• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သတင်းစီးဆင်းရေး အသက်အန္တရာယ်ကြားက ဂါဇာသတင်းထောက်များ

by Tom Bennett
30 October 2023
in ဆောင်းပါး
A A
သတင်းစီးဆင်းရေး အသက်အန္တရာယ်ကြားက ဂါဇာသတင်းထောက်များ

ဗုံးကြဲ တိုက်ခိုက်ခံထားရသည့် ဂါဇာကမ်းမြှောင်တွင် သတင်းယူနေကြသည့် ဂျာနယ်လစ်များကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်က တွေ့ရစဉ် / Getty iMages

733
VIEWS
Share on FacebookShare on Twitter

ဂါဇာတွင် ၁၉ နာရီဆက်တိုက် ဗုံးမိုးရွာသည်။ White Media မှ သတင်းသမားနှင့် မန်နေဂျာ ဝါဂျီး အဘူ ဇာရီဖာသည် စစ်ပွဲ၏ ပထမညတွင် သူ၏အိမ်တွင်သာနေပြီး သတင်းများကို ကြီးကြပ်ကာ သတင်းသမား ၁၅ ဦးပါသည့် သူ၏အဖွဲ့၏ အပတ်စဉ် သတင်းဖော်ပြမှုအတွက် ပြင်ဆင်နေသည်။

အောက်တိုဘာ ၂၂ ရက်နေ့ နံနက်တွင် အယ်လ်ဝါဒါလမ်းရှိ White Media ရုံးခန်းသို့ ရောက်သောအခါ အဆောက်အအုံ တခုလုံးကို ဗုံးကြဲဖျက်ဆီးထားကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် တွန့်လိမ်နေသည့် သံမဏိချောင်းများ ထိုးထွက်နေသည်။ လမ်းမတွင် အုတ်ကျိုးအုတ်ပဲ့များ ပြန့်ကျဲနေပြီး ဖုန်မှုန့်များသည် တိမ်တိုက်သဖွယ် ကောင်းကင်တွင် ပျံဝဲနေသည်။ ရုံးစာရွက်စာတမ်းများ မြေပြင်တွင် ပြန့်ကျဲနေသည်။

“ကျနော်တို့မှာ ရှိသမျှ အရာရာဆုံးရှုံးတယ်” ဟု ဇာရီဖာက ပြောသည်။ “ကျည်ကာ အင်္ကျီတွေ၊ အသံစနစ်တွေ၊ အင်တာနက်၊ လက်ပ်တော့နဲ့ ကွန်ပျူတာ။ ကျနော်တို့မှာ ရှိသမျှ အရာရာပဲ။ တမိနစ်တည်းနဲ့ ဆုံးရှုံးသွားတယ်” ဟု ၎င်းက ပြောသည်။

သို့သော် အပျက်အစီးများကြားတွင် ကံကောင်းထောက်မခြင်းလည်း ရှိနေသည်။ ထိုအဆောက်အအုံ ဗုံးကြဲခံရချိန်တွင် သူ၏ဝန်ထမ်း တယောက်မှ အတွင်းတွင် ရှိမနေသလို ၎င်းတို့၏ ကင်မရာများလည်း ဆုံးရှုံးမှုတွင် မပါဝင်ခြင်း ဖြစ်သည်။

အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေး-ဟားမတ်စ် ပဋိပက္ခ စတင်ပြီးနောက် သတင်းသမား အနည်းဆုံး ၂၄ ဦး သေဆုံးကြောင်း သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ဖော်ပြသည်။

အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေး-ဟားမတ်စ် ပဋိပက္ခ စတင်ပြီးနောက် သတင်းသမား အနည်းဆုံး ၂၄ ဦး သေဆုံးကြောင်း သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ဖော်ပြသည်။

ထိုအရေအတွက်သည် ၂၀၀၁ ခုနှစ်နောက်ပိုင်း ဂါဇာတွင်ဖြစ်ပွားသည့် စစ်ပွဲများတွင် အများဆုံး အရေအတွက်ဖြစ်ကြောင်း CPJ က ဖော်ပြသည်။ ပဋိပက္ခစတင်ပြီးနောက် လူ ၅,၀၀၀ ကျော်သေဆုံးသည်။ အများပြည်သူဝန်ဆောင်မှုများ ပြိုလဲကုန်ပြီး ကပ်ဆိုးအဖြစ် နီးကပ်လာသည်ကို လူသားချင်းစာနာမှု ကဏ္ဍမှ လူအများအပြား စိုးရိမ်နေသည်။

ထိုသို့သော အခြေအနေသည် သတင်းလုပ်ငန်းကို အလိုအပ်ဆုံးသော အချိန်ဖြစ်နေသည်။ ဂါဇာသို့ ဝင်ရောက်လာနိုင်သည့် နိုင်ငံတကာသတင်းဌာန အနည်းငယ်သာ ရှိသောကြောင့် သတင်းရယူ တင်ပြသည့် တာဝန်သည် ဒေသခံ ပါလက်စတိုင်း သတင်းသမားများ၏ ပုခုံးပေါ်သို့ ကျရောက်နေသည်။

၎င်းတို့သည် လျှပ်စစ်နှင့် အင်တာနက် ပြတ်တောက်မှုများ၊ အစားအစာနှင့် ရေ မလုံလောက်မှုများနှင့် သေခြင်းတရား၏ အမြဲတမ်း ခြိမ်းခြောက်မှုများအကြားတွင် လုပ်ကိုင်နေရသည်။ အများစုသည် နေအိမ်များမှ ထွက်ပြေးနေရသည်။ အများအပြား၏ မိသားစုဝင်များ ဆုံးရှုံးသည်။ အချို့မှာ ၎င်းတို့၏ အလုပ်အတွက် ပစ်မှတ်အဖြစ် တိုက်ရိုက် သတ်မှတ်ခံရသည်။ ထိုသို့သော ဖိအားများ ရှိနေသော်လည်း ဂါဇာမှ သတင်းသမား အများအပြားသည် လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေပြီး အွန်လိုင်းအဆက်အသွယ်ရရန်နှင့် သတင်းစီးဆင်းစေရန် နည်းလမ်းများ ရှာဖွေနေကြသည်။

ဂါဇာတွင် နေထိုင်နေသည်မှာ ၅၅ နှစ်ရှိပြီး ပဋိပက္ခများတွင် သတင်းရယူနေသည်မှာ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်သော ဇာရီဖာအတွက် White Media ရုံးခန်း ဖျက်ဆီးခံရခြင်းကြောင့် လုပ်ငန်းများ ရပ်ဆိုင်းသွားမည် မဟုတ်ပေ။

ထိုပထမဆုံး နံနက်တွင် သူ၏အဖွဲ့သည် ပြန်လည် တည်ဆောက်ရေး စတင်သည်။ အဓိက လိုအပ်ချက်မှာ လျှပ်စစ်ဓာတ်အား ဖြစ်သည်။ အစ္စရေးက ဂါဇာကို လျှပ်စစ်ဓာတ်အား စတင် ဖြတ်တောက်သည်။ ထို့ကြောင့် ၎င်းတို့သည် တီထွင်ဖန်တီးရပြီး ဆိုလာစွမ်းအင် အသုံးပြုရင်း မီးစက်များကို လိုက်လာရှာဖွေကာ သွားလာနေစဉ် အားသွင်းနိုင်ရန် သယ်ယူသွားနိုင်သည့် ဘက်ထရီများ ဝယ်ယူကြသည်။ ယခုအခါ သူ၏ သတင်းသမားများသည် မီးစက်များအတွက် လောင်စာချွေတာရန် ၂၅ မိုင် ရှည်လျားသည့် ဂါဇာကမ်းမြှောင်တွင် ခြေလျင် သွားရောက်နေရသည်။

အောက်တိုဘာ ၁၀ ရက် အစ္စရေးဒုံးကျည်ပေါက်ကွဲမှုတွင် သေဆုံးသွားသော ပါလက်စတိုင်း သတင်းထောက် မိုဟာမက်ဆိုဘိနှင့် ဆအီးအယ်လ်တာဝီးတို့၏ ဈာပန/CPJ

၎င်းတို့သည် ဂါဇာမြို့တော် မြောက်ပိုင်း ရီမယ်ခရိုင်တွင် ရုံးခန်းနေရာသစ်ရပြီး လုပ်ငန်းများကို ထိုနေရာသို့ ရွှေ့ပြောင်းနေသည်။ နောက် ၂ ရက် ကြာသောအခါ ဘေးမှ အဆောက်အအုံတခု ဗုံးကြဲခံရပြီး ရုံးခန်းသစ်၏ ပြတင်းပေါက်များ ကွဲကုန်သည်။ အပျက်အစီးများ ရှိသော်လည်း ထိုနေရာတွင်သာ ၎င်းတို့ ဆက်လက် နေထိုင်ရန် ဆုံးဖြတ်ထားသည်။

“ဂါဇာမှ လုံခြုံတဲ့နေရာ မရှိဘူး။ မြို့နေရာအများစုကို သူတို့ ဖျက်ဆီးထားပြီးပြီ။ အခုရုံးခန်းနေရာသစ်က ရှီဖာဆေးရုံနားမှာ ရှိတယ်။ အဲဒီတော့ အခြားနေရာတွေထက် ပိုမို လုံခြုံတယ်” ဟု ဇာရီဖာက ပြောသည်။

သတင်းသမား အများအပြားသည် ဆေးရုံများနှင့် ပတ်ဝန်းကျင်ဒေသများကို ယာယီရုံးခန်းများအဖြစ် အသုံးပြုလာကြသည်။ ထိုသို့သော နေရာများသည် ပစ်မှတ်အဖြစ် သတ်မှတ်ခံရနိုင်ခြေ နည်းသည်ဟု ၎င်းတို့နားလည်ထားသည်။

သတင်းသမား အများအပြားသည် ဆေးရုံများနှင့် ပတ်ဝန်းကျင်ဒေသများကို ယာယီရုံးခန်းများအဖြစ် အသုံးပြုလာကြသည်။ ထိုသို့သော နေရာများသည် ပစ်မှတ်အဖြစ် သတ်မှတ်ခံရနိုင်ခြေ နည်းသည်ဟု ၎င်းတို့နားလည်ထားသည်။

တောင်ပိုင်း ခန်ယူနစ်မြို့မှ နာဆာဆေးရုံဝန်းအတွင်းတွင် ဝါဂျာ အဘူ ဇာရီဖာ၏သားဖြစ်သူ ဆာမက် အပါအဝင် သတင်းသမား ၁၅၀ ကျော် စခန်းများ ထူထောင်ထားသည်။ “နေ့ဘက်မှာ ဖုန်းနဲ့ ကင်မရာ အားသွင်းဖို့၊ မတည်ငြိမ်တဲ့ အင်တာနက် သုံးခွင့်ရဖို့နဲ့ ဆေးရုံနဲ့ (အလောင်းထားရာ) အအေးတိုက်က သတင်းတွေကို ပေးပို့ဖို့ ကြိုးစားရတယ်။ ဆေးရုံနဲ့ အအေးတိုက်မှာ လူတွေက ထပ်ထပ်ရောက်လာနေကြတယ်” ဟု ၎င်းကပြောသည်။

သို့သော် ဆေးရုံများက အကာအကွယ် ဖြစ်နိုင်သည်ဆိုသည့် အယူအဆသည် လွန်ခဲ့သောအပတ်က ဖြစ်ရပ်တခုကြောင့် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ထိုဖြစ်ရပ်က ယခု ပဋိပက္ခကို သတင်းရယူ တင်ပြခြင်းသည် မည်မျှ အန္တရာယ်ကြီးမားပြီး အနီးကပ် သတင်းရယူရန် မည်သည့်အတွက် အရေးကြီးကြောင်း ပြသနေသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၇ နာရီခန့်တွင် ဂါဇာမြို့လယ်မှ အယ်လ် အာလီ ဆေးရုံကို ကြီးမားသော ပေါက်ကွဲမှု ထိမှန်သည်။ ကနဦးသတင်းများသည် ထိပ်လန့်တုန်လှုပ်ဖွယ်ကောင်းပြီး လူရာပေါင်းများစွာ သေဆုံးစေသည်ဟု ဆိုသည်။ ဇာရီဖာအတွက် ပထမဆုံးလုပ်ရမည့် အလုပ်မှာ သူ၏ လုပ်ဖော်ကိုင်ဖက်များအတွက် ဘေးကင်းသောနေရာ ရှာရန်ဖြစ်သည်။ ထိုနောက် သူသည် ထိုသတင်းကို တင်ပြရန် ထိုနေရာသို့ တစုံတယောက်ကို စေလွှတ်ရသည်။

ဇာရီဖာကဲ့သို့သော ဒေသခံ သတင်းသမားများသည် ထိုနေရာသို့ ခက်ခက်ခဲခဲ ရောက်အောင် သွားနေရချိန်တွင် ထိုဖြစ်ရပ်နှင့် ပတ်သက်သည့် ဇာတ်လမ်းတင်ပြပုံ အမျိုးမျိုး လူမှုကွန်ရက်တွင် ပြန့်ကျဲနေသည်။ ရုပ်သံလိုင်းများ၊ ထောက်လှမ်းရေး ကင်မရာများမှ ရိုက်ကူထားသည်များကို ထောက်လှမ်းရေး သုတေသီများ အပြင်းအထန် လေ့လာကြပြီး ထိုဆေးရုံ၏ သုံးဘက်မြင် 3D ပုံများ တည်ဆောက်ပြီး လက်နက်ကျွမ်းကျင်သူများနှင့် တိုင်ပင်ကာ ပေါက်ကွဲသံကို သရုပ်ခွဲလေ့လာကြသည်။

Forensic Architecture နှင့် Bellingcat အပါအဝင် အများပြည်သူ လေးစားခံရသည့် သုတေသန လုပ်ငန်းများမှ တွေ့ရှိချက်များသည် ကောက်ချက်ချရန် လွန်စွာခက်ခဲနေပြီး အချို့က အစ္စရေး ဗုံးပေါက်ကွဲခြင်း ဖြစ်သည်ဟု ပြောကာ အခြားသူများက ဂါဇာမှ ဒုံးကျည် မှားယွင်းထိမှန်ပေါက်ကွဲခြင်း ဖြစ်ကြောင်းပြောသည်။

ထိုတိုက်ခိုက်မှုအပြီး အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဟားမတ်စ် တပ်ဖွဲ့ဝင် နှစ်ဦး ဒုံးကျည် မှားယွင်းပစ်ခတ်ပြီး ဆေးရုံကို ထိမှန်သည့်ကိစ္စ ဆွေးနွေးနေသည်ဆိုသည့် အသံဖိုင်တခုကို ထုတ်ပြန်သည်။

ဗြိတိန်၏ Channel 4 News က ဒေသခံသတင်းသမား နှစ်ဦးအား ထိုအသံဖိုင်ကို သရုပ်ခွဲ လေ့လာစေသည်။ ဘာသာစကား၊ လေယူလေသိမ်း၊ ဒေသသုံးစကား၊ ဝါကျဖွဲ့ထုံးနှင့် လေသံတို့သည် ယုံကြည်ဖွယ် မရှိကြောင်း ၎င်းတို့က သုံးသပ်သည်။ Channel 4 News က ထိုအသံဖိုင်သည် အတုဖြစ်ကြောင်း ပြောသည်။

“သတင်းမှားထုတ်တာနဲ့ စစ်ပွဲအတွင်း အရှုပ်အထွေးတွေကို နားလည်ရ ခက်ခဲတဲ့ အခြေအနေတွေကို အစ္စရေး စစ်တပ်က သုံးနေတာ၊ အထူးသဖြင့် ဂါဇာက ပါလက်စတိုင်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ သုံးနေတာ နှစ်ပေါင်းများစွာ ကြာပြီ”

“သတင်းမှားထုတ်တာနဲ့ စစ်ပွဲအတွင်း အရှုပ်အထွေးတွေကို နားလည်ရ ခက်ခဲတဲ့ အခြေအနေတွေကို အစ္စရေး စစ်တပ်က သုံးနေတာ၊ အထူးသဖြင့် ဂါဇာက ပါလက်စတိုင်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ သုံးနေတာ နှစ်ပေါင်းများစွာ ကြာပြီ” ဟု လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကူညီ စုံစမ်းစစ်ဆေးပေးနေသည့် မှုခင်း သုတေသီ ဖရန်ဆက်စကို ဆီဘရီဂွန်ဒီက ပြောသည်။ သူသည် ယခုဖြစ်ရပ် မတိုင်မီကပင် အစ္စရေးကို ဖေဝန်လေ့ရှိသည့် Forensic Architecture မှ သုတေသီတဦး ဖြစ်သည်။

စစ်ပွဲစတင်ပြီးနောက် လူမှုကွန်ရက်တွင် ပလက်စတီယာ၊ အလာကက်၊ ဘီဆင်သြဒါနှင့် မိုတက်အဇိုင်ဇာ စသည့် ပါလက်စတိုင်း သတင်းသမားအုပ်စုတွင် လိုက်လံဖတ်ရှုသူ သန်းချီ တိုးလာသည်။ အခြေအနေကို ၎င်းတို့၏ မတွန့်ဆုတ်သော သတင်းဖော်ပြမှုကြောင့် ချီးကျူးမှုများ ခံရသလို ၎င်းတို့၏ ဓမ္မဒိဋ္ဌာန်ကျမှုကိုလည်း မေးခွန်းထုတ်ခံရသည်ကို တွေ့ရသည်။

အလာကက်သည် ဗီဒီယိုတခုတွင် ပါလက်စတိုင်းအလံကို လည်စီးအဖြစ် ဝတ်ဆင်ထားသည်ကို တွေ့ရသောကြောင့် ပြင်းထန်သော ဝေဖန်မှုများခံရသည်။ “သူမက သတင်းသမား မဟုတ်ဘူး။ ဟားမတ်စ်အဖွဲ့ဝင် ဖြစ်တယ်” ဟု X လူမှုကွန်ရက်တွင် တဦးက ရေးသားသည်။ ထိုသို့သော ဝေဖန်မှုများသည် သူ၏ ပို့စ်များအောက်တွင် ထုံးစံအတိုင်း တွေ့ရသည့် ဝေဖန်မှုမျိုးဖြစ်သည်။

“ပါလက်စတိုင်း သတင်းသမားတွေနဲ့ သူတို့ရဲ့ ဇာတ်လမ်းတင်ပြပုံကို အယုံအကြည် ကင်းမဲ့အောင်လုပ်တာ အသစ်အဆန်း မဟုတ်ဘူး” ဟု ဝါရှင်တန်ဒီစီ အခြေစိုက် သုတေသန အတိုင်ပင်ခံလုပ်ငန်း Arab Center မှ ဒုတိယ အမှုဆောင်ဒါရိုက်တာ တာမာရာ ခါရော့ဘ်က ပြောသည်။

“အဲဒီလိုလုပ်ရပ်တွေမှာ အသရေဖျက်တာကနေ ဟားမတ်စ်ကို ထောက်ခံတယ်လို့ စွပ်စွဲတာနဲ့ ဘက်လိုက်တယ်လို့ စွပ်စွဲတာတွေအထိ ပါဝင်တယ်။ ဒါတွေအပြင် အွန်လိုင်းကနေ စော်ကားတာနဲ့၊ ခြိမ်းခြောက်တာတွေရဲ့ ပစ်မှတ်ဖြစ်တာနဲ့ လူမှု ကွန်ရက်ဆင်ဆာဖြတ်တောက်တာတွေရဲ့ သားကောင်လည်း ဖြစ်ရတယ်” ဟု ၎င်းကပြောသည်။

နှစ်ဖက် ပဋိပက္ခဖြစ်နေသူ တဖက်ဖက်နှင့် ပတ်သက်နေစေကာမူ သတင်းသမားများ ဘက်မလိုက်ရဆိုသည့် အယူအဆသည် ၎င်းတို့ကို အန္တရာယ် ကျရောက်စေနိုင်သည်။ မီဒီယာသမားများသည် မကြာခဏဆိုသလို ပစ်ကွင်းအတွင်း ရောက်နေတတ်သည်။

၂၀၂၁ ခုနှစ်၊ မေလတွင် ဂါဇာရှိ Associated Press (AP) ရုံးခန်းကို အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်သည်။ ထိုသို့ တိုက်ခိုက်ရာတွင် ဒုံးကျည်များဖြင့် မပစ်မီ အတွင်းမှ ဝန်ထမ်းများ ဘေးလွတ်ရာသို့ သွားရန် အချိန် တနာရီသာပေးသည်။ ထိုအဆောက်အအုံကို စစ်သွေးကြွများလည်း သုံးနေသည်ဟု အစ္စရေး ကာကွယ်ရေးတပ်က ပြောသည်။

ဂါဇာမှ သတင်းများပေးပို့နေသော သတင်းထောက် ဂါလီယာဟာမက်/ Aljazeera

၂၀၂၂ ခုနှစ်၊ မေလတွင် Al Jazeera သတင်းသမား ရှာရင်းအဘူအက်ကလာသည် အနောက်ဘက်ကမ်းမှ စစ်တပ် စီးနင်းတိုက်ခိုက်မှုတခုကို သတင်းယူနေစဉ် သေလုနီးပါး ပစ်ခတ်ခံရသည်။ အစ္စရေးကာကွယ်ရေးတပ်က လပေါင်းများစွာ ငြင်းဆန်နေပြီးနောက်မှ ၎င်းတို့ဘက်က ပစ်ခတ်လိုက်နိုင်ခြေ လွန်စွာမြင့်မားကြောင်း ဝန်ခံသည်။

လွန်ခဲ့သော အောက်တိုဘာလ ၉ ရက်နေ့တွင် ဂါဇာအနောက်ပိုင်း ရီမယ်ခရိုင်မှ သတင်းဌာန အများအပြားရှိသော နေရာတခုကို အစ္စရေး စစ်လေယာဉ်များက တိုက်ခိုက်သောအခါ သတင်းသမားများဖြစ်သော မိုဟာမက်ဆိုဘိနှင့် ဆအီးအယ်လ်တာဝီးတို့ သေဆုံးသည်။

လွန်ခဲ့သော အောက်တိုဘာလ ၉ ရက်နေ့တွင် ဂါဇာအနောက်ပိုင်း ရီမယ်ခရိုင်မှ သတင်းဌာန အများအပြားရှိသော နေရာတခုကို အစ္စရေး စစ်လေယာဉ်များက တိုက်ခိုက်သောအခါ သတင်းသမားများဖြစ်သော မိုဟာမက်ဆိုဘိနှင့် ဆအီးအယ်လ်တာဝီးတို့ သေဆုံးသည်။

“အသတ်ခံရသူ အများစုက လုံခြုံရေး ရင်းမြစ်မရှိ၊ သတင်းခန်းတခုရဲ့ ပံ့ပိုးမှုမရ၊ အခုဆိုရင် အင်တာနက်နဲ့ လျှပ်စစ်ဓာတ်အား မရှိလို့ ပြင်ပကမ္ဘာနဲ့ပါ အဆက်အသွယ်ပြတ်နေတဲ့ ဒေသခံ ပါလက်စတိုင်း အလွတ်သတင်းထောက်တွေနဲ့ ဓာတ်ပုံသမားတွေဖြစ်တယ်” ဟု သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက အစီအစဉ် ညှိနှိုင်းရေးမှူး ရှရစ် မန်ဆောက ပြောသည်။

သတင်းရယူ တင်ပြခြင်းနှင့် ဆက်လက် ရှင်သန်ခြင်းကြားတွင် ဂါဇာမှ သတင်းသမားများသည် စစ်မဖြစ်မီက ၎င်းတို့ လုပ်ကိုင်ခဲ့သည့် အသက်မွေးဝမ်းကြောင်းများကိုလည်း ဆက်လက် ထိန်းသိမ်းကြရသည်။ ဂါဇာတောင်ပိုင်းတွင် လုပ်ကိုင်နေသည့် အမျိုးသမီး သတင်းသမား အမ်မယ် ဟဲလက်စ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ အလုပ်မပျက်အောင် လုပ်ဆောင်ရခြင်းနှင့် တချိန်တည်းတွင် မိခင်တာဝန် ထမ်းဆောင်ရခြင်း ဖြစ်သည်။

“ကလေးတွေကို ထားခဲ့ရတိုင်း ပေါက်ကွဲသံတွေကြားမှာ သူတို့ အကြောက်သက်သာအောင် ပွေ့ပိုက် ထိတွေ့ပေးနေဖို့ လိုတယ်ဆိုတာကို သိတယ်” ဟု အမ်မယ် ဟဲလက်စ်က ပြောသည်။ တခါတရံ သူသည် သတင်းတင်ပြနိုင်ရန်အတွက် အိမ်တွင် ညအိပ်နိုင်ခြင်း မရှိပေ။

မိသားစု၊ လုပ်ဖော်ကိုင်ဖက်များနှင့် တချိန်တည်းတွင် ထိတွေ့ဆက်ဆံနေနိုင်သည့် အခြေအနေ ရရှိရန် ပိုမိုခက်ခဲလာသည်။ အင်တာနက် ပြတ်တောက်မှု ဆိုးရွားလွန်းသောကြောင့် သတင်းသမားများသည် သတင်းယူလိုက်၊ လုပ်ဖော်ကိုင်ဖက်များနှင့် အဆက်မပြတ်စေရန် အင်တာနက်ရှိသေးသော ဆေးရုံများသို့ ပြေးလိုက်လုပ်နေရသည်။

ထိုသို့ လုပ်ဆောင်နေသည့်တိုင် ဗီဒီယိုများနှင့် ဓာတ်ပုံများ အင်တာနက်တွင်တင်ရန် နာရီပေါင်းများစွာ အချိန်ယူရတတ်သည်။ သွားလာနေစဉ် ဆက်သွယ်မှုများကို ဆဲလ်ဖုန်း အချက်ပြမှုများဖြင့် ပြုလုပ်ကြသော်လည်း မကြာခဏဆိုသလို ဖုန်းများပင် အလုပ်မလုပ်သည့် အခြေအနေများ ရင်ဆိုင်ရသည်။ သတင်းများအချိန်မီရရန် ၎င်းတို့သည် ဘက်ထရီအားဖြင့် သုံးသည့် ရေဒီယိုများကို သုံးလာရသည်။

“ကျမတို့ အလုပ်ရပ်လိုက်ရင်၊ ကျန်တဲ့သူတွေ အလုပ်ရပ်လိုက်ရင် ဂါဇာကမ်းမြှောင်မှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ကျမတို့ သတင်းစကားတွေကို ကမ္ဘာကို ဘယ်သူက ပို့ပေးတော့မှာလဲ”

“အင်တာနက်ကြောင့် သတင်းတွေ ဆုံးရှုံးသွားတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ ကျနော်တို့မှာ သတင်းအတွက် လိုအပ်တာ အကုန်ရနေပြီ၊ ဒါပေမယ့် အင်တာနက်ကို တင်မရဘူး” ဟု ဇာရီဖာက ပြောသည်။

ထိုသို့သော စိန်ခေါ်မှုများ ရှိသော်လည်း သတင်းသမား အများအပြားသည် စစ်ပွဲကို ဆက်လက် မှတ်တမ်းတင်ရန်မှအပ အခြားရွေးစရာ မရှိပေ။

“ကျမတို့ အလုပ်ရပ်လိုက်ရင်၊ ကျန်တဲ့သူတွေ အလုပ်ရပ်လိုက်ရင် ဂါဇာကမ်းမြှောင်မှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ကျမတို့ သတင်းစကားတွေကို ကမ္ဘာကို ဘယ်သူက ပို့ပေးတော့မှာလဲ” ဟု ဟဲလက်စ်က ပြောသည်။

“ဒီလို ကပ်ဆိုက်နေတဲ့ ကိစ္စကို ဘယ်သူ သတင်းယူပေးမလဲ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ဘယ်သူ သတင်းယူမလဲ။ ဒါဟာ ဂါဇာသတင်းသမားတွေအဖြစ် ကျမတို့အလုပ် ကျမတို့တာဝန် ဖြစ်တယ်။ ဒဏ်ရာရနေတဲ့ ဂါဇာဟာ ကျမတို့ နှလုံးသားတွေထဲမှာ ရှိနေတယ်။ ဒါဟာ ကျမတို့ ရှေ့ဆက် လုပ်ဖို့ တွန်းအားဖြစ်တယ်” ဟုလည်း ဟဲလက်စ်က ပြောသည်။

“အဲဒီ ကင်မရာတွေ ရိုက်ကူးမှု ရပ်သွားရင် ဒီမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကမ္ဘာက သိတော့မှာ မဟုတ်ဘူး။ ကျနော်တို့ ဓာတ်အား မရတော့ရင်၊ အင်တာနက် အဆက်အသွယ်မရတော့ရင် ကျနော်တို့ ရပ်သွားမယ်။ အဲဒါက အမှောင်ထဲမှာ လုပ်ချင်ရာလုပ်ဖို့ အစ္စရေးက လိုချင်နေတဲ့ အခြေအနေပဲ” ဟု ဇာရီဖာက ပြောသည်။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
105
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
111
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
402

(Wired ပါ Tom Bennett ၏ Reporters in Gaza Turn to Radios and Generators to Keep the News Moving ကို ဘာသာပြန်သည်။)

You may also like these stories:

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေးအကျပ်အတည်းတွင် ဝင်မပတ်သက်ရန် အီရန်ကို အမေရိကန် သတိပေး

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

Your Thoughts …
Tags: CPJIDFSliderဂါဇာဂျာနယ်လစ်ပါလက်စတိုင်းမီဒီယာလူ့အခွင့်အရေးသတင်းဌာနဟားမတ်စ်အစ္စရေး
Tom Bennett

Tom Bennett

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
မြန်မာ ကလေးငယ်မျိုးဆက်တခု ပညာရေး အဆက်ပြတ်နိုင်

မြန်မာ ကလေးငယ်မျိုးဆက်တခု ပညာရေး အဆက်ပြတ်နိုင်

ယူကရိန်းလုပ် သံချပ်ကာယာဉ်များ တိုင်းရင်းသားလက်နက်ကိုင်များ ဖမ်းမိ

ယူကရိန်းလုပ် သံချပ်ကာယာဉ်များ တိုင်းရင်းသားလက်နက်ကိုင်များ ဖမ်းမိ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved