• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

LA ကို စစ်တပ် ထရမ့် စေလွှတ်မှု ဥပဒေနဲ့ ညီ မညီ

by ဧရာဝတီ
10 June 2025
in ဆောင်းပါး
A A
LA ကို စစ်တပ် ထရမ့် စေလွှတ်မှု ဥပဒေနဲ့ ညီ မညီ

ကယ်လီဖိုးနီးယား အမျိုးသားအစောင့်တပ် စစ်သား ၂၀၀၀ ကို လော့စ်အိန်ဂျယ်လိစ်တွင် သမ္မတ ဒေါ်နယ်ထရမ့် ဖြန့်ကျက်ချထားခဲ့သည်/Getty Images

909
VIEWS
Share on FacebookShare on Twitter

ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ် ကန့်ကွက်သော်လည်း လူဝင်မှုကြီးကြပ်ရေး ဆန္ဒပြပွဲများကို တုံ့ပြန်ရန် ကယ်လီဖိုးနီးယား အမျိုးသားအစောင့်တပ် စစ်သား ၂၀၀၀ ကို လော့စ်အိန်ဂျယ်လိစ်တွင် သမ္မတ ဒေါ်နယ်ထရမ့် ဖြန့်ကျက်ချထားခဲ့သည်။

ဆန္ဒပြပွဲများကို နှိမ်နင်းရန် ထရမ့်က အမျိုးသားအစောင့်တပ်ကို အသုံးပြုခြင်းသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ၂၀၂၀ ခုနှစ်တွင် ဂျော့ဖလွိုက်ကို မင်နီယာပိုလစ် ရဲအရာရှိများက သတ်ဖြတ်သောကြောင့် ဖြစ်လာသည့် ဆန္ဒပြပွဲများကို တုံ့ပြန်ရန် ထရမ့်က ပြည်နယ် အများအပြားမှ အမျိုးသားအစောင့်တပ်များကို ဝါရှင်တန် ဒီစီသို့ စေလွတ်ပေးရန် ပြည်နယ်အုပ်ချုပ်ရေးမှူးများကို တောင်းဆိုခဲ့ဖူးသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး အများအပြားသဘောတူကြပြီး ထိုဖက်ဒရယ်ခရိုင်သို့ တပ်များ စေလွှတ်ကြသည်။ ငြင်းဆန်သော ပြည်နယ်အုပ်ချုပ်ရေးမှူးများလည်း ရှိသည်။

တပ်များကို ဖက်ဒရယ်အစိုးရက ထိန်းချုပ်ခြင်းသည် ကယ်လီဖိုးနီးယားမှ “ဥပဒေမဲ့မှု”ကို ဖြေရှင်းရန် လိုအပ်သည်ဟု ထရမ့်ပြောသော်လည်း ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူး နယူးဆမ်က ထိုစစ်သားများ စေလွှတ်ခြင်းသည် လူထု ဒေါသကို ဆွပေးပြီး တင်းမာမှု ပိုမိုမြင့်မားခြင်းသာဖြစ်စေမည်ဟု ပြောသည်။

သို့သော် ယခုတကြိမ်တွင် ထရမ့်သည် ပုံမှန်အခြေအနေတွင် ကယ်လီဖိုးနီးယား အမျိုးသားအစောင့်တပ်ကို ထိန်းချုပ်ကွပ်ကဲသည့် နယူးဆမ်ကို ဆန့်ကျင်ဆောင်ရွက်သည်။ တပ်များကို ဖက်ဒရယ်အစိုးရက ထိန်းချုပ်ခြင်းသည် ကယ်လီဖိုးနီးယားမှ “ဥပဒေမဲ့မှု”ကို ဖြေရှင်းရန် လိုအပ်သည်ဟု ထရမ့်ပြောသော်လည်း ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူး နယူးဆမ်က ထိုစစ်သားများ စေလွှတ်ခြင်းသည် လူထု ဒေါသကို ဆွပေးပြီး တင်းမာမှု ပိုမိုမြင့်မားခြင်းသာဖြစ်စေမည်ဟု ပြောသည်။

အမေရိကန်မြေတွင် တပ်များဖြန့်ကျက်ခြင်းကို သမ္မတက မည်သည့်အချိန်တွင် မည်သို့ လုပ်နိုင်သည်ကို အောက်တွင်ဖေါ်ပြထားသည်။

ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ လော့စ်အိန်ဂျယ်လိစ်တွင် ထိပ်တိုက်တွေ့နေစဉ်/AFP

ဥပဒေများ အနည်းငယ် မရေရာ

ယေဘုယျအားဖြင့် ဖက်ဒရယ်တပ်များကို အရေးပေါ်အခြေအနေမှအပ အမေရိကန် နိုင်ငံသားများအပေါ် အရပ်ဘက်တရားဥပဒေစိုးမိုးရေးတာဝန် ထမ်းဆောင်ရန် ခွင့်မပြုပေ။

ပုန်ကန်မှု ဥပဒေဟု ခေါ်သည့် ၁၈ ရာစုနှစ် စစ်အတွင်း ဥပဒေသည် ပုန်ကန်မှု သို့မဟုတ် မငြိမ်သက်မှုအတွင်း စစ်တပ် သို့မဟုတ် အမျိုးသားအစောင့်တပ်ကို သမ္မတက အသုံးပြုနိုင်သည့် အဓိက ဥပဒေယန္တရားဖြစ်သည်။ သို့သော် ထရမ့်သည် စနေနေ့တွင် ပုန်ကန်မှုဥပဒေကို အသုံးပြုခြင်း မရှိပေ။

ထိုဥပဒေကို အသုံးပြုမည့်အစား ထရမ့်သည် အခြေအနေအချို့တွင် အမျိုးသား အစောင့်တပ်ကို ဖက်ဒရယ်အစိုးရက အသုံးပြုရန် သမ္မတကို ခွင့်ပြုသည့် အလားတူ ဖက်ဒရယ်ဥပဒေတခုကို သုံးသည်။ သူသည် ကယ်လီဖိုးနီးယား အမျိုးသား အစောင့်တပ် တစိတ်တပိုင်းကို အမှတ် ၁၀ လုပ်ပိုင်ခွင့်ဟုခေါ် သည့် ဥပဒေအရ ဖက်ဒရယ်ထိန်းချုပ်မှုအောက်တွင် ထားပြီး ထိုဥပဒေအရ ထရမ့်သည် အမိန့်ပေးကွပ်ကဲမှု ထိပ်ဆုံးနေရာသို့ရောက်သွားသောကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အမိန့်ကွပ်ကဲမှု ထိပ်ဆုံးတွင် မရှိတော့ကြောင်း နယူးဆမ် ရုံး၏ ပြောကြားချက်အရ သိရသည်။

အမျိုးသားအစောင့်တပ်သည် ပြည်နယ်နှင့် ဖက်ဒရယ်အကျိုး ၂ ခုလုံးကို ထမ်းဆောင်သည့် ၂ မျိုးသုံး အဖွဲ့အစည်းဖြစ်သည်။ အများအားဖြင့် ထိုတပ်သည် ပြည်နယ် ကွပ်ကဲထိန်းချုပ်မှုအောက်တွင်ရှိပြီး ပြည်နယ်ရန်ပုံငွေကို အသုံးပြုသည်။ တခါတရံ အမျိုးသား အစောင့်တပ်များကို ၎င်းတို့ပြည်နယ်က ဖက်ဒရယ်တာဝန်များ ထမ်းဆောင်ရန် တာဝန်ပေးပြီး ပြည်နယ်ထိန်းချုပ်မှုအောက်တွင်သာ ရှိသော်လည်း ဖက်ဒရယ် ရန်ပုံငွေကို အသုံးပြုသည်။

အမျိုးသားအစောင့်တပ်သည် ပြည်နယ်နှင့် ဖက်ဒရယ်အကျိုး ၂ ခုလုံးကို ထမ်းဆောင်သည့် ၂ မျိုးသုံး အဖွဲ့အစည်းဖြစ်သည်။ အများအားဖြင့် ထိုတပ်သည် ပြည်နယ် ကွပ်ကဲထိန်းချုပ်မှုအောက်တွင်ရှိပြီး ပြည်နယ်ရန်ပုံငွေကို အသုံးပြုသည်။ တခါတရံ အမျိုးသား အစောင့်တပ်များကို ၎င်းတို့ပြည်နယ်က ဖက်ဒရယ်တာဝန်များ ထမ်းဆောင်ရန် တာဝန်ပေးပြီး ပြည်နယ်ထိန်းချုပ်မှုအောက်တွင်သာ ရှိသော်လည်း ဖက်ဒရယ် ရန်ပုံငွေကို အသုံးပြုသည်။

ထရမ့်၏ကြေညာချက်တွင် ကိုးကားသည့် ဥပဒေအရ အမျိုးသား အစောင့်တပ်ကို ဖက်ဒရယ် ထိန်းချုပ်မှုအောက်တွင် ထားသည်။ ထိုသို့လုပ်ရန် အခြေအနေ ၃ ခုအောက်တွင် ခွင့်ပြုသည်ဟု ထိုဥပဒေတွင် ဖေါ်ပြသည်။ အမေရိကန်ပြည်ထောင်စု ကျူးကျော်ခံရသောအခါ သို့မဟုတ် ကျူးကျော်ခံရမည့် အန္တရာယ်ရှိသောအခါ၊ အမေရိကန်အစိုးရ၏ အာဏာကို ဆန့်ကျင်ပုန်ကန်မှု သို့မဟုတ် ပုန်ကန်မှုအန္တရာယ်ရှိသောအခါ သို့မဟုတ် အစိုးရက ပုံမှန်တပ်များဖြင့် အမေရိကန် ပြည်ထောင်စုဥပဒေကို အကောင်အထည် မဖေါ်နိုင်သောအခါတို့တွင်ဖြစ်သည်။

သို့သော် ထိုကိစ္စများအတွက် အမိန့်များကို ပြည်နယ်အုပ်ချုပ်ရေးမှူးများမှတဆင့် ထုတ်ပြန်ရမည်ဟု ထိုဥပဒေတွင် ဖေါ်ပြထားသည်။ သို့သော် သမ္မတသည် ထိုပြည်နယ်၏ အုပ်ချုပ်ရေးမှူးအမိန့်မပါဘဲ အမျိုးသားအစောင့်တပ်ကို သုံးနိုင်သည် မသုံးနိုင်သည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

သမ္မတ ဒေါ်နယ်ထရမ့်၏ ရွှေ့ပြောင်းအလုပ်သမား ဖမ်းဆီးမှုအား နယူးယောက်တွင် ဆန္ဒပြနေစဉ်/AFP

အမျိုးသားအစောင့်တပ်၏ အခန်းကဏ္ဍကို ကန့်သတ်

RelatedPosts

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
99
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
1.8k

မှတ်သားစရာကောင်းသည်မှာ ထရမ့်၏ကြေညာချက်တွင် အမျိုးသားအစောင့်တပ်သည် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထမ်းဆောင်ခြင်း မဟုတ်ဘဲ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ဥပဒေစိုးမိုးရေး (ICE) အရာရှိများ ဥပဒေအကောင်အထည်ဖေါ်ရာတွင် ၎င်းတို့ကိုကာကွယ်ခြင်းဖြင့် အထောက်အကူပေးသည့် အခန်းမှ ပါဝင်မည်ဟုပြောသည်။

ထရမ့်သည် ပုန်ကန်မှုဥပဒေကို အသုံးမပြုပါက အမျိုးသားအစောင့်တပ်များသည် သာမန် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ တရားဝင် လုပ်ကိုင်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်ဟု ဂျော့တောင်းတက္ကသိုလ် ဥပဒေဌာန စစ်ဘက်တရားဥပဒေနှင့် အမျိုးသား လုံခြုံရေး ဥပဒေ အထူးပြု ပါမောက္ခ စတိဗ် ဗလာဒက် ပြောသည်။

ထိုသို့ဖြစ်ရခြင်းမှာ ထရမ့်သည် ပုန်ကန်မှုဥပဒေကို အသုံးမပြုပါက အမျိုးသားအစောင့်တပ်များသည် သာမန် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ တရားဝင် လုပ်ကိုင်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်ဟု ဂျော့တောင်းတက္ကသိုလ် ဥပဒေဌာန စစ်ဘက်တရားဥပဒေနှင့် အမျိုးသား လုံခြုံရေး ဥပဒေ အထူးပြု ပါမောက္ခ စတိဗ် ဗလာဒက် ပြောသည်။

တပ်ဖွဲ့များသည် ကာကွယ်ပေးသည့် တာဝန်ထမ်းဆောင်စဉ် အင်အား အသုံးပြုရသည့် အခြေအနေရောက်သွားစေနိုင်သည့် အန္တရာယ်ရှိကြောင်း ဗလာဒက် ပြောသည်။ ထိုလုပ်ရပ်သည် လမ်းမများတွင် တပ်များကို ပိုမိုပြင်းထန်စွာ ဖြန့်ကျက်သည့် အခြားအခြေအနေများ၏ ရှေ့ပြေးလည်း ဖြစ်နိုင်သည်ဟု သူက သူ့ဝက်ဆိုက်တွင် ရေးသားသည်။

“ဒီတပ်ဖွဲ့တွေကို ဆန္ဒပြပွဲရဲ့ပစ်မှတ်ဖြစ်တဲ့ ICE အရာရှိတွေ ကိုယ်တိုင်မလုပ်နိုင်တဲ့ ဘာကိုမှ လုပ်ခွင့်မပေးဘူး” ဟု ဗလာဒက်ရေးသည်။

ယခင်ကလည်း တပ်များကို အသုံးပြုဖူး

ပုန်ကန်မှုဥပဒေနှင့် ၎င်းနှင့် ဆက်စပ်ဥပဒေများကို ကျောင်းများတွင် ခွဲခြားမှု ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားများကို ကာကွယ်ရန် အသုံးပြုဖူးသည်။ သမ္မတ အိုက်ဆင်ဟောင်ဝါသည် ဗဟိုအထက်တန်းကျောင်းတွင် စုဝေးနေသည့် လူမည်း ကျောင်းသားများကို ကာကွယ်ရန် အာကင်းစပ်ပြည်နယ် လစ်တဲရော့သို့ အမှတ် ၁၀၁ လေကြောင်းချီတပ်ကို စေလွှတ်ခဲ့သည်။ ထိုပြည်နယ် အုပ်ချုပ်ရေးမှူးက ထိုကျောင်းသားများကို ထိုကျောင်းမှ မောင်းထုတ်ရန် အမျိုးသား အစောင့်တပ်ကို အသုံးပြုပြီးနောက် စေလွှတ်ခြင်းဖြစ်သည်။

ဂျော့အိတ်ဒဗယူဘုရှ်သည် ၁၉၉၂ ခုနှစ်က လော့စ်အိန်ဂျယ်လိစ်မှ အဓိကရုဏ်းများ နှိမ်နင်းရန် ပုန်ကန်မှုဥပဒေကို သုံးခဲ့ဖူးသည်။ လူမည်းကားသမား ရော့ဒနီကင်းကို ရိုက်နှက်သည်ကို ဗီဒီယူရိုက်ကူးခံရသည့် လူဖြူရဲအရာရှိများအား အမှုမှ လွှတ်ပေးသောကြောင့် ထိုအဓိကရုဏ်းများဖြစ်ပွားသည်။

အမျိုးသားအစောင့်တပ်များကို ကိုဗစ်နိုင်တင်း ကပ်ရောဂါ၊ ဟာရီကိန်းမုန်တိုင်းနှင့် အခြား သဘာဝဘေးအန္တရာယ်များ အပါအဝင် အရေးပေါ်အခြေအနေအမျိုးမျိုးကြောင့် ဖြန့်ကျက်ခဲ့ဖူးသည်။ သို့သော် ယေဘုယျအားဖြင့် ထိုသို့တပ်များဖြန့်ကျက်ခြင်းကို သက်ဆိုင်ရာပြည်နယ်အုပ်ချုပ်ရေးမှူးများ၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်သည်။

အမျိုးသားအစောင့်တပ်များကို ကိုဗစ်နိုင်တင်း ကပ်ရောဂါ၊ ဟာရီကိန်းမုန်တိုင်းနှင့် အခြား သဘာဝဘေးအန္တရာယ်များ အပါအဝင် အရေးပေါ်အခြေအနေအမျိုးမျိုးကြောင့် ဖြန့်ကျက်ခဲ့ဖူးသည်။ သို့သော် ယေဘုယျအားဖြင့် ထိုသို့တပ်များဖြန့်ကျက်ခြင်းကို သက်ဆိုင်ရာပြည်နယ်အုပ်ချုပ်ရေးမှူးများ၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်သည်။

ကယ်လီဖိုးနီးယား အမျိုးသားအစောင့်တပ် စစ်သားများ/AP

ထရမ့်က စစ်တပ်ကို ပြည်တွင်းတွင် သုံးရန် စိတ်အားထက်သန်

အမေရိကန် တပ်များကို လော့စ်အိန်ဂျယ်လိစ်သို့ စေလွှတ်မည်လားဟု တနင်္ဂနွေနေ့တွင် ထရမ့်ကိုမေးသောအခါ သူက “ကျနော်တို့ နေရာတိုင်းမှာ တပ်တွေ ရှိနေရမယ်။ ကျနော်တို့ နိုင်ငံမှာ ဒီလိုဖြစ်နေတာ ခွင့်မပြုဘူး။ ဘိုင်ဒင်ခေတ်ကလို နိုင်ငံ အစိတ်စိတ် အမွှာမွှာဖြစ်နေတာ ခွင့်ပြုမှာ မဟုတ်ဘူး” ဟု သူပြောသော်လည်း အသေးစိတ် ပြောကြားခြင်း မရှိပေ။

၂၀၂၀ ခုနှစ်တွင် ထရမ့်သည် ဂျော့ဖလွိုက်ကို မင်နီယာပိုလစ် ရဲအရှိများက သတ်ဖြတ်ပြီးနောက် ပေါ်ပေါက်လာသည့် ဆန္ဒပြပွဲများကို နှိမ်နင်းရန် အမျိုးသားအစောင့်တပ်များကို ဝါရှင်တန်ဒီစီတွင် ဖြန့်ကျက်ရန် ပြည်နယ်အများအပြားမှ အုပ်ချုပ်ရေးမှူးများကို ပြောသည်။ အုပ်ချုပ်ရေးမှူး အများအပြား သဘောတူပြီး တပ်များကို စေလွှတ်ကြသည်။

ထိုစဉ်က မင်နီယာပိုလစ်တွင် ဖလွိုက်သေဆုံးပြီးနောက်ဖြစ်လာသည့် ဆန္ဒပြပွဲများအတွက် ထရမ့်သည် ပုန်ကန်မှုဥပဒေကို အသုံးပြုမည်ဟု ခြိမ်းခြောက်ပြီး ခေတ်သစ်အမေရိကန် သမိုင်းတွင် ရှားပါးသော ကိစ္စဖြစ်သည်။ သို့သော် ထိုစဉ်က ကာကွယ်ရေးဝန်ကြီး မတ်ခ် အက်စပါက ထိုဥပဒေကို အလွန်အရေးပေါ် အခြေအနေ ဆိုးရွားမှသာ သုံးသင့်သည်ဟု ပြောပြီး ကန့်ကွက်သည်။

ထရမ့်သည် သူ၏ ပထမသက်တမ်းအတွင်း ပုန်ကန်မှုဥပဒေကို အသုံးမပြုခဲ့ပေ။

သို့သော် ဒုတိယ သက်တမ်းအတွက် မဲဆွယ်သောအခါ ထိုအခြေအနေပြောင်းသွားမည်ဟု သူပြောသည်။ သူသည် သူ၏ ပထမသက်တမ်းအတွင်း မြို့ကြီးများနှင့် ပြည်နယ်များမှ အကြမ်းဖက်မှုများကို နှိမ်နင်းရန် စစ်တပ်ကို အသုံးပြုခြင်းမှ တားဆီးခံရကြောင်း ထရမ့်က အိုင်အိုဝါမှ ပရိသတ်များကို ၂၀၂၃ ခုနှစ်တွင် ပြောသည်။ နောက်သက်တမ်းတွင် ထိုအခြေအနေမျိုးဖြစ်လာပါက “ကျနော် ကြည့်နေမှာ မဟုတ်ဘူး” ဟု သူပြောသည်။

လူဝင်မှုကြီးကြပ်ရေး တရားဥပဒေ စိုးမိုးမှုကို ဆောင်ရွက်ရန် အမျိုးသားအစောင့်တပ်များကို ဖြန့်ကျက်မည်ဟုလည်း ထရမ့်ကတိပြုပြီး သူ၏ ထိပ်တန်း အကြံပေး စတီဖင်မေးလားက ထိုကိစ္စကို မည်သို့ဆောင်ရွက်မည်ကို ရှင်းပြသည်။ ထောက်ခံတဲ့ ရီပတ်ဗလစ်ကန် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက လိုက်ပါဆောင်ရွက်ခြင်း မရှိတဲ့ အနီးနားက ပြည်နယ်တွေကို တပ်တွေစေလွှတ်မယ်ဟု မေးလားက The Charlie Kirk Show တွင် ၂၀၂၃ ခုနှစ်ကပြောသည်။

အမျိုးသားအစောင့်တပ်များကို ဖက်ဒရယ်အစိုးရက အသုံးပြုကြောင်း စနေနေ့တွင် ထရမ့်ကြေညာပြီးနောက် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က အခြားအစီအမံများ ထပ်မံ ဆောင်ရွက်နိုင်ကြောင်းပြောသည်။

အမျိုးသားအစောင့်တပ်များကို ဖက်ဒရယ်အစိုးရက အသုံးပြုကြောင်း စနေနေ့တွင် ထရမ့်ကြေညာပြီးနောက် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က အခြားအစီအမံများ ထပ်မံ ဆောင်ရွက်နိုင်ကြောင်းပြောသည်။

ပန်ဒလယ်တန်တပ်စခန်းမှ မရိန်းစစ်သားများကို တပ်လှန့်ထားပြီး အကြမ်းဖက်မှု ဆက်လက်ဖြစ်နေပါက ဖြန့်ကျက်မည်ဟု ဟက်ဆက်က X လူမှုကွန်ရက်တွင်ရေးသားသည်။

(AP သတင်း What to know about Trump’s deployment of National Guard troops to LA protests ကို ဘာသာပြန်သည်။)

You may also like these stories:

ထရမ့်နဲ့ အီလွန်မတ် ဇာတ်ခေါင်းကွဲပြီ (ရုပ်/သံ)

ထရမ့်နှင့် အီလွန်မတ်စ်တို့၏ အွန်လိုင်းပေါ်က ရန်ပွဲ

ရုရှားလေယာဉ်များအား ဖျက်ဆီးခဲ့သော ယူကရိန်း၏ ပင့်ကူအိမ် စစ်ဆင်ရေး

ဘင်္ဂလားဒေ့ရှ် ဒီမိုကရေစီ အားသစ်လောင်းနေရ

ဘက်လိုက်မှုနှင့် ဆင်ဆာကြောင့် အစ္စရေးများ ဂါဇာအငတ်ဘေးအပေါ် အမြင်လွဲ

Your Thoughts …
Tags: LAကယ်လီဖိုးနီးယားဆန္ဒပြပွဲများထရမ့်ရွှေ့ပြောင်းအလုပ်သမား ဖမ်းဆီးမှုအမျိုးသားအစောင့်တပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

by ဧရာဝတီ
15 March 2025
7.4k

မကြာသေးခင် ကလည်း ဖက်ဒရယ် လုပ်သား အင်အားလျှော့ချမှုမှာ မတ်စ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍကြောင့် အမေရိကန်မှာ Tesla ကို ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

USAGM အထူးအကြံပေး ကာရီလိတ် က ထရမ့် ခြေရာ နင်းမယ့်သူလား

USAGM အထူးအကြံပေး ကာရီလိတ် က ထရမ့် ခြေရာ နင်းမယ့်သူလား

by ဧရာဝတီ
23 March 2025
2.7k

ကာရီလိတ်ဟာ နှစ် ၃၀ နီးပါး မီဒီယာလောကမှာ ကျင်လည်ခဲ့ကာ နိုင်ငံရေး လောကကို ဝင်ရောက်လာခဲ့ပြီး သတင်း မီဒီယာ သမားတွေကို အမြင် မကြည်တဲ့သူလည်း ဖြစ်ပါတယ်။

အီလွန်မတ်စ် ကို တက်စ်လာ ရဲ့ CEO နေရာကနေ ဆင်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာ

အီလွန်မတ်စ် ကို တက်စ်လာ ရဲ့ CEO နေရာကနေ ဆင်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာ

by ဧရာဝတီ
22 March 2025
2.6k

“တက်စ်လာ က CEO အသစ် လိုနေပြီလို့ ကျနော်ထင်ပါတယ်။ ဒီအကြောင်းကို စပြောဖို့ ဒီနေ့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး အခု အစီအစဉ်က ဒီအကြောင်းကို ဖွင့်ပြောတဲ့ ပထမဆုံး အစီအစဉ် ဖြစ်ပါတယ်…”

ပင်လယ်ဓားပြ လမ်းဓားပြ

ပင်လယ်ဓားပြ လမ်းဓားပြ

by စံရိပ်ငြိမ်
23 February 2025
2.6k

အဲဒီ လမ်းဓားပြကြီးတွေက ကြားက ဖြတ်ခုတ်ပြီး ပြန်ချပေးလိုက်တဲ့ အကူအညီ ဆိုတာ တကယ် လိုအပ်နေတဲ့ လူတွေဆီကို ရောက်ချိန်မှာ ရေကြည်လေး တပေါက် နှစ်ပေါက် စာလောက်ပဲ ရှိပါတော့တယ်တဲ့။

ထရမ့်မပါတဲ့ တရုတ်ရဲ့ အာဏာရှင်များ စုဝေးပွဲ

ထရမ့်မပါတဲ့ တရုတ်ရဲ့ အာဏာရှင်များ စုဝေးပွဲ

by Allyson Horn
1 September 2025
2.6k

တရုတ်နိုင်ငံသည် ကမ္ဘာ့သြဇာအကြီးဆုံး အာဏာရှင်များနှင့် အလွန်ထူးခြားသည့် စစ်ရေးပြပွဲတခုကို ကျင်းပသော်လည်း ဧည့်သည်စာရင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မပါဝင်ပေ။

ထရမ့်က အီလွန်မတ်စ်ကို “အစိုးရစွမ်းဆောင်ရည်ဌာန” ဖွဲ့ ဦးဆောင်စေမည်

ထရမ့်က အီလွန်မတ်စ်ကို “အစိုးရစွမ်းဆောင်ရည်ဌာန” ဖွဲ့ ဦးဆောင်စေမည်

by ဧရာဝတီ
13 November 2024
1.8k

မတ်စ်နှင့် အခြား အမာခံ မဟာမိတ် စီးပွားရေးသမား ဗီဗက် ရာမာဆွာမီတို့သည် DOGE အစိုးရစွမ်းဆောင်ရည်ဌာန Department of Government Efficiency ကို ဦးဆောင်မည်ဟု ထရမ့်က အဆိုပြုသည်။

Next Post
မြန်မာနိုင်ငံသားတွေကို အမေရိကန် က ဝင်ခွင့်ပိတ်တာ ဘာ့ကြောင့်လဲ (ရုပ်/သံ)

မြန်မာနိုင်ငံသားတွေကို အမေရိကန် က ဝင်ခွင့်ပိတ်တာ ဘာ့ကြောင့်လဲ (ရုပ်/သံ)

စစ်ကောင်စီ ရွေးကောက်ပွဲ၏ ခါးသီးသော အမှန်တရားများ

စစ်ကောင်စီ ရွေးကောက်ပွဲ၏ ခါးသီးသော အမှန်တရားများ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved