• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ တပ်စခန်း ၃၀ ကျော် သိမ်းပိုက်လိုက်ပြီဟု MNDAA ပြော

by ဧရာဝတီ
28 October 2023
in သတင်း
A A
စစ်ကောင်စီ တပ်စခန်း ၃၀ ကျော် သိမ်းပိုက်လိုက်ပြီဟု MNDAA ပြော

- ၁၀၂၇ စစ်ဆင်ရေး ဒုတိယမြောက်နေ့ ထပ်မံသိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်း / The Kokang

5.2k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယမြောက်နေ့ဖြစ်သည့် ယနေ့တွင် စစ်ကောင်စီတပ်စခန်း ၃ ခုအား ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၂ ရက်အတွင်း စုစုပေါင်း စခန်း ၃၀ ကျော် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ပြောသည်။

MNDAA ပြောရေးဆိုခွင့်ရှိသူ ကိုရန်ရန်က “ချင်းရွှေဟော်ကို ကျနော်တို့ ဆက်လက်ထိန်းသိမ်းထားဆဲပါပဲ။ ဒီနေ့မနက် တိုက်ပွဲအခြေအနေကတော့ ၁၀ နာရီ ၄၀ မိနစ်လောက်ထိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ထပ်သိမ်းပိုက်နိုင်ခဲ့တယ်။ မနေ့က ထိုးစစ်စဆင်တာကနေ ခုချိန်ထိဆို ရန်သူတပ်စခန်း ၃၀ ကျော်လောက်ကို သိမ်းပိုက်နိုင်ခဲ့ပြီ” ဟု ဆိုသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
92
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
24

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
35

တိုက်ခိုက်သိမ်းပိုက်ထားသည့် တပ်စခန်းနှင့် တည်နေရာအချို့ကို အတည်ပြုထုတ်ပြန်ထားသည်ကို မတွေ့ရသေးသော်လည်း ကင်းစခန်းများကိုပါ ထည့်သွင်းရေတွက်ထားနိုင်ခြေရှိသည်။

ယနေ့ ထပ်မံသိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီစခန်းများမှာ သံလွင်မြစ်အနောက်ခြမ်းဒေသ၊ မုံးကိုးခရိုင်၊ နန်ကျွမ်းဒေသရှိ စခန်းတခုနှင့် နန်ဟာဒေသရှိ တပ်စခန်းနှစ်ခုတို့ဖြစ်ပြီး မနက် ၆ နာရီခွဲနှင့် ၇ နာရီခွဲခန့်တို့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုစခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရရှိထားကြောင်း ကိုရန်ရန်က ပြောသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယမြောက်နေ့ ထပ်မံသိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်း / The Kokang

ထိုးစစ်ကြေညာပြီး နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်စခန်း၊ ဂိတ်စခန်းများ ဆက်တိုက်ဆိုသလို လက်လွှတ်ဆုံးရှုံးနေသလို ထိခိုက်သေဆုံးသည့် တပ်ဖွဲ့ဝင်အင်အားမှာလည်း ရာဂဏန်းရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသတိုက်ပွဲများအတွင်း ၎င်းတို့တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးခဲ့ရ ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောဆိုထားပြီး နယ်မြေပြန်လည်တည်ငြိမ်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောထားသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော်(AA)နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ဖျက်ရန်နှင့် အွန်လိုင်းလိမ် လည်မှုလုပ်ငန်းများတိုက်ဖျက်ရန် “Operation 1027” အမည်ရ စစ်ဆင်ရေးကြေညာသည့် ယမန်နေ့ နံနက်ပိုင်းမှစပြီး တပြိုင်နက်တိုက်ခိုက်လျက်ရှိရာ ယနေ့အချိန်ထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယမြောက်နေ့ ထပ်မံသိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်း / The Kokang

ယခုထိုးစစ်အတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား တိုက်ဖျက်သွားမည့်အပြင် ထိုလုပ်ငန်းများအား နောက်ကွယ်မှ အကာအကွယ်ပေးနေသည့် အင်အားစုများကိုလည်း ချေမှုန်းသွားမည်ဖြစ်ကြောင်း MNDAA ဘက်က ပြောထားသည်။

ကိုးကန့်နယ်ခြားစောင့်တပ် ခေါင်းဆောင်မိသားစုများ ထိန်းချုပ်ထားရာ လောက်ကိုင်မြို့သည် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း များ၊ အွန်လိုင်းလောင်းကစားများစွာ အခြေစိုက်လှုပ်ရှားနေပြီး မကြာသေးမီကလည်း ကိုးကန့်နယ်ခြားစောင့်တပ် ခေါင်း ဆောင်ဟောင်း၊ Fullylight လုပ်ငန်းစု ဥက္ကဋ္ဌ လျိုအာပေါက်၏ညီဖြစ်သူ ကိုးကန့်ထိပ်သီးလုပ်ငန်းရှင် ဦးမောင်မောင်အား တရုတ်အစိုးရက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့်ဆက်စပ်ပြီး ဖမ်းဆီးထားကြောင်း ဒေသတွင်းသတင်းများထံမှ သိရသည်။

ဦးမောင်မောင်သည် စစ်ကောင်စီခန့်အပ်သည့် ကုန်းကြမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တဦးဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဝင်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးလည်း ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယမြောက်နေ့ ထပ်မံသိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်း / The Kokang

ယမန်နေ့ကလည်း ချင်းရွှေဟော်မြို့ရှိ ကိုးကန့်နယ်ခြားစောင့်တပ် ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်မိသားစု ပိုင်ဆိုင် သည့် ဟိုတယ်အား MNDAA က စီးနင်းဖမ်းဆီးခဲ့သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ “Operation 1027” ထိုးစစ်သည် တရုတ်နယ်စပ် ရှမ်းပြည်မြောက်ပိုင်းဒေသ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုံးကိုမှနောင်ချို၊ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့အထိ ကျယ်ပြန့်ပြီး အဓိကကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သော လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော်လမ်းမကြီးအား စိုးမိုးခြိမ်းခြောက်လျက်ရှိသည်။

You may also like these stories:

၁၀၂၇ စစ်ဆင်ရေး တရက်အတွင်း တပ်စခန်း ၁၀ ခုကျော်နဲ့ မြို့တမြို့သိမ်းနိုင်ခဲ့

စစ်ကောင်စီကို အထိနာစေတဲ့ မဟာမိတ်သုံးဖွဲ့ရဲ့ “Operation 1027”

လောက်ကိုင်- လားရှိုးလမ်း တိုက်ပွဲကြောင့် ပိတ်လိုက်ရ

စစ်ဆင်ရေးကြောင့် လာရောက်ခိုလှုံမည့် စစ်ရှောင်များကို ကူညီပေးရန် UWSP ပြင်ဆင်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးတပ်စခန်းဒုတိယမြောက်နေ့သိမ်းပိုက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

Next Post
မိုးကုတ်၊ နောင်ချို၌ တိုက်ပွဲများ ပြင်းထန်

မိုးကုတ်၊ နောင်ချို၌ တိုက်ပွဲများ ပြင်းထန်

လားရှိုးမြို့ပေါ်က စစ်ကောင်စီ စစ်တပ်စခန်းတွေ မြောက်ပိုင်းမဟာမိတ် ဝင်တိုက်

လားရှိုးမြို့ပေါ်က စစ်ကောင်စီ စစ်တပ်စခန်းတွေ မြောက်ပိုင်းမဟာမိတ် ဝင်တိုက်

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

12 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved