• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

by ဧရာဝတီ
15 March 2025
in သတင်း
A A
တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် Palo Alto ရှိ တက်စ်လာ ကိုယ်စားလှယ် ဆိုင်ရှေ့မှာ ထရမ့် အစိုးရ အတွင်း ပါဝင် သတ်သက်နေတဲ့ အီလွန်မတ်စ်ကို ပြီးခဲ့တဲ့ မတ်လ ၅ ရက်က ဆန္ဒပြနေကြစဉ် / Reuters

7.4k
VIEWS
Share on FacebookShare on Twitter

အမေရိကန် ရှယ်ယာ ဈေးကွက်မှာ လှုပ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး နည်းပညာ ကုမ္ပဏီတွေရဲ့ ရှယ်ယာ တန်ဖိုးတွေ ပြီးခဲ့တဲ့ တနင်္လာနေ့က ကျဆင်းခဲ့ပါတယ်။

ထရမ့် အစိုးရအဖွဲ့ရဲ့ အမေရိကန် အဓိက ကုန်သွယ်ဖက် နိုင်ငံတွေအပေါ် အခွန်တိုးမြှင့် ကောက်ခံမှုက နိုင်ငံစီးပွားရေး ကျဆင်းသွားနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် နည်းပညာ ကုမ္ပဏီတွေရဲ့ ရှယ်ယာတန်ဖိုး ခန့်မှန်းတဲ့ Nasdaq ညွှန်းကိန်း ၄ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဂယက်ကြောင့် အီလွန်မတ်စ်ပိုင် တက်စ်လာ (Tesla) ကုမ္ပဏီဟာလည်း ၁၅ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ရှယ်ယာ တခုကို ၂၂၂ ဒသမ ၁၅ ဒေါ်လာထိ ကျဆင်းသွားကာ စုစုပေါင်း ဒေါ်လာ ၁၃၀ ဘီလီယံနီးပါး ဆုံးရှုံးခဲ့တယ် လို့လည်း ဆိုပါတယ်။

Tesla ရဲ့ဆုံးရှုံးမှုဟာ Ford နဲ့ GM ကုမ္ပဏီနှစ်ခုပေါင်း ဈေးကွက် တန်ဖိုးဖြစ်တဲ့ ၈၆ ဘီလီယံထက် ပိုများနေခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ နောက်ပိုင်း ရှယ်ယာတန်ဖိုး အနိမ့်ဆုံး ဖြစ်ပြီးခဲ့တဲ့နောက် အီလွန်မတ်စ် က ထရမ့် အစိုးရ အဖွဲ့ တာဝန်တွေနဲ့ သူ့ကိုယ်ပိုင် လုပ်ငန်း တာဝန်တွေကြား အခက်အခဲတွေနဲ့ ကြုံနေရတယ် လို့လည်း Fox Business နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရပြီးတဲ့နောက် Tesla ဟာ ရှယ်ယာ တန်ဖိုး နှစ်ဆ နီးပါး မြင့်တက် ခဲ့ပါသေးတယ်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
124
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
55

အဆိုပါ ဖြစ်ရပ်ဟာ ထရမ့်နဲ့ မတ်စ် ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးက Tesla ကို အကျိုး ရှိစေလိမ့်မယ်လို့ တွေးမြင်မှုကနေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး အခုတော့ ရှယ်ယာ တန်ဖိုးတွေ ပြန်လည်ကျဆင်း သွားပြီလို့ ဆိုပါတယ်။

အစိုးရ အသုံးစရိတ် လျှော့ချဖို့ ရည်ရွယ်တဲ့ အစိုးရ စွမ်းဆောင်ရည် ဌာန (DOGE) ကို မတ်စ်က ဦးဆောင် နေရတာကြောင့် သူ့ လုပ်ငန်းတွေ ဖြစ်တဲ့ Tesla, SpaceX, X နဲ့ X AI ကုမ္ပဏီတွေ လည်ပတ်မှုမှာ အားနည်းသွားမှာကို Tesla ရဲ့ ရင်းနှီး မြှုပ်နှံသူတွေက စိုးရိမ် နေကြတယ်လို့ သိရပါတယ်။

Fox Business ရဲ့ Larry Kudlow က တနင်္လာနေ့က အင်တာဗျူးမှာ ဖိအားတွေနဲ့ ပတ်သက်လို့ အီလွန်မတ်စ်ကို “မင်းရဲ့ တခြား လုပ်ငန်းတွေကို ဘယ်လို ဦးစီးနေလဲ” လို့ မေးတဲ့အခါမှာ မတ်စ်က “အခက်အခဲ အများကြီးနဲ့” လို့ သက်ပြင်းချပြီး ဖြေသွားခဲ့တယ်လို့ ဆိုပါတယ်။

Tesla ရဲ့ ရှယ်ယာတွေ ကျဆင်း သွားပေမယ့်လည်း အလိုအလျောက် စနစ် တက္ကစီတွေနဲ့ လူသားစက်ရုပ်တွေ ထုတ်လုပ်မယ် ဆိုတဲ့ မတ်စ်ရဲ့ ကတိတွေကြောင့် တခြား ကားကုမ္ပဏီတွေထက် အလွန် များပြားတဲ့ ပမာဏနဲ့ ရှယ်ယာတွေကို ရောင်းဝယ် နေကြဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

မကြာသေးခင် ကလည်း ဖက်ဒရယ် လုပ်သား အင်အားလျှော့ချမှုမှာ မတ်စ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍကြောင့် အမေရိကန်မှာ Tesla ကို ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လစ္စဘွန်းမှာ ရှိတဲ့ Tesla Showroom ရှေ့မှာ “Boycott Tesla” ဆိုတဲ့ စာတန်းတွေ ကိုင်ပြီး မတ်စ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြဖို့ ဒါဇင်နဲ့ချီတဲ့ လူတွေ စုဝေးခဲ့ကြသေးတယ်လို့ သိရပါတယ်။

ဥရောပရဲ့ လက်ယာယိမ်း ပါတီတွေ အပေါ် မတ်စ်ရဲ့ ထောက်ပံ့မှုက Tesla ရဲ့ ဥရောပ ရောင်းအားကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ဥရောပ ကား ထုတ်လုပ်သူများ အစည်းအရုံးရဲ့ အဆိုအရ ဇန်နဝါရီလက ဥရောပမှာ EV ကား ရောင်းအား ၃၇ ရာခိုင်နှုန်း တက်လာခဲ့ ပေမယ့် Tesla ရဲ့ ရောင်းအားကတော့ ၄၅ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့က အမြင့်ဆုံး စံချိန်အဖြစ် ၁ ဒသမ ၅ ထရီလီယံ အထိ ကုမ္ပဏီတန်ဖိုး မြင့်တက် ပြီးချိန်ကစ အခုချိန်အတွင်း Tesla ရဲ့ ဈေးကွက်တန်ဖိုးဟာ ၄၅ ရာခိုင်နှုန်းထိ ကျဆင်းလာခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သုံးသပ်သူတွေကတော့ မတ်စ်ရဲ့ ထရမ့် အစိုးရအဖွဲ့မှာပါဝင်မှု အပြင် တရုတ်ကုမ္ပဏီတွေနဲ့ GM လိုမျိုး ကားကုမ္ပဏီတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ EV ဈေးကွက်မှာ ယှဉ်ပြိုင်မှု တိုးမြင့်လာခြင်းကလည်း Telsa ရောင်းအား ကျဆင်းလာခြင်း အကြောင်းရင်းတွေ ဖြစ်တယ်လို့ ထောက်ပြ ခဲ့ကြပါတယ်။

Ref : Reuters

Your Thoughts …
Tags: FordGMTeslaတက်စ်လာတရုတ်ထရမ့်ဘာသာပြန်အမေရိကန်အီလွန်မတ်စ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်‌လော

မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်‌လော

မြန်မာ၏ ဂြိုဟ်တုပုံရိပ် ထောက်လှမ်းရေးစွမ်းရည် ရုရှားမြှင့်တင်ပေးမည်

မြန်မာ၏ ဂြိုဟ်တုပုံရိပ် ထောက်လှမ်းရေးစွမ်းရည် ရုရှားမြှင့်တင်ပေးမည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved