• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု

by ဧရာဝတီ
20 September 2022
in ဆောင်းပါး
A A
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ အရှေ့ခြမ်းက ဘုန်းတော်ကြီးကျောင်းမှာ ရှိနေတဲ့ စာသင်ကျောင်းကို စစ်ကောင်စီ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေက ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်အချို့ သေဆုံးခဲ့သလို အချို့လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပါတယ်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ အရှေ့ခြမ်းက ဘုန်းတော်ကြီးကျောင်းမှာ ရှိနေတဲ့ စာသင်ကျောင်းကို စစ်ကောင်စီ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေက ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်အချို့ သေဆုံးခဲ့သလို အချို့လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပါတယ်

17.1k
VIEWS
Share on FacebookShare on Twitter

မြန်မာ မီဒီယာတွေနဲ့ နိုင်ငံတကာ မီဒီယာတွေကပါ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှာ စစ်တပ် ရဟတ်ယာဉ်က ပစ်ခတ်လို့ ကလေးငယ်တွေ သေဆုံးခဲ့ရတယ်လို့ အချက်အလက် ခိုင်ခိုင်မာမာတွေနဲ့ ရေးသား ဖော်ပြနေချိန်မှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက သူတို့ လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၀၊ ၂၀၂၂ နေပြည်တော်က ပြုလုပ်တဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့သတင်းစာရှင်းလင်းပွဲမှာ အထက်ပါအတိုင်း ပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ သောကြာနေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ အရှေ့ခြမ်းက ဘုန်းတော်ကြီးကျောင်းမှာ ရှိနေတဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေက ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်အချို့ သေဆုံးခဲ့သလို အချို့လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။

လက်ယက်ကုန်း ကျေးရွာထဲမှာ KIA ၊ PDF အဝင်အထွက်ရှိနေတယ်ဆိုတဲ့ သတင်းကြောင့် စစ်တပ်က ဝင်ရောက် ရှင်းလင်းချိန်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး KIA ၊ PDF တွေက ရွာသူရွာသားတွေကို လူသားဒိုင်းအဖြစ် ဘုန်းကြီးကျောင်းထဲကို ခေါ် ဆောင်သွားခဲ့တာလို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

“တပ်မတော်အနေနဲ့လည်း ဒီနေရာကို ပစ်ခတ်ခဲ့ရတာ ရှိတယ်။ နောက်ဆုံးမှာ တိုက်ပွဲပြီးသွားတဲ့အချိန်မှာ ဘုန်းကြီး ကျောင်း အောက်ဘက်မှာ သူတို့ထွက်ပြေးသွားချိန်မှာ ကလေးသူငယ်တွေ ကျန်ခဲ့တယ်။ ကလေးငယ်နှစ်ယောက်ဆိုရင် ဒဏ်ရာ ပြင်းထန်လို့မိုလို့ ရဟတ်ယာဉ်နဲ့ ချက်ချင်း စစ်ဆေးရုံကို ပို့ရတာ ဖြစ်တယ်”လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ကောင်စီဘက်က လူသေဆုံးမှုကို ထည့်သွင်း ပြောဆိုမှု မရှိဘဲ ကလေးငယ် နှစ်ယောက်သာ ဒဏ်ရာ ပြင်းထန်တယ်လို့ ပြောနေချိန်မှာ တကယ့် မြေပြင်မှာ ဧရာဝတီက အတည်ပြုထားနိုင်တာက စာသင်ကျောင်းပစ်ခတ်ခံရမှုမှာ စစ်တပ်က အဓမ္မယူဆောင်သွားတဲ့ မျက်မြင်တွေက သေပြီလို့ အတည်ပြုထားတဲ့ ကလေး ရုပ်အလောင်း ၄ လောင်းနဲ့ ဒဏ်ရာရထားတဲ့ ကလေး ၁၇ ဦးအထိ ရှိပါတယ်။

ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ ၁၆ ရက်နေ့ ညနေပိုင်းမှာပဲ ဒီပဲယင်းက သေဆုံးကလေးတွေရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီတပ် က ၇ မိုင်ဝေးတဲ့ ရေဦးကို ကားနဲ့ တင်ဆောင်ပြီးနောက်မှာ ညတွင်းချင်း ဆိုသလို သုသာန်မှာ မီးသင်္ဂြိုဟ်ဖို့ ကြိုးစားခဲ့ တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

စက်တင်ဘာ ၁၇ ရက် နံနက် ၆ နာရီမှာ ကလေး ၇ ဦးရဲ့ အလောင်းကို ရေဦးသုဿန်မှာ သင်္ဂြိုဟ်လိုက်သလို အဲဒီနေ့ ည နေ ၄ နာရီလောက်မှာ နောက်ထပ် ကလေး ၂ ဦးရဲ့ အလောင်းကို ယူလာကာ ထပ်မံသင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ သောကြာနေ့မှာတော့ လက်ယက်ကုန်း ဒေသခံ ၇ ဦးကို သတ်ဖြတ်ခံခဲ့ရသလို သေဆုံးနဲ့ ဒါဏ်ရာရ ကျောင်းသား ၂၁ ဦးအပြင် ဆရာ ဆရာမ ၅ ဦး၊ ဒေသခံ ၃ ဦးနဲ့ ယဉ်မောင်း ၂ ဦးကိုပါ ဓါးစာခံ ဖမ်းဆီးသွားခဲ့ပါတယ်။

အဲဒီ ၂ ဦးဟာ ရေဦးတိုင်းရင်းဆေးရုံမှာ ထားတဲ့ ဒဏ်ရာရ ကလေးတွေထဲက ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ကောက်ချက်ချခဲ့ပါတယ်။

ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ သောကြာနေ့မှာတော့ လက်ယက်ကုန်း ဒေသခံ ၇ ဦးကို သတ်ဖြတ်ခံခဲ့ရသလို သေဆုံးနဲ့ ဒါဏ်ရာရ ကျောင်းသား ၂၁ ဦးအပြင် ဆရာ ဆရာမ ၅ ဦး၊ ဒေသခံ ၃ ဦးနဲ့ ယဉ်မောင်း ၂ ဦးကိုပါ ဓါးစာခံ ဖမ်းဆီးသွားခဲ့ပါတယ်။

“ကျနော့်တူလေးဆို ကျနော့်အမ လက်ပေါ်မှာတင် ပျက်စီးသွားတာ။ အလောင်းကို သင်္ဂြိုဟ်ခွင့် ပြုပါလို့ ခွင့်တောင်းတာ တောင် လုံးဝမပေးဘူး။ ကားပေါ်တင် ယူသွားတယ်” လို့ ရွာခံတဦးဖြစ်သူ ကိုခင်မောင်လွင်(အမည်လွှဲ)က ဆိုပါတယ်။

ပျောက်ဆုံးနေဆဲ ကလေးတွေ

လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ပြီးတဲ့နောက် စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ စာသင်ကျောင်းထဲက ဒဏ်ရာရ က လေးတွေအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပြီး ဘယ်မှာရှိတယ်ဆိုတဲ့ တိကျတဲ့ အဆက်အသွယ်လည်း မရရှိ သေးပါဘူး။

ဒေသခံအချို့က ဒဏ်ရာရထားတဲ့ ကလေး ၁၇ ဦးကို စစ်ကောင်စီ တပ်ဖွဲ့တွေက ခေါ်ဆောင်သွားပြီးတဲ့ နောက်မှာ ရေဦးမြို့က တိုင်းရင်းဆေးရုံမှာ ထားရှိတယ်လို့ ပြောနေကြပေမယ့်လည်း အချို့ကလည်း အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဖြစ်တဲ့ မုံရွာမြို့ကို ခေါ်ဆောင်သွားတယ်လို့လည်း ပြောဆိုနေကြပါတယ်။

“ကလေးတွေက မသက်သာလို့ မုံရွာဘက် ပို့လိုက်ပြီ ဆိုတာမျိုး ကြားသိရတယ်။ ရဟတ်ယာဉ်နဲ့ သယ်သွားတယ်ဆိုတာမျိုး ပြောပြန်တယ်ပေါ့”လို့ ဒေသခံ တဦးက သူကြားသိရတဲ့ သတင်းကို ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့မှာ ရေဦးကို ရဟတ်ယာဉ် ၁ စီး ဆင်းသက်ပြီး စိုးရိမ်ရ ဒဏ်ရာ ရနေတဲ့ ကလေးတွေကို ခေါ် ဆောင်သွားတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ရေဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ကတော့ အဲဒီဆေးရုံမှာပဲ ရှိနေသေးတယ်လို့ သူတို့ရရှိထားတဲ့ သတင်းတွေ အရ ဆိုပါတယ်။

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးကတော့“ရဟတ်ယာဉ်ဆင်းတယ်။ ကလေးတွေကို ခေါ်ပါတယ်ဆိုပြီး သတင်းလွှင့်တယ်။ ရေဦးကို ဆင်းတဲ့ ရဟတ်ယာဉ်က ကောလင်းကို ပြန်ဆင်းသွားတယ်ဆိုတော့ ကလေးတွေကို ခေါပြီး ကောလင်းကို ဆင်းစရာမှ မလိုတာ။ တကယ်က သူတို့ ရေဦးကနေ နမခနဲ့ ချိတ်ဆက်တာ ဘာမှမရှိဘူး။ မြေပြင်ကနေ ကတော့ သူတို့ သေချာပေါက် သယ်လို့မရဘူး။ ဝေဟင်က သယ်မယ် ဆိုရင်တောင်မှ ဖရဲသီး သတင်းအရ သတင်း ရနိုင်တယ်”လို့ ပြောပါတယ်။

စစ်တပ်က အဓမ္မခေါ်ဆောင်သွားတဲ့ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့ ကလေးတွေအတွက် ကျောင်းသားမိဘတွေ ကတော့ စိုးရိမ်ပူပန်နေကြပါတယ်။

စစ်တပ်က အဓမ္မခေါ်ဆောင်သွားတဲ့ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့ ကလေးတွေအတွက် ကျောင်းသားမိဘတွေ ကတော့ စိုးရိမ်ပူပန်နေကြပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့မှာတော့ စစ်တပ်က အဓမ္မခေါ်ဆောင်သွားတဲ့ ကလေး မိဘတချို့ကို စခန်းမှူးဆိုသူက ကလေး တွေ တွေ့ချင်ရင် မုံရွာမြို့ကို လိုက်ခဲ့ဖို့ အကြောင်းကြားလာပါတယ်။
လက်ယက်ကုန်း ရွာခံက“သားသမီးဇောနဲ့ လိုက်သွားတာ။ ကျနော်ဆိုလည်း လိုက်မှာပဲ။ ကိုယ်သားသမီး မျက်နှာလေးပဲ မြင်ရမြင်ရပေါ့”လို့ ဆိုပါတယ်။

ကံဆိုးမိုးမှောင်ကျတဲ့ သောကြာနေ့

လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းမှာ ကိုယ်ထူကိုယ်ထ ဖွင့်ထားတဲ့ စာသင်ကျောင်းကို အရင်နေ့တွေလိုပဲ စာသင်ဖို့ ကလေးတွေ ပုံမှန်လို နေ့လည် ၁ နာရီမှာ ကျောင်းတက်ပြီး ညနေ ၄ နာရီမှာ အိမ်ကို ပြန်မယ့် ကလေးတွေ အိမ်မပြန် နိုင်ခဲ့ကြတော့ပါဘူး။

ရွာဘက်ကို ရဟတ်ယာဉ်တွေ လာပြီဆိုတဲ့ သတင်းရတာနဲ့ ကျောင်းသားတွေ စုပြီး လုံခြုံရာမှာ ပုန်းဖို့ ဆရာမတွေ သတိလိုက်ပေးပါပြီ။ ဒီလို သတိပေးနေတုန်းမှာပဲ ကျောင်းခေါင်မိုးပေါ်ကို လက်နက်ကျသံတွေ ဆူညံလာပါတော့တယ်။

ဆရာမတွေလည်း နီးစပ်ရာ ခုံ၊ ကုတင်အောက်တွေ ဝင်ပြီး ဘေးမှာ လက်လှမ်းမီသမျှ ကလေးတွေကိုဆွဲရင်း ဝေဟင်က ပစ်ခတ်မှုမှာ အသက်လုရပါတော့တယ်။ တိုက်ခိုက်ရေး ရဟတ်ယာဉ် MI – 35 ၂ စီးနဲ့ အဲဒီ ပစ်ခတ်မှုဟာ ၄၅ မိနစ် ဝန်း ကျင်ကြာခဲ့ပေမယ့် စာသင်ကျောင်းဝင်းထဲမှာတော့ ကမ္ဘာပျက်သလိုပါပဲ။

ကလေးငယ်တွေရဲ့ ငိုသံတွေ၊ လက်နက်ထိမှန်လို့ နာကျင်တဲ့ အသံတွေ၊ လူကြီးတွေရဲ့ ကယ်ပါယူပါ အသံတွေ ညံနေပါ တော့တယ်။

အသက်ရှင် ကျန်ရစ်ခဲ့သူတွေ ရရှိခဲ့တဲ့ စိတ်ဒဏ်ရာ တွေအတွက် အချိန်ပေး ကုစားရဖို့ လိုဦးမယ်

“ကျနော့်တူက ကျနော့်သားကို . . . ကိုကို သားလွယ်အိတ်လေး ကျန်ခဲ့လို့ ယူလိုက်ဦးမယ်နော်” ဆိုပြီး ကျောင်းထဲကို ပြေး ယူတဲ့ အချိန် လက်နက်ကြီး ထိသွားတာ။ ထိသွားတော့ သူ့အစ်ကို ကျနော့်သားကို လှမ်းအော်ပြီးတော့ “ကိုကို သား ဒဏ် ရာကြီး ရသွားလို့ သားကို ကယ်ပါဦး” ဆိုပြီး အော်ဟစ်ပြောတာ”လို့ ကျောင်းသား မိဘတဦးဖြစ်တဲ့ ကိုမောင်လွင် (အမည်လွှဲ)က ပြောပါတယ်။

အသက် ၉ နှစ်အရွယ် သူ့သားရဲ့ မျက်မြင်ပြောပြချက်တွေကို ပြန်ပြောပြနေတာလည်း ဖြစ်ပါတယ်။ အဲဒီလို လက်နက်ကြီး ထိထားတဲ့ ၇ နှစ်အရွယ် သားငယ်ရဲ့ မိခင်ကတော့ သားဇောနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ ဘုန်းကြီးကျောင်းဝင်း ထဲကို သားရှာဖွေဖို့ ရောက်လာပါတယ်။

သားကို တွေ့ခွင့်ရခဲ့ပေမယ့် သူ့လက်ထဲမှာတင် သေဆုံးခဲ့တဲ့ အဖြစ်ကြောင့် မိခင်ဖြစ်သူ ဒေါ်ခင်မာ (အမည်လွှဲ) တ ယောက် နာရေးအိမ်ကို သတင်းမေးတဲ့ လူတိုင်းနဲ့ ဒီအကြောင်းတွေ ပြောရင်း၊ ငိုရင်းနဲ့ ဖြည်မဆည်နိုင် ရှိနေဆဲပါ။

“အမေ သားကို သတ်သာ သတ်ပစ်လိုက်တာပေါ့။ ဒီဒဏ်ရာကြီးနဲ့ နာလှပြီ။ သားသေမှာ သားသိတယ်။ အခုတင် သတ်ပစ် လိုက်ပါလို့ ကလေးလေးက ပြောရှာတယ်။ ကလေးက သူ့အမေ လက်ပေါ်တွင် ပျက်စီးသွားတာ။ အလောင်းကို သင်္ဂြိုဟ်ခွင့် ပြုပါလို့ ခွင့်တောင်းတာတောင် လုံးဝမပေးဘူး။ ကားပေါ်တင် ယူသွားတယ်” လို့ သေဆုံးကလေးရဲ့ ဦးလေးဖြစ်သူ ကိုမောင်လွင်က ပြောပြပါတယ်။

ကလေးတွေရဲ့ စိတ်ဒဏ်ရာ

စစ်တလင်းပြင်လို သွေးထွက်သံယိုတွေ ဖြစ်နေတဲ့ မြင်ကွင်းကို ကိုမောင်လွင်တို့လို လူကြီးတွေ ဖြစ်ကြတဲ့ ယောကျာ်း ရင့်မာကြီးတွေတောင် ဝမ်းနည်းပက်လက် ဖြစ်ရချိန်မှာ စာသင်ကျောင်းဝင်းထဲမှာ ရှိနေတဲ့ ကလေးတွေဟာ စိတ်ဒဏ်ရာ ကိုယ်စီ ကျန်ခဲ့ပါတယ်။

ကျောပိုးအိတ်ကျန်တာကို ပြန်ယူခဲ့လို့ လက်နက်ကြီးထိ သေဆုံးခဲ့တဲ့ ညီလေးရဲ့ အကူအညီတောင်းခံပုံကို ၉ နှစ် အရွယ်သားက အဖေဖြစ်သူ ကိုမောင်လွင်ကို ပြောရင်းနဲ့ ငိုပါတယ်။
ကိုမောင်လွင် တယောက် သားဖြစ်သူရဲ့ ပြောပြချက်ကိုသာမက သမီးကြီးအတွက်လည်း စိတ်ပူပန်ရပြန်ပါတယ်။

တိုက်ခိုက်ရေး ရဟတ်ယာဉ် MI – 35 ၂ စီးနဲ့ အဲဒီ ပစ်ခတ်မှုဟာ ၄၅ မိနစ် ဝန်း ကျင်ကြာခဲ့ပေမယ့် စာသင်ကျောင်းဝင်းထဲမှာတော့ ကမ္ဘာပျက်သလိုပါပဲ

“ကျနော့်သမီးကို တယောက်က မမ ကယ်ပါဦး ဆိုပြီး ပြေးဖက်တဲ့အချိန် နောက် တယောက်ကို လှည့်ကြည့်လိုက်တော့ သူ့ဘေးတင် အူတွေ အပုံလိုက်နဲ့ ပက်လက်လေး ဖြစ်နေတာ။ အဲဒါတွေ မြင်ပြီးတော့ ကြောက်အားလန့်အားနဲ့ ကျောင်း အုတ်တံတိုင်းကို ကျော်ပြီး ပြေးတော့ ကျောင်းဘေးအိမ်က ကျင်းကြီးကို တွေ့တော့ ဝင်ပုန်းတော့ သမီးက လွတ်သွားတာ။ သူကိုယ်တိုင် ပြောပြပြီးတော့ ပြောလည်းပြော ငိုလည်းငို”လို့ ကိုမောင်လွင်က ပြောပါတယ်။

စစ်ကောင်စီတပ် ဝင်စီးတဲ့ စာသင်ကျောင်းထဲမှာ သားသမီး ၃ ယောက်နဲ့ စာသင်ကြားပေးနေတဲ့ အမျိုးသမီးဖြစ်သူ ကျောင်းဆရာမ ရှိနေတဲ့ ကိုမောင်လွင် အတွက်တော့ အဲဒီနေ့က တကယ့်ကို သောကပွေရတဲ့ နေ့ပါပဲ။

အလုပ်ကိစ္စနဲ့ ရွာနဲ့လှမ်းတဲ့ နေရာကို ရောက်နေတဲ့ အချိန် ရွာဘက်ကို လေယာဉ်တွေ ရောက်နေပြီဆိုတဲ့ သတင်းစကား ကြားတာနဲ့ ချက်ချင်းဆိုသလို ထပြန်လာတဲ့ ကိုမောင်လွင် တယောက် ဆိုင်ကယ်ကိုတောင် ကိုယ်တိုင်ကိုယ်ကျ မမောင်း နိုင်လောက်အောင် ရင်တွေပူနေရပါပြီ။

ကံသီထောက်မလို့ သူ့ရဲ့ ကလေးငယ် ၃ ယောက်နဲ့ အမျိုးသမီး ဖြစ်သူ အသက်ရှင် ကျန်ရစ်ခဲ့ပေမယ့် ရရှိခဲ့တဲ့ စိတ်ဒဏ်ရာ တွေအတွက် အချိန်ပေး ကုစားရဖို့ လိုဦးမယ်လို့ သူက ယူဆထားပါတယ်။

“ဒီအကြောင်းတွေ ပြောတိုင်း ငိုရုံတင် မကဘူး။ တူလေးတွေအိမ်က ငိုတိုင်း အဲဒီအိမ်မှာ ရွာကလူတွေ သတင်းတွေ မေး တော့ ငိုတဲ့အသံကြားတိုင်း လိုက်ငိုနေတာပဲ” လို့ ကိုမောင်လွင်က အမျိုးသမီးရဲ့ လက်ရှိ အခြေအနေတွေကို ပြောပြပါတယ်။

ရုပ်အလောင်းမဲ့ နာရေး

“သူတို့သားသမီးလေးတွေ နေသွားတဲ့ အတန်းခုံလေးတွေမှာ ပျက်စီးသွားလား မပျက်စီးဘူးလား ဆိုပြီး လာရှာဖွေပြီးတော့ မိဘတွေက သူတို့ ဝတ်ပေးလိုက်တဲ့ အင်္ကျီအပိုင်းအစ အစုတ်လေးတွေယူပြီး လိပ်ပြာခေါ်တာ”လို့ လက်ယက်ကုန်းရွာခံက ဆိုပါတယ်။

ကလေးမိဘတွေ ခမျာမှာ ရုပ်အလောင်း မတွေ့ရတဲ့ကြောင့်လည်း ဖြစ်တဲ့နည်းနဲ့ သင်္ဂြိုဟ်နေရသလို နာရေး သက် ပျောက်ဆွမ်းကိုတောင် ရမ်းသမ်းပြီး လုပ်နေရတဲ့ အခြေအနေပါ။

မျက်မြင်တွေ့လိုက်ရတဲ့ သေဆုံးသူတွေကလွဲလို့ ဘယ်သူတွေက သေပြီး ဘယ်သူတွေက ရှင်ကျန်တယ်ဆိုတာကို ဝေခွဲ မရနိုင်တဲ့ အခြေအနေမှာ နာရေးလုပ်ဖို့လည်း ခက်ခဲနေရပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ခေါ်ဆောင်သွားတဲ့ ကလေးအများစုက ဒဏ်ရာ အပြင်းအထန် ရသွားတာကြောင့်လည်း မျက်မြင် မတွေ့ရတဲ့အခါ ဘယ်သူ့ကို နာရေးလုပ်ပေးရမယ်ဆိုတာ ဝေခွဲမရကြပါဘူး။

“ကလေး ၁ ယောက် သေပြီးတယ် ၂ ယောက်သေပြီးတယ် ကြားရင်လည်း သူ့ကလေးလား ကိုယ့်ကလေးလား ဆိုတဲ့ စိတ်က ကိုယ်စီရှိနေတာ။ တခြားသေတဲ့လူတွေနဲ့ပဲ ပေါင်းလုပ်ရမှာလား ဘယ်ကလေးတွေကို လုပ်ရမှာလဲ။ ယောင်ချာချာနဲ့ လုပ်ရကိုင်ရ ခက်တာပေါ့”လို့ ကိုခင်မောင်လွင်က ပြောပါတယ်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
141
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
474
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.7k

အခုအချိန်ထိ စစ်ကောင်စီက သင်္ဂြိုဟ်လိုက်တာ ၉ ဦး ရှိပြီဆိုပေမယ့် ဒေသခံတွေ အတည်ပြုထားတဲ့ ၆ ဦး အပြင် ကျန်တဲ့ ဘယ်သူတွေ သေဆုံးသွားပြီလည်း ဆိုတာကို အတိအကျ မပြောနိုင်သေးပါဘူး။

ကူငွေပေးတဲ့အခါမှာတောင် ဘယ်သူက ယူရမလဲ၊ ဘယ်သူ့ကို ရက်လည် လုပ်ရမလဲဆိုတာအပြင် ရုပ်အလောင်း မရှိတာ ကြောင့်လည်း သူတို့မှာ ကြေကွဲရပြန်ပါတယ်။

ကလေးမိဘတွေ ခမျာမှာ ရုပ်အလောင်း မတွေ့ရတဲ့ကြောင့်လည်း ဖြစ်တဲ့နည်းနဲ့ သင်္ဂြိုဟ်နေရသလို နာရေး သက် ပျောက်ဆွမ်းကိုတောင် ရမ်းသမ်းပြီး လုပ်နေရတဲ့ အခြေအနေပါ။

“ကျန်ခဲ့တဲ့ အသားစတွေ ကောက်ပြီး သင်္ဂြိုဟ်လိုက်ရတာပေါ့”လို့ လက်ယက်ကုန်း ရွာခံတဦးက အသံတိမ်ဝင်ရင်း ပြောဆိုသွားခဲ့ပါတယ်။

You may also like these stories:

ဒီပဲယင်းက ကလေး ၉ဦး ကို စစ်တပ်က ရေဦး၌သင်္ဂြိုဟ်ကာ အလောင်းဖျောက်

ကလေးငယ်များကို သတ်ဖြတ်မှုအပေါ် နိုင်ငံတကာအဖွဲ့များ နှုတ်ဆိတ်နေဟု ဝေဖန်

ဝါဒဖြန့် မီဒီယာကွန်ရက် ထူထောင်နိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

ရေဦးမှာ အမိန့်ပေးတာ ဘယ်သူလဲ

စစ်ကောင်စီ၏ မိုးလုံးပြည့်မုသာဝါဒ ဖြန့်ချိသူကြီး

Your Thoughts …
Tags: ကလေးငယ်များစစ်တပ်ဒီပဲယင်းလက်ယက်ကုန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

by စိုင်းခမ်းယွမ်း
26 May 2025
22k

အခု လက်ရှိ လက်နက်ကိုင် စစ်ကောင်စီ တပ်နဲ့ သေအတူ ရှင်မကွဲ ဆက်ပြီး ပေါင်းနေတဲ့ ခရိုနီ ကြီးငယ်လတ်တွေ ထဲမှာတော့ ခရိုနီ ဂိုဏ်းချုပ်ကြီးလို့ အခေါ်ခံရတဲ့ ဦးအောင်ကိုဝင်းပဲ ဖြစ်ပါတယ်။

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.9k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
13.6k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

by မောင်ကဝိ
24 July 2024
10.7k

USDP ကိုယ်စားလှယ်တွေမှာ စစ်ကောင်စီအမာခံ သဘောထားတင်းမာသူတွေလို့ ထင်ရှားသူတွေ ပါဝင်ပါတယ်။

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

by ဧရာဝတီ
19 June 2024
10.5k

ဆရာတော်ကြီး၏ ရုပ်ကလပ်ကို ပဲခူးမြို့သို့ ပြန်လည် သယ်ဆောင်ရန် တာဝန်ရှိသူများက ခွင့်မပြု၍ ဆရာတော် တချို့နှင့် အချေအတင် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက ပဲခူးမြို့သို့ ပြန်လည် သယ်ယူခွင့်ပြုလိုက်ကြောင်း သိရသည်။

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

by ဧရာဝတီ
21 October 2024
9.6k

မကြာသေးမီ အောက်တိုဘာ ၁၄ ရက်က စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာရောက်ခဲ့သည့် ခရီးအစဉ်အပြီး အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်လပြည့်နေ့)...

Next Post
မန္တလေး စျေးချိုတော်  / ဧရာဝတီ

မန္တလေးဈေးချိုတော် ကုန်စည်စီးဆင်းမှု ထက်ဝက်နီးပါး ရပ်တန့်သွား

စစ်ကောင်စီတပ်ဟာ မိုးဗြဲမှာ ဒေသခံတွေကို လူသားဒိုင်းလုပ်ပြီး တိုက်နေတယ်လို့ ဆို (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved