• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အပစ်ရပ် PNLA တပ်ဖွဲ့ဝင် ၅ ဦးအား ပအိုဝ်းပြည်သူ့စစ်မှ ဖမ်းဆီးသတ်ဖြတ်

by ဧရာဝတီ
16 September 2022
in သတင်း
A A
ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရသည့် PNLA အဖွဲ့ဝင် ၅ ဦးအနက်မှ ဒုဗိုလ် ခွန်ထွန်းဦး ၁၈ နှစ်နှင့် ရဲဘော် ခွန်နောင် ၂၀ နှစ်၊ ရဲဘော် ခွန်ကြယ်စင် ၂၁ နှစ် /  pa-o lo ywel

ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရသည့် PNLA အဖွဲ့ဝင် ၅ ဦးအနက်မှ ဒုဗိုလ် ခွန်ထွန်းဦး ၁၈ နှစ်နှင့် ရဲဘော် ခွန်နောင် ၂၀ နှစ်၊ ရဲဘော် ခွန်ကြယ်စင် ၂၁ နှစ် / pa-o lo ywel

6.4k
VIEWS
Share on FacebookShare on Twitter

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA) တပ်ဖွဲ့ဝင် ၅ ဦး အား စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) အဖွဲ့ က ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း PNLA က သတင်းထုတ်ပြန်သည်။

PNLA မှ ဒုတပ်စုမှူး ခွန်ထွန်းဦး၊ ဒုတပ်စိတ်မှူး ခွန်ရှိန်၊ တပ်ဖွဲ့ဝင် ခွန်သန်းဖေ၊ ခွန်ကြယ်စင်နှင့် ခွန်ရဲနောင်တို့အား စက်တင်ဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံးကျေးရွာတွင် ပြည်သူ့စစ် (PNA) ဘက်က ဖမ်းဆီးသွားပြီးနောက် သတ် ဖြတ်လိုက်ခြင်းဖြစ်သည်။

RelatedPosts

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
1
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
723
စစ်ကောင်စီလက်ထက်မှာ အထိနာနေတဲ့ လေတပ် (ရုပ်/သံ)

စစ်ကောင်စီလက်ထက်မှာ အထိနာနေတဲ့ လေတပ် (ရုပ်/သံ)

13 June 2025
10

PNLA နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက “နှစ်ဖက်နားလည်မှုလွဲတဲ့ပုံစံပေါ့၊ နှစ်ဖက်စလုံးမှာတာဝန်ရှိပါတယ်၊ ဒီဘက်က တာဝန်ရှိသူတွေကလည်း ဘာတာဝန်နဲ့စေလွှတ်ထားသလဲပေါ့၊ PNA ဘက်ကလည်း ဖမ်းဆီးစစ်ဆေးရင် ရဲဘော်တွေမှန်း သိနေတာပဲ၊ မဟာမိတ်တွေ သတ်ဖို့ အကြောင်းမှ မရှိဘဲ၊ သို့သော်လည်း သတ်တဲ့အထိ ဖြစ်လာတယ် ဆိုတာက ဒီပရောဂ ဘယ်ကလာသလဲ၊ ဘယ်သူအမိန့်ပေးသလဲ၊ ဒါမျိုးတွေတော့ ရှင်းရှင်းလင်းလင်း ထပ်လုပ်ဖို့လိုတယ်၊ နောက်နောင် မဖြစ်အောင် နည်းနာရှာရမယ့် သဘောရှိပါတယ်” ဟု ပြောသည်။

ယင်းသို့ ဖမ်းဆီးသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ပြဿနာအပေါ် ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် သာ ဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း PNLA က ဆိုထားသည်။

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA) နှင့် PNLA တို့အကြား နှစ်ဖက်ထိတွေ့ဆက်ဆံရေး ကော်မတီတရပ် ဖွဲ့စည်းထားရှိ သည့်အတွက် ယခုဖြစ်ရပ်တွင်လည်း အလယ်အလတ်အဆင့်ခေါင်းဆောင်များ နှစ်ဖက်တွေ့ဆုံကာ ဖြေရှင်းသင့်ပြီး ကြားခံအဖွဲ့အစည်းများဖြစ်သည့် ပြည်သူလူထုနှင့် ရဟန်းသံဃာအဖွဲ့အစည်းအနေဖြင့် ယခုကဲ့သို့ဖြစ်ရပ် ထပ်မံမဖြစ်ပွားရေးနှင့် အမှန်တရားကို ဖော်ထုတ် ရေးတို့ကိုလည်း တိုက်တွန်းကြရန် ဗိုလ်မှူးကြီးခွန်ဥက္ကာ ကပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပအိုဝ်းပြည်သူ့စစ်အဖွဲ့( PNO/PNA) ထံသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုန့်ပြန်ဖြေဆိုခြင်းမရှိသေးပေ။

ဗိုလ်မှူးကြီးခွန်ဥက္ကာဦးဆောင်သည့် PNLA သည် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ် သည့် ဆွေးနွေးပွဲများတွင်လည်း ပါဝင်တက်ရောက်လျှက်ရှိသည်။

အာဏာသိမ်း စစ်တပ်လက်အောက်ခံဖြစ်သည့် ဦးအောင်ခမ်းထီးဦးဆောင်သော ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA)သည် ပင်းလောင်းမြို့နယ်အပါအဝင် ရှမ်းပြည်တောင်ပိုင်းတွင် အထူးဒေသ ၆ အဖြစ်လှုပ်ရှားလျှက်ရှိပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီအကြားဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ပါဝင်တိုက်ခိုက်မှုများနှင့် ဒေသခံများအား စစ်သင်တန်းပေး ခြင်းများလည်း ပြုလုပ်လျှက်ရှိကြောင်း ဒေသခံအဖွဲ့အစည်းများက ထုတ်ဖော်ပြောကြားထားသည်။

PNLA တပ်ဖွဲ့ဝင် ၅ ဦးအား ဖမ်းဆီးသတ်ဖြတ်မှုနှင့် ပတ်သက်၍ ဒေသခံများကြား ဝေဖန်မှုများ မြင့်တက်နေပြီး ယခုလုပ်ရပ်အပေါ် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) အနေဖြင့် တာဝန်ယူ၊ တာဝန်ခံမှုရှိရလိမ့်မည် ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) မှ ခွန်သီဟထူးဇော်က ပြောသည်။

ခွန်သီဟထူးဇော်က “ PNO (ပအိုဝ်းပြည်သူ့စစ်) အခုလိုမျိုး သတ်ချင်တိုင်းသတ်နေတာဟာ အကြိမ်ပေါင်း မနည်းတော့တဲ့ အထဲမှာ ခုတကြိမ်တော့ ကြီးမားတဲ့အမှားကို သူတို့လုပ်လိုက်တာဖြစ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖက်အဖွဲ့အနေနဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းကြဖို့ မျှော်လင့်တယ်၊ PNO အနေနဲ့ တာဝန်ယူမှုမရှိရင် ကျနော်တို့တပ်ဖွဲ့အနေနဲ့ လုပ်စရာရှိတာတွေလည်း သူတို့အတွက် သီးသန့်လုပ်ဖို့ရှိ လာပါလိမ့်မယ်” ဟု ပြောသည်။

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အတွက် ခုခံတော်လှန်နေသည့် တပ်ဖွဲ့ဖြစ်သည်။

Your Thoughts …
Tags: PNAPNLAPNOပအို့ဝ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

by စောလွင်
21 November 2024
13.8k

ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးရာတွင် ရုရှားပညာရှင်များကူညီနေသည့် သတင်းများကြားနေရကြောင်း

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

PNLA နှင့် နေဝင်းထွန်း၏ ပအိုဝ်းပြည်သူစစ်တို့ ဆီဆိုင်၌ တိုက်ပွဲပြင်းထန်

PNLA နှင့် နေဝင်းထွန်း၏ ပအိုဝ်းပြည်သူစစ်တို့ ဆီဆိုင်၌ တိုက်ပွဲပြင်းထန်

by ဧရာဝတီ
26 January 2024
10.2k

ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုသားလွတ်မြောက်ရေးတပ်မတော် (PNLA)တပ်များက သိမ်းပိုက်ထားပြီး မောက်မယ်မြို့ မှ လာ သည့် PNLA စစ်ကူများ ဆိုက်ခေါင်ရွာကိုဖြတ်၍ ဦးအောင်ခမ်းထီနေထိုင်ရာ ကျောက်တလုံးကြီး မြို့နယ်ဘက်သို့ ချီတက် မလာနိုင်စေရန် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူစစ်(PNO)တို့က ကြားဖြတ်တိုက်ခိုက်နေကြောင်း PNLA...

မင်းအောင်လှိုင် ရှေ့ထွက်ပြလည်း စစ်ပွဲကတော့ ဆက်ရှုံးနေဦးမည်

မင်းအောင်လှိုင် ရှေ့ထွက်ပြလည်း စစ်ပွဲကတော့ ဆက်ရှုံးနေဦးမည်

by စွယ်တော်
10 September 2024
10.2k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းကာလအတွင်း အန္တရာယ်ရှိသော ခရီးစဉ်များကို ရှောင်ရှားလေ့ရှိသည်။

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ  အပိုင်း ၁

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၁

by အောင်သစ်
20 August 2024
9.3k

PNO ၏ စီးပွားရေးတာဝန်ခံများ ဖြစ်သည့် ဦးနေဝင်းထွန်းနှင့် ဦးခွန်မြတ်တို့ ကုမ္ပဏီများထောင်၍ ကျောက်မျက်လောကသို့ တိုးချဲ့ဝင်ခဲ့ကြသည့်မှာ အချိန်တလသာ ကွာခဲ့ကြသည်။

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၄

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၄

by အောင်သစ်
30 August 2024
6.9k

ထိုစဉ်က အသတ်ခံရသူ ဗိုလ်မှူးကြီး အောင်ခမ်းမှာ PNO ၏ ဒုဥက္ကဋ္ဌဖြစ်ပြီး ဦးအောင်ခမ်းထီက ဥက္ကဋ္ဌဖြစ်သည်။

Next Post
ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏ "စိုးရိမ်မှုများ"ကို အသိအမှတ်ပြုကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကြာသပတေးနေ့ပြောကြားလိုက်သည်။

ယူကရိန်းစစ်ပွဲအပေါ် တရုတ် "စိုးရိမ်မှု" ရုရှားနားလည်ဟု ပူတင် ပြော

စကစ အပေါ်မှာ ဦးသန်းရွှေရဲ့ အရိပ်ဩဇာ ရှိနေသေးတယ်

စကစ အပေါ်မှာ ဦးသန်းရွှေရဲ့ အရိပ်ဩဇာ ရှိနေသေးတယ်

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.3k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.5k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate