ယမန်နှစ် ဇူလိုင်လတွင် ဘင်္ဂလားဒေ့ရှ်မှ ကျောင်းသားများ ဦးဆောင်သည့် အင်အားကြီးမားသော အုံကြွမှုက ဝန်ကြီးချုပ် ရှိတ် ဟာစီနာ ၁၅ နှစ်ကြာ ဦးဆောင်သော အာဏာရှင် အကျင့်ပျက်ခြစားသည့် အစိုးရကို ဖြုတ်ချလိုက်သည်။
ယခုအခါ ဘင်္ဂလားဒေ့ရှ်တွင် ဒီမိုကရေစီနာလန်ထသည့် သင့်တင့်သော လက္ခဏာများ ပြသလာသည်။ သက်တမ်း လ အတန်ကြာလာသောအခါ အသွင်ကူးပြောင်းရေးအစိုးရသည် နိုင်ငံရေးနှင့် နိုင်ငံသား အခွင့်အရေးနယ်ပယ်ကို အထူးသဖြင့် တက္ကသိုလ်များတွင် ပြန်လည် ဖွင့်လှစ်လိုက်ပြီး အဓိကကျသည့် နိုင်ငံတော်အဖွဲ့အစည်းများကို စတင်ပြုပြင်ပြောင်းလဲလာသည်။
သို့သော် အကြမ်းဖက်မှုနှင့် နိုင်ငံရေး လက်စားချေမှု ဆက်လက်ရှိနေသည်။ ယခုလတွင် ကြားဖြတ်အစိုးရသည် နိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ဟာစီနာ၏ ယခင်ပါတီ အဝါမီအဖွဲ့ချုပ်ကို ပိတ်ပင်လိုက်ပြီး လွန်ခဲ့သောနှစ်က ဆန္ဒပြသူ ရာပေါင်းများစွာ သေဆုံးသည့် ကိစ္စတွင် ၎င်း၏ အခန်းကဏ္ဍကို ခုံရုံးက စုံစမ်းစစ်ဆေးသည်။
ရွေးကောက်ပွဲများကို ဆိုင်းငံ့ထားပြီး ၂၀၂၆ ခုနှစ်အထိ ကျင်းပနိုင်ဖွယ် မရှိပေ။
ထိုသို့ ထိခိုက်လွယ်သော အပြောင်းအလဲတွင် ကြားဖြတ်အစိုးရခေါင်းဆောင် အသက် ၈၄ နှစ်အရွယ် နိုဘယ်ဆုရ စီးပွားရေး ပညာရှင် မူဟာမက် ယူနွတ်သည် ယုံကြည်မှုနှင့်တည်ငြိမ်မှု၏ ရှားပါးသောခေါင်းဆောင်အဖြစ် ထွက်ပေါ်လာသည်။ သူ့ကို လူထုထောက်ခံမှု လွန်စွာမြင့်မားပြီး နိုင်ငံကို နောက်ထပ် ငါးနှစ် ခေါင်းဆောင်ရန် လူအများအပြားက တောင်းဆိုကြသည်။
ထိုသို့ ထိခိုက်လွယ်သော အပြောင်းအလဲတွင် ကြားဖြတ်အစိုးရခေါင်းဆောင် အသက် ၈၄ နှစ်အရွယ် နိုဘယ်ဆုရ စီးပွားရေး ပညာရှင် မူဟာမက် ယူနွတ်သည် ယုံကြည်မှုနှင့်တည်ငြိမ်မှု၏ ရှားပါးသောခေါင်းဆောင်အဖြစ် ထွက်ပေါ်လာသည်။ သူ့ကို လူထုထောက်ခံမှု လွန်စွာမြင့်မားပြီး နိုင်ငံကို နောက်ထပ် ငါးနှစ် ခေါင်းဆောင်ရန် လူအများအပြားက တောင်းဆိုကြသည်။ (သို့သော် သူက နုတ်ထွက်မည်ဟု ခြိမ်းခြောက်သည်။)

မရေရာမှုကြောင့် ဘင်္ဂလားဒေ့ရှ်သည် စိတ်မသက်သာစရာ မေးခွန်းအချို့ကို ရင်ဆိုင်နေရသည်။ ဘင်္ဂလားဒေ့ရှ်သည် ရွေးကောက်ပွဲ ဒီမိုကရေစီကို ယခု လတ်တလော ကျင့်သုံးနိုင်မည်လား၊ အင်စတီကျူးရှင်းများ အမီလိုက်လာသည်အထိ ဒီမိုကရေစီကို ဆိုင်းငံ့ထားပြီး တည်ငြိမ်မှုကို ဦးစွာ အကောင်အထည် ဖော်ရမည်လားဆိုသည့် မေးခွန်းများဖြစ်သည်။
အရေးပေါ်အုပ်ချုပ်ရေးသည် ပုံမှန်အခြေအနေသစ်ဖြစ်လာပါက မည်သို့ဖြစ်မည်နည်း။
ဒီမိုကရေစီ ပြန်လည် ဆန်းသစ်ရေး ခက်ခဲသော ခရီးလမ်း
ကမ္ဘာ့ဒီမိုကရေစီ အစီရင်ခံစာအရ ဘင်္ဂလားဒေ့ရှ်သည် ရွေးကောက်ခံ အာဏာရှင်အဖြစ် သတ်မှတ်ခံနေရဆဲဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် အခြေအနေဆိုးရွားလာသည့် နိုင်ငံအမျိုးအစားမှ အနည်းငယ်အနက် တနိုင်ငံဖြစ်သည်။
အတိုက်အခံများ အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (BNP) သည် ကြားဖြတ်အစိုးရ၏ တရားဝင်မှုကို အပြင်းအထန် စိန်ခေါ်နေပြီး အဓိပ္ပာယ်ပြည့်ဝသော ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်ရန် ဒီမိုကရက်တစ် အခွင့်အာဏာမရှိဟု စောဒကတက်သည်။
BNP နှင့် ၎င်း၏ မဟာမိတ်ဟောင်း ဂျမတ် အီ အစ္စလမ်မီပါတီသည် ဘင်္ဂလားဒေ့ရှ်မှ မွတ်ဆလင်အများစုကို စွဲဆောင်စည်းရုံးနိုင်သော်လည်း ၎င်းတို့အပေါ် ထောက်ခံမှုက ဂုဏ်သိက္ခာကျဆင်းစရာ ဖြစ်မှုနှင့် လူငယ်မဲဆန္ဒရှင်များကို အကန့်အသတ်ဖြင့်သာ စွဲဆောင်နိုင်ခြင်းက ထိခိုက်စေသည်။
တချိန်တည်းတွင် အစွန်းရောက် လက်ယာစွန်း အစ္စလမ်မစ် အင်အားစုများသည် အာဏာထူထောင်ရန် ထိုလစ်ဟာနယ်ပယ်ကို အမြတ်ထုတ် အသုံးချနေကြပြီး မွတ်ဆလင်နှင့် ဟိန္ဒူ လူနည်းစုအကြား တင်းမာမှုများကို ပိုမို ဆိုးရွားစေသည်။
တချိန်တည်းတွင် အစွန်းရောက် လက်ယာစွန်း အစ္စလမ်မစ် အင်အားစုများသည် အာဏာထူထောင်ရန် ထိုလစ်ဟာနယ်ပယ်ကို အမြတ်ထုတ် အသုံးချနေကြပြီး မွတ်ဆလင်နှင့် ဟိန္ဒူ လူနည်းစုအကြား တင်းမာမှုများကို ပိုမို ဆိုးရွားစေသည်။
စီးပွားရေးအရလည်း ဘင်္ဂလားဒေ့ရှ်သည် ဟာစီနာအစိုးရအောက်တွင် ဖြစ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများကြား ရုန်းကန်နေရဆဲဖြစ်သည်။
အကျင့်ပျက်ခြစားမှုသည် ဘဏ်လုပ်ငန်းစနစ်ကို ပျက်စီးစေပြီး အဓိကကျသည့် အင်စတီကျူးရှင်းများ ဒေဝါလီခံရစေသည်။ ကြားဖြတ်အစိုးရခေါင်းဆောင် ယူနွတ်သည် ကျွမ်းကျင်သည့် အရာရှိများကို ခန့်အပ်ပြီး စီးပွားရေးတည်ငြိမ်စေရန် လုပ်ကိုင်သော်လည်း မရေရာမှုသည် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ဆက်လက် လျော့ကျစေသည်။
ငွေကြေးဖောင်းပွမှု ဆက်လက် မြင့်မားနေသည်။ အလုပ်အကိုင်ဖန်တီးမှု၊ အထူးသဖြင့် လူငယ်များအတွက် အလုပ်အကိုင်ဖန်တီးမှု အရှိန်မြင့်မလာလျှင် နောက်ထပ် မတည်ငြိမ်မှုအတွက် မျိုးစေ့ချပြီးဖြစ်သည်။
ထို့ပြင် ငြိမ်ဝပ်ပိပြားမှုအခြေအနေလည်း အလွန်ပျက်စီးနေသည်။ နိုင်ငံ၏ ရဲတပ်ဖွဲ့သည် အဝါမီ အဖွဲ့ချုပ်နှင့် ပတ်သက်မှုကြောင့် သိက္ခာကျဆင်းနေပြီး ရဲချုပ်ဟောင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု စွပ်စွဲချက်များ ရင်ဆိုင်နေရသည်။
လမ်းဘေးရာဇဝတ်မှု များပြားနေပြီး လူနည်းစုများသည် ကြီးထွားလာသည့် ဖိနှိပ်မှုများကို ရင်ဆိုင်နေရသည်။ အမျိုးသမီးများသည် အွန်လိုင်းတွင်သာမက လမ်းမများတွင်လည်း မလုံမခြုံဖြစ်နေသည်။ ပါတီအချို့သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ခြိမ်းခြောက်မှုအဖြစ် မြင်ကြသည်။
လမ်းဘေးရာဇဝတ်မှု များပြားနေပြီး လူနည်းစုများသည် ကြီးထွားလာသည့် ဖိနှိပ်မှုများကို ရင်ဆိုင်နေရသည်။ အမျိုးသမီးများသည် အွန်လိုင်းတွင်သာမက လမ်းမများတွင်လည်း မလုံမခြုံဖြစ်နေသည်။ ပါတီအချို့သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ခြိမ်းခြောက်မှုအဖြစ် မြင်ကြသည်။
စာရွက်ပေါ်တွင် ခိုင်မာသော ဥပဒေများရှိသော်လည်း အားနည်းသော တရားဥပဒေစိုမိုးမှုနှင့် ကျူးလွန်ခံရသူကို အပြစ်တင်ခြင်းတို့သည် အကြမ်းဖက်မှုများကို ထွန်းကားစေသည်။ ရာဇဝတ်မှု ကျူးလွန်သူများကို အရေးယူရန် အလွန်ခက်ခဲနေသည်။
ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာ့ဇာတ်ခုံတွင်လည်း ပိုမို အထီးကျန်လာနေသည်။
ဟာစီနာအစိုးရ၏ ကာလကြာမြင့်ပြီဖြစ်သော မဟာမိတ် အိန္ဒိယသည် ကြားဖြတ်အစိုးရကို ကျောခိုင်းနေသည်။ အမေရိကန် ပြည်ထောင်စုကလည်း ထိတွေ့ဆက်ဆံခြင်း မရှိပေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဘဝတိုးတက်ရေးအတွက် USAID က ၂၀၂၁-၂၆ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကတိကဝတ်ပြုသော်လည်း ယခုအခါထို ရန်ပုံငွေကို ဆိုင်းငံ့ထားသည်။
လူမှုလွတ်လပ်ခွင့်အချို့ ရရှိ
ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံရေးလွတ်လပ်မှုများနှင့် လူမှုလွတ်လပ်ခွင့်များဆိုင်ရာ Freedom House အညွှန်းကိန်းတွင် လွန်ခဲ့သောနှစ်က နိုင်ငံ ၁၀၀ တွင် အဆင့် ၄၀ မှ ယခုနှစ်တွင် ၄၅ အထိ အနည်းငယ် တိုးတက်လာသည်။ ထိုကိစ္စသည် လမ်းကြောင်းမှန်မှ ခြေလှမ်းတခုဖြစ်သည်။
လွန်ခဲ့သောနှစ်က တိုးတက်မှုများတွင် အစိုးရသည် နိုင်ငံရေးပါတီအချို့အပေါ် ကန့်သတ်ချက်များ ရုပ်သိမ်းပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးကာ တာဝန်ယူမှု၊ တာဝန်ခံမှု တိုးတက်စေရန် အဓိကကျသည့် တရားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည်။
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်သစ်များ ခန့်အပ်ခြင်း၊ တရားရေးနှင့် အကျင့်ပြခြစားမှု တိုက်ဖျက်ရေး ပြုပြင်ပြောင်းလဲရေးအတွက် အကြံပေးကော်မရှင် တည်ထောင်ခြင်းသည် အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင်ရေး စတင်ခြင်းဖြစ်သည်။
ထိုအောင်မြင်မှုများသည် ထိခိုက်လွယ်နေဆဲဖြစ်သည်။ အတိုက်အခံ ခေါင်းဆောင်များအပေါ် နိုင်ငံရေး ပယောဂမကင်းသည် အမှုများကို ပယ်ဖျက်သော်လည်း ယခင်အာဏာရ အထက်လွှာကို အရေးယူသည့် အမှုသစ်များ ပေါ်ပေါက်လာသည်။ စစ်တပ်က ထိန်းကြောင်းသည့် အခန်းကဏ္ဍ တိုးချဲ့လာပြီး အဝါမီ အဖွဲ့ချုပ် ထောက်ခံသူများကို ဆန္ဒပြသူများက တိုက်ခိုက်မှု ဆက်လက်ရှိနေသည်။
သို့သော် ထိုအောင်မြင်မှုများသည် ထိခိုက်လွယ်နေဆဲဖြစ်သည်။ အတိုက်အခံ ခေါင်းဆောင်များအပေါ် နိုင်ငံရေး ပယောဂမကင်းသည် အမှုများကို ပယ်ဖျက်သော်လည်း ယခင်အာဏာရ အထက်လွှာကို အရေးယူသည့် အမှုသစ်များ ပေါ်ပေါက်လာသည်။ စစ်တပ်က ထိန်းကြောင်းသည့် အခန်းကဏ္ဍ တိုးချဲ့လာပြီး အဝါမီ အဖွဲ့ချုပ် ထောက်ခံသူများကို ဆန္ဒပြသူများက တိုက်ခိုက်မှု ဆက်လက်ရှိနေသည်။
ထို့ပြင် မီဒီယာလွတ်လပ်ခွင့် အကြီးအကျယ် ကန့်သတ်ခံနေရပြီး လွန်ခဲ့သော ရှစ်လအတွင်း သတင်းသမား ရာပေါင်းများစွာကို ပစ်မှတ်ထားခဲ့ကြောင်း ကြားဖြတ်အစိုးရကို လူ့အခွင့်အရေးအဖွဲ့တခုက အစီရင်ခံသည်။
ထိုသို့ အက်ကြောင်းထနေသော အခင်းအကျင်းတွင် အရေးပေါ် ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေသည်။ သို့သော် ထိုပြုပြင်ပြောင်းလဲမှုများကို ရေရှည်တည်တံ့အောင် လုပ်ဆောင်ရန်လည်း လိုအပ်နေသည်။
ကြားဖြတ်အစိုးရက ပြုပြင်ပြောင်းလဲမှုများလုပ်ရန် အချိန်၊ လုပ်ပိုင်ခွင့် သို့မဟုတ် ထောက်ခံမှု ရ မရဆိုသည့်ကိစ္စသည်လည်း သံသယဖြစ်စရာ ဖြစ်နေသည်။ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ ကျင်းပရန် ၎င်း၏ ကတိကိုလည်း အစိုးရက ဖြည့်ဆည်းပေးရန် လိုအပ်သည်။
ပါတီသစ်တခု ပေါ်ပေါက်လာ

ထိုပြဿနာများကြောင့် နိုင်ငံမှ နိုင်ငံရေးနှင့်ပတ်သက်သည့် လူငယ်များ စိတ်မပျက်ကြပေ။ နိုင်ငံရေး အခင်းအကျင်းကို ပြန်လည်ပုံဖော်ရန် ၎င်းတို့ ကြိုးစားနေကြသည်။
အမျိုးသားနိုင်ငံသားပါတီ (NCP) ကို လွန်ခဲ့သောနှစ်တွင် ကျောင်းသားအုံကြွမှုကို ခေါင်းဆောင်သူများက ၂၀၂၅ ခုနှစ် အစောပိုင်း၌ ဖွဲ့စည်းခဲ့သည်။ ထိုပါတီသည် ဘင်္ဂလားဒေ့ရှ်ကို ဒုတိယသမ္မတနိုင်ငံ ထူထောင်မည့် အနေအထားရရန် ကြိုးစားနေသည်။ ပြင်သစ်နှင့် အမေရိကန် ပြည်ထောင်စုမှ သမိုင်းနမူနာယူပြီး ထိုပါတီသည် ရွေးကောက်ခံ တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ယူရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရည်မှန်းသည်။
အဖွဲ့အစည်းဆိုင်ရာထောက်ခံမှု၊ ကြားဖြတ်အစိုးရထံမှ တိတ်တဆိတ် ထောက်ခံမှုနှင့်အတူ NCP သည် အလားအလာရှိသော နိုင်ငံရေးအင်အားစုအဖြစ် ကြီးထွားလာသည်။
သို့သော် ထိုပါတီသည် မတ်စောက်သည့် တောင်တက်ခရီးကို ရင်ဆိုင်နေရဆဲဖြစ်သည်။ ၎င်း၏ ကျယ်ပြန့်သော အတွေးအခေါ်ပေါင်းစုံ ပေါင်းစပ်ထားခြင်းသည် ပေးလိုသည့် သတင်းစကားကို အင်အားချိနဲ့စေနိုင်ပြီး BNP နှင့် ကွဲပြားခြားနားမှုကို မှုန်ဝါးစေနိုင်သည်။
ဆန့်ကျင်ကန့်ကွက်မှုများကို မူဝါဒအဖြစ် ပြောင်းလဲရန်အတွက် NCP သည် ၎င်း၏ အမှတ်သင်္ကေတကို ပိုမိုထင်ရှားအောင် လုပ်ရမည်ဖြစ်ပြီး အခြေခံကို ခိုင်မာအောင်လုပ်ကာ စည်းရုံးသိမ်းသွင်းခံရခြင်း သို့မဟုတ် အသုံးချခံရခြင်းတို့ကို ရှောင်ရှားရမည်ဖြစ်သည်။
ယခုနိုင်ငံရေး ပြောင်းလဲမှုကာလသည် စစ်မှန်သော အသွင်ကူးပြောင်းမှုဖြစ်စေမည် သို့မဟုတ် စိတ်ပျက်စရာ နောက်ထပ် သံသရာတခုဖြစ်မည်ဆိုသည်မှာ ကြားဖြတ်အစိုးရနှင့် NCP ကဲ့သို့ ပါဝင်ပတ်သက်သူသစ်များ မည်မျှ ရဲရင့်စွာ၊ မည်မျှရေရှည်တည်တံ့စွာ ပြုမူမည်ဆိုသည့် အချက်ပေါ်တွင် မူတည်နေသည်။
ယခုနိုင်ငံရေး ပြောင်းလဲမှုကာလသည် စစ်မှန်သော အသွင်ကူးပြောင်းမှုဖြစ်စေမည် သို့မဟုတ် စိတ်ပျက်စရာ နောက်ထပ် သံသရာတခုဖြစ်မည်ဆိုသည်မှာ ကြားဖြတ်အစိုးရနှင့် NCP ကဲ့သို့ ပါဝင်ပတ်သက်သူသစ်များ မည်မျှ ရဲရင့်စွာ၊ မည်မျှရေရှည်တည်တံ့စွာ ပြုမူမည်ဆိုသည့် အချက်ပေါ်တွင် မူတည်နေသည်။
ထို့ပြင် ၎င်းတို့သည် အသွင်ကူးပြောင်းသည့် လုပ်ငန်းစဉ်ကို မရှည်ကြာအောင် လုပ်ရန်လည်း လိုသည်။
(The Conversation ပါ Intifar Chowdhury ၏ Bangladesh autocrat gone, democratic renewal’s a work in progress ကို ဘာသာပြန်သည်။ အင်တီဖာ ချောင်ဒူရီသည် ဖလင်းဒါးစ် တက္ကသိုလ် အုပ်ချုပ်ရေးဆိုင်ရာလေ့လာရေး ကထိက ဖြစ်သည်။)
You may also like these stories:
ရခိုင်တွင် လွတ်လပ်သော ရိုဟင်ဂျာပြည်နယ် ဘင်္ဂလားဒေ့ရှ် အစ္စလမ်မစ်ပါတီ အဆိုပြု
မြန်မာဆိုင်ရာ သံအမတ်နှင့် စစ်သံမှူး ဘင်္ဂလားဒေ့ရှ် ရုတ်သိမ်း
ကုလ၏ ရခိုင်အကူအညီအတွက် သယ်ယူပို့ဆောင်ရေး ဘင်္ဂလားဒေ့ရှ် ပံ့ပိုးမည်
ဟာစီနာအလွန် ဘင်္ဂလားဒေ့ရှ်သစ်အတွက် စိန်ခေါ်မှုများ
ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်သစ် ပါမောက္ခ ယူနွတ်သို့ အိပ်ဖွင့်ပေးစာ













