• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဝါဒဖြန့် မီဒီယာကွန်ရက် ထူထောင်နိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

by ဧရာဝတီ
16 September 2022
in ဆောင်းပါး
A A
စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေ၊ ကျောထောက်နောက်ခံ မီဒီယာတွေနဲ့ စစ်ကောင်စီထောက်ခံသူတွေရဲ့ မီဒီယာတွေဟာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကနေ အကြိမ်ကြိမ် ဖြုတ်ချခံနေရပြီး ဖျက်သိမ်းခံနေရတာပါ

စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေ၊ ကျောထောက်နောက်ခံ မီဒီယာတွေနဲ့ စစ်ကောင်စီထောက်ခံသူတွေရဲ့ မီဒီယာတွေဟာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကနေ အကြိမ်ကြိမ် ဖြုတ်ချခံနေရပြီး ဖျက်သိမ်းခံနေရတာပါ

5.7k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီဟာ စစ်အာဏာသိမ်းကာလ ၁ နှစ်ခွဲကျော်လာတဲ့ အချိန်အတွင်းမှာ မြေပြင်အခြေအနေ အရပ်ရပ်ကို တည် ငြိမ်အောင် ထိန်းချုပ်ဖို့ ခက်ခဲနေတုန်းပဲ ရှိနေချိန်မှာ တဖက်မှာလည်း အွန်လိုင်း မီဒီယာတွေကိုလည်း ထိန်းချုပ်ဖို့ ကြိုးစားလာပါတယ်။

မြေပြင် အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းချုပ်ဖို့အတွက် အရင်အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း ဝါဒဖြန့် ယန္တရားကို အားကောင်းမောင်းသန်ဖြစ်အောင် တည်ဆောက်ဖို့ ပုံစံမျိုးစုံနဲ့ ကြိုးစားနေပေမယ့် အခုထိတော့ မအောင်မြင်သေးပါဘူး။

ရုပ်မြင်သံကြားလိုင်းတွေနဲ့ ပုံနှိပ်မီဒီယာတွေကို ထိန်းချုပ်ထားနိုင်ပေမယ့် ယနေ့ခေတ်ရဲ့ အမှတ်အသားတွေဖြစ်တဲ့ အွန်လိုင်းနဲ့ ဒစ်ဂျစ်တယ် နည်းလမ်းတွေမှာ ဝါဒဖြန့်ယန္တရားကို လွှမ်းမိုး မထားနိုင်ရုံမက ကျရှုံးနေတယ်လို့တောင် ဆိုနိုင်ပါတယ်။

ရုပ်မြင်သံကြားလိုင်းတွေနဲ့ ပုံနှိပ်မီဒီယာတွေကို ထိန်းချုပ်ထားနိုင်ပေမယ့် ယနေ့ခေတ်ရဲ့ အမှတ်အသားတွေဖြစ်တဲ့ အွန်လိုင်းနဲ့ ဒစ်ဂျစ်တယ် နည်းလမ်းတွေမှာ ဝါဒဖြန့်ယန္တရားကို လွှမ်းမိုး မထားနိုင်ရုံမက ကျရှုံးနေတယ်လို့တောင် ဆိုနိုင်ပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေ၊ ကျောထောက်နောက်ခံ မီဒီယာတွေနဲ့ စစ်ကောင်စီထောက်ခံသူတွေရဲ့ မီဒီယာတွေဟာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကနေ အကြိမ်ကြိမ် ဖြုတ်ချခံနေရပြီး ဖျက်သိမ်းခံနေရတာပါ။

စစ်ကောင်စီ၊ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲခဲ့ပြီး စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့တဲ့ MRTV Application ဆိုရင် MRTV app ကို ဒေါင်းလုပ်ဆွဲရယူရတဲ့ ပလက်ဖောင်းတွေဖြစ်တဲ့ Apple store နဲ့ Google play store တို့က ဒီနေ့တင် နောက်တရက်မှာတင် ချက်ချင်း ဖြုတ်ချပစ်ခဲ့တာပါ။

ဒီလို အခြေအနေတွေကြောင့် စစ်တပ်ဟာ ကိုယ်ပိုင်ဆိုရှယ်မီဒီယာ ကွန်ရက်တခုထူထောင်ဖို့ကို ကြိုးစားရုံမကဘဲ တရား ဝင် ထုတ်ဖော်ပြောလာနေပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက Facebook ကို အစားထိုးမယ့် လူမှုကွန်ရက် မီဒီယာတခု တည်ဆောက် နေတယ်လို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် စစ်တပ် အသိုင်းအဝိုင်းကတော့ အဲဒါဟာ Ok Par လူမှုကွန်ရက် ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

နည်းပညာ သုတေသီ တဦးဖြစ်သည့် ကိုသူရိန်(အမည်လွှဲ)က“ဒစ်ဂျစ်တယ် အာဏာရှင်စနစ်ရဲ့ အမှတ်အသား တခုအနေနဲ့ ပြောလို့ရတယ်။ သူတို့ချည်းပဲ လုပ်တာ မဟုတ်ဘူး။ ရုရှားဆိုလည်း ကြိုးစားတယ်။ တရုတ်ဆိုရင်လည်း ကြိုးစားတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက Youtube အစားထိုးမယ့် Mtube ကို ဖန်တီးမယ်လို့ စက်တင်ဘာ ၁ ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက Youtube အစားထိုးမယ့် Mtube ကို ဖန်တီးမယ်လို့ စက်တင်ဘာ ၁ ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီပလက်ဖောင်းကို ဖန်တီးရတဲ့ အကြောင်းရင်းက သူတို့ရဲ့ ဝါဒဖြန့်သတင်းတွေကို ကန့်သတ်ခံနေရတာကြောင့်လို့လည်း ဆိုပါတယ်။

နည်းပညာအားကိုးပြီး အနိုင်ကျင့်နေတာတွေကြောင့်လို့ သူ့ပြောဆိုမှုအပေါ်မှာလည်း ပြည်သူတွေကြားမှာ ဟာသ ပျက်လုံး တခုလို ဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီက သူ့ရဲ့ ဝါဒဖြန့်ယန္တရားတွေ ချောမွေ့ဖို့အတွက် YouTube လို အသုံးပြုနိုင်မယ့် Mtube Live Streaming Platform တခုကို ဖန်တီးတည်ဆောက်နေတာပါ။

“သူတို့ သုံးစေချင်တဲ့ Application ကိုပဲ သုံးပြီး နိုင်ငံအတွင်းမှာ ပိတ်မိနေအောင် လုပ်တဲ့နည်းလမ်း၊ အဲဒီမဟာဗျူဟာကို လှမ်းနေတာလို့ ကျနော်မြင်တယ်”လို့ ကိုသူရိန်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကို ပြန်လည်သွတ်သွင်းဖို့အတွက် ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ ဒစ်ဂျစ်တယ် အာဏာ သိမ်းမှုပုံစံကို စတင်ဖော်ဆောင်လာတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီ အကောင်အထည်ဖော်နေတဲ့ ဒစ်ဂျစ်တယ် အာဏာသိမ်းမှု မဟာဗျူဟာဟာ အခြားနိုင်ငံတွေကနေ အတုယူထားတဲ့ ပုံစံဟောင်းပါပဲလို့လည်း ပြောကြပါတယ်။

အာဏာရှင် နိုင်ငံတွေလို့ ပြောလို့ရတဲ့ ရုရှားတို့၊ တရုတ်တို့ဟာ ကိုယ်ပိုင်ဆိုရှယ်မီဒီယာတွေကို ဖန်တီးပြီး ဒစ်ဂျစ်တယ်အာ ဏာသိမ်းဖို့အတွက် ကြိုးစားခဲ့ကြပြီးသားလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေဟာ တရုတ်ရဲ့ We Chat နဲ့ ရုရှားရဲ့ VK တို့ကို နမူနာယူဖို့ ကြိုးစားနေတာလို့ ပညာရှင်တွေက သုံး သပ်ကြပါတယ်။

သူတို့သုံးစေချင်တဲ့ Application ကိုပဲ ပေးသုံးပြီး သူတို့ပေးချင်တဲ့ ဝါဒဖြန့်သတင်းအချက်အလက်တွေကိုပဲ ပေးနိုင်မယ့် ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေကို တည်ဆောက်ချင်နေတာဖြစ်ပြီး ဒါဟာ အားကောင်း မောင်းသန် ဒစ်ဂျစ်တယ် အာဏာသိမ်းမှု အစပျိုးတော့မယ် လက္ခဏာတွေလို့လည်း ပညာရှင်တွေက ဆိုပါတယ်။

ဒစ်ဂျစ်တယ်အရေး လှုပ်ရှားသည့် နိုင်ငံတကာအဖွဲ့အစည်း တခုဖြစ်သည့် Access Now မှ မြန်မာပြည်တာဝန်ခံ မဝေဖြိုးမြင့်ကလည်း “Youtube ကနေ Mtube ပြောင်းမယ်ဆိုတာ ဟာသကြီးလို ဖြစ်တယ်။ ဒါပေမယ့် လူထုအနေနဲ့ကတော့ ရေရှည်မှာ ဒီလိုမျိုးလုပ်လာတာတွေရဲ့ သက်ရောက်မှုတွေ အများကြီး ကြုံလာရစရာ ရှိတယ်”လို့ ဆိုပါတယ်။

Digital Coup ဒစ်ဂျစ်တယ် အာဏာသိမ်းမှု ဆိုတာ ယနေ့ခေတ်မှာ အာဏာသိမ်းမှုနဲ့အတူပါလာတဲ့ ဖိနှိပ်မှုတမျိုး ဖြစ်ပါတယ်။

Digital Coup ဒစ်ဂျစ်တယ် အာဏာသိမ်းမှု ဆိုတာ ယနေ့ခေတ်မှာ အာဏာသိမ်းမှုနဲ့အတူပါလာတဲ့ ဖိနှိပ်မှုတမျိုး ဖြစ်ပါတယ်။

အပြင်မှာလည်း စစ်တပ်က အမျိုးမျိုး အဖုံဖုံ ပြည်သူလူထုကို ဖိနှိပ်နေသလို အွန်လိုင်းမှာပြောဆို၊ နေထိုင်၊ လုပ်ကိုင်နေကြမှု တွေကိုလည်း ဖိနှိပ်ကန့်သတ် ထိန်းချုပ်မှုတွေလုပ်လာတာကို ဆိုလိုတာလည်း ဖြစ်ပါတယ်။

လူတွေရဲ့ အပြင်ဘဝ လှုပ်ရှားမှုတွေကိုတင် မဟုတ်ဘဲ အွန်လိုင်းပေါ်က လှုပ်ရှားပြောဆိုမှုတွေကိုပါ သူတို့ အလိုကျ စည်းကမ်းတွေနဲ့ ဖြစ်အောင် ထိန်းချုပ်ကန့်သတ်လာတာလည်း ဖြစ်ပါတယ်။

ဖုန်းလိုင်းတွေကို ကြားဖြတ်ဖမ်းယူပြီး နားထောင်နေတာတွေ၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် message ပို့နေတဲ့ ဟာတွေကို စောင့်ကြည့်နေတာမျိုးတွေစတဲ့ နောက်ယောင်ခံမှုတွေကိုလည်း လုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းလာတာကိုလည်း တွေ့ မြင်ရပါတယ်။

Email တွေ၊ ဘယ် website တွေကြည့်နေလဲ၊ Facebook မှာ၊ Messenger မှာဆို ဘယ်သူတွေနဲ့ ချိတ်ဆက် ဆက်သွယ် နေလဲ၊ Facebook မှာဆိုလဲ ဘယ်လိုမျိုး သူငယ်ချင်းတွေနဲ့ ချိတ်ဆက်နေလဲ၊ ဘယ်အကြောင်း အရာတွေကို မျှဝေနေကြ လဲ၊ ဘယ်အကြောင်းအရာတွေကို ထောက်ခံပြီးပြောဆိုနေကြလဲ ဆိုတာတွေကို နောက်ယောင်ခံတာတွေ လုပ်ဖို့ သိသိ သာသာ ကြိုးစားလာပါတယ်။

စစ်တပ်ကို ဆန့်ကျင်ပြောဆိုတဲ့ NUG ၊ PDF တွေကို ထောက်ခံပြောဆိုသူတွေကို စောင့်ကြည့်နေပြီး သူတို့ အလိုမကျရင် ဖမ်းဆီးအရေးယူတာတွေကိုလည်း တွေ့မြင်လာပါတယ်။

အဲဒီလို အရေးယူတဲ့နေရာမှာလည်း ပိုပြီးထိရောက်ဖို့အတွက် ဥပဒေအသစ်တွေတောင် ထပ်မံပြင်ဆင်ပြဋ္ဌာန်းလာပါတယ်။

စစ်ကောင်စီဟာ ၂၀၂၂ မှာ ဇန်နဝါရီမှာ ကန့်သတ်ချက်မျိုးစုံပါတဲ့ ဆိုင်ဘာလုံခြုံရေးဥပဒေ မူကြမ်း ထပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီမူကြမ်းတခုလုံးဟာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ဒစ်ဂျစ်တယ် အခွင့်အရေး အားလုံးနီးပါးကို ချိုးဖောက်ထားပြီး ပုဂ္ဂလိက အခွင့်အရေး အကုန်လုံးကို ပိတ်ပင်ထားသလို လိုသလို အပြစ်ပေး အရေးယူနိုင်တဲ့ အထိကို အသွင်ပြောင်းထားတာလည်း ဖြစ်ပါတယ်။

အဲဒီမူကြမ်းတခုလုံးဟာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ဒစ်ဂျစ်တယ် အခွင့်အရေး အားလုံးနီးပါးကို ချိုးဖောက်ထားပြီး ပုဂ္ဂလိက အခွင့်အရေး အကုန်လုံးကို ပိတ်ပင်ထားသလို လိုသလို အပြစ်ပေး အရေးယူနိုင်တဲ့ အထိကို အသွင်ပြောင်းထားတာလည်း ဖြစ်ပါတယ်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
19
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
64
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
893

ဒါကြောင့်လည်း လူမှုကွန်ရက်မှာ သဘောထား မှတ်ချက်ပေးရင်တောင် ဖမ်းဆီးတာမျိုးကို လုပ်ပြနေတာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အဓိက ရည်ရွယ်ချက်ဟာ တော်လှန်ရေး အရှိန်အဟုန်ကို မရပ်မနား မြှင့်တင်နေတဲ့ လူမှုကွန်ရက် တွေအစား သူတို့ရဲ့ ဝါဒဖြန့် ယန္တရားတွေ ထည့်ထားတဲ့ လူမှုကွန်ရက်ကို တည်ဆောက်ချင်တာအပြင် လူတွေအားလုံးကို ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတာလို့လည်း ပညာရှင်တွေက ရှူမြင်ပါတယ်။

ဒါကြောင့်လည်း နောက်ယောင်ခံ စောင့်ကြည့်တာတွေကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ကိုင်နိုင်ဖို့အတွက် သူတို့ အပြည့်အဝ ထိန်းချုပ်ထားတဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေကို တည်ဆောက်ချင်နေတယ်လို့ ဆိုပါတယ်။

ဒါမှသာ သူတို့ရဲ့ အာဏာသက်တမ်း ရှည်လျားဖို့အတွက် အတိုက်အခံတွေကို ပြင်း‌ပြင်းထန်ထန် ဖိနှိပ်နိုင်မှာ ဖြစ်သလို သူတို့ အာဏာ ယန္တရားကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မယ်လို့ ယူဆထားတယ်လို့ သုံးသပ်ကြပါတယ်။

ဒါကြောင့်လည်း OK Par တို့ M Tube တို့လို သူတို့ အပြည့်အဝ ထိန်းချုပ်နိုင်မယ့် လူမှုကွန်ရက်တွေ ဖန်တီးဖို့ ကြိုးစားနေတာလို့ အများပြည်သူက ယုံကြည်နေကြပါတယ်။

ဒစ်ဂျစ်တယ်အာဏာသိမ်းမှုကို အခုမှ စတာတော့လည်း မဟုတ်ဘဲ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက စတင်ခဲ့တာပါ။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းတဲ့နေ့မှာ တနိုင်ငံလုံး အင်တာနက် ပြတ်တောက်၊ ဖုန်းလိုင်းတွေ ပြတ်တောက်တဲ့ အချိန်ကာလ တစ်ခုကို ပထမဦးဆုံး ကြုံတွေ့ခဲ့ရပါတယ်။

အာဏာသိမ်းခံရမှုရဲ့ ပထမဦးဆုံး လက္ခဏာအနေနဲ့ ဒစ်ဂျစ်တယ်လောကနဲ့ အဆက်အသွယ်ပြတ်ပြီး အမှောင်ကမ္ဘာထဲကို ရောက်ခဲ့ရပါတယ်။ ဖုန်းဆက်လို့ မရ၊ အင်တာနက် သုံးလို့မရတာဟာ ကမ္ဘာလောကကြီး တခုလုံးနဲ့ အဆက် အသွယ်ပြတ်သွားခဲ့သလိုပါပဲ။

အာဏာသိမ်းခံရမှုရဲ့ ပထမဦးဆုံး လက္ခဏာအနေနဲ့ ဒစ်ဂျစ်တယ်လောကနဲ့ အဆက်အသွယ်ပြတ်ပြီး အမှောင်ကမ္ဘာထဲကို ရောက်ခဲ့ရပါတယ်။ ဖုန်းဆက်လို့ မရ၊ အင်တာနက် သုံးလို့မရတာဟာ ကမ္ဘာလောကကြီး တခုလုံးနဲ့ အဆက် အသွယ်ပြတ်သွားခဲ့သလိုပါပဲ။

အင်တာနက်တွေ ပြန်လည်ဖွင့်လှစ်ပြီး သိပ်မကြာခင်မှာ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး လူမှုကွန်ရက်တခု ဖြစ်တဲ့ Facebook အပါအဝင် ဆိုရှယ်မီဒီယာအချို့ကို စပြီး ပိတ်ပင်လိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်ရက်အကြာကတည်းက မြန်မာနိုင်ငံမှာ လူသုံးအများဆုံးလူမှု ကွန်ရက်တွေ ဖြစ်တဲ့ Face book နဲ့ WhatsApp ကို စတင်ပိတ်ပင်ခဲ့တယ်။ အဲဒီနောက် တွစ်တာနှင့် Instagram တို့ကိုပါ ပိတ်ပင်ဖို့ မိုဘိုင်းလ် အော်ပရေတာတွေကို ညွှန်ကြားချက် ထုတ်ခဲ့ပြန်ပါတယ်။

ဒါဟာ အာဏာသိမ်းမှုနဲ့ အတူ ဒွန်တွဲပါလာတဲ့ ဒစ်ဂျစ်တယ် အာဏာသိမ်းမှုပုံစံပါပဲ။ အာဏာသိမ်းစစ်တပ်ဟာ သူတို့ကို တော်လှန်သူတွေက လူမှုကွန်ရက်တွေကနေ သတင်းစကားတွေ သယ်ဆောင်ဖြန့်ဖြူးနေတာကို မကြိုက်ပါဘူး။

ဒါကြောင့်လည်း ဆက်သွယ်ရေး ကုမ္ပဏီတွေကို ဖိအားပေးပြီး မြန်မာနိုင်ငံမှာ လူသိအများဆုံး ဆိုရှယ်မီဒီယာတွေ အထူးသဖြင့် Facebook ကို သုံးစွဲမရအောင် လုပ်ခိုင်းခဲ့တာကြောင့် ဒီကနေ့ အထိ VPN တွေ ခံပြီး သုံးစွဲနေခဲ့ရပါတယ်။

ဒါပေမယ့်လည်း လုံးဝပိတ်ပင်လို့ မရတဲ့ အခြေအနေမှာ သူတို့ရဲ့ ဝါဒဖြန့်ယန္တရားတွေအတွက်ကို Facebook နဲ့ Youtube တွေကို သုံးပြီး လုပ်ကိုင်လာပြန်ပါတယ်။ ဒါပေမယ့် ပိတ်ပင်ထားတာကို ပြန်ဖွင့်ပေးတာမျိုး မဟုတ်ဘဲ VPN တွေနဲ့ နှေးနှေး ကွေးကွေး သုံးရတာပါ။

စစ်ကောင်စီရဲ့ ဝါဒဖြန့် ယန္တရားတွေကို တော်လှန်ရေးအင်အားစုတွေကလည်း လူထုအားကို အသုံးချပြီး လူမှုကွန်ရက်တွေ ကနေ ဖယ်ထုတ်ခဲ့ကြပြန်တယ်။

လက်တလောမှာ သူတို့ဟာ Viber, Telegram စတဲ့ အခြား လူမှုကွန်ယက်ပလက်ဖောင်းတွေကို အုပ်စုလိုက် ရွှေ့ပြောင်းပြီး ဝါဒဖြန့်ပေမယ့်လည်း သူတို့လိုချင်တဲ့အတိုင်းအတာအထိ မရောက်ဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။

ဝါဒဖြန့် ယန္တရားတွေ Youtube မှာ ရော Facebook မှာရော အကြိမ်ကြိမ်ဖယ်ရှားခံရပြီးတဲ့ နောက်မှာ စစ်ကောင်စီဟာ ကိုယ်ပိုင် ဆိုရှယ်မီဒီယာဖန်တီးဖို့ကို ပိုပြီးအားသန်လာတာလည်း တွေ့မြင်ရပါတယ်။

ဒါကြောင့်လည်း သူတို့ရဲ့ ဝါဒဖြန့် ယန္တရားတွေ Youtube မှာ ရော Facebook မှာရော အကြိမ်ကြိမ်ဖယ်ရှားခံရပြီးတဲ့ နောက်မှာ စစ်ကောင်စီဟာ ကိုယ်ပိုင် ဆိုရှယ်မီဒီယာဖန်တီးဖို့ကို ပိုပြီးအားသန်လာတာလည်း တွေ့မြင်ရပါတယ်။

အာဏာမသိမ်းခင်ကတည်းကတောင် အဲဒီအတွက် ကြိုတင်ပြင်ဆင်ထားဟန် ရှိပါတယ်။
စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ မြန်မာပြည်ထုတ် လူမှုကွန်ရက်တခုက ၂၀၁၉ ကတည်းက အဆင်သင့် ဖြစ်နေပါတယ်။

မြန်မာလူငယ်တွေ တီထွင်ထားတဲ့ လူမှုကွန်ရက်လို့ အထပ်ထပ်အခါခါ Promotion လုပ်ထားခဲ့တဲ့ OK Par Social Net work ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာကတည်းက မိတ်ဆက်ခဲ့တာပါ။

အဲဒီ OK Par Social Network ရဲ့ မိတ်ဆက်ပွဲကို စစ်တပ်က ထိန်းချုပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ Cyber Police က ရဲမှူးကြီးညွန့်ဝေဆိုသူ တက်ရောက်ခဲ့ပြီး Application နဲ့ ပတ်သက်တာတွေကို သူကိုယ်တိုင် ရှင်းလင်းပြ တာတွေ ရှိခဲ့ပါတယ်။

အခုဆိုရင်လည်း ဒီ Application ကိုပဲ စစ်တပ်လော်ဘီ အကောင့်တွေကနေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ မိတ်ဆက်ပြီး တွန်းအား ပေးနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် စစ်တပ်ရဲ့ အကောင့်တုတွေကနေ ဒီကာလမှာ ပိုပြီးတော့ တွန်းတွန်း တိုက်တိုက် ဖြန့်ဝေလာတာလည်း မြင်တွေ့ရပါတယ်။

စစ်ကောင်စီက OK Par ကိုပဲ အသုံးပြုမလား၊ အသစ်ထပ်မံရေးဆွဲဦးမလားဆိုတာတော့ မသေချာသေးပါဘူး။ အဲဒီလိုပဲ အောင်မြင်တဲ့ ဆိုရှယ်မီဒီယာ တခုဖြစ်အောင် လုပ်နိုင်စွမ်း ရှိမလားဆိုတာလည်း မရေရာသေးပါဘူး။

ကိုသူရိန်ကတော့“သူတို့မှာတော့ Internal Capacity ရှိလိမ့်မယ်။ ဒီ Social Media တွေကို Develop လုပ်ဖို့အတွက် Direct Assistant မပေးရင်တောင် သူတို့ရဲ့ရှိနေပြီးသားဖြစ်တဲ့ တရုတ်နဲ့ရုရှားရဲ့ နည်းပညာတွေကိုပဲ နမူနာယူ အသုံးချလိမ့်မယ်”လို့ မှတ်ချက်ပြုပါတယ်။

ဒါပေမယ့်လည်း Facebook နဲ့ Youtube တို့လို သန်းနဲ့ချီတဲ့ အသုံးပြုသူတွေရှိလာတဲ့ Application တွေ ဖြစ်ဖို့ဆိုတာကတော့ ဘယ်လိုဖြစ်ဖြစ် ခက်ခဲတယ်လို့ သူကဆိုပါတယ်။

နည်းပညာအရ ဒီ Application တွေ လုပ်ဖို့ဆိုတာဟာ မခက်ခဲပေမယ့်လည်း သန်းနဲ့ချီတဲ့ အသုံးပြုသူတွေရဲ့ Data တွေကို ထိန်းသိမ်းဖို့ သန်းနဲ့ချီပြီး ပလက်ဖောင်းပေါ်မှာ အသုံးပြုချိန်မှာ အထစ်အငေါ့မရှိ ချောမွေ့ဖို့ဆိုတာ မလွယ်ကူဘူးလို့ ပညာရှင်တွေကတော့ ကောက်ချက်ချထားပါတယ်။

နည်းပညာအရ ဒီ Application တွေ လုပ်ဖို့ဆိုတာဟာ မခက်ခဲပေမယ့်လည်း သန်းနဲ့ချီတဲ့ အသုံးပြုသူတွေရဲ့ Data တွေကို ထိန်းသိမ်းဖို့ သန်းနဲ့ချီပြီး ပလက်ဖောင်းပေါ်မှာ အသုံးပြုချိန်မှာ အထစ်အငေါ့မရှိ ချောမွေ့ဖို့ဆိုတာ မလွယ်ကူဘူးလို့ ပညာရှင်တွေကတော့ ကောက်ချက်ချထားပါတယ်။

ဒါပေမယ့်လည်း လုံးဝ မဖြစ်နိုင်တာလည်း မဟုတ်တဲ့အပြင် နိုင်ငံတကာမှာလည်း ဒီလိုဖြစ်ရပ်တွေ အမြောက်အမြားရှိခဲ့ပါ တယ်။

ဒီလိုလုပ်ဆောင်တာကို Splinternet လို့ နိုင်ငံတကာမှာ သတ်မှတ်ထားတယ်လို့ အိုင်တီပညာရှင် တဦးကလည်း ဆိုပါ တယ်။

“Splinternet လုပ်ဖို့အတွက် ကြိုးစားနေတာ။ ကမ္ဘာကြီး တခုလုံး လွှမ်းခြုံထားတဲ့ အင်တာနက်ကြီးပေါ်ကနေ လူတွေ အကုန်လုံးကို သူတို့သုံးစေချင်သော ဒီ Application တွေကိုပဲ သုံးပြီးတော့ နိုင်ငံအတွင်းမှာပဲ ပိတ်မိနေအောင်လုပ်တဲ့ နည်းလမ်း”လို့ သူက ရှင်းပြပါတယ်။

Cyber-balkanization ဆိုက်ဘာဘောလ်ကန်ဇေးရှင်း သို့မဟုတ် internet balkanization အင်တာနက် ဘော်လ်ကန် ဇေးရှင်း လို့လည်း သတ်မှတ်ကြပါတယ်။

တရုတ်အစိုးရဟာ နိုင်ငံရေးအကြောင်းပြချက်တွေနဲ့ နိုင်ငံပြင်ပ ဆိုရှယ်မီဒီယာတွေကို နိုင်ငံသားတွေ အသုံးမပြုနိုင်ဖို့ Great Firewall ကို တည်ဆောက်ခဲ့သလို ရုရှားကလည်း ပြင်ပ အခြေခံ အင်တာနက်ကို ကန့်သတ်နိုင်ဖို့အတွက် အပြည့်အဝ သက်ရောက်မှုရှိတဲ့ အင်တာနက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။

အမေရိကန်နဲ့ ဩစတြေးလျတို့ အပါအဝင် နိုင်ငံအချို့ကလည်း ဒီ Splinternet သဘောတရားကို အသုံးပြုပြီး ကလေးညစ်ညမ်း ရုပ်ပုံတွေနဲ့ လက်နက်ဆိုင်ရာ ညွှန်ကြားချက်တွေကို ပိတ်ပင်ဖို့ Firewall တွေ ဖန်တီးခဲ့ဖူးပါတယ်။

ဒါကြောင့်လည်း ဒီနည်းဗျူဟာနဲ့ နည်းစနစ်တွေဟာ နမူနာယူစရာ၊ မှီငြမ်းစရာ အလုံအလောက် ရှိပြီးသား ဗျူဟာ အဟောင်းတွေလည်း ဖြစ်ပါတယ်။

တကယ်လို့သာ ဒီအစီအစဉ်အောင်မြင်လာခဲ့ရင် ပြည်သူလူထုအနေနဲ့ ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ ရနိုင်သမျှ အခွင့်အရေးတွေ အကုန် ဆုံးရှုံးသွားနိုင်ရပါတယ်။

“အထူးသဖြင့် ပြည်သူလူထုတွေအနေနဲ့ ပြင်ပနဲ့ အဆက်အသွယ်ပြတ်တောက်သွားနိုင်ပြီး တရုတ်ပြည်မှာလိုပဲ Firewall ခံပြီးတော့ ကျမတို့က ပြည်တွင်းကသုံးတဲ့ App တွေနဲ့ ပြည်တွင်းက အချင်းချင်းပဲ ဆက်သွယ်လို့ ရတာမျိုးတွေ ကျမတို့ တွေ့လာရနိုင်တဲ့ အနေအထားတွေ ရှိတယ်”

မဝေဖြိုးမြင့်က“အထူးသဖြင့် ပြည်သူလူထုတွေအနေနဲ့ ပြင်ပနဲ့ အဆက်အသွယ်ပြတ်တောက်သွားနိုင်ပြီး တရုတ်ပြည်မှာလိုပဲ Firewall ခံပြီးတော့ ကျမတို့က ပြည်တွင်းကသုံးတဲ့ App တွေနဲ့ ပြည်တွင်းက အချင်းချင်းပဲ ဆက်သွယ်လို့ ရတာ မျိုးတွေ ကျမတို့ တွေ့လာရနိုင်တဲ့ အနေအထားတွေ ရှိတယ်”လို့ ဆိုပါတယ်။

သူတို့ရဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေကို ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ တိုက်ခိုက်တာတွေ၊ အခုလိုပဲ လူမှု စံနှုန်း စည်းမျဉ်းတွေ အသုံးချပြီး ဖြုတ်ချဖို့ ကြိုးပမ်းတာတွေနဲ့ ပြုလုပ်နိုင်သေးပေမယ့် မလုံလောက်ဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။

စစ်ကောင်စီဟာ ကိုယ်ပိုင် လူမှုကွန်ရက်တွေ ဖန်တီးမယ်ဆိုတာဟာ တကယ်တမ်းမှာ ဟာသလုပ်နေတာ မဟုတ်ဘဲ ဥပဒေတွေ၊ နည်းပညာတွေ အဘက်ဘက်ကနေ ပြင်ဆင်နေတာ ဖြစ်တာကြောင့် လူထုကိုယ်တိုင်က ဒီပလက် ဖောင်းတွေကို ဘယ်လို အကြောင်းပြချက်နဲ့မှ မသုံးစွဲမိဖို့ လိုတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

စစ်တပ်ထုတ်ကုန်တွေ၊ စစ်တပ်နဲ့ ဆက်စပ်တဲ့ စီးပွားရေးတွေ၊ စစ်တပ်ကို ထောက်ခံသူတွေ၊ စစ်တပ်လုပ်ဆောင်မှုကို ကန့်ကွက်ရှုံချဖို့ ပျက်ကွက်နေသူတွေရဲ့ စီးပွားရေးတွေကိုတောင် ပြည်သူလူထုက လက်မခံတဲ့ အခြေအနေ ရှိနေတာကြောင့် ဒီပလက်ဖောင်းတွေကို လူထုက လက်ခံမှာမဟုတ်ဘူးလို့ မဝေဖြိုးမြင့်က ယူဆပါတယ်။

“စစ်တပ်က ဖန်တီးလာတဲ့ ပလက်ဖောင်းတွေဖြစ်တယ်။ စစ်တပ်နည်းပညာနဲ့ စစ်တပ်အုပ်ချုပ်မှုနဲ့ ထွက်လာတဲ့ ပလက် ဖောင်းကိုတော့ လူထုက လက်ခံစရာ မရှိဘူးလို့ ကျမမြင်တယ်”လို့ သူက ပြောပါတယ်။

သို့သော်လည်း အာဏာကို လက်ကိုင်ထားထားသလို လူအင်အားနဲ့၊ ငွေကြေးအရင်းအနှီးအရလည်း အလုံအလောက်ရှိ နေတဲ့ စစ်ကောင်စီဟာ ဒီဖန်တီးမှုကို အကြိမ်ပေါင်းများစွာ ထပ်ကာထပ်ကာ ပြုလုပ်နိုင်စွမ်း ရှိနေတဲ့အပြင် သူတို့ကို နည်းပညာအရ၊ ဥပဒေအရ ထိန်းချုပ်ဖို့ မဖြစ်နိုင်တာကြောင့်လို့ နည်းပညာ သုတေသီ ကိုသူရိန်က ဆိုပါတယ်။

အဲဒါကြောင့် လူတွေက သူတို့ဖန်တီးတဲ့ လူမှုကွန်ရက်တွေကို လက်ခံပြီး အသုံးမပြုဖို့က အရေးအကြီးဆုံးလို့ သူက ဆိုပါတယ်။

“ဒါကို လက်ခံပြီးသုံးလိုက်ပြီဆိုရင် အလုပ်ဖြစ်သွားတာပေါ့။ သာမန်ကာ လျှံကာတောင် အသုံးမပြုမိစေနဲ့” လို့ သူက အသေအချာကို သတိပေးပါတယ်။

You may also like these stories:

စစ်ကောင်စီ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ IMEI

VPN ကို ဖြုတ်စရာမလိုပါဘူး

အူရီဒူးမြန်မာ ပိုင်ရှင်အသစ်၏ နောက်ကွယ်မှ လက်များ

တိုင်းပြည်ပျက်လည်း စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင်နေ

တန်းစီတိုးစားရတဲ့ သမဝါယမခေတ် ပြန်လာပြီ

Your Thoughts …
Tags: FacebookYouTubeစစ်ကောင်စီလူမှုကွန်ရက်ဝါဒဖြန့် မီဒီယာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရသည့် PNLA အဖွဲ့ဝင် ၅ ဦးအနက်မှ ဒုဗိုလ် ခွန်ထွန်းဦး ၁၈ နှစ်နှင့် ရဲဘော် ခွန်နောင် ၂၀ နှစ်၊ ရဲဘော် ခွန်ကြယ်စင် ၂၁ နှစ် /  pa-o lo ywel

အပစ်ရပ် PNLA တပ်ဖွဲ့ဝင် ၅ ဦးအား ပအိုဝ်းပြည်သူ့စစ်မှ ဖမ်းဆီးသတ်ဖြတ်

ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏ "စိုးရိမ်မှုများ"ကို အသိအမှတ်ပြုကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကြာသပတေးနေ့ပြောကြားလိုက်သည်။

ယူကရိန်းစစ်ပွဲအပေါ် တရုတ် "စိုးရိမ်မှု" ရုရှားနားလည်ဟု ပူတင် ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved