• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၁၀၂၇ စစ်ဆင်ရေး တရက်အတွင်း တပ်စခန်း ၁၀ ခုကျော်နဲ့ မြို့တမြို့သိမ်းနိုင်ခဲ့

by မိုင်းခြိူဝ်းဇာရ်
28 October 2023
in သတင်း
A A
၁၀၂၇ စစ်ဆင်ရေး တရက်အတွင်း တပ်စခန်း ၁၀ ခုကျော်နဲ့ မြို့တမြို့သိမ်းနိုင်ခဲ့
5.5k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ် ညီနောင်သုံးဖွဲ့က ဦးစီးဖော်ဆောင်နေတဲ့ “၁၀၂၇ စစ်ဆင်ရေး” ဟာ ပထမဆုံး တရက်ထဲမှာပဲ မြို့တမြို့ အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၀ ခုကျော်နဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းနိုင်ခဲ့ကြောင်း စစ်ဆင်ရေးကို ဦးဆောင်နေတဲ့ အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ဆယ်လပိုင်း နှစ်ဆယ့်ခုနှစ်ရက်နေ့စွဲကို ယူပြီး ဖော်ဆောင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရခိုင်တပ်တော် (AA) တို့က ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေလည်း ပါဝင်ပါတယ်။

TNLA က စစ်ကောင်စီတပ်စခန်းနဲ့ ပြည်သူ့စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး MNDAA ကတော့ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ချင်းရွှေဟော်မြို့ အပါအဝင် စစ်ကောင်စီ တပ်စခန်း ၆ ခု ထပ်မနည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော် က “ကျနော်တို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က အာဏာရှင် အမြစ်ပြတ် ခြေမုန်းနိုင်ဖို့အတွက် စစ်ဆင်ရေး လုပ်တာဖြစ်တယ်“ လို့ ဧရာ၀တီကို ပြောပါတယ်။

TNLA က နောင်ချိုမြို့က သံဘိုကျေးရွာ ရှိ စစ်ကောင်စီတပ်စခန်း၊ နမ့်ခမ်းမြို့နယ် နမ့်ခမ်း-နမ့်ဖက်ကာကျေးရွာအကြားက ၁၃ မိုင် တပ်စခန်း၊ ၁၂ မိုင်ရှိ ပန်းဆေး ပြည်သူ့စစ်တပ်စခန်း၊ မန်မိုင်တပ်စခန်း (မိုက်ခရိုဝိတ်ဆက်သွယ်ရေးတာဝါတိုင်) တပ်စခန်း၊ လာရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းနဲ့ တိန်တန်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့က တိုက်ပွဲမှာ စစ်ကောင်စီရုပ်အလောင်း ၁၈ လောင်းနဲ့ လက်နက်ခဲယမ်းတွေမှာ M 16- ၁၇ လက်၊ ငါးကြင်းမီး- ၁ လက်၊ MA 4- ၂လက်၊ MA 3- ၁၁ လက်၊ ၆၀ မမ- ၂လက်၊ ပစ္စတို- ၁လက်၊ လက်ပစ်ဗုံး- ၄၀၀လုံး၊ M9- ၇လုံး၊ RPG- ၈၀ လုံး၊ ၆၀ မမ ဗုံးသီး- ၈၀ လုံး၊ ၆၀ မမ ကျည်- ၁၀၀ လုံး၊ မိုင်း- ၄ လုံး၊ RPG ၁ လက်၊ စက်လက်အကြီး နဲ့ ကျည်ဆံ- ၁၀၀၀၀ တောင့် (တစ်သောင်းကျော်)ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးတွင် သိမ်းဆည်းရမိသော စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ

MNDAA ဘက်ကတော့ စစ်ကောင်စီတပ်ရဲ့ နမ့်တိမ်တံတားတပ်စခန်း၊ ချင်းရွှေဟော်တံတားတပ်စခန်း၊ ချင်းရွှေဟော်ဒေသ နန်ဖာရှန်းတောင်ကုန်း တပ်စခန်း၊ လောက်ကိုင်မြို့ ရှီးရှန်းဒေသက ကုတ်ထုတ်ပေါက်ပေါက်တောင်ကုန်းတပ်စခန်းနဲ့ လုံထန်ပြည်သူ့စစ်တပ်စခန်း၊ မုံးကိုးခရိုင် ကွမ်းထန်တောင်ကုန်းနဲ့ နန်ကျွမ်းဒေသတပ်စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA စစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ The Kokang စာမျက်နှာမှာ မနေ့ညပိုင်းက ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ကွမ်းလုံနဲ့ လားရှိုးမြို့တို့က စစ်ရေးစခန်းအများအပြားကို သိမ်းပိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပေမယ့် တပ်စခန်းအတိအကျကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။

MNDAA က ထိမ်းချုပ်သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ထားတဲ့ ချင်းရွှေဟော်မြို့ကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ဖို့ ကြိုးပမ်းနေတယ်လို့လည်း သတင်းရရှိပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ချင်းရွှေဟော်မြို့ကို MNDAA ထိမ်းချုပ်ရန် စီးနင်းမှုအပါအဝင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ဝန်ခံထားသလို မြေပြင်အခြေအနေတွေနဲ့ ပတ်သတ်ပြီးတော့လည်း “ကျနော်တို့အနေနဲ့ အခြေအနေကို ထိန်းသိမ်း နိုင်အောင် ဆောင် ရွက်လျက်ရှိပါတယ်” လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာ တွေက တဆင့် ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးတွင် သိမ်းဆည်းရမိသော စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ

MNDAA က အောက်တိုဘာ ၂၇ ရက်နေ့ တိုက်ပွဲမှာ စက်လက် ၁ လက်၊ Shotgun ၁ လက်၊ စကားပြောစက် ၄ ခု၊ ၆၀ မမ ဗုံးသီး ၄၀ လုံး၊ စက်လက်ကျည် ၂၀၀၀ တောင့်၊ ၅.၅၆ ကျည် ၃၀၀၀ တောင့်၊ လက်ပစ်ဗုံး ၂၀ လုံး၊ နင်းမိုင်း ၂ လုံး၊ စက်လက်ကျည်ကပ် ၁ ခု၊ ရိုးရိုးကျည်ကပ် ၂ နဲ့ အခြားစစ်ရေးပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ချင်းရွှေဟော်မြို့ထဲက လောင်းကစားရုံတွေနဲ့ အွန်လိုင်းငွေလိမ်လည်တဲ့ လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်သူတွေကိုလည်း MNDAA က လိုက်လံဖမ်းဆီးခဲ့ပြီး လားရှိုးမြို့ကတဆင့် စစ်အင်အားတိုးချဲ့လာမှာကို ဟန့်တာဖို့အတွက် ချင်းရွှေဟော်နဲ့ လားရှိုး ပြည်ထောင်စုလမ်းမကြီးတွေကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ MNDAA ဘက်က မြို့သိမ်းတိုက်ပွဲအပြီးမှာ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

လောက်ကိုင်မြို့အနီးမှာလည်း ညီနောင် ၃ ဖွဲ့က စစ်ရေးအရ ခြိမ်းခြောက်ထားတာကြောင့် လောက်ကိုင်မြို့ပေါ်မှာ စားသောက်ကုန်တွေ အလုအယက်ဝယ်ယူနေကြပြီး အခြေခံစားသောက်ကုန်တွေ အရောင်းအဝယ်ရပ်သွားကြပီလို့ လောက်ကိုင်မြို့ပေါ်ရှိ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

သူက “ဆန်၊ ဆီ၊ ဆားတွေ ဝယ်လို့မရတော့ဘူး။ ဘယ်သူမှ မရောင်းတော့ဘူး ဆိုင်တွေလည်း ပိတ်ထားကြတယ်။ တိုက်ပွဲဖြစ်လာရင် ရိက္ခာပြတ်မှာ စိုးရိမ်နေကြတယ်လေ“ လို့ ဧရာဝတီကို ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးတွင် သိမ်းဆည်းရမိသော စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ

လားရှိုးမြို့အနီးက ကျေးရွာတွေမှာတော့ မနေ့ညပိုင်းအထိ တိုက်ပွဲတွေဆက်ဖြစ်နေပြီး မြို့ပေါ်မှာ စစ်ဘေးရှောင် ၅၀၀ ကျော်ရောက်ရှိနေကာ လားရှိုးလေဆိပ်ကိုလည်း ယာယီပိတ်သိမ်းထားဆဲဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
92
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
24

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
35

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် ချင်းရွှေဟော်မြို့၊ ကွတ်ခိုင်မြို့နယ်နဲ့ နမ့်ခမ်းမြို့နယ်တို့က အသက် ၇ နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သားဒေသခံ ၆ ဦးသေဆုံးခဲ့သလို ၁၁ ဦးဟာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဧရာ၀တီက စာရင်းပြုစုထားပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ လားရှိုး-မူဆယ်လမ်းကြောင်းမှာလည်း ကုန်ကား အများအပြား အသွားအလာရပ်နားထားကြပြီး နယ်စပ်ကုန်သွယ်ရေးထိခိုက်လာနိုင်ဖွယ်ရှိနေပါတယ်။

၁၀၂၇ စစ်ဆင်ရေးတွင် သိမ်းဆည်းရမိသော စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ

ဒီစစ်ဆင်ရေးမှာ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်နေကြတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း (NSSAA) နဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) တို့လည်း ပါဝင်တိုက်ခိုက်နေကြပါတယ်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကတော့ ဒီစစ်ဆင်ရေးတွေမှာ တရုတ်က နိမ်နင်းဖို့ အလိုရှိနေတဲ့ အွန်လိုင်းငွေလိမ်လည်တဲ့ လုပ်ငန်း (ကျားဖြန့်) ကုမဏီတွေနဲ့ ဒီလုပ်ငန်းတွေကို လုပ်ဆောင်နေကြတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကို နှိမ်နင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Your Thoughts …
Tags: 1027MNDAATNLA
မိုင်းခြိူဝ်းဇာရ်

မိုင်းခြိူဝ်းဇာရ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
စစ်ကောင်စီက ကလေးများကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးနေသည်

စစ်ကောင်စီက ကလေးများကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးနေသည်

စစ်ဆင်ရေးကြောင့် လာရောက်ခိုလှုံမည့် စစ်ရှောင်များကို ကူညီပေးရန် UWSP ပြင်ဆင်

စစ်ဆင်ရေးကြောင့် လာရောက်ခိုလှုံမည့် စစ်ရှောင်များကို ကူညီပေးရန် UWSP ပြင်ဆင်

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

12 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved