လပေါင်းများစွာကြာပြီဖြစ်သည့် လူငယ်များဦးဆောင်သည့် ဆန္ဒပြပွဲများအပေါ် အစိုးရ၏ သဘောထားပြောင်းလဲသွားပြီး ကြာသပတေးနေ့အစောပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်တွင် ပြင်းထန်သော အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာလိုက်ပြီး အစိုးရအဖွဲရုံးကို ဝိုင်းထားသည့် ဆန္ဒပြသူ ထောင်ပေါင်းများစွားကို ရှင်းလင်းလိုက်သည်။
ထိုအရေးပေါ်အခြေအနေအမိန့်သည် လူ ၄ ဦးထက် ပိုမိုစုဝေးခြင်းကို တားမြစ်ပြီး နံနက် ၄ နာရီတွင် စတင် သက်ရောက်သည်။
“ဥပဒေကိုလေးစားပြီး ပြည်သူလူထု ငြိမ်ဝပ်ပိပြားမှုရှိစေရန်နှင့် အခြေအနေကို ထိန်းချုပ်ရန် ယခုအပြုအမူကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရေးအတွက် အရေးပေါ်အစီအမံများရှိရန်အရေးကြီးသည်” ဟု ကြေညာချက်တွင် ဖေါ်ပြထားသည်။ ထိုကြေညာချက်ကို ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာ၏ အမည်ဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။
လူ့အခွင့်အရေး ရှေ့နေ အာနွန် နမ်ပ နှင့် ကျောင်းသားခေါင်းဆောင် ပရစ် ပင်ဂွင်း ချီဝါရက်တို့ အပါအဝင် ဆန္ဒပြပွဲများ၏ အဓိက ခေါင်းဆောင်များကို အစိုးရဆန့်ကျင်သည့် စွပ်စွဲချက်များဖြင့် နံနက် ၄ နာရီခွဲတွင် ဖမ်းဆီးလိုက်သည်။ ထိုသို့ဖမ်းဆီးပြီးနောက် အစိုးရအဖွဲ့ရုံးအနီးတွင် ဝိုင်းထားသော ဆန္ဒပြသူအချို့ လူစုကွဲသွားသည်။
မိဖုရား ဆူသီတာ ကိုတင်ဆောင်လာသော တော်ဝင်မိသားစု ယာဉ်တန်းသည် တနေရာတွင် ဆန္ဒပြသူများနှင့် ရင်ဆိုင်တွေ့ပြီး ချီတက်လာသောဆန္ဒပြသူများက တောင်းဆိုချက် ၃ ခုကိုကိုယ်စားပြုသည့် The Hunger Games ရုပ်ရှင်နှင့်စာအုပ်များမှ အတိုင်း လက်ချောင်းသုံးချောင်ထောင်ပြကြသည်။ မိဖုရားက ပြုံးပြီး လက်ဝှေ့ရမ်းပြသည်။
ထိုဆန္ဒပြပွဲတွင် တောင်းဆိုချက် ၃ ခုရှိပြီး ပရာယွဒ်နှင့် သူ၏ အစိုးရနုတ်ထွက်ရန်၊ ပြည်သူလူထု၏ ကိုယ်စားများက ရေးဆွဲသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင် မဟာဘာဂျီယာလောင်ကွန်၏ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန်တို့ဖြစ်ပြီး ဘုရင်စနစ်ဖျက်သိမ်းရန် ပါဝင်ခြင်းမရှိပေ။
မူလက ဆန္ဒပြသူများသည် ဘန်ကောက်မှ အုပ်ချုပ်ရေးအချက်အခြားဖြစ်သည့် ဒီမိုကရေစီအထိမ်းအမှတ်နေရာတွင် ဗုဒ္ဓဟူးနေ့က စုဝေးနေကြသည်။ ထိုနောက်လူအုပ်ကြီးသည် အစိုးရအဖွဲ့ရုံးသို့ချီတက်ပြီး ညနေခင်းအစောပိုင်းတွင် ထိုနေရာသို့ရောက်လာသည်။
မိဖုရား ဆူသီတာ ကိုတင်ဆောင်လာသော တော်ဝင်မိသားစု ယာဉ်တန်းသည် တနေရာတွင် ဆန္ဒပြသူများနှင့် ရင်ဆိုင်တွေ့ပြီး ချီတက်လာသောဆန္ဒပြသူများက တောင်းဆိုချက် ၃ ခုကိုကိုယ်စားပြုသည့် The Hunger Games ရုပ်ရှင်နှင့်စာအုပ်များမှ အတိုင်း လက်ချောင်းသုံးချောင်ထောင်ပြကြသည်။ မိဖုရားက ပြုံးပြီး လက်ဝှေ့ရမ်းပြသည်။
တော်ဝင်မိသားစုယာဉ်တန်းသည် ပြဿနာတစုံတရာမရှိဘဲ ဖြတ်သန်းသွားသော်လည်း အာဏာပိုင်များက ထိုဖြစ်ရပ်ကို ပြင်းထန်သော ဥပဒေချိုးဖေါက်မှုဟု သတ်မှတ်ကာ ဖြိုခွဲရန် လုပ်ဆောင်သည်။ “တော်ဝင်မိသားစု ယာဉ်တန်းကို ထိခိုက်စေသော အပြုအမူဖြစ်ခဲ့ပြီး နိုင်ငံတော်လုံခြုံရေး၊ ပြည်သူများနှင့် နိုင်ငံတော် အသက်အိုးအိမ်စည်းစိမ်များကို ဘေးအန္တရာယ် ကင်းရှင်းရေးကို ထိခိုက်စေသည့် အကြမ်းဖက်အပြုအမူများရှိသည်ဟု ယုံကြည်ရသည့် အကြောင်းရင်းများ ရှိသည်” ဟု အစိုးရ၏ ကြေညာချက်ကို ကနဦး ဘာသာပြန်ရာတွင် ဖေါ်ပြထားသည်။
သူ့ကို မဖမ်းဆီးမီ ကြာသပတေးနေ့ နံနက် ၄ နာရီတွင် အာနွန်က လူအုပ်ကြီးကို ဘန်ကောက်၏ စီးပွားရေး အချက်အခြာ ရက်ချာပရာဆောင်လမ်းဆုံသို့ ပြောင်းရွှေ့ရန် တောင်းဆိုသည်။ ဖမ်းဆီးခံထားရသည့် အခြားသော ဆန္ဒပြပွဲခေါင်းဆောင်ဖြစ်သူ ပန်နုဆာရာ ဆီသီဂျာရာဝပ်တန်နာကူ ကလည်း အဖမ်းမခံရပြီး ဗီဒီယို တခုတင်ခဲ့ပြီး ဆန္ဒပြပွဲများကို စီစဉ်ထားသည့်အတိုင်း ဆက်လုပ်ရန် လူထုကို တိုက်တွန်းသည်။
ထိုဆန္ဒပြပွဲဖြစ်လာလျှင် ဥပဒေစိုးမိုးရေး အသိုင်းအဝန်းက ဖြိုခွဲမည့် အခြေအနေရှိသည်။
ထိုင်းနိုင်ငံတွက် ကိုဗစ်-၁၉ ထိန်းချုပ်ရန် မတ်လကပင် အရေးပေါ်အခြေအနေကြေညာထားပြီး အများအားဖြင့် ရောဂါထိန်းချုပ်မှုများအောင်မြင်သည်။ ထိုင်းတွင် ကိုဗစ်-၁၉ ကူးစက်မှု ၃၆၅၂ ခုရှိပြီး လူ ၅၉ ဦးသေဆုံးသည်။ သို့သော် ကမ္ဘာ့ခရီးသွားလုပ်ငန်း ရပ်ဆိုင်းသွားသောကြောင့် ထိုလုပ်ငန်းကို မှီခိုနေသည့် စီးပွားရေး ထိခိုက်ရသည်။ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုသည် ယခုနှစ် ဒုတိယ သုံးလပတ်တွင် ၁၂.၂ ရာခိုင်နှုန်း ကျဆင်းသည်။
ကိုရိုနာဗိုင်းရပ်စ်အတွက် ကန့်သတ်ချက်များသည် လူအများစုဝေးခြင်းကို ပိတ်ပင်ထားသော်လည်း ဇူလိုင်လမှ စတင်သည့် လူငယ်များဦးဆောင်သည့် ဆန္ဒပြပွဲများကို အာဏာပိုင်များက တင်းကျပ်သည့် ထိန်းချုပ်မှုများ လုပ်ဆောင်ခြင်း မရှိခဲ့ပေ။
ကြာသပတေးနေ့က ထုတ်ပြန်သည့် အရေးပေါ်အခြေအနေကြေညာချက်တွင်မူ “ထိတ်လန့်မှုဖြစ်သော သို့မဟုတ် ရည်ရွယ်ချက်ဖြင့် သရုပ်ဖျက်သည့် သတင်းစကားပါဝင်သော၊ အမျိုးသားလုံခြုံရေးနှင့် ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေသည့် နားလည်မှုလွဲမှားစေသော သတင်း၊ အခြားမီဒီယာနှင့် အီလက်ထရွန်းနစ် သတင်းအချက်အလက် ထုတ်ဝေခြင်းကိုလည်း ပိတ်ပင်”လိုက်သည်။
ကိုးကား။ ။ Nikkei Asia
You may also like these stories:
ဘုရင်စနစ်နှင့် နိုင်ငံရေး အပြောင်းအလဲလုပ်ရန် ထိုင်းဆန္ဒပြသူများ တောင်းဆို
ကြင်ရာတော်ကို ထိုင်းဘုရင် ဘာကြောင့် ဘွဲ့ပြန်သိမ်းသလဲ
ထိုင်းကျောင်းသားဆန္ဒပြပွဲတွေက လမ်းမပေါ်ရော အွန်လိုင်းမှာပါ ကြီးထွားနေ