• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လောက်ကိုင်- လားရှိုးလမ်း တိုက်ပွဲကြောင့် ပိတ်လိုက်ရ

by The Irrawaddy
27 October 2023
in သတင်း
A A
လောက်ကိုင်- လားရှိုးလမ်း တိုက်ပွဲကြောင့် ပိတ်လိုက်ရ

ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းမြို့နယ်မှ စစ်ကောင်စီ၏ အရေးပါသော စခန်းကို TNLA မှ ယနေ့နံနက် တိုက်ခိုက်သိမ်းပိုက်လိုက်စဉ်

5.4k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး- လောက်ကိုင်လမ်းပိုင်းတလျှောက် တိုက်ပွဲကြောင့် ယနေ့မှစ၍ သွားလာခွင့် ပိတ်လိုက်သဖြင့် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ လှည့်ပြန်နေရသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) မဟာမိတ် ၃ဖွဲ့က ရှမ်းပြည်မြောက်ပိုင်း၌ ထိုးစစ်ဆင်နေရာ MNDAA မှ ယနေ့ နံနက်ပိုင်းက ချင်းရွှေဟော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး တရုတ်-မြန်မာ အဓိက ကုန်သွယ်ရေးလမ်းကြောင်း လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် ပြည်ထောင်စုလမ်းတလျှောက် ဖြတ်သန်းခွင့်များကို ကန့်သတ်ပိတ်ဆို့လိုက်ရာ ကုန်သွယ် ရေး လည်း ရပ်တန့်သွားပြီဖြစ်သည်။

မန္တလေး-လောက်ကိုင် ခရီးသည်နှင့် ကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ကိုင်နေသူတဦးက “အခုက ဘယ်ကားမှ ဖြတ်လို့ မရတော့ဘူး။ အကုန် နောက်ပြန်လှည့်ရတာပဲ မန္တလေးက တက်လာတဲ့ ကားတွေက မန္တလေးကို ပြန်ဆင်းရတယ်၊ လောက်ကိုင်က ဆင်းမယ့်ကားတွေဆိုရင် လောက်ကိုင်ကို လှည့်ပြန်ပြီး အခြေအနေ စောင့်ကြည့်နေရတယ်” ဟု ဧရာဝတီသို့ ပြော သည်။

ကိုးကန့်ဒေသ၊ ချင်းရွှေဟော်မြို့ရှိ သိန္နီ-ကွမ်းလုံ-ဟိုပန်-မိုင်းမောကားလမ်းမပေါ်ရှိ နမ့်တိမ်တံတား (ဖောင်ဆိပ်) ကျိုးကျ ပျက်စီးသွားပြီဖြစ်၍ သွားရေးလာရေးအတွက် ပိုမို ခက်ခဲသွားပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ချင်းရွှေဟော်ကို MNDAA က တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်၍ လောက်ကိုင်မြို့သို့လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လာနိုင်သဖြင့် လောက်ကိုင်မြို့၌ ဈေးဆိုင်များ ပိတ်ထားသလို ဒေသခံတချို့ တရုတ်နိုင်ငံဘက် နှင့် “ဝ” သွေးစည်း ညီ ညွတ်ရေး တပ်မတော် UWSA ထိန်းချုပ်ရာ ဒေသများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

မူဆယ်မြို့ခံ လုပ်ငန်းရှင်တဦးက “မူဆယ် ၁၀၅ မိုင်ကနေ လားရှိုးအထိက အခုပိတ်လိုက်ပြီ၊ ဖြတ်သန်းသွားလာခွင့် မရှိတော့ဘူး။ အခုက လားရှိုးဘက်ကို အဝင်အထွက် ပိတ်ထားတဲ့ သဘောဆိုတော့ ကျမတို့ကားတွေတောင် နန့်ပေါ်တံတားကနေ ပိတ်ထားလို့ ခရီးသည်တွေရော ကလေးတွေရော ပါနေလို့ ပြန်လှည့်လာရတယ်” ဟု ပြောသည်။

နန့်ပေါ်တံတားသည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်- မူဆယ်လမ်းပိုင်းပေါ်၌ရှိပြီး ယနေ့နံနက်ပိုင်းတွင် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို အပါအဝင် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီအထိုင်စခန်းများနှင့် ပြည်သူ့စစ် စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

မူဆယ်မြို့ခံက “အခုက အခြေအနေက ဘာမှန်းမသိသေးဘူး၊ တိုက်ပွဲတွေက ပိုပြီးကြမ်းလာမယ့် သဘောရှိတော့ အခု တောင် ဆီတွေ၊ ဆန်တွေ ဘာတွေကြိုဝယ်ထားနေရတယ်” ဟု ဆိုသည်။

တိုက်ပွဲများပြင်းထန်ပြီး ကားလမ်းများ ပိတ်ထားသည့် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်းသို့ စစ်ကောင်စီဘက် က ပစ်ခတ်သော လက်နက်ကြီးကျ၍ ကလေးငယ် ၁ ဦး နှင့် အမျိုးသမီး ၁ ဦးသေး ဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း နမ့်ဖတ်ကာရှိ လူမှုကူညီရေးအသင်းတခုထံမှ သိရသည်။

ထိုအသင်းမှ တာဝန်ရှိသူတဦးက “ လက်နက်ကြီးနဲ့ ဟိုထု၊ ဒီထု ပစ်နေတာ အဲဒါမှာ အိမ်ပေါ်တည့်တည့် ကျပြီး အိမ်ထဲရှိတဲ့ အကုန်ထိကုန်တာပေါ့။ အခုကတော့ ငြိမ်သွားပါပြီ၊ လမ်းကတော့ သွားလာလို့မရသေးဘူး” ဟု ပြောသည်။

ထို့ပြင် MNDAA နှင့် စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်နေသော ချင်းရွှေဟော်နှင့် နန့်ပေါင်မြို့နယ်ရှိ ကျေးရွာတချို့မှ ဒေသခံများသည် လားရှိုးမြို့ပေါ်သို့ စစ်ဘေးရှောင်ရန် လာရောက်ခိုလှုံလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“လားရှိုးမြို့ထဲက ကန်မိန်းဘုန်းကြီးကျောင်းကို ကား ၃ စီးလောက်နဲ့ စရောက်လာကြတယ်။ အရေအတွက်ကတော့ အရမ်း အများကြီးတော့ မဟုတ်ဘူး။ အခု လားရှိုးမြို့ပေါ်မှာကလည်း ဘယ်သူမှ အပြင် မထွက်ရဲကြတော့ဘူး၊ တချို့ဆိုရင် ဟိုဘက်အိမ် ဒီဘက်အိမ်တောင် မကူးရဲကြတော့ဘူး” ဟု ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

လားရှိုးမြို့အဝင်အထွက် တံတားဖြစ်သော အေတီ (AT) တံတားကိုလည်း ပိတ်ဆို့ထားပြီဖြစ်ကာ ထိုလမ်းပိုင်းသည် လားရှို့မှ မူဆယ်ဘက်သို့ သွားရာ အဓိက လမ်းပိုင်းတခုဖြစ်၍ လတ်တလောအခြေ အနေအရ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ များ စတင်ဖြစ်ပေါ်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး Operation 1027 (၁၀၂၇ စစ်ဆင်ရေး) စတင်ကြောင်း MNDAA က ကြေညာလိုက် ပြီးနောက် မြောက်ပိုင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ယနေ့ နံနက်အစောပိုင်းမှ စတင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်း ချင်းရွှေဟော် အပါအဝင် မြို့နယ်အများစုရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်တိုက်ခိုက်ခဲ့ကြသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
92
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
24

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
35

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA၊ AA နှင့် TNLA တို့၏ ထုတ်ပြန်ချက်တွင် မြန်မာပြည်သူ တရပ်လုံး လိုလား ချက်ဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး၊ တရုတ်-မြန်မာနယ်စပ် အပါအဝင် နိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်း လောင်းကစားလိမ်လည်မှု ပပျောက်ရေး၊ Online Game (ကျားဖျန့်) ကုမ္ပဏီများနှင့် ယင်းလုပ်ငန်းများကို လုပ် ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး ရည်ရွယ်ချက်များဖြင့် ၁၀၂၇ စစ်ဆင်ရေးကို စတင်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

You may also like these stories:

ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

စစ်တပ်၏ အင်အားပြခြိမ်းခြောက်မှု ယုံကြည်မှုပျက်ပြားစေနိုင်ဟု AA ဆို

Your Thoughts …
Tags: MNDAAချင်းရွှေဟော်တိုက်ပွဲလားရှိုး
The Irrawaddy

The Irrawaddy

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ပါကင်ပိတ်

ပါကင်ပိတ်

စစ်ကောင်စီကို အထိနာစေတဲ့ မဟာမိတ်သုံးဖွဲ့ရဲ့ “Operation 1027”

စစ်ကောင်စီကို အထိနာစေတဲ့ မဟာမိတ်သုံးဖွဲ့ရဲ့ “Operation 1027”

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

12 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved