• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

ဟာစီနာအလွန် ဘင်္ဂလားဒေ့ရှ်သစ်အတွက် စိန်ခေါ်မှုများ

by Shafquat Rabbee
15 August 2024
in Politics, ဆောင်းပါး
A A
ဟာစီနာအလွန် ဘင်္ဂလားဒေ့ရှ်သစ်အတွက် စိန်ခေါ်မှုများ

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့က ဒါကာရှိ ဝန်ကြီးချုပ် ရှိတ် ဟာစီနာ၏ အိမ်နန်းတော်ကို ဆန္ဒပြသူများက ဝင်ရောက်စီးနင်းပြီး နိုင်ငံတော်အလံကို လွှင့်ထူစဉ် / AFP

2.1k
VIEWS
Share on FacebookShare on Twitter

တိုင်းတာဆန်းစစ်နိုင်မှုမှန်သမျှအရ ယခု ဖြုတ်ချခံလိုက်ရပြီးဖြစ်သော ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတွင် အခိုင်မာဆုံး၊ အလွှမ်းမိုးဆုံး၊ အရက်စက်ဆုံး အာဏာရှင် ဖြစ်သည်။

သူသည် နိုင်ငံသမိုင်းတွင် မည်သည့်အုပ်ချုပ်သူနှင့်မှ မတူဘဲ သူ၏ နိုင်ငံရေးပြိုင်ဘက်အများစုကို ထောင်ချသည်၊ နိုင်ငံမှ ထွက်ခွာ၍ အဝေးရောက်ဖြစ်စေသည်၊ သုတ်သင်ရှင်းလင်းသည်။ သူသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတော် အကိုင်းအခက်များ အားလုံးကို သူ၏ ထိန်းချုပ်မှုအောက်၌ ထားရာတွင် ထိရောက်လွန်းသောကြောင့် တခါတရံ နိုင်ငံတော်ဆိုသည်မှာ သူပင်ဖြစ်နေသည်။

သို့သော် ခေါင်းဆောင်ကင်းမဲ့သည့် ကောလိပ်ကျောင်းသား လှုပ်ရှားမှုက ကြိုတင်ကြေညာထားသည့် ရက်စွဲများနှင့် နေရာများတွင် ချီတက်ပွဲများဖြင့် စိန်ခေါ်ခဲ့သည်။ ရက်သတ္တပတ် အနည်းငယ်အတွင်း ထိုလူငယ် တော်လှန်ရေးသမားများသည် တနိုင်ငံလုံးကို သူတို့နှင့်အတူ လမ်းမပေါ် ထွက်လာစေခြင်းကြောင့် ဝန်ကြီးချုပ် ဟာစီနာသည် ရဟတ်ယာဉ်ဖြင့် ထွက်ပြေးရသည်။

ဝန်ကြီးချုပ်ဟောင်း၏ ခိုင်မာသော နိုင်ငံရေးပြိုင်ဘက်များ ဆယ်စုနှစ်တခုကျော် လုပ်ဆောင်ရန် ကြိုးစားသော်လည်း မအောင်မြင်သည့်ကိစ္စကို ကျောင်းသားများက အောင်မြင်အောင် လုပ်နိုင်ခဲ့ကြသည်။ ထိုလူငယ်တော်လှန်ရေးသမားများနှင့် ၎င်းတို့ကိုထောက်ခံသူများ အောင်ပွဲခံရန် အကြောင်းများစွာ ရှိသော်လည်း နိုင်ငံ၏ရှေ့ခရီးတွင် စိန်ခေါ်မှု ရှိဦးမည်ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း၏ ခိုင်မာသော နိုင်ငံရေးပြိုင်ဘက်များ ဆယ်စုနှစ်တခုကျော် လုပ်ဆောင်ရန် ကြိုးစားသော်လည်း မအောင်မြင်သည့်ကိစ္စကို ကျောင်းသားများက အောင်မြင်အောင် လုပ်နိုင်ခဲ့ကြသည်။ ထိုလူငယ်တော်လှန်ရေးသမားများနှင့် ၎င်းတို့ကိုထောက်ခံသူများ အောင်ပွဲခံရန် အကြောင်းများစွာ ရှိသော်လည်း နိုင်ငံ၏ရှေ့ခရီးတွင် စိန်ခေါ်မှု ရှိဦးမည်ဖြစ်သည်။

နိုင်ငံမှ ထွက်ပြေးသွားသည့် ဝန်ကြီးချုပ် ရှိတ် ဟာစီနာ / AFP

အောင်မြင်သော ကျောင်းသားလှုပ်ရှားမှု

ဟာစီနာက နိုင်ငံရေးခရိုနီများ၏ ဆွေမျိုးများကို အကြီးအကျယ် မျက်နှာသာပေးသည့် အရပ်ဘက် ဝန်ထမ်း ခန့်ထားမှုနှင့် ပတ်သက်၍ မမျှတသော ခွဲတမ်းစနစ်ကို ဖျက်သိမ်းရန် လူငယ်တစုက စတင်တောင်းဆိုရာမှ ဟာစီနာအတွက် နိဂုံး၏ နိဒါန်း စတင်သည်။

ဆန္ဒပြပွဲများကို ကျင်းပရာတွင် ကျောင်းသားများသည် ခေါင်းဆောင်များက ညှိနှိုင်းရေး အခန်းကဏ္ဍကို တာဝန်ယူသည့် ဖြန့်ခွဲပူးတွဲခေါင်းဆောင်မှု စနစ်တခုကို ဖန်တီးခဲ့သည်။ ၎င်းတို့၏ ညွန့်ပေါင်းအဖွဲ့ကို ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး ကျောင်းသားလှုပ်ရှားမှုဟု ခေါ်သည်။ ညှိနှိုင်းရေးမှူးများသည် အများပြည်သူနှင့် ပုဂ္ဂလိက ပညာရေးအင်စတီကျူးရှင်းများ နှစ်ခုလုံးမှ လာသည်။

အနာဂတ်တွင် ပြုပြင်ပြောင်းလဲမည်ဆိုသည့် ရိုးရှင်းသော ကတိအချို့ဖြင့် ငြိမ်သက်သွားစေနိုင်ခဲ့သော ကိစ္စကို ဝန်ကြီးချုပ်၏ တုံးအသော မှတ်ချက်များနှင့် သူ၏လုံခြုံရေးတပ်များ၏ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုများက မီးထိုးပေးလိုက်သည်။ သို့သော် ဆန္ဒပြပွဲစီစဉ်သူများသည် စမ်းသပ်ခံနိုင်သည့် အတွေ့အကြုံရှိသူများဖြစ်ပြီး မျှော်လင့်ထားရမည့်ကိစ္စများကို အတိအကျ သိကြသည်။

လွန်ခဲ့သော ခြောက်နှစ်က ဆန္ဒပြသူများအနက် အများအပြားသည် ဆယ်ကျော်သက်များအဖြစ် ကြီးမားသော ဆန္ဒပြပွဲလှိုင်းတခုတွင် ပါဝင်ခဲ့ကြသည်။ ထိုဆန္ဒပြပွဲများသည် နိုင်ငံ၏ ဥပဒေမဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍကို ပစ်မှတ်ထားသည်။ ထိုဆန္ဒပြပွဲများသည် စီးပွားဖြစ် ပြေးဆွဲနေသည့် ဘတ်စ်ကားတစီးက ကျောင်းသား နှစ်ဦးကို တက်ကြိတ်ရာမှ စတင်သည်။ ထိုသေဆုံးမှုများကို ဖြစ်စေသည့် ဘတ်စ်ကားကို ဝန်ကြီးတဦး၏ ဆွေမျိုးတဦးနှင့် ဆက်စပ်နေသည့် ကုမ္ပဏီတခုက ပိုင်ဆိုင်သည်။

၂၀၂၄ ခုနှစ်တွင် ကဲ့သို့ပင် ၂၀၁၈ ခုနှစ်ကလည်း လူငယ်များကို ဟာစီနာ၏ အရပ်သား ပြည်သူ့စစ်များဖြစ်သည့် အဝါမီအဖွဲ့ချုပ်၏ ကျောင်းသားအဖွဲ့က အညှာတာကင်းမဲ့စွာ ရိုက်နှက်သည်။ အကြမ်းဖက်မှုကို အသုံးပြုခြင်းဖြင့် ဆန္ဒပြပွဲများကို ဖိနှိပ်နိုင်ခဲ့သော်လည်း တော်လှန်ရေးသမားများ မျိုးဆက်က အောင်မြင်သော ဆန္ဒပြပွဲများ ပြုလုပ်သည့် အတွေ့အကြုံ လုံလုံလောက်လောက် မရသေးသည့်တိုင် နှိမ်နင်းနိုင်ခြင်း မရှိပေ။ အခြား ကွပ်ကဲမှုစနစ်များကို ဖန်တီးပေးကာ အင်တာနက် ပိတ်ပင်ထားသည့်အောက်တွင် ရသည့်နည်းဖြင့် ဆက်သွယ်ရေးနည်းများသုံးခြင်း၊ အစိုးရ၏ စောင့်ကြည့်ထောက်လှမ်းမှုများ ရှောင်ရှားခြင်း စသည်တို့ကို လုပ်နိုင်ကြသည်။

ထိုကျွမ်းကျင်မှုများ အားလုံးသည် ဘင်္ဂလားဒေ့ရှ်သမိုင်းတွင် ညှာတာမှု အကင်းမဲ့ဆုံး အာဏာရှင်ကို အောင်မြင်စွာဖြုတ်ချရာတွင် အထောက်အကူ ဖြစ်စေသည်။

ရှိတ်ဟာစီနာ၏ နိဂုံးလား

ဟာစီနာသည် ယခင်ကလည်း ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာခဲ့ဖူးသည်။ သူ ဥရောပတွင် နေထိုင်စဉ်အတွင်း သူ့ဖခင် သမ္မတ ရှိတ်မူဂျီဘာရာမန်ကို ၁၉၇၅ ခုနှစ်တွင် အာဏာသိမ်းပြီး ထိုအာဏာသိမ်းမှုတွင် သူ၏ မိသားစုဝင်အားလုံးနီးပါး သေဆုံးသည်။ သူသည် ပြည်ပတွင် ဆက်လက်နေထိုင်ပြီး ၁၉၈၀ ပြည့်နှစ်များ အစောပိုင်းရောက်မှသာ နိုင်ငံသို့ပြန်လာသည်။ သူသည် သူ့ဖခင်၏ အဝါမီအဖွဲ့ချုပ်ဝင်များအကြား လူပုဂ္ဂိုလ် ကိုးကွယ်မှုသဖွယ် ထောက်ခံမှုကို ဖန်တီးရန် လုပ်ဆောင်နိုင်ခဲ့သည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185

၂၀၀၆ ခုနှစ် နောက်ထပ် စစ်အာဏာသိမ်းမှုအပြီးတွင် ဟာစီနာနှင့် သူ၏အဓိက နိုင်ငံရေး ပြိုင်ဘက် ခါလီဒါ ဇီယာတို့သည် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ဆုံးရှုံးလုနီးပါး ဖြစ်နေသည်။ ဇီယာသည် ပြည်ပသို့ထွက်ခွာရန် ငြင်းဆန်ပြီး ဘင်္ဂလားဒေ့ရှ်တွင် နေအိမ် အကျယ်ချုပ်ဖြင့်နေသည်။ ဟာစီနာသည် ဘေးကင်းသော ထွက်ပေါက်ကို အသုံးချပြီး ဘင်္ဂလားဒေ့ရှ်သို့ မပြန်မီ ဥရောပနှင့် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်သည်။ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲတွင် ဟာစီနာ ယှဉ်ပြိုင်ပြီး တောင်ပြိုကမ်းပြိုနိုင်သည်။

သို့သော် ၂၀၀၈ ခုနှစ်တွင် အောင်မြင်စွာ အာဏာပြန်လည်ရလာခြင်းမျိုးသည် ထပ်မံဖြစ်ပေါ်ဖွယ် မရှိတော့ပေ။ သူ၏ ရာထူးသက်တမ်းတလျှောက် ဖြစ်ပေါ်ခဲ့သည့် လူအစုလိုက်အပြုံလိုက် သွေးချောင်းစီးမှုများနှင့် သတ်ဖြတ်မှုများကြောင့် အသက် ၇၆ နှစ်ရှိပြီဖြစ်သော ဟာစီနာအတွက် နိုင်ငံရေးကံကြမ္မာကို ပြန်လည်ရရန် လွန်စွာ ခက်ခဲမည်ဖြစ်သည်။

သို့သော် ၂၀၀၈ ခုနှစ်တွင် အောင်မြင်စွာ အာဏာပြန်လည်ရလာခြင်းမျိုးသည် ထပ်မံဖြစ်ပေါ်ဖွယ် မရှိတော့ပေ။ သူ၏ ရာထူးသက်တမ်းတလျှောက် ဖြစ်ပေါ်ခဲ့သည့် လူအစုလိုက်အပြုံလိုက် သွေးချောင်းစီးမှုများနှင့် သတ်ဖြတ်မှုများကြောင့် အသက် ၇၆ နှစ်ရှိပြီဖြစ်သော ဟာစီနာအတွက် နိုင်ငံရေးကံကြမ္မာကို ပြန်လည်ရရန် လွန်စွာ ခက်ခဲမည်ဖြစ်သည်။

နိုဘယ်ဆုရှင် ဒေါက်တာ မူဟာမက် ယူနွတ် / AFP

ဟာစီနာ နိုင်ငံမှ ထွက်ခွာသွားရန် နောက်ဆုံးတွင်ပြောသည့် ဗိုလ်ချုပ်ကြီး ဝါကာ အူဇာမန်သည် လက်ထပ်ထိမ်းမြားမှုမှတဆင့် တော်စပ်သော သူ၏ ဆွေမျိုးတဦး ဖြစ်နေသည်။ သို့သော် သူ၏အုပ်ချုပ်ရေးကို လူထုက မုန်းတီးသောကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လာရန် တန်ပြန်အာဏာသိမ်းမှု ဖြစ်စေရေးအတွက် အလားအလာသည် လက်ရှိအချိန်တွင် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

နိုင်ငံရေး အရှိန်အဝါရှိသည့် မည်သည့် နိုင်ငံရေးခေါင်းဆောင်မှ ပြည်သူ့ဒေါသကို ရင်ဆိုင်ရပြီး နိုင်ငံမှ ထွက်ပြေးရခြင်း မရှိဆိုသည့်အချက်သည် ဟာစီနာ၏ ချေမှုန်းမရသော ခေါင်းဆောင်အဖြစ် ကျော်ကြားမှုကို ထာဝရ ပျက်စီးသွားစေသည်။

မည်သို့ဆိုစေ သူ့လူများတွင် သေနတ်များရှိပြီး သိမ်းကြုံးပစ်ခတ်သော်လည်း သူသည် တုတ်များ၊ အုတ်ခဲများ ကိုင်ဆောင်ထားသည့် လူငယ် သိန်းချီပြီး လိုက်ဖမ်းခံရသူ ဖြစ်သည်။ ထိုသို့ ကျက်သရေ ကင်းမဲ့စွာ ထွက်ပြေးရခြင်းကြောင့် အနာဂတ်တွင် ဟာစီနာ ပြန်လည်ပါဝင်ရေးသည် နိုင်ငံရေးအရ မဖြစ်နိုင်တော့ပေ။

ဘင်္ဂလားဒေ့ရှ်၏ အနာဂတ်

ဟာစီနာကို ဖြုတ်ချလိုသူများအနက် တဦးဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တဦးတည်းသော နိုဘယ်ဆုရှင် ဒေါက်တာ မူဟာမက် ယူနွတ် ဦးဆောင်သည့် ကြားဖြတ် အိမ်စောင့်အစိုးရသည် ဟာစီနာ ထွက်ပြေးပြီး သုံးရက်အကြာ သြဂုတ်လ ၈ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုသည်။ တနိုင်ငံလုံးက လေးစားရသည့် ထင်ရှားသော နိုင်ငံရေး ခေါင်းဆောင်အနည်းငယ်အနက် တဦးဖြစ်သော ဒေါက်တာ ယူနွတ်သည် ဝန်ကြီးချုပ်ရာထူးနှင့် အလားတူသည့် အကြံပေးအရာရှိချုပ် ဖြစ်လာသည်။

အစိုးရဝန်ကြီးများနှင့် အလားတူသည့် သူရွေးချယ်ထားသော အဖွဲ့ဝင် ၁၆ ဦးပါ အကြံပေးအဖွဲ့တွင် လူမှုအခြေပြုအဖွဲ့အစည်းများမှ သြဇာကြီးမားသူများ ပါဝင်ပြီး အများအပြားသည် နိုင်ငံတကာက ချီးကျူး ဂုဏ်ပြုမှု ခံရသူများဖြစ်သည်။ ထိုအကြံပေးများတွင် ကျောင်းသားလှုပ်ရှားမှုမှ ထိပ်တန်းညှိနှိုင်းရေးမှူး နှစ်ဦး ပါဝင်သည်။ ဒေါက်တာ ယူနွတ်နှင့် သူ၏ လက်ရွေးစင် အကြံပေးများသည် လက်ရှိအချိန်အထိ အပြုသဘောဆောင်သည့် မီဒီယာနှင့် ပြည်သူ့လက်ခံမှု ရထားသော်လည်း ၎င်းတို့သည် ခက်ခဲသော အလုပ်တခုကို ရင်ဆိုင်နေရသည်။

ယခုအခါ ကျောင်းသားခေါင်းဆောင်များသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးတွင် ဟာစီနာအုပ်ချုပ်ရေးတွင်သာမက ယခင်အစိုးရများခေတ်တွင်ပါ နိုင်ငံရေးသမားများနှင့် ပတ်သက်သည့် အကျင့်ပျက် ခြစားမှုနှင့် စီမံခန့်ခွဲမှုအမှားများ ကင်းစင်အောင်လုပ်ရန် တောင်းဆိုနေသည်။

ပြဿနာမှာ ဟာစီနာ၏ နိုင်ငံရေးမျိုးဗီဇကို သူထားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတော် အစိတ်အပိုင်းတိုင်းတွင် တွေ့နေရခြင်းဖြစ်သည်။ သူ စိတ်တိုင်းကျ ရွေးချယ်ထားသည့် တရားသူကြီးများ၊ ဗျူရိုကရက်များ၊ ရဲနှင့် စစ်တပ် တပ်မှူးများသည် ဆက်လက် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။

အစိုးရသစ်ကို အများပြည်သူလက်ခံအောင် လုပ်ရေးအတွက် အုပ်ချုပ်ရေးပိုင်း ရာထူးအပြောင်းအလဲ၊ တာဝန်မှ ရပ်ဆိုင်းခြင်း၊ ဟာစီနာ၏ ဝန်ထမ်းများကို ဖမ်းဆီးခြင်း စသည့် ရှုပ်ထွေးသော လုပ်ငန်းစဉ် လိုအပ်ပြီး ဟာစီနာခန့် ဝန်ထမ်းများကို ဖမ်းဆီးသည့် လုပ်ငန်းများကို စတင်နေပြီဖြစ်သည်။

အစိုးရသစ်ကို အများပြည်သူလက်ခံအောင် လုပ်ရေးအတွက် အုပ်ချုပ်ရေးပိုင်း ရာထူးအပြောင်းအလဲ၊ တာဝန်မှ ရပ်ဆိုင်းခြင်း၊ ဟာစီနာ၏ ဝန်ထမ်းများကို ဖမ်းဆီးခြင်း စသည့် ရှုပ်ထွေးသော လုပ်ငန်းစဉ် လိုအပ်ပြီး ဟာစီနာခန့် ဝန်ထမ်းများကို ဖမ်းဆီးသည့် လုပ်ငန်းများကို စတင်နေပြီဖြစ်သည်။

ပထမဆုံး ရုပ်သံမိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး ဇာမန်က ဟာစီနာအုပ်ချုပ်ရေးအတွင်း နိုင်ငံတော်ယန္တရားက သိမ်းကြုံးသတ်ဖြတ်ခံရသူများအတွက် တရားမျှတမှု ဆောင်ယူပေးရန် ကတိပြုသည်။ အသစ်ခန့်ထားသည့် ကြားဖြတ်အစိုးရ၏ အကြံပေးများကလည်း ထိုရည်ရွယ်ချက်ကို ဖော်ပြသည်။ သို့သော် ထိုသို့ တာဝန်ခံစေရေး လုပ်ငန်းစဉ်သည် ရှည်ကြာမည်မှာ သေချာပြီး ၎င်းတို့ကြီးကြပ်သည့် အချိန်အတွင်း ပြီးစီးမည်၊ မပြီးစီးမည်ကို ရှင်းလင်းစွာ မသိရပေ။

အနာဂတ် မည်သည့်ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင်မဆို ပြည်သူလူထု ယုံကြည်မှုရရေးအတွက် ရဲအဖွဲ့၊ အရပ်ဘက် ဗျူရိုကရေစီနှင့် စစ်တပ်ကွပ်ကဲမှုကို ပြုပြင်ပြောင်းလဲခြင်းသည်လည်း အချိန်ယူရမည် ဖြစ်သည်။

ဒေါက်တာ ယူနွတ်သည် ဘင်္ဂလားဒေ့ရှ်၏ အိမ်နီးချင်းနိုင်ငံကြီး နှစ်ခုဖြစ်သည့် အိန္ဒိယ၊ တရုတ်တို့နှင့် ဆက်ဆံရေးကိုလည်း ကိုင်တွယ်ရမည် ဖြစ်သည်။

ကမ္ဘာဇာတ်ခုံတွင် ဟာစီနာကို အဓိက အကာအကွယ်ပေးသည့် နိုင်ငံဖြစ်သော အိန္ဒိယသည် ဟာစီနာ နိုင်ငံမှ ထွက်ပြေးရသောကြောင့် တုန်လှုပ်ရုံသာမက ဝမ်းလည်းနည်းသည်။ အိန္ဒိယသည် ဖြစ်နိုင်ခြေရှိသည့် တရားဥပဒေစိုးမိုးမှု ပြိုလဲခြင်းနှင့် ကြီးမားလှသည့် ဟိန္ဒူလူဦးရေကို ပစ်မှတ်ထားသည့် ဖိနှိပ်ခြင်းကိုလည်း စိုးရိမ်နေသည်။

ဘင်္ဂလားဒေ့ရှ်ရှိ ဟိန္ဒူ အသိုက်အဝန်းမှ အထင်ရှားဆုံး ခေါင်းဆောင်များအနက် တဦးဖြစ်သူ ဂိုဘင်ဒါ ချန်ဒရာ ပရာမန်နစ်က ဟိန္ဒူများသည် လက်ရှိအချိန်တွင် ကျန်တနိုင်ငံလုံးနှင့် အလားတူသည့် မင်းမဲ့လှုပ်ရှားမှုများကို ရင်ဆိုင်ရပြီး အဓိက နိုင်ငံရေးပါတီများမှ စေတနာ့ဝန်ထမ်းများသည် ဟိန္ဒူလူမှု အသိုက်အဝန်းကို ကာကွယ်ရန် ရောက်လာသောကြောင့် အခြေအနေ တဖြည်းဖြည်း တည်ငြိမ်နေသည်ဟု ပြောကြားပြီး အိန္ဒိယ၏ စိုးရိမ်ပူပန်မှုများ လျော့ကျစေရန် ကြိုးစားသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့က ဒါကာမြို့တွင် အစိုးရအလုပ်အကိုင် ခွဲတမ်းစနစ် ဆန့်ကျင်ရေး ကျောင်းသားများ ဆန္ဒပြစဉ် / AFP

အကြံပေးများ၏ အစိုးရအဖွဲ့နှင့် အဓိက နိုင်ငံရေးပါတီများသည် နိုင်ငံ၏ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုဖြစ်စေမည့် ဝန်ထမ်းများ ပြန်လည် အာဏာ မရစေရန်အတွက် အိန္ဒိယ၏ ဖိအားပေးမှုကိုလည်း ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။ ထိုညှိနှိုင်းမှုများသည်လည်း ရှုပ်ထွေးမည် ဖြစ်သည်။

ဟာစီနာ၏ ပထဝီနိုင်ငံရေး စစ်တုရင်ကစားကွင်းမှာ အိန္ဒိယ၏ လုံခြုံရေး စိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းပြီး တရုတ်၏ စီးပွားရေး အကျိုးစီးပွားများနှင့် ထိတွေ့ဆက်ဆံကာ အမေရိကန်၏ လူ့အခွင့်အရေး စိုးရိမ်ပူပန်မှုများကို တန်ပြန်ရန်ဖြစ်သည်။

ယခုအခါ အနာဂတ်အစိုးရသည် တရုတ်နှင့် ပတ်သက်သည့် အမေရိကန် စိုးရိမ်ပူပန်မှုများကို ဖြည့်ဆည်းခြင်းဖြင့် အိန္ဒိယ၏ လုံခြုံရေး စိုးရိမ်ပူပန်မှုများကို ဖြေလျှော့ရန် များစွာ လုပ်ဆောင်ရလိမ့်မည် ဖြစ်သည်။

ယခုအခါ အနာဂတ်အစိုးရသည် တရုတ်နှင့် ပတ်သက်သည့် အမေရိကန် စိုးရိမ်ပူပန်မှုများကို ဖြည့်ဆည်းခြင်းဖြင့် အိန္ဒိယ၏ လုံခြုံရေး စိုးရိမ်ပူပန်မှုများကို ဖြေလျှော့ရန် များစွာ လုပ်ဆောင်ရလိမ့်မည် ဖြစ်သည်။ ထိုသို့ ပထဝီနိုင်ငံရေး လုပ်ဆောင်မှုကို ပြသခြင်းသည် ဒေါက်တာ ယူနွတ် ရရှိထားသည့် ကျယ်ပြန့်သော နိုင်ငံတကာလက်ခံမှုမှ အကျိုးခံစားရမည် ဖြစ်သော်လည်း လက်တွေ့ အကောင်အထည်ဖော်ခြင်းနှင့် ဖြည့်ဆည်းခြင်းသည် ခက်ခဲနိုင်သည်။

ကြားဖြတ်အစိုးရ၏ အဓိကတာဝန်မှာ အထွေထွေ ရွေးကောက်ပွဲသစ်တခု ကျင်းပခြင်းဖြစ်သည်။ ထောင်နှင့်ချီသော တရားမဝင် သေဆုံးမှုများနှင့် ဗြောင်ကျသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြည်တွင်းနှင့် နိုင်ငံတကာ စုံစမ်းစစ်ဆေး အရေးယူရန် ခုံရုံးတခု တည်ထောင်ရေး တောင်းဆိုမှုများကြောင့် အနာဂတ် ရွေးကောက်ပွဲတွင် အဝါမီအဖွဲ့ချုပ် ပါဝင်ရေးကို ရှုပ်ထွေးစေမည် ဖြစ်သည်။ ဟာစီနာ ကိုယ်တိုင် မဟုတ်လျှင်ပင် ဟာစီနာ မျိုးနွယ်စု ပြန်လာရေးကို လိုလားသည့် အခြေအနေများအပေါ် မူတည်ပြီး အနာဂတ် ရွေးကောက်ပွဲတွင် ပါဝင်ရေးကို စဉ်းစားနိုင်သည်။

အခြား နိုင်ငံရေးပါတီများသည်လည်း ၎င်းတို့ ရွေးကောက်ပွဲယှဉ်ပြိုင်ခြင်း တရားမဝင်စေရန် ဟာစီနာက အတိုက်အခံပါတီများကို စွပ်စွဲထားသည့် ပြင်းထန်သော ရာဇဝတ်မှုများကြောင့် ဥပဒေကြောင်း အခက်အခဲများမှ လွတ်မြောက်ရန် လမ်းကြောင်းရှာရမည် ဖြစ်သည်။

ထိုသူများတွင် ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP) ခေါင်းဆောင် တာရစ် ရာမန်လည်း ပါဝင်သည်။ သူသည် ၂၀၀၄ ခုနှစ်က ဟာစီနာကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုတွင် ပါဝင်သည်ဟူသော စွပ်စွဲချက်အတွက် ထောင်ဒဏ် တသက် ချခံထားသည်။ ဘင်္ဂလားဒေ့ရှ်၏ အကြီးမားဆုံး နိုင်ငံရေးပါတီဖြစ်သည့် ဂျမက် အီ အစ္စလမ်မီ ပါတီကို သြဂုတ်လ ၃ ရက်နေ့တွင် ပိတ်ပင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှ စတင်၍ ရွေးကောက်ပွဲ မဝင်ရန် ပိတ်ပင်ခံထားရသည်။

ထိုသို့ ကြီးမားလှသော အခက်အခဲများကြောင့် ဘင်္ဂလားဒေ့ရှ်မှ လက်ရှိ ကြားဖြတ်အစိုးရသည် အနည်းဆုံး တနှစ်မဟုတ်လျှင်ပင် လပေါင်းများစွာ တာဝန်ယူရမည်ဖြစ်သည်။ ကျမ်းသစ္စာ ကျိန်ဆိုစဉ် အကြံပေးများသည် ၎င်းတို့ ရာထူးသက်တမ်းနှင့် ပတ်သက်ပြီး တစုံတရာ ပြောကြားခြင်း မရှိခဲ့ပေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများအပြားက ဟာစီနာကို ဖြုတ်ချခြင်းသည် ဒုတိယ လွတ်လပ်ရေး ရခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။ ပထမအကြိမ် လွတ်လပ်ရေးကို လွန်ခဲ့သော ၅၃ နှစ်က ပါကစ္စတန်မှ ခွဲထွက်စဉ်က ရရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများအပြားက ဟာစီနာကို ဖြုတ်ချခြင်းသည် ဒုတိယ လွတ်လပ်ရေး ရခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။ ပထမအကြိမ် လွတ်လပ်ရေးကို လွန်ခဲ့သော ၅၃ နှစ်က ပါကစ္စတန်မှ ခွဲထွက်စဉ်က ရရှိခဲ့သည်။

ပိုမိုကောင်းမွန်သော အနာဂတ်အတွက် စိတ်အားထက်သန်မှုနှင့် မျှော်လင့်ချက်များ နေရာတိုင်းတွင် ရှိနေသည်။ သို့သော် အကောင်းမြင်ခြင်းကို သတိထားသင့်သည်။ ယခုနောက်ဆုံး တော်လှန်ရေးသည် ပိုမိုမျှတ၊ လွတ်လပ်ပြီး ရက်စက်ကြမ်းကြုတ်မှု ပိုမိုနည်းကာ ပိုမို ဒီမိုကရေစီကျသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပေါ်ပေါက်စေမည်၊ မပေါ်ပေါက်စေမည်မှာ တော်လှန်ရေးသမားများ၏ တောင်းဆိုမှုများ လက်တွေ့ကျမှုနှင့် ထိုကိစ္စများကိုသာမက ပြင်ပအင်အားစုများ၏ ဖိအားကို ကိုင်တွယ်ရာတွင် အစိုးရသစ်၏ ကျွမ်းကျင်မှုအပေါ် မူတည်သည်။

(Al Jazeera ပါ Shafquat Rabbee ၏ After Hasina: Cautious optimism for Bangladesh’s future ကို ဘာသာပြန်သည်။ Shafquat Rabbee သည် ဘင်္ဂလားဒေ့ရှ်-အမေရိကန် နွယ်ဖွား ပထဝီနိုင်ငံရေးဆိုင်ရာ ဆောင်းပါးရှင်နှင့် ဒါးလပ်စ် တက္ကသိုလ်မှ တွဲဖက် ဌာနမှူးဖြစ်သည်။)

You may also like these stories:

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများနှင့် “ရာဇာကာများ”

ဘင်္ဂလားဒေ့ရှ် ဆေးဝါးကုမ္ပဏီများ မြန်မာဈေးကွက် ထိုးဖောက်ရန် သံအမတ် တိုက်တွန်း

ဘင်္ဂလားဒေ့ရှ်ဘဏ်က မြန်မာဘဏ်အကောင့်များအား ထိန်းချုပ်

ARSA ထိပ်ပိုင်းခေါင်းဆောင်နှင့် အဖွဲ့ဝင် ၅ ဦးအား ဘင်္ဂလားဒေ့ရှ်အထူးရဲတပ်ဖွဲ့ ဖမ်းမိ

ဘင်္ဂလားဒေ့ရှ်နယ်စပ် တိုက်ပွဲကြောင့် ဒုက္ခသည်များ မြန်မာဘက် ထွက်ပြေး

Your Thoughts …
Tags: ကျောင်းသားလှုပ်ရှားမှုကြားဖြတ်အစိုးရတရုတ်တော်လှန်ရေးဘင်္ဂလားဒေ့ရှ်မူဟာမက် ယူနွတ်ရွေးကောက်ပွဲရှိတ် ဟာစီနာလူ့အခွင့်အရေးအကျင့်ပျက် ခြစားမှုအာဏာရှင်စနစ်အိန္ဒိယအိမ်စောင့်အစိုးရ
Shafquat Rabbee

Shafquat Rabbee

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

Next Post
ရွှေဈေး ငွေဈေးနှင့် အပြိုင် ကုန်ဈေးနှုန်း အတက်ကြမ်း

ရွှေဈေး ငွေဈေးနှင့် အပြိုင် ကုန်ဈေးနှုန်း အတက်ကြမ်း

ဝမ်ယိ၏ ရင်ကြားစေ့ရေးတိုက်တွန်းချက် စစ်ကောင်စီ ချန်လှပ်ထား

ဝမ်ယိ၏ ရင်ကြားစေ့ရေးတိုက်တွန်းချက် စစ်ကောင်စီ ချန်လှပ်ထား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved