• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရေဦးမှာ အမိန့်ပေးတာ ဘယ်သူလဲ

by ဧရာဝတီ
21 June 2022
in သတင်း
A A
RFA သတင်းဌာနက ရရှိသွားသော စစ်သားတဦး၏ ဖုန်းထဲမှ ဗီဒီယိုတွင် လူသတ်မှုကို ထမင်းစားရေသောက် ပြောနေသော စစ်သားများ  / RFA

RFA သတင်းဌာနက ရရှိသွားသော စစ်သားတဦး၏ ဖုန်းထဲမှ ဗီဒီယိုတွင် လူသတ်မှုကို ထမင်းစားရေသောက် ပြောနေသော စစ်သားများ / RFA

22.5k
VIEWS
Share on FacebookShare on Twitter

RFA သတင်းဌာနက ဖော်ထုတ်ရေးသားခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်နေ ဒေသခံ ၂၆ ဦးအား စစ်ကောင်စီ တပ်သားတချို့က သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်တွင် တာဝန်အရှိဆုံး ပုဂ္ဂိုလ်မှာ အမှတ် (၄) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၄) ၏ အကြီးအကဲ တပ်မမှူး ဗိုလ်မှူးချုပ် ကြည်သိုက်ဖြစ်သည်။

ဇွန်လ ၁၇ ရက် နေ့စွဲဖြင့် ရေးသားဖော်ထုတ်ခဲ့သည့် RFA သတင်းတွင် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း ရွာသားများအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ယုံကြည်ရသည့် စစ်သားများ၏ ဗီဒီယိုနှင့် ဓာတ်ပုံများသည် ရန်ကုန်အခြေစိုက် အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံဖြစ်သော ခြေမြန်တပ်ရင်း ၇၀၈ (ခမရ -၇၀၈) က စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း အခိုင်အမာ သက်သေများ ဖြစ်လာခဲ့သည်။

စကခ-၄ ဌာနချုပ်သည် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ရန်ကုန်တိုင်းဒေသကြီး (မြောက်ပိုင်းခရိုင်)၊ မှော်ဘီမြို့ နှင့် တိုက်ကြီးမြို့ အကြား ဖူးကြီးတွင် တည်ရှိသည့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ဖြစ်သည်။ “စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်” သည် ‘ခြေမြန်တပ်မဌာနချုပ်’ အသွင်ယူထားသော တိုက်ခိုက်ရေးတပ်ဖွဲ့ ဖြစ်သည်။ တပ်မများနှင့် စကခများသည် ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ ရန်သူ၏အင်အားအပေါ်မူတည်၍ လိုအပ်သလို စစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းလည်း ဖြစ်သည်။

RFA သတင်းဖော်ပြချက်ပါ ဗီဒီယိုထဲတွင် စကခ (၄) လက်အောက်ခံ ခမရ-၇၀၈ မှ စစ်သား ၃ ဦး ၏ အပြန်အလှန်ပြောဆိုချက်အရ တပ်ရင်းမှူးက တပ်ကြပ်ကြီးအား သတ်ဖြတ်ရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။

CDM ဗိုလ်ကြီးတဦးက “ရှေ့တန်းမှာဆိုရင် ဖမ်းမိတဲ့သူတွေကို အရေးယူဖို့က တပ်ရင်းမှူးက တပ်မမှူးဆီ တင်ပြပြီး အမိန့်တောင်းရတယ်။ တပ်မမှူး ခိုင်းတဲ့အတိုင်း လုပ်ရတာ။ တပ်မမှူးက ရှင်းပစ်လိုက်ဆို၊ တပ်ရင်းမှူးက သူ့လက်အောက်က စစ်သားတွေကို ရှင်းခိုင်းလိုက်တာ” ဟု တပ်တွင်း အမိန့်ပေးစနစ်ကို ရှင်းပြသည်။

စစ်တက္ကသိုလ်အပတ်စဉ် ၃၉ (DSA-39) ဆင်း ဗိုလ်မှူးချုပ်ကြည်သိုက်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဖူးကြီးဒေသအခြေစိုက် စကခ (၄) ၏ တပ်မမှူး ဖြစ်လာခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးများ ဆောင်ရွက်ရန် သူ့လက်အောက်ခံ တပ်ရင်းများနှင့် ပြီးခဲ့သည့်နှစ်မှ စ၍ သွားရောက်ခဲ့ပြီး ဇွန်လဆန်းမှစ၍ ဌာနချုပ်တည်ရှိရာသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။

စစ်တပ်က အာဏာမသိမ်းခင်အထိ စကခ (၄) ၏ တပ်မမှူး တာဝန်ယူခဲ့သော ဗိုလ်မှူးချုပ် ဖြိုးသန့်သည် အာဏာသိမ်းပြီးနောက် ရာထူးတိုးကာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဖြစ်ခဲ့ပြီးနောက် ဗိုလ်မှူးချုပ်ကြည်သိုက်က စကခ (၄) တပ်မမှူး ဖြစ်လာခဲ့သည်။

အမှုနှင့်ပတ်သက်၍ စစ်ကောင်စီက စုံစမ်းမှု ပြုလုပ်နေသည်ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ဖြေကြားခဲ့သည်။

၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းကလည်း ထိုကဲ့သို့သော ဖြစ်ရပ်မျိုး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့ဖူးပြီး စစ်ခုံရုံးက ဖမ်းဆီးရမိသူ ဒေသခံရွာသားများအား သတ်ပစ်ရန်အမိန့်ပေးသည့် တပ်မမှူးကို ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း စစ်ဆင်ရေး ဝင်ရောက်နေသော အမှတ် (၁၀) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ- ၁၀) လက်အောက်ခံ ခမရ ၃၆၂ တပ်ရင်းမှ စစ်သည်များသည် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာအုပ်စု၊ ဝမ်တပ်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်လာပြီးနောက် ရွာထိပ်တွင် တွေ့သော ဒေသခံ အမျိုးသား ၅ ဦးအား ဖမ်းဆီးသွားခဲ့သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
44
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
34
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
240

ထိုကဲ့သို့ ဖမ်းဆီးလာသော ရွာသားများနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ရန် ခမရ ၃၆၂ တပ်ရင်းမှူး ဗိုလ်မှူးတင်မျိုးဇော်က စကခ (၁၀) တပ်မမှူး ဗိုလ်မှူးကြီးမျိုးအောင်ထံ အမိန့်တောင်းခံခဲ့ရာ ဗိုလ်မှူးကြီး မျိုးအောင်က ဖုန်းမှတဆင့် ရှင်းပစ်ရန် ညွှန်ကြားသည်ကို တပ်ရင်းမှူးက အသံဖမ်းထားခဲ့ကြောင်း အဆိုပါ ဖြစ်စဉ်ကို တိတိကျကျသိသူ CDM ဗိုလ်ကြီး တဦးက ပြောသည်။

ထို့ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံရွာသားများနှင့် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်က တိုင်ကြားခဲ့သဖြင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် စစ်ခုံရုံး ဖွင့်လှစ်စစ်ဆေးခဲ့ပြီး ဖမ်းဆီးခံခဲ့ရသော ရွာသားများအား သတ်ပစ်ရန် အမိန့်ပေးခဲ့သည့် စကခ (၁၀) တပ်မမှူး ဗိုလ်မှူးကြီးမျိုးအောင်၊ ခမရ ၃၆၂ တပ်ရင်းမှူး ဗိုလ်မှူး တင်မျိုးဇော်၊ ဗိုလ်မှူးအောင်နေဖြိုး (IO)၊ ဗိုလ်ကြီးတဦး တပ်ကြပ်ကြီးနှစ်ဦးနှင့် တပ်ကြပ်တဦး စုစုပေါင်း ၇ ဦးအား ထောင်ဒဏ် ငါးနှစ် ကျခံစေရန် အမိန့်ချခဲ့သည်။

RFA က ဖော်ထုတ်ရေးသားခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့အတွင်း စစ်ကောင်စီတပ်သားများက ဒေသခံ ပြည်သူများအား သတ်ဖြတ်သည့်အမှုတွင် တပ်မမှူး၊ တပ်ရင်းမှူးနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်သူ စစ်သည်များအား တိုင်ကြားသူရှိပါက စစ်ခုံရုံးက အရေးယူဆောင်ရွက်နိုင်ကြောင်း CDM ဗိုလ်မှူးတဦးက ဆိုသည်။

သို့သော် ထိုကဲ့သို့ ပြစ်မှုကျူးလွန်သူများအား စစ်ခုံရုံးက တရားစွဲအရေးယူရာတွင် ငွေကြေးအင်အား တောင့်တင်းသူ၊ လက်ရှိ စစ်တပ်ထိပ်တန်း ခေါင်းဆောင်များထဲတွင် ဆွေမျိုး သို့မဟုတ် ဆရာသမား ရှိသူများဖြစ်ပါက ပြစ်ဒဏ်လျှော့ပေါ့ အရေးယူခြင်းမျိုး ဖြစ်လာနိုင်သည်။

လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာမှ ရွာသားငါးဦးအား သတ်ပစ်ရန်အမိန့်ပေးခဲ့သူ စကခ (၁၀) တပ်မမှူး ဗိုလ်မှူးကြီး မျိုးအောင်အား စစ်ခုံရုံးက ထောင်ဒဏ် ငါးနှစ်ကျခံရန် အမိန့်ချခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည့်အတွက် တနှစ်မပြည့်ခင် ထောင်မှ လွတ်သွားခဲ့သည်။

ဗိုလ်မှူးကြီး မျိုးအောင်သည် နဝတ အစိုးရလက်ထက်က စက်မှု (၁) ဝန်ကြီး တာဝန်ယူခဲ့သူ ဦးအောင်သောင်း၏ တူအရင်း ဖြစ်သကဲ့သို့ လက်ရှိ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်လည်း ညီအစ်ကို တဝမ်းကွဲ တော်စပ်သူ ဖြစ်သည့်အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

ဗိုလ်မှူးကြီးမျိုးအောင်သည် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက် သူနှင့်ညီအစ်ကို တဝမ်းကွဲတော်စပ်သူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်မိသားစုပိုင် IGE ကုမ္ပဏီ၏ လုပ်ငန်းခွဲ တခုဖြစ်သော အမတ ဒစ်စတီဗျူးရှင်း ကုမ္ပဏီတွင် အထွေထွေမန်နေဂျာရာထူးဖြင့် ၂၀၁၇ နှစ်ကုန်ပိုင်းကစပြီး ယနေ့ထိတိုင် အလုပ်လုပ်ကိုင်လျှက် ရှိသည်။

ထို့ကြောင့် RFA က ဖော်ထုတ်ခဲ့သော စစ်ကိုင်းတိုင်းလူသတ်မှု ဖြစ်စဉ်တွင် ကျူးလွန်သူများအား နိုင်ငံတကာ ဖိအားများ လျော့ကျစေရန် အရေးယူသည့် ဖြစ်ရပ်မျိုး ရှိလာနိုင်သော်လည်း အရေးယူခံရသည့် အရာရှိများအား စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းမျိုးလည်း ဖြစ်လာနိုင်သည်။

You may also like these stories:

ရေဦးမြို့နယ် မုံတိုင်ပင်ရွာတွင် ရုပ်အလောင်း ၃၀ နီးပါထိ တွေ့လာ

စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီရဲ့ တရားလက်လွတ် သတ်ဖြတ်မှုများ

အရွယ်မရောက်သေးသူများအား စစ်ကောင်စီ နှိပ်စက် သတ်ဖြတ်ဟု UN ဆို

မြန်မာစစ်တပ်ကို “လူရမ်းကား”များဟု အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ ခေါ်

သွေးဆာနေသော အပယ်ခံ စစ်ကောင်စီကို တရုတ် ဝမ်းမြောက်ဝမ်းသာ ထောက်ခံနေ

Your Thoughts …
Tags: CDMစစ်ကိုင်းတိုင်းစစ်ခုံရုံးဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဗိုလ်မှူးကြီးမျိုးအောင်ဗိုလ်မှူးချုပ်ကြည်သိုက်ရေဦးမြို့နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

by ဧရာဝတီ
31 October 2023
26.6k

ဒီအမှုမှာစစ်မယ်ဆိုရင် ကစထမှူး (ဒုဗိုလ်ချုပ်ကြီး တေဇကျော်) ထိ ပါဝင်ပတ်သက်မှုရှိမှာပေါ့။ ဒါပေမယ့် မင်းအောင်လှိုင်က ဘယ်လောက်မှာပဲ ဖြတ်လိုက်ဆိုတော့ တိုင်းမှူးနဲ့ အောက်ကအရာရှိတွေပဲ အရေးယူခံရတာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.8k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

by ဧရာဝတီ
19 January 2024
21.6k

စစ်ကောင်စီသည် စစ်တက္ကသိုလ်လျှောက်လွှာ လက်ခံချိန်ကို တိုးပေးနေရပြီး ဗိုလ်လောင်းများအတွက် သာမက စစ်သားများအတွက်ပါ ဝင်ခွင့်သတ်မှတ်ချက်များ လျှော့ပေးနေရသည်။

Next Post
ကျောက်တော်မြို့ဝင်လမ်းဆုံ  / ဧရာဝတီ

ရဲ ၃ ဦးကို AA ဖမ်းသွားပြီးနောက် စစ်ကောင်စီက တအိမ်တက်ဆင်းရှာဖွေနေ

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ရန်ကုန်တိုင်း သံလျင်မြို့တွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်အား ထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်တော့မလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

21 hours ago
1.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved