• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆန္ဒပြပွဲများကို စောင့်ကြည့်ရန် တရုတ်လုပ် ဒရုန်းများ သုံးခဲ့သည်

by ဧရာဝတီ
15 April 2021
in သတင်း
A A
CH-3A UAV ဒရုန်း ၁၀ စီးမှ ၁၂ စီးကို မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်းတွင် ပို့ပေးခဲ့ပြီး မိတ္ထီလာ လေတပ်စခန်းက ကိုင်တွယ်သည်ဟု Jane’s က ရေးသည်

CH-3A UAV ဒရုန်း ၁၀ စီးမှ ၁၂ စီးကို မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်းတွင် ပို့ပေးခဲ့ပြီး မိတ္ထီလာ လေတပ်စခန်းက ကိုင်တွယ်သည်ဟု Jane’s က ရေးသည်

18.5k
VIEWS
Share on FacebookShare on Twitter

ရုရှားနိုင်ငံက မြန်မာစစ်တပ်သို့ ဟာ့ဒ်ဝဲများ၊ ဒီဂျစ်တယ် စောင့်ကြည့်ရေး စနစ်များနှင့် မော်ဒယ်သစ် ဂျက်တိုက်လေယာဉ်များ ပံ့ပိုးပေးခဲ့သည်။ တရုတ်နိုင်ငံကရော မည်သို့နည်း။

Jane’s International Defence Review ၏ အဆိုအရ မြန်မာ လေတပ်သည် လမ်းများပေါ်မှ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူများကို စောင့်ကြည့်ရန် တရုတ်နိုင်ငံလုပ် လူမဲ့ပျံသန်းရေး ယာဉ်များ (UAVs) ကို အသုံးပြုနေသည့် အသွင်ရှိသည်။

“တရုတ်အစိုးရပိုင် China Aerospace Science and Technology Corporation (CASC) က ထုတ်လုပ်တဲ့ UAV များကို မြင်ရခြင်းက မြန်မာ့တပ်မတော်နဲ့ ဒါကို ဘယ်လို လျှို့ဝှက်စွာ လုပ်ခဲ့တယ် ဆိုတာကို အထူးသဖြင့် သတိပြုဖွယ်ရာ ဖြစ်ပါတယ်”ဟု ဗြိတိန်ထုတ် ကာကွယ်ရေး ဆိုင်ရာ ထောက်လှမ်းရေး ဂျာနယ်က ရေးသားခဲ့သည်။

ရွေးချယ်တင်မြှောက်ခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ဦးဆောင်သော အစိုးရထံမှ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည့် မန္တလေးမြို့‌တွင် မတ်လအတွင်းက အနိမ့်ပျံသန်းနေသော ဒရုန်းများ ပါဝင်သည့် ဆိုရှယ်မီဒီယာမှ ရုပ်ပုံများကို သတင်းတွင် ကိုးကား ဖော်ပြထားသည်။

ရုပ်ပုံများတွင် မန္တလေးမြို့တွင် နေထိုင်သူများ မြင်နိုင်၊ကြားနိုင်လောက်အောင် နိမ့်သည့် အမြင့်တွင် ပျံသန်းနေသော ဒရုန်း အမျိုးအစား ၂ ခုကို ဖော်ပြထားသည်။

ဒရုန်းများသည် သတင်းအချက်အလက် စုစည်းရေးအပြင် ပြည်သူလူထုကို ခြိမ်းခြောက်ရန် ရည်ရွယ်သည့် စိတ်ဓာတ်စစ်ဆင်ရေး ဗျူဟာတခုအဖြစ် ပေါ်ထွက်လာခြင်းလည်း ဖြစ်နိုင်ကြောင်း သတင်းက ဆို သည်။

“တပ်မတော်အတွက် သူ့ဘာသာသူ ကြေညာ အုပ်ချုပ်နေပြီး ဆန့်ကျင်ခုခံမှုတွေ နေ့စဉ်နဲ့ အမျှ တိုးလာနေတဲ့ ပြည်သူလူထုကို ငြိမ်ကျသွားစေဖို့ အားထုတ်တဲ့ နေရာမှာ ဒီလို ပျက်စီးမှု ကြီးစေတဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေက အရေးပါတဲ့ အားသာချက်တခုကို ပေးပါတယ်” ဟု Jane’s က ဆိုသည်။

CH-3A UAV ဒရုန်း ၁၀ စီးမှ ၁၂ စီးကို မြန်မာနိုင်ငံသို့ အကြမ်းဖျင်းအားဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်းတွင် ပို့ပေးခဲ့ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာ လေတပ်စခန်းက ကိုင်တွယ်သည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြောင်း Jane’s က ရေးသည်။

တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ

တရုတ်နိုင်ငံသည် မြန်မာစစ်တပ်၏ အနီးကပ်ဆုံး မဟာမိတ်အဖြစ် ကာလရှည်ကြာစွာ တည်ရှိခဲ့သည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်‌များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို စစ်တပ်က ဖမ်းဆီး ထိန်းသိမ်း၍ အာဏာမသိမ်းမီ ရက်ပေါင်း ၂၀ ခန့် အလိုတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက နေပြည်တော်သို့ ရောက်ရှိစဉ် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

သူတို့၏ တွေ့ဆုံမှုအတွင်း ဗိုလ်ချုပ်မှူးကြီးက ရွေးကောက်ပွဲ မသမာမှုဆိုသည့် ပြောဆိုချက်နှင့် ပတ်သက်သော တပ်မတော်၏ တွေ့ရှိမှုများကို ဝမ်ယိသို့ ဝေမျှခဲ့သည်။

အာဏာသိမ်းခြင်းပြီး များမကြာမီ တရုတ်နိုင်ငံက မြန်မာစစ်တပ်၏ အာဏာရယူမှုသည် (စစ်အာဏာသိမ်းခြင်းအဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချကြသည့်တိုင်) အစိုးရအဖွဲ့ အပြောင်းအလဲ တခုအဖြစ်သာ ဖွင့်ဆိုခဲ့ပြီး ပြစ်တင်ရှုတ်ချရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အားထုတ်မှုတခုကို ရုရှားနိုင်ငံနှင့်အတူ ပိတ်ဆို့တားဆီးခဲ့သည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေး တခုတွင်လည်း ဘေ့ဂျင်းနှင့် ‌မော်စကိုတို့က စစ်ကောင်စီအပေါ် ဆက်လက် အကာအကွယ် ပေးခဲ့ကြပြီး ရွေးကောက်ခံ အစိုးရထံမှ အာဏာသိမ်းယူခြင်းသည် ပြည်တွင်းရေးကိစ္စ တခုသာဖြစ်သည်ဟု အခိုင်အမာ ပြောကြားခဲ့ကြသည်။

ထိုရပ်တည်ချက်က ရန်ကုန်တွင် တရုတ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်စေခဲ့ပြီး တရုတ် ဓာတ်ငွေ့ ပိုက်လိုင်း၊ စီးပွားရေး အကျိုးစီးပွားများနှင့် ၎င်း၏ နိုင်ငံသားများကို အကာအကွယ်ပေးရန် စစ်အစိုးရသို့ တရုတ်နိုင်ငံက တောင်းဆိုရသည့် အခြေအနေသို့ ရောက်စေခဲ့သည်။ မတ်လအတွင်းတွင် တရုတ်ပိုင် အထည်ချုပ် စက်ရုံများ မီးလောင်ခဲ့ရသည်။

တရုတ် ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ထားသည့် စက်ရုံ ၃၂ ခု ဖျက်ဆီးခံခဲ့ရပြီး အမေရိကန်ဒေါ်လာ ၃၇ သန်း (၅၂ ဘီလီယံ ကျပ်) ဖိုး ထိခိုက်ပျက်စီး ခဲ့သည်ဟု တရုတ်အစိုးရ၏ အာဘော်ဖြစ်သော Global Times သတင်းစာက ဆိုသည်။

စစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းအားဖြင့် မြန်မာနိုင်ငံမှ သွေးချောင်းစီးမှုများကို ရပ်တန့်ရန် လုံခြုံရေး ကောင်စီ၏ အားထုတ်မှုတခုကို တရုတ်နိုင်ငံက ထပ်မံပိတ်ဆို့ခဲ့ပြီးနောက် ယခုလအတွင်းတွင် မြန်မာနိုင်ငံမှ ဒီမိုကရေစီ ထောက်ခံသူများက ရန်ကုန်ရှိ တရုတ်သံရုံးကို ပိတ်ပစ်ရန် တောင်းဆိုခဲ့ကြသည်။

ထင်ရှားသည့် တက်ကြွလှုပ်ရှားသူများနှင့် နာမည်ကျော် လူသိများသူများက ဧပြီလ ၈ ရက် နှင့် ၉ ရက်တို့တွင် သူတို့၏ ဆိုရှယ်မီဒီယာ၌ “တရုတ်နိုင်ငံ မြန်မာက ထွက်သွား” ၊”တရုတ်သံရုံး ထွက်သွား” နှင့် “တရုတ် သံရုံး အလိုမရှိ၊ မြန်မာနိုင်ငံက အခု ထွက်သွား” ဟု ရေးသားခဲ့ကြသည်။

တရုတ်က CRPH သို့ ဆက်သွယ်ခြင်း

လက်ရှိ အကျပ်အတည်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုမှတဆင့် နိုင်ငံရေး အဖြေတခု ရှာဖွေရန် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးသို့ ဘေ့ဂျင်းက ထပ်တလဲလဲ တောင်းဆိုထားသည့် အချိန်တွင် ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ ကို ကိုယ်စားပြုသည့် ကော်မတီတခုမှ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရှိ တရုတ်သံရုံးက ပထမဆုံး အကြိမ်အဖြစ် စကားပြောခဲ့သည့် သတင်းကို ပြီးခဲ့သည့် အပတ်အတွင်း ဧရာဝတီက ဖော်ပြခဲ့ပါသည်။

ရန်ကုန်ရှိ တရုတ်သံရုံးမှ ကောင်စစ်ဝန်တဦး က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) မှ အဖွဲ့ဝင်များနှင့် ဖုန်းပြောခဲ့သည်။ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှု အပြီး စစ်အစိုးရ၏ တရားဝင်မှုကို စိန်ခေါ်သည့်အနေဖြင့် NLD လွှတ်တော်ကိုယ်စားလှယ်များက ထူထောင်ခဲ့သော CRPH က ပြည်တွင်းပြည်ပမှ လူကြိုက်များ ထောက်ခံမှုကို ရရှိနေသည်။

ဖုန်းခေါ်ဆိုမှုသည် ဖေဖော်ဝါရီ ၁ရက်နေ့တွင် စစ်တပ်က အာဏာရယူပြီး နောက်ပိုင်း၌ တရုတ်တာဝန်ရှိသူများနှင့် ဖယ်ရှားခံ NLD အစိုးရတို့ကြားမှ ပထမဆုံး ဆက်သွယ်မှုဖြစ်သည်။ ဘေဂျင်းမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံရန် CRPH က ယခင်က တောင်းဆိုခဲ့သည်။

ထိုသတင်း နောက်ပိုင်းတွင် တရုတ်သံရုံးက ၎င်းအနေဖြင့် စစ်တပ်က အုပ်ချုပ်သည့် မြန်မာနိုင်ငံတွင် အဖွဲ့အစည်း အားလုံးနှင့် ထိတွေ့မှုရှိခဲ့ပြီး ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနသို့ ဧပြီလ ၉ ရက်နေ့က ပြောကြားခဲ့သည်။

“ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးမှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံမှာ အခြေအနေ အေးချမ်းရေးနဲ့ တည်ငြိမ်မှု ထိန်းသိမ်းရေးကို မြှင့်တင်ဖို့၊ ကွဲပြားခြားနားမှုတွေကို ပြောဆိုညှိနှိုင်းခြင်းနဲ့ ဖြေရှင်းဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ဆက်လက်မောင်းနှင်ရေး အတွက် အခန်းကဏ္ဍမှာ ပါဝင်ဖို့ ဖြစ်ပါတယ်” ဟု ရိုက်တာသို့ ၎င်းကပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
51
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
814
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
227

အဆိုပါမှတ်ချက်သည် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ပဋိပက္ခ ပြေလည်စေရေး အဖွဲ့အစည်း အားလုံးနှင့် ထိတွေ့ဆောင်ရွက်ရန် ဆန္ဒရှိပြီး ဘက်လိုက်မည်မဟုတ်ဟု ဆိုသည့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၏ ပြီးခဲ့သည့် လအတွင်းက ကြေငြာချက်တခုကို ပဲ့တင်ထပ်ခြင်း ဖြစ်သည်။

“တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ ပြည်သူတို့ရဲ့ ဆန္ဒကို လေးစားခြင်း အပေါ်မှာ အခြေခံပြီး အဖွဲ့အစည်း အားလုံးနဲ့ ဆက်သွယ်ဖို့၊ ထိတွေ့ဆက်ဆံဖို့ ဆန္ဒ ရှိပါတယ်။ ဒါကြောင့် တင်းမာမှုများ လျော့ပါးရေးမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ ဆန္ဒရှိပါတယ်” ဟု ဝမ်ယိက တရုတ်နိုင်ငံမှ လွှတ်တော် ကိုယ်စားလှယ်များ၏ နှစ်ပတ်လည်တွေ့ ဆုံပွဲ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် စစ်အစိုးရအပေါ်တွင်ရော မြန်မာနိုင်ငံ မြောက်ပိုင်းနယ်စပ် တလျှောက်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပေါ်တွင်ပါ ဩဇာလွှမ်းမိုးမှု ရှိသည်ဟု အများစုက ယုံကြည်ကြသည်။

အကယ်၍ တရုတ်နိုင်ငံကသာ ထိုကဲ့သို့သော အခန်းကဏ္ဍ တခုကို ရှာဖွေနေခဲ့လျှင် မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများကို ရပ်တန့်နိုင်သည်ဟု ယခုအခါ ဘေးကင်း လုံခြုံသည့် နေရာများတွင် ရှိနေသည့် NLD ထိပ်တန်းခေါင်းဆောင်များက ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Chinese-Made Drones Reportedly Monitor Anti-Regime Protests in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြန်မာသို့ ရုရှားမှ (လက်နက်ခဲယမ်းများနှင့်အတူ) အချစ်များ

အထီးကျန်မှုများစွာနှင့် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ တပ်မတော်နေ့

ဆန္ဒပြသူတွေကို သူတို့က ရာဇဝတ်သားတွေလို မြင်ကြတယ်

Your Thoughts …
Tags: CH-3A UAVJane’s International Defence Reviewဆန္ဒပြပွဲများတရုတ်လုပ် ဒရုန်းများ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

LA ကို စစ်တပ် ထရမ့် စေလွှတ်မှု ဥပဒေနဲ့ ညီ မညီ

LA ကို စစ်တပ် ထရမ့် စေလွှတ်မှု ဥပဒေနဲ့ ညီ မညီ

by ဧရာဝတီ
10 June 2025
909

ယေဘုယျအားဖြင့် ဖက်ဒရယ်တပ်များကို အရေးပေါ်အခြေအနေမှအပ အမေရိကန် နိုင်ငံသားများအပေါ် အရပ်ဘက်တရားဥပဒေစိုးမိုးရေးတာဝန် ထမ်းဆောင်ရန် ခွင့်မပြုပေ။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပေါ်နေသောကြောင့်  စက်ရုံများ ပိတ်ကုန်ပြီး နိုင်ငံ့ကုန်ထုတ်လုပ်မှု ကျဆင်းသွားသည် / ဧရာဝတီ

မြန်မာနိုင်ငံ ကုန်ထုတ်လုပ်မှု ထိုးစိုက်ကျဆင်း

by ဧရာဝတီ
4 March 2021
26.3k

ကျဆင်းမှုများသည် IHS Markit က မြန်မာနိုင်ငံတွင် စစ်တမ်းစတင်ကောက်ယူသည့် လွန်ခဲ့သည့် ၅ နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးဖြစ်နေသည်။

မတ်လ ၁၅ ရက် ပစ်ခတ်မှုကြောင့် လှိုင်သာယာမြို့နယ်တွင် ဒဏ်ရာရထားသူတဦးကို သယ်ဆောင်လာစဉ် / ဧရာဝတီ

စစ်အာဏာသိမ်းမှုအပြီး သေဆုံးသူ ၁၈၀ ကျော်ပြီ

by ဧရာဝတီ
16 March 2021
10k

တနင်္လာနေ့တွင် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး ၇၄ ဦး သေဆုံးသော တနင်္ဂနွေနေ့က လူသေဆုံးမှု အများဆုံး ဖြစ်သည်။

တရုတ်အစိုးရ ဆန့်ကျင်ရေး ဟောင်ကောင်တွင် ဆန္ဒပြနေသူတဦး / Reuters

ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒကို တရုတ် နှိပ်ကွပ်နိုင်မလား

by Adam Ni
22 August 2019
9.1k

ပြဿနာက တရုတ်အစိုးရ ကိုယ်တိုင် ဖြစ်သည်။ တရုတ်အစိုးရက တနိုင်ငံ စနစ်၂ မျိုး မူဘောင်ကို စနစ်တကျ ဖျက်ဆီးခြင်းအားဖြင့် လက်ရှိ ပြဿနာကို ဖန်တီးပေးခဲ့သည်။

ဆန္ဒပြပွဲများကို နှိမ်နင်းရန် ဘန်ကောက်မြို့လည်တွင် ယနေ့မနက်ပိုင်းက ရဲတပ်ဖွဲ့အား ချထားစဉ် / Getty Images

ထိုင်းနိုင်ငံတွင် ဆန္ဒပြပွဲများကြောင့် အရေးပေါ်အခြေအနေကြေညာ

by ဧရာဝတီ
15 October 2020
10.7k

ထိုအရေးပေါ်အခြေအနေအမိန့်သည် လူ ၄ ဦးထက် ပိုမိုစုဝေးခြင်းကို တားမြစ်ပြီး နံနက် ၄ နာရီတွင် စတင် သက်ရောက်သည်။

Next Post
မန္တလေးမြို့ ဆူးလေဗလီဝင်း ပစ်ခတ်မှုတွင် သေဆုံးသူအား သယ်ဆောင်လာစဉ်(C J)

မန္တလေးဗလီဝင်းအတွင်း ပစ်ခတ်မှု ၁ ဦးသေ၊ ၄ဦးဒဏ်ရာရ

မြန်မာနိုင်ငံတွင် ရဲနှင့် တရားရုံးများက စစ်အုပ်ချုပ်ရေး ဖိနှိပ်မှုယန္တရားများ ပြန်ဖြစ်လာနေသည်/ဧရာဝတီ

စစ်အုပ်ချုပ်ရေးအောက်မှာ လွတ်လပ်တဲ့ တရားစီရင်ရေး မရှိပါ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved