲ့ အစ္စရေးကျူးကျော်မှုက လုပ်ဆောင်နေတဲ့ လက်ရှိ လူမျိုးစုသုတ်သင်မှုကို တရားဝင်စေဖို့ ရည်ရွယ်တယ်” ဟုလည်း ၎င်းကပြောသည်။

အပစ်ရပ်အပြီး ဂါဇာသို့ ပါလက်စတိုင်းဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာစဉ်/AFP

ပါလက်စတိုင်းများကို နှင်ထုတ်မည့် အစီအစဉ် ဆက်လုပ်ရန် မစ္စတာ ထရမ့် ရည်ရွယ်ချက် ရှိ၊ မရှိကို ရှင်းလင်းစွာ မသိရပေ။ အီဂျစ်နှင့် ဂျော်ဒန်ခေါင်းဆောင်များက ပြင်းထန်စွာ ဆန့်ကျင်သည်ကို ခံရပြီးနောက် မစ္စတာ ထရမ့်က Fox News သို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် “အဲဒီလို လုပ်ဖို့က ကျနော့်အစီအစဉ်ပါ။ ဒါဟာ အမှန်တကယ် အလုပ်ဖြစ်မယ့် အစီအစဉ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် ကျနော် အတင်းအကျပ် မလုပ်ပါဘူး။ ကျနော် နောက်ဆုတ်ပြီး အဲဒီ အစီအစဉ်ကို ထောက်ခံအကြံပေးမယ်” ဟု ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
38
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
765
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
219

အထက်ပါ ဗီဒီယိုသည် “ပြက်လုံးထက် မပိုကြောင်း” ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) အမှုဆောင် ကော်မတီဝင် ဝက်စ်ဆယ်လ် အဘူ ယူဆွတ်က CNN သတင်းဌာနသို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြောသည်။

“ဘာအပန်းဖြေစခန်း၊ အရှေ့အလယ်ပိုင်း ကမ်းခြေစခန်း၊ ဘာစခန်းမှဖြစ်လာမှာ မဟုတ်ဘူး။ ထရမ့်လုပ်ချင်တာကို အခြားတနေရာရာမှာ သွားလုပ်သင့်တယ်။ ပါလက်စတိုင်းပြည်သူတွေရဲ့ ကျောပေါ်မှာ မလုပ်သင့်ဘူး။ ဒါဟာ ကျနော်တို့ ဘိုးဘွားတွေ၊ မိဘတွေရဲ့မြေဖြစ်ပြီး ဒီမြေကို ကာကွယ်ဖို့ သွေးအများကြီး မြေကျခဲ့တယ်” ဟု ၎င်းကပြောသည်။

ပါလက်စတိုင်းများ ပြန်ခွင့်မရသည့် ဂါဇာအတွက် အဆိုပြုချက်သည် ထရမ့်၏ လူကြိုက်အနည်းဆုံး လုပ်ရပ် သို့မဟုတ် အဆိုပြုချက်ဖြစ်ကြောင်း ဖုန်းနှင့်အွန်လိုင်းမှတဆင့် CNN က ဖေဖော်ဝါရီလလယ်တွင် ကောက်ယူခဲ့သည့် စစ်တမ်းတွင် တွေ့ရသည်။ ထိုစစ်တမ်းမှ အမေရိကန်များ၏ ၁၃ ရာခိုင်နှုန်းသာ ထိုအစီအစဉ်သည် “ကောင်းသည်” ဟုပြောပြီး ၅၈ ရာခိုင်နှုန်းက “မကောင်းကြောင်း” တုံ့ပြန်ကြသည်။

အခြားရွေးစရာ အာရပ် အစီအစဉ်

ထရမ့်၏ ဂါဇာအစီအစဉ်ကို တုံ့ပြန်ရန် ဆော်ဒီမြို့တော် ရီယာ့ဒ်တွင် အာရပ်ခေါင်းဆောင်များ ပထမဆုံးအကြိမ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တွေ့ဆုံသည်။ အဆိုပါ ခေါင်းဆောင်များသည် အစီအစဉ်ကို ထပ်မံ ဆွေးနွေးရန် မတ်လ ၄ ရက်နေ့ အီဂျစ်နိုင်ငံ၊ ကိုင်ရို၌ တွေ့ဆုံရေး စီစဉ်ထားပြီး နောင်တွင် သမ္မတ ထရမ့်ထံ ထိုအစီအစဉ်ကို တင်ပြဖွယ်ရှိသည်။

ထိုပိုင်နက်ကို ပြန်လည် တည်ဆောက်ရန် လုပ်ရဲကိုင်ရဲသော စီမံကိန်းတခု လိုအပ်သော်လည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး ရှင်းလင်းသော လမ်းကြောင်းတခုမပါဘဲ မည်သည့် စီမံကိန်းမှ ဖြစ်လာမည် မဟုတ်ကြောင်း အာရပ်စော်ဘွားများနိုင်ငံ (UAE) မှ အဆင့်မြင့်အရာရှိတဦးက ‌ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြောသည်။

ဂါဇာ၏ အပျက်အစီးပုံကြားက ပါလက်စတိုင်းကလေးငယ်တဦး/AFP

ဂါဇာကို ပြန်လည် တည်ဆောက်ရေး စစ်ပွဲအလွန် အားထုတ်မှုများတွင် အခန်းကဏ္ဍတခုမှ ပါဝင်ရေး ဖြစ်နိုင်ခြေကို UAE က ပဏာမ ဆွေးနွေးပွဲများ လုပ်ခဲ့သည်။ သို့သော် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ ပြုပြင်ပြောင်းလဲရေးနှင့် ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်ရေး အစ္စရေး၏ ကတိကဝတ် အပါအဝင် ထိုဆွေးနွေးပွဲ၏ စည်းကမ်းချက်များကို ဖြည့်ဆည်းပေးခြင်း မရှိကြသေးကြောင်း ပြောသည်။

လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံတော်အတွက် အလားအလာကို အစ္စရေးဝန်ကြီးချုပ် မစ္စတာ နေတန်ယာဟုက အကြိမ်ကြိမ် ပယ်ချခဲ့ပြီး သမ္မတ မစ္စတာ ထရမ့်၏ ဂါဇာကို ပိုင်ဆိုင်ရေးအစီအစဉ်ကို ထောက်ခံသည်။

“ကောက်ချက်ကတော့ ပြန်လည် တည်ဆောက်ရေးအတွက် လုပ်ရဲကိုင်ရဲတဲ့ စီမံကိန်းကို ကျနော်တို့ လိုအပ်တယ်။ ဒါပေမဲ့ အဲဒီ ပြန်လည် တည်ဆောက်ရေးစီမံကိန်းဟာ ပဋိပက္ခအခြေအနေကို ပြန်သွားတဲ့ စီမံကိန်းတွေ မဖြစ်ရဘူး။ အဲဒီလိုလုပ်ဖို့ ပါလက်စတိုင်းတွေ နိုင်ငံတခုရှိမယ့် ရှင်းလင်းတဲ့လမ်းကြောင်း ရှိကို ရှိရမယ်” ဟု UAE သမ္မတ၏ သံတမန်ရေးရာ အကြံပေး အန်နဝါ ဂါဂက်စ်က CNN မှ ဘက်ကီ အန်ဒါဆင်ကို အဘူဒါဘီတွင် ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှု ညီလာခံတခုတွင် ပြောသည်။

ဂါဇာသားများကို လက်ခံရန် ထရမ့် အကြံပြုသည့် နိုင်ငံများအနက် တခုဖြစ်သော အီဂျစ်သည် ထိုဒေသအတွက် အခြား စီမံကိန်းတခု ချမှတ်ရန် အာရပ်နိုင်ငံများ၏ အားထုတ်မှုကို ဦးဆောင်နေသည်။ ထိုစီမံကိန်းသည် ပြီးစီးရန် သုံးနှစ်ကြာပြီး ဒေါ်လာ ဘီလီယံ ၂၀ ကုန်ကျမည်ဟု အီဂျစ်ဝန်ကြီးချုပ်က ပြောသည်။

အမေရိကန် အကူအညီများကို အဓိကရသည့် နိုင်ငံတခုအနေဖြင့် အီဂျစ်ကို ထရမ့်က သူ၏စီမံကိန်းကို လက်ခံရန် အတင်းအကျပ် လုပ်သည်ဟု ခံစားရပါသလားဟု မေးသောအခါ အီဂျစ် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဟက်ဆန် အယ်လ် ခါတစ်ဘ်က “ပါလက်စတိုင်းတွေ သူတို့မြေမှာ သူတို့နေခွင့်က အခြေခံမူပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖိအားကို လက်ခံမှာ မဟုတ်ဘူး” ဟု ဖြေသည်။

ကိုးကား ။ ။ CNN သတင်း ‘Trump Gaza is finally here!’: US president promotes Gaza plan in AI video

You may also like these stories:

ထရမ့် ရင်ဆိုင်ရမည့် ဂါဇာနှင့် ယူကရိန်း အရေး

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

မြန်မာအကျပ်အတည်းနှင့် အစ္စရေး-ဟားမတ်စ် စစ်ပွဲရပ်ရန် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တောင်းဆို

သတင်းစီးဆင်းရေး အသက်အန္တရာယ်ကြားက ဂါဇာသတင်းထောက်များ

စစ်ပွဲတွေ ဘယ်တော့ပြီးမှာလဲ

Your Thoughts …
Tags: AIPLOUAEဂါဇာဒေါ်နယ်ထရမ့်ပါလက်စတိုင်းအစ္စရေးအမေရိကန်အီဂျစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14.5k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

Next Post
ရုရှားသို့ လုပ်သားပို့ရန် စစ်ကောင်စီ စီစဉ်

ရုရှားသို့ လုပ်သားပို့ရန် စစ်ကောင်စီ စီစဉ်

အမြန်လမ်းဟောင်းက စစ်တပ်စခန်းတွေကို  PDF တွေဝင်တိုက် (ရုပ်/သံ)

အမြန်လမ်းဟောင်းက စစ်တပ်စခန်းတွေကို PDF တွေဝင်တိုက် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved