• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာ၏ ဂြိုဟ်တုပုံရိပ် ထောက်လှမ်းရေးစွမ်းရည် ရုရှားမြှင့်တင်ပေးမည်

by Andrew Selth
15 March 2025
in ဆောင်းပါး
A A
မြန်မာ၏ ဂြိုဟ်တုပုံရိပ် ထောက်လှမ်းရေးစွမ်းရည် ရုရှားမြှင့်တင်ပေးမည်

၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့က မော်စကိုရှိ ကရင်မလင်နန်းတော်တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ် / AFP

6.2k
VIEWS
Share on FacebookShare on Twitter

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မကြာသေးမီက ရုရှားခရီးစဉ်တွင် အများအားဖြင့် သတိမပြုမိကြသည့် ကိစ္စတခုရှိသည်။ ထိုအချက်မှာ မြန်မာစစ်တပ် ဂြိုဟ်တုပုံရိပ်ကို အသုံးပြုမှု တိုးတက်ရေးအတွက် ကူညီရန် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ကမ်းလှမ်းခြင်းဖြစ်သည်။ ထိုကိစ္စသည် ထင်ရှားသော သေနင်္ဂဗျူဟာ ရိုက်ခတ်မှုရှိသည်သာမက လက်ရှိ မြန်မာ့ပြည်တွင်းစစ်တွင်လည်း တိုက်ရိုက် အသုံးပြုနိုင်သည်။

စစ်ကောင်စီနှင့် တရုတ်၊ အိန္ဒိယတို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွင် ဂြိုဟ်တုပုံရိပ် ထောက်ပံ့ခြင်း ပါဝင်သည်ဟု ခန့်မှန်းနေကြသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။ သို့သော် ၂၀၀၈ ခုနှစ်တွင် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းပြီးနောက် အမေရိကန်ပြည်ထောင်စုသည် လူဦးရေများသော နေရာများမှ အပျက်အစီးနှင့် ထိခိုက်သော ကျေးလက်ဒေသများတွင် အတိုင်းအတာကို ကူညီအကဲဖြတ်ရန်အတွက် ဂြိုဟ်တုပုံရိပ်များကို နေပြည်တော်နှင့် ကုလသမဂ္ဂတို့သို့ ပေးပို့ခဲ့သည်။

ထို့ကြောင့် မြန်မာသည် ထိုသို့သောပုံရိပ်များကို ကိုယ်တိုင် ရယူနိုင်သည့်စွမ်းရည် မရှိသည့်သဘောဖြစ်သည်။ လိုအပ်ပါက ထိုသို့ ကြည်လင်မှုမြင့်မားသော ပုံရိပ်ကို Google Earth, Digital Globe နှင့် Landsat စသော အခပေးဝန်ဆောင်မှု လုပ်ငန်းများမှ ရယူနိုင်သည်။

မြန်မာစစ်တပ်သည် နိုင်ငံကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ရန်နှင့် သေနင်္ဂဗျူဟာ ပတ်ဝန်းကျင် အပြောင်းအလဲကို စောင့်ကြည့်ရန် ထိုသို့သော ရင်းမြစ်များ၏ အထောက်အပံ့ရနေသည်။ မည်သို့ဆိုစေ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) နှင့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ကဲ့သို့သော အဖွဲ့အစည်းများသည် မြန်မာမှ ဖြစ်ပျက်ပြောင်းလဲမှုများကို အစီရင်ခံရန် အထက်ပါ အခပေးဝန်ဆောင်မှု လုပ်ငန်းများမှ ပုံရိပ်ရယူနိုင်လျှင် စစ်ကောင်စီသည်လည်း အလားတူ လုပ်နိုင်သည်သာဖြစ်သည်။

