• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

DeepSeek က စရိတ် နည်းပေမယ့် Meta နဲ့ Microsoft က AI အသုံးစရိတ် ကြီးမြင့်နေဦးမယ်လို့ ဆို

by ဧရာဝတီ
1 February 2025
in သတင်း
A A
DeepSeek က စရိတ် နည်းပေမယ့် Meta နဲ့ Microsoft က AI အသုံးစရိတ် ကြီးမြင့်နေဦးမယ်လို့ ဆို

DeepSeek လိုဂို နဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် / Times Now News

1.2k
VIEWS
Share on FacebookShare on Twitter

သမ္မတ ဒေါ်နယ်ထရမ့် ကျမ်းကျိန်ပြီး ရက်ပိုင်းအတွင်း တရုတ် DeepSeek ရဲ့ AI ထွက်ပေါ်လာကာ အမေရိကန် နည်းပညာ နယ်ပယ်ကို လှုပ်ခတ် သွားစေခဲ့ပါတယ်။

သမ္မတ ထရမ့်ကလည်း “DeepSeek က အမေရိကန် နည်းပညာ ကုမ္ပဏီတွေကို လှုပ်နှိုးလိုက်ခြင်း ဖြစ်တယ်” လို့ ပြောဆို ထားပါတယ်။

တချို့ကလည်း DeepSeek အသုံးပြုမှုမှာ ကိုယ်ရေး အချက်အလက် ဆိုင်ရာ လုံခြုံရေး သတိပေးတာတွေလည်း ရှိနေပါတယ်။

Microsoft နဲ့ Meta တို့ရဲ့CEO တွေကတော့ AI ကုန်ကျစရိတ် ကြီးမြင့်မှုကို ထောက်ပြခဲ့ပြီး ဒီနယ်ပယ်မှာ ဆက်လက် ယှဉ်ပြိုင် နေနိုင်ဖို့က အရေးကြီးတယ်လို့ ဆိုကြပါတယ်။

DeepSeek ရဲ့ AI model ဟာ ကုန်ကျစရိတ် သက်သာပြီး လျင်မြန်စွာ တိုးတက်လာတဲ့ နည်းပညာကြောင့် အနောက် ခြမ်းက ပြိုင်ဖက်တွေနဲ့ တန်းတူ ယှဉ်ပြိုင်နိုင်တယ်လို့ ပြောဆိုနေကြပြီး AI နယ်ပယ်မှာ အမေရိကန်ရဲ့ ဦးဆောင်နေမှုကို စိန်ခေါ် သွားနိုင်တယ်လို့ ယူဆနေကြပါတယ်။

ဒါပေမယ့် DeepSeek ရဲ့ထိပ်ပိုင်း အမှုဆောင်တွေကတော့ လုပ်ငန်းသုံး အတွက် ဆိုရင် ပိုမိုကြီးမားတဲ့ ကွန်ပျူတာ ကွန်ရက်ကို တည်ဆောက်ဖို့ လိုနေသေးတယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်။

အခြေခံ အဆောက်အအုံ တွေနဲ့ အသုံးစရိတ်တွေ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံတာက ရေရှည်မှာ နည်းဗျူဟာ အားသာချက် တခု ဖြစ်လာမယ်လို့ Meta CEO မာ့ခ် ဇူကာဘတ် က ဆိုပါတယ်။

AI က ပိုထိရောက်ပြီး သုံးစွဲနိုင်လာတာနဲ့ အမျှ ဝယ်လိုအားလည်း ပိုတက်လာပါလိမ့်မယ်လို့ သုံးသပ်သူတွေနဲ့ ဖုန်းခေါ်ဆိုမှု တခုမှာ သူက ပြောကြောင်း သိရပါတယ်။

Microsoft က သူတို့ရဲ့ လက်ရှိ ဘဏ္ဍာရေးနှစ်မှာ AI အတွက် ဒေါ်လာ ၈၀ ဘီလီယံထိ သုံးစွဲဖို့ လျာထားပြီး Meta က ဒေါ်လာ ၆၅ ဘီလီယံထိ အသုံးပြုဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

အဆိုပါ ပမာဏတွေဟာ AI အတွက် အကြမ်းဖျင်း ဒေါ်လာ ၆ သန်း အသုံးပြုထားတယ် ဆိုတဲ့ DeepSeek နဲ့ ယှဉ်ရင် ကွာဟ လွန်းနေပြီး အမေရိကန် အမှုဆောင်တွေနဲ့ Wall Street က သုံးသပ်သူတွေကတော့ DeepSeek ပြောတဲ့ အသုံး စရိတ် ဟာ အကုန်လုံး မဟုတ်ဘဲ ကွန်ပျူတာ စွမ်းအား အတွက်ပဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။

တချို့ ရင်းနှီး မြှုပ်နှံသူတွေကတော့ အသုံးစရိတ် ကြီးမားပြီး အကျိုးအမြတ် နည်းပါးနေမှုကြောင့် စိတ်မရှည်မှုတွေ ဖြစ်တယ်လို့ သိရပါတယ်။

ကုမ့ဏီရဲ့ Azure Cloud Business ရဲ့ တတိယ သုံးလပတ်ဖွံ့ဖြိုးမှု ခန့်မှန်းချက်ကို မရောက်ရှိနိုင်ဘူးလို့ Microsoft ရဲ့ ပြောကြားချက်ကြောင့် ရှယ်ယာ တန်ဖိုးဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ၆ ရာခိုင်နှုန်း ထိုးကျ သွားခဲ့တယ်လို့ ဆိုပါတယ်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
4
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
8
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
85

AI နယ်ပယ်ရဲ့ ဦးဆောင်သူ OpenAI နဲ့ ဆက်နွယ်မှုကြောင့် AI ယှဉ်ပြိုင်မှုမှာ ရှေ့ရောက်နေသူလို့ သတ်မှတ်ခံထားရတဲ့ Microsoft က သူတို့ရဲ့ Copilot+ PCs တွေမှာ DeepSeek ရဲ့ AI R-1 model ကို ထည့်သွင်း ပေးသွားမယ် လို့လည်း သူတို့ရဲ့ blog တခုမှာ ကြေညာခဲ့ပါသေးတယ်။

ပထမ သုံးလပတ် ရောင်းအား ကျဆင်းမယ်လို့ ခန့်မှန်း ခံထားရတဲ့ Meta ကတော့ ရှယ်ယာတန်ဖိုး ၄ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း သိရပါတယ်။

Microsoft ဘဏ္ဍာရေး ဆိုင်ရာ အကြီးအကဲ (CFO) Amy Hood က ၂၀၂၆ ဘဏ္ဍာရေး နှစ်မှာလည်း အားကောင်းတဲ့ ဝယ်လိုအား အပေါ် ဆက်လက် ရင်းနှီးမြှုပ်နှံ သွားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပြီး ဇွန်လမှာ အဆုံးသတ်မယ့် ၂၀၂၅ ဘဏ္ဍာရေးနှစ် ထက်တော့ တိုးတက်မှုနှုန်း နည်းလိမ့်မယ် လို့ ပြောဆိုထားပါတယ်။

Ref : Reuters

Your Thoughts …
Tags: AIDeepSeekMetaMicrosoftဇူကာဘတ်ဒေါ်နယ်ထရမ့်ဘာသာပြန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဥရောပ စစ်ပြင်နေသည်

ဥရောပ စစ်ပြင်နေသည်

by ဧရာဝတီ
25 November 2024
11.2k

ရုရှား၏ နျူကလီးယားခြိမ်းခြောက်မှုမှာ မကြုံစဖူးအဆင့်သို့ တိုးမြင့်လာသောအချိန်တွင် ယင်းသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

by ဧရာဝတီ
22 December 2024
9.6k

သူဟာ ChatGPT အပါအဝင် AI စနစ်တွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ OpenAI ရဲ့ မူပိုင်ခွင့် ချိုးဖောက်မှုတွေကို ဖွင့်ချရင်း ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့်…

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

by ဧရာဝတီ
19 April 2025
7.8k

Katy Perry ဟာ အာကာသ ခရီးစဉ်မှာ လိုက်ပါခဲ့မှု အတွက် နောင်တမရဘဲ သူပြုလုပ်ခဲ့တဲ့ အပြုအမူတွေ အတွက် နောင်တရနေတာ ဖြစ်တယ်လို့…

အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

by John Mac Ghlionn
26 May 2025
7.8k

နည်းပညာကို လစ်ဘရယ် စိုးရိမ်ပူပန်မှုတွေ ဒါမှမဟုတ် ကျင့်ဝတ်ဆိုင်ရာ စဉ်းစားသုံးသပ်မှုတွေက ထိန်းချုပ်သင့်တယ်ဆိုတဲ့ အယူအဆကို သူက သရော်ပါတယ်။

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

by ဧရာဝတီ
15 March 2025
7.4k

မကြာသေးခင် ကလည်း ဖက်ဒရယ် လုပ်သား အင်အားလျှော့ချမှုမှာ မတ်စ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍကြောင့် အမေရိကန်မှာ Tesla ကို ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

Next Post
ရာထူးအပြောင်းအလဲများနှင့် စခဲ့သည့် လေးနှစ်ပြည့် စစ်ကောင်စီ

ရာထူးအပြောင်းအလဲများနှင့် စခဲ့သည့် လေးနှစ်ပြည့် စစ်ကောင်စီ

ကလေးတွင် ဆေးခန်းနှင့် စစ်ရှောင်စခန်း လေကြောင်း တိုက်၍ ၈ ဦးသေ

ကလေးတွင် ဆေးခန်းနှင့် စစ်ရှောင်စခန်း လေကြောင်း တိုက်၍ ၈ ဦးသေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved