မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင်များသည် ယူကရိန်းလုပ် MT-LBMSh ခြေလျင်တပ်သုံး သံချပ်ကာ တိုက်ခိုက်ရေးယာဉ်များကို သိမ်းဆည်းခဲ့သည်။
ထိုဖြစ်ရပ်ကို ဗီဒီယိုဖြင့် လူမှုကွန်ရက်တွင် တင်ပြခဲ့သည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထိုယာဉ်များကို ချင်းရွှေဟော် တိုက်ပွဲတွင် ဖမ်းမိသည်ဟု ဆိုသည်။
ထိုဗီဒီယိုတွင် ခြေလျင်တပ်သုံး တိုက်ခိုက်ရေးယာဉ် နှစ်စီးကို ပြသထားပြီး တစီးမှာ ပြုပြင်မရအောင် ပျက်စီးနေသည်။
ခါကစ်ဗ် ထွန်စက် စက်ရုံသည် မြန်မာအတွက် MT-LB အောက်ခံဘောင်တပ် ယာဉ်များ ထုတ်လုပ်ပေးနေကြောင်း Militarnyi က ၂၀၁၇ ခုနှစ်တွင် ဖော်ပြခဲ့သည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်က သိမ်းဆည်းရမိထားသည့် MT-LBMSh ခြေလျင်တပ်သုံး တိုက်ခိုက်ရေးယာဉ်များ ဗီဒီယိုဖိုင်
မြန်မာသည် ယူကရိန်းလုပ် MT-LBMSh ယာဉ်များကို ထိုထက် ပိုမိုစောစွာ ရရှိနေသည်။ မြန်မာသည် ၂၀၀၇ ခုနှစ်တွင် ထိုတိုက်ခိုက်ရေးယာဉ် ၁၀ စီးနှင့် ၂၀၀၉ ခုနှစ်တွင် ၁၆ စီး ရရှိခဲ့ကြောင်း အတည်ပြုနိုင်သည်။
ယူကရိန်းသည် ထို့ထက် အနည်းငယ် ပိုမိုများပြားသည့် MT-LBMS များကို မြန်မာသို့ ရောင်းချသော သတင်းများ ထွက်ပေါ်နေသော်လည်း ထိုကိစ္စကို တရားဝင် အတည်ပြုနိုင်ခြင်း မရှိပေ။
MT-LBMS သည် MT-LB ကို အခြေခံသည့် တိုက်ခိုက်ရေးယာဉ်ဖြစ်ပြီး ZTM-1 30mm အော်တိုမက်တစ် အမြောက်၊ PKT 7.62mm စက်သေနတ်၊ AG-17 30mm ဗုံးပစ်လောင်ချာနှင် Barrier ATGM တင့်ကားပစ် ဒုံးကျည်တို့ကို ယာဉ်အတွင်း KBA-105 Shkval အဝေးထိန်းစနစ်ဖြင့် ပစ်ခတ်နိုင်အောင် တပ်ဆင်ထားသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်က သိမ်းဆည်းရမိထားသည့် MT-LBMSh ခြေလျင်တပ်သုံး တိုက်ခိုက်ရေးယာဉ်များ ဗီဒီယိုဖိုင်
ထိုတိုက်ခိုက်ရေးယာဉ်တွင် သံချပ်ကာ မှန်များအတွက် အဆင့်မြင့် သံချပ်ကာ အကာအကွယ်ကိုလည်း တပ်ဆင်ထားသည်။ မြန်မာသို့တင်ပို့သည့် ထိုတိုက်ခိုက်ရေးယာဉ်များတွင်သာ ထိုစနစ်တပ်ဆင်ထားသည်မှာ မှတ်သားစရာ ကောင်းသည်။
ထို့အပြင် ထိုတိုက်ခိုက်ရေးယာဉ်သည် မြင်းကောင်ရေ ၃၃၀ ရှိ YMZ-238B ကိုလည်း တပ်ဆင်ထားသောကြောင့် လမ်းပေါ်တွင် တနာရီလျှင် ၆၀ ကီလိုမီတာအထိ မောင်းနိုင်သည်။
ထိုယာဉ်တွင် ကွပ်ကဲသူတဦး၊ ပစ်ခတ်ရေးသမားတဦးနှင့် ယာဉ်မောင်းတို့ပါဝင်ပြီး ယာဉ်အတွင်း စစ်သား ၇ ဦးအထိ လိုက်ပါနိုင်သည်။
ကွပ်ကဲသူတွင် ထိရောက်သော လေ့လာကြည့်ရှုရေး ကိရိယာမရှိဘဲ ယာဉ်၏ စစ်မြေပြင် လှုပ်ရှားမှုများကို ပယ်ရီစကုတ်များမှသာ ကြည့်ရှုရသည်။
MT-LBMSh တိုက်ခိုက်ရေးယာဉ်များကို ခေတ်မီအောင် လုပ်ထားသောကြောင့် ၉ ဒသမ ၇ တန်မှ ၁၂ ဒသမ ၅ တန်အထိ လေးသည်။
ကိုးကား ။ ။ Militarnyi သတင်း In Myanmar, rebels seized Ukrainian-made MT-LBMSh infantry fighting vehicles
You may also like these stories:
စစ်ကောင်စီ တပ်စခန်း ၃၀ ကျော် သိမ်းပိုက်လိုက်ပြီဟု MNDAA ပြော
လောက်ကိုင်- လားရှိုးလမ်း တိုက်ပွဲကြောင့် ပိတ်လိုက်ရ
မြန်မာစစ်တပ်ထုတ် အမြောက်ကျည်များကို ယူကရိန်းတွင် ရုရှားသုံးနေ
ရုရှား၏ ယူကရိန်း ကျူးကျော်စစ် မြန်မာစစ်အုပ်စုအတွက် ပြဿနာဖြစ်
ယူကရိန်းကို အာရုံစိုက်လာသောကြောင့် မြန်မာအပေါ် အာရုံစိုက်မှုနည်းလာ