မြန်မာစစ်တပ်သည် နိုင်ငံကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ရန်နှင့် သေနင်္ဂဗျူဟာ ပတ်ဝန်းကျင် အပြောင်းအလဲကို စောင့်ကြည့်ရန် ထိုသို့သော ရင်းမြစ်များ၏ အထောက်အပံ့ရနေသည်။ မည်သို့ဆိုစေ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) နှင့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ကဲ့သို့သော အဖွဲ့အစည်းများသည် မြန်မာမှ ဖြစ်ပျက်ပြောင်းလဲမှုများကို အစီရင်ခံရန် အထက်ပါ အခပေးဝန်ဆောင်မှု လုပ်ငန်းများမှ ပုံရိပ်ရယူနိုင်လျှင် စစ်ကောင်စီသည်လည်း အလားတူ လုပ်နိုင်သည်သာဖြစ်သည်။

ထိုလုပ်ငန်းစဉ်သည် စိန်ခေါ်မှု ရှိသည်မှာ မှန်သော်လည်း အလုပ်ဖြစ်သည့် ဆော့ဖ်ဝဲလ်နှင့် လုံလောက်သော လေ့ကျင့်မှုရှိပါက အသုံးဝင်သော ထောက်လှမ်းရေးသတင်း ရနိုင်ပေသည်။ ထိုကဲ့သို့သော အသုံးချကိရိယာအတွက် ကုန်ကျစရိတ်သည် အရေးပါသော အချက်တချက် ဖြစ်သည်။ သို့သော် စစ်ဆင်ရေးများကို ထောက်ကူရန် ထောက်လှမ်းရေးသတင်းကို မြန်မာ၏ ရှားပါးသော နိုင်ငံခြားငွေ အသုံးပြုမှုတွင် အမြဲတမ်း ဦးစားပေးထားသည်။

၂၀၁၂ ခုနှစ်တွင် အရပ်သားအစိုးရအတု မတိုင်မီက မြန်မာသည် ပုံရိပ်ထောက်လှမ်းရေး (IMINT) ကို ယခင်ကထက် ပိုမိုရယူ သရုပ်ခွဲရန် ရွေးချယ်စရာ ပိုရလာသည်။ အခမဲ့ဖြစ်စေ၊ ငွေကြေးသုံးစွဲသည့် အစီအမံဖြင့်ဖြစ်စေ အွန်လိုင်းတွင် ရနိုင်သည့် ဂြိုဟ်တုဓာတ်ပုံ အမျိုးစုံ တိုးပွားလာနေသည်။

ထိုပုံရိပ်များတွင် ကြည်လင်မှု မြင့်မားသည့် အီလက်ထရို-အော်ပ်တစ်ကယ် ဓာတ်ပုံများနှင့် အနီအောက်ရောင်ခြည် ဓာတ်ပုံများ ပါဝင်သည်။ ထို့ပြင် မြန်မာစစ်တပ်သည် တရုတ်မှ ဝယ်ယူထားသည့် Sky-02A ထောက်လှမ်းရေး ဒရုန်း ၁၁ စီးရှိသည်ဟု ယူဆရသည်။ အခြား ၂၂ စီးကို မြန်မာတွင် တည်ဆောက်သည်ဟု သိရပြီး Yellow Cat A2 ဟု ခေါ်သည်။ ထိုမောင်းသူမဲ့ လေယာဉ် (UAV) များသည် ဒစ်ဂျစ်တယ် ရောင်စုံနှင့် အနီအောက်ရောင်ခြည် ဗီဒီယိုကင်မရာများ တပ်ဆင်သယ်ဆောင်နိုင်သည်။

မြန်မာ့လေတပ်က တရုတ်ထုတ် CH-3A အမျိုးအစား ဒရုန်းသုံးနေပုံ

၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် မြန်မာသည် တရုတ်ထံမှပင် CH-3A မောင်းသူမဲ့လေယာဉ် တဒါဇင် ဝယ်သည်။ CH-3A သည် တိုက်ခိုက်ရေးဒရုန်းဖြစ်ပြီး တရုတ်ထုတ် မောင်းသူမဲ့လေယာဉ်များတွင် အဆင့်အမြင့်ဆုံး မဟုတ်သော်လည်း တာဝေးထောက်လှမ်းရေးလုပ်ငန်းများ လုပ်နိုင်ပြီး အသုံးဝင်သည့် ပုံရိပ်စွမ်းရည်ရှိသည်။

ဥပမာအားဖြင့်ဆိုပါက မြန်မာသည် ရိုဟင်ဂျာဒုက္ခသည်များ၏ လှုပ်ရှားမှုကို ထောက်လှမ်းရန်၊ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) ကို ထောက်လှမ်းရန် ဒရုန်းများ စေလွှတ်သည်ဟု ဘင်္ဂလားဒေ့ရှ်က ၂၀၁၇ ခုနှစ်တွင် ပြောခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် CH-3 ထောက်လှမ်းရေး ဒရုန်းများကို အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု၏ လမ်းမပေါ် ဆန္ဒပြပွဲများကို ထောက်လှမ်းရာတွင် တွေ့ရသည်။

ဥပမာအားဖြင့်ဆိုပါက မြန်မာသည် ရိုဟင်ဂျာဒုက္ခသည်များ၏ လှုပ်ရှားမှုကို ထောက်လှမ်းရန်၊ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) ကို ထောက်လှမ်းရန် ဒရုန်းများ စေလွှတ်သည်ဟု ဘင်္ဂလားဒေ့ရှ်က ၂၀၁၇ ခုနှစ်တွင် ပြောခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် CH-3 ထောက်လှမ်းရေး ဒရုန်းများကို အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု၏ လမ်းမပေါ် ဆန္ဒပြပွဲများကို ထောက်လှမ်းရာတွင် တွေ့ရသည်။

ထိုသို့သော နည်းလမ်းများမှ ရယူထားသည့် အချက်အလက်များကို ရည်ရွယ်ချက် အများအပြားအတွက် အသုံးပြုနိုင်သည်။ ထောက်လှမ်းရေး စစ်ဆင်ရေး စီမံသူများအတွက် မကြာသေးမီက သို့မဟုတ် အချိန်နှင့်တပြေးညီ ရယူထားသည့် ပုံရိပ်များ၏ အားသာချက်အပြင် ထိုရင်းမြစ်များသည် မြေပုံရေးဆွဲသူများ၊ လူဦးရေ ပြောင်းရွှေ့မှု၊ အခြေချနေထိုင်သည့် ပုံစံများ၊ မြေယာ အသုံးပြုမှုနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးကို လေ့လာသူများအတွက်လည်း အသုံးဝင်သည်။

ထိုသို့သော စီမံကိန်းများသည် ဦးသိန်းစိန် လက်ထက် (၂၀၁၁-၂၀၁၅) နှင့် ဒေါ်အောင်ဆန်းစုကြည် လက်ထက် (၂၀၁၆-၂၀၂၀) အစိုးရများခေတ်များတွင် ဦးစားပေးများ ဖြစ်သော်လည်း ထောက်လှမ်းရေး သရုပ်ခွဲလေ့လာသူများကို အကျိုးပြုကြောင်း ထင်ရှားသည်။ ၂၀၂၁ ခုနှစ်မှ စတင်ပြီး ထောက်လှမ်းရေး ဒရုန်းများကို မြန်မာနိုင်ငံ အစွန်အဖျားဒေသများတွင် ပုန်ကန်မှု တိုက်ဖျက်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည်။

မင်းအောင်လှိုင်၏ နောက်ဆုံး မော်စကို ခရီးစဉ်အတွင်း ရုရှားသည် မြန်မာတွင် ပူးတွဲ ဂြိုဟ်တုပုံရိပ် သရုပ်ခွဲလေ့လာရေးဌာန ထူထောင်မည်ဟု ကြေညာသည်။

အာကာသ စူးစမ်းလေ့လာရေးနှင့် ဂြိုဟ်တုနည်းပညာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအနေဖြင့် ထိုအကြောင်းအရာကို ဆွေးနွေးသော်လည်း တချိန်တည်းတွင် ရုရှားသည် ၎င်း၏ “ထောက်လှမ်းရေးဂြိုဟ်တုများမှ အချက်အလက်များကို စစ်ရေးကိစ္စများအတွက် စစ်ကောင်စီနှင့် မျှဝေမည်” ဟုလည်း သိရသည်။

အာကာသ စူးစမ်းလေ့လာရေးနှင့် ဂြိုဟ်တုနည်းပညာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအနေဖြင့် ထိုအကြောင်းအရာကို ဆွေးနွေးသော်လည်း တချိန်တည်းတွင် ရုရှားသည် ၎င်း၏ “ထောက်လှမ်းရေးဂြိုဟ်တုများမှ အချက်အလက်များကို စစ်ရေးကိစ္စများအတွက် စစ်ကောင်စီနှင့် မျှဝေမည်” ဟုလည်း သိရသည်။

ယခုအချိန်သည် ပြောရန် စောလွန်းနေသေးပြီး သဘောတူညီချက် အသေးစိတ်များကို မသိရသေးသော်လည်း မြန်မာနှင့်ပတ်ဝန်းကျင်မှ ဖြစ်ပေါ်ပြောင်းလဲမှုများကို စောင့်ကြည့်နိုင်ရန်နှင့် နိုင်ငံမှ အတိုက်အခံအင်အားစုကို စစ်ဆင်ရေးစီစဉ်ရန် စစ်ကောင်စီ၏စွမ်းရည် အဓိက တိုးတက်မှုအတွက် အရေးပါသော ခြေလှမ်းဖြစ်သည်။

(Lowy Institute ပါ Andrew Selth ၏ Russia to boost Myanmar’s imagery intelligence ကို ဘာသာပြန်သည်။)

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606

You may also like these stories:

ဒရုန်းစစ်ရေးတိုးချဲ့ရန် စစ်ကောင်စီတပ်က FLIR စနစ်များ သုံးနေ

ထောက်လှမ်းရေးအတွက် တရုတ်လုပ် ဒရုန်းများ မြန်မာ့လေတပ် အသုံးပြုနေ

တော်လှန်ရေးကို ဖြိုခွဲရေး တရုတ်ဒရုန်းများကို မင်းအောင်လှိုင် မျက်စိကျ

မြန်မာမှ ယူကရိန်းအထိ ဒရုန်းစစ်ရေး အပြောင်းအလဲဖြစ်နေ

တော်လှန်ရေးအဖွဲ့များထံမှ လေ့လာပြီး စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်း

ဆန္ဒပြပွဲများကို စောင့်ကြည့်ရန် တရုတ်လုပ် ဒရုန်းများ သုံးခဲ့သည်

Your Thoughts …
Tags: စစ်ကောင်စီစစ်အာဏာသိမ်းမှုတရုတ်ဒရုန်းတိုက်ခိုက်မှုနည်းပညာပုံရိပ်ထောက်လှမ်းရေးပြည်တွင်းစစ်မောင်းသူမဲ့လေယာဉ်ရုရှား
Andrew Selth

Andrew Selth

Andrew Selth သည် သြစတြေးလျနိုင်ငံ၊ ဂရစ်ဖစ်တက္ကသိုလ်၊ ဂရစ်ဖစ်အေးရှား အင်စတီကျုမှ တွဲဖက် ပါမောက္ခဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထားဝယ်စီမံကိန်းကို ရုရှားနဲ့ လုပ်မယ်ဆိုပါလား

ထားဝယ်စီမံကိန်းကို ရုရှားနဲ့ လုပ်မယ်ဆိုပါလား

ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်မှုဖြစ်ပါတယ် (ရုပ်/သံ)

ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်မှုဖြစ်ပါတယ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved