မြန်မာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှု နောက်ပိုင်းတွင် နိုင်ငံတဝန်းမှ ကလေးများသည် ဆင်းရဲနွမ်းပါးမှု မြင့်မားခြင်း၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရွေးချယ်စရာ အကန့်အသတ် ရှိခြင်းများကို ရင်ဆိုင်နေရသည်။
တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ကလေးများသည် စစ်ဆင်ရေးများနှင့် နိုင်ငံရေး ဖမ်းဆီးချုပ်နှောင်မှုများကြောင့် ဖြစ်လာသည့် ပဋိပက္ခ၏ဒဏ်ကို ခံနေရသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားနှင့် မြန်မာစစ်တပ်အကြား ဆယ်စုနှစ်များစွာကြာသည့် ပြည်တွင်းစစ်ကြောင့် ပိုမိုများပြားသော ကလေးများ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပုံစံသစ်တခု ပေါ်ပေါက်လာနေပြီး စစ်ကောင်စီ ဆန့်ကျင်သည့် ခုခံတော်လှန်ရေးကို ထောက်ခံသည်ဟု ရှုမြင်ခံရသည့် မိသားစုများနှင့် လူမှုအသိုက်အဝန်းများမှ ကလေးများကို စစ်ကောင်စီက ပစ်မှတ်ထားလာသည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် ကလေးများသည် ခုခံတော်လှန်ရေး အင်အားစုသို့ ဝင်ရောက်ကာ စစ်တပ်ကို လက်နက်ကိုင် တိုက်ခိုက်သည့် ဆိုးရွားသော သံသရာကို ဖြစ်စေသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပုံစံသစ်တခု ပေါ်ပေါက်လာနေပြီး စစ်ကောင်စီ ဆန့်ကျင်သည့် ခုခံတော်လှန်ရေးကို ထောက်ခံသည်ဟု ရှုမြင်ခံရသည့် မိသားစုများနှင့် လူမှုအသိုက်အဝန်းများမှ ကလေးများကို စစ်ကောင်စီက ပစ်မှတ်ထားလာသည်။
မြန်မာကလေးများ၏ ကံကြမ္မာသည် ဆိုးရွားလှသော်လည်း အသစ်အဆန်း မဟုတ်ပေ။ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်သည် လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်နေပြီး စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထောက်ခံသည်ဟု မြင်သည့် လူမှုအသိုက်အဝန်းများကို ပစ်မှတ်ထားလာသည်။ ထိုသို့သော တိုက်ခိုက်မှုများသည် ၂၀၂၃ ခုနှစ်တွင် အကြိမ်ရေ ပိုမိုများပြားလာသည်။
ထိုသို့သော တိုက်ခိုက်မှုများ၏ သားကောင်များတွင် ကလေးငယ်များ အမြဲတမ်းပါဝင်နေပြီး အများအပြားမှာ ၁၆ နှစ်အောက်များ ဖြစ်ကြသည်။ (စာရေးသူ ကိုယ်တိုင်သည်ပင် ၁၉၉၀ ခုနှစ်များက ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်သောကြောင့် ဆယ်ကျော်သက်အရွယ်တွင် ဖမ်းဆီးနှိပ်စက်ခံရဖူးသည်။)
အလားတူ စိုးရိမ်စရာကောင်းသော ကိစ္စမှာ နိုင်ငံရေးအရ ဖမ်းဆီးခံရသည့် ကလေးငယ် အရေအတွက် တိုးလာခြင်း ဖြစ်သည်။ ကလေးသူငယ် အခွင့်အရေးများကို အာဏာပိုင်များက ဆန္ဒရှိရှိ ချိုးဖောက်ခြင်းသည် မြန်မာတွင် အသစ်အဆန်း လုံးဝ မဟုတ်ပေ။ မကြာသေးမီက ထုတ်ပြန်သည့် စာရင်းများအရ အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံရေးအရ ဖမ်းဆီးခံရသည့် ကလေးသူငယ်အရေအတွက် တိုးလာကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း ကလေးငယ် ၆၅၈ ဦးဖမ်းဆီးခံရပြီး ၎င်းတို့အနက် ၃၇၃ ဦးသည် ဆက်လက် ဖမ်းဆီး ခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖော်ပြသည်။
စစ်အာဏာ မသိမ်းမီက ဖြုတ်ချခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွင် ဖမ်းဆီးခံရသည့် ကလေးသူငယ် တဦးတည်းသာ ရှိသည်။ ယခုရရှိနေသည့် စာရင်းများသည် စိုးရိမ်စရာဖြစ်သည်။
စာရေးသူနှင့် တွေ့ဆုံမေးမြန်းစဉ် AAPP တည်ထောင်သူနှင့် တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ဖမ်းဆီးခံရသည့် ကလေးငယ် အရေအတွက်သည် စက်တင်ဘာလတွင် ၆၆၃ အထိ မြင့်တက်သွားကြောင်း ပြောသည်။ စစ်အာဏာ မသိမ်းမီက ဖြုတ်ချခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွင် ဖမ်းဆီးခံရသည့် ကလေးသူငယ် တဦးတည်းသာ ရှိသည်။ ယခုရရှိနေသည့် စာရင်းများသည် စိုးရိမ်စရာဖြစ်သည်။
စက်တင်ဘာလ အစောပိုင်း မကြာသေးမီက ဖြစ်ရပ်တခုတွင် မြန်မာနိုင်ငံမှ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်တွင် အသက် ၇ နှစ်အရွယ် ကလေးတဦး မိခင်နှင့်အတူ စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေး စခန်းတွင် ၅ ရက် ချုပ်နှောင်ခံရသည်။ တချိန်တည်းတွင် သူ၏ ဖခင်သည်လည်း နိုင်ငံရေးအရ စစ်မေးခံနေရသည်။
ခုခံတော်လှန်ရေး အင်အားစုများကို ဖမ်းဆီးရန်ကြိုးစားသည့် အနေဖြင့် စစ်ကောင်စီသည် မိဘ သို့မဟုတ် မိသားစုဝင်များကို ဖမ်းမမိသောအခါ ကလေးများကို ဖမ်းဆီးနေပုံရသည်။ ကလေးများကို ဓားစာခံ ဖမ်းဆီးခြင်းသည် နိုင်ငံရေး အတိုက်အခံများကို စစ်ကောင်စီက ဖြိုခွဲရာတွင် သိမ်းကြုံးဒဏ်ခတ်သည့် နည်းဗျူဟာဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဘိုကြည်က ပြောသည်။ “စစ်ကောင်စီက ကလေးပဲဖြစ်ဖြစ် သူတို့ကို ဆန့်ကျင်တဲ့ မည်သူ့ကိုမဆို ရန်သူအဖြစ် သတ်မှတ်တယ်” ဟု ကိုဘိုကြည်က ဆက်ပြောသည်။
စစ်ကောင်စီတပ်များသည် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျောင်းများမှ ကလေးများနှင့်အတူ ဆရာများနှင့် မိဘများကိုလည်း ဖမ်းဆီးသည်။
စစ်ကောင်စီသည် သာမန်ပြည်သူများအကြား အကြောက်တရား ထည့်သွင်းရန်နှင့် အတိုက်အခံ အားလုံးကို ချေမှုန်းမည့် ရည်ရွယ်ချက်ကို အလေးထားကြောင်း ပြသရန် ခုခံတော်လှန်ရေး အင်အားစုများ အားကောင်းသည့် ဒေသများမှ ကျောင်းများ သို့မဟုတ် လေ့လာသင်ယူသည့် နေရာများကို ပစ်မှတ်ထားသည်။ ထိုသို့သော နည်းဗျူဟာကို မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် ကျင့်သုံးခဲ့သည်။
သောမတ်စ် အင်ဒရူးက AAPP ၏ အချက်အလက်များကို ကိုးကားပြီး အာဏာသိမ်းပြီးနောက်တွင် ကလေးသူငယ် ၃၈၂ ဦး သတ်ဖြတ်ခံရကာ ၁,၄၀၀ ကျော် အငြင်းပွားဖွယ် ဖမ်းဆီးခံရကြောင်း ဖော်ပြသည်။
သူ၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ သောမတ်စ် အင်ဒရူးက AAPP ၏ အချက်အလက်များကို ကိုးကားပြီး အာဏာသိမ်းပြီးနောက်တွင် ကလေးသူငယ် ၃၈၂ ဦး သတ်ဖြတ်ခံရကာ ၁,၄၀၀ ကျော် အငြင်းပွားဖွယ် ဖမ်းဆီးခံရကြောင်း ဖော်ပြသည်။
အငြင်းပွားဖွယ်ရာ ဖမ်းဆီးခံရသည့် ကလေးများတွင် စစ်အာဏာသိမ်းမှုနှင့် စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သူများ သို့မဟုတ် ပါဝင်သည်ဟု သံသယရှိခံရသူများနှင့် လူဝင်မှုကြီးကြပ်ရေး စွပ်စွဲချက်များနှင့် ဖမ်းဆီးခံရသည် ရိုဟင်ဂျာ လူမှုအသိုက်အဝန်းမှ ကလေးများ ပါဝင်သည်။ ကလေးငယ်များကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်းသည် ၎င်းတို့မိဘများကို ဖမ်းဆီးရန် သို့မဟုတ် စစ်မေးရာတွင် ဖိအားပေးရန် ရည်ရွယ်သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒေါက်တာ နိုလင်းဟေဇာသည် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နှင့် လွန်ခဲ့သောနှစ်က တွေ့ဆုံစဉ် ကလေးငယ်များကို အငြင်းပွားဖွယ် ဖမ်းဆီးသည့် ပြဿနာကို ဆွေးနွေးခဲ့သည်။

အသက် ၁၆ နှစ် နှင့် ၁၇ အရွယ် ဖမ်းဆီးထားသည့် ကလေးငယ် အနည်းငယ်သာ ရှိကြောင်း မင်းအောင်လှိုင်က မစ္စ ဟေဇာကို ပြောသော်လည်း စစ်ကောင်စီက ၎င်းတို့ကို သက်သက်ညှာညှာ ဒဏ်ခတ်ကြောင်းနှင့် စစ်တပ်ဆန့်ကျင်ရေး အင်အားစုများက ကလေးများအပေါ် ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း ပြောသည်။ စစ်ကောင်စီသည် လက်ရှိအခြေအနေအတွက် တာဝန်ရှိသူများမှာ စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများသာ ဖြစ်ကြောင်း ပြောဆိုပြီး ထိုသူများကို အကြမ်းဖက်သမားများအဖြစ် တံဆိပ်ကပ်သည်။
စစ်ကောင်စီ၏ လုပ်ရပ်များသည် မလိုလားအပ်သည့် အကျိုးဆက်များကို ဖြစ်စေသည်။ ပညာရေး အနှောင့်အယှက် ဖြစ်ခြင်းနှင့် စစ်တပ်၏ တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှု အမြဲတမ်း ခံနေရခြင်းသည် အချို့ ပဋိပက္ခဒေသများမှ ကလေးများ အနေဖြင့် ခုခံတော်လှန်ရေး အင်အားစုသို့ ဝင်ရောက်ကာ ကျေးရွာများကို ကာကွယ်ရစေသည်။
စစ်ကောင်စီသည် ကလေးများအချို့ကို ခေါင်းဖြတ်သတ်ခြင်းကဲ့သို့သော အကျဉ်းရုံးစီရင်မှုများ ကျူးလွန်သည်ဆိုသည့် သတင်း အများအပြားလည်း ရရှိနေသည်။
NUG နှင့် လက်အောက်ခံ အဖွဲ့အစည်းများက ကလေးစစ်သား တားဆီးပိတ်ပင်ထားသည့်တိုင် ထိုသို့ဖြစ်နေသည်။ ၎င်းတို့၏ အငြင်းပွားဖွယ် ဖမ်းဆီးမှုများအတွက် စစ်ကောင်စီက မြန်မာတွင် ဖြစ်ပွားနေသည့် ပဋိပက္ခတွင် တိုက်ရိုက် ပါဝင်နေသည့် ကလေးများကို ထောက်ပြ ဆင်ခြေပေးသည်။ စစ်ကောင်စီသည် ထိုကလေးများအနက် အချို့ကို ခေါင်းဖြတ်သတ်ခြင်းကဲ့သို့သော အကျဉ်းရုံးစီရင်မှုများ ကျူးလွန်သည်ဆိုသည့် သတင်း အများအပြားလည်း ရရှိနေသည်။
မြန်မာမှ ကလေးသူငယ်နှင့် လူငယ်အများအပြားသည် ပဋိပက္ခ၊ အကြမ်းဖက်မှုများနှင့် ယဉ်ပါးလာကြသည်။ မြန်မာစစ်တပ်သည် အကြမ်းဖက်မှုများကို သက်ဆိုးရှည်စေခြင်းနှင့် တပ်အင်အားတိုးချဲ့ရန် စစ်တပ် သို့မဟုတ် ရဲတပ်ဖွဲ့ မိသားစုများမှာ ပညာမတတ်၊ မလုပ်လက်မဲ့ လူငယ်များ၊ အများအားဖြင့် အသက်မပြည့်သေးသည့် လူငယ်များကို တပ်သားသစ် စုဆောင်းခြင်းဖြင့် ထိုကြေကွဲစရာ ဇာတ်လမ်းတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်။
ကလေးစစ်သား စုဆောင်းသည့် အလေ့အထနှင့် တိုက်ခိုက်ရေး မဟုတ်သည့် နယ်ပယ်များတွင် ကလေးလုပ်အား အတင်းအကျပ် အသုံးချခြင်ကို အဆုံးသတ်ရန် ၂၀၁၉ ခုနှစ်က မြန်မာ၏ ကတိကဝတ်ကို ချိုးဖောက်ခြင်း ဖြစ်သည်။ ထိုသို့လုပ်ခြင်းသည် ယခင်စစ်အုပ်စု၏ လုပ်နည်းလုပ်ဟန်အတိုင်း ပြန်လည် လုပ်ကိုင်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် မြန်မာမှ သန်းပေါင်းများစွာသော ကလေးများနှင့် လူငယ်များသည် မှောင်မိုက်သည့် အနာဂတ်တွင် ဓားစာခံဖြစ်နေပြီး အရှိန်မြင့်မားလာသော ပဋိ့ပက္ခတွင် ကြားညပ်နေသည်။
(South China Morning Post ပါ ဝေမိုး၏ Myanmar junta holds children hostage as ‘collective punishment’ for alleged resistance links ကို ဘာသာပြန်သည်။ )
You may also like these stories:
အာဏာသိမ်းမှု ၃ လအတွင်း စစ်ကောင်စီလက်ချက်ဖြင့် ကလေးသူငယ် ၇၃ ဦးမက သေဆုံးခဲ့
စစ်ကောင်စီရဲ့ လက်နက်ကိုင်များ ကလေးသူငယ်တွေကို ပစ်မှတ်ထားလာသလား
စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု
အသက်မပြည့်သေးသည့် ကလေးတွေကိုပါ စစ်ကောင်စီသတ်ဖြတ်