• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ARSA ထိပ်ပိုင်းခေါင်းဆောင်နှင့် အဖွဲ့ဝင် ၅ ဦးအား ဘင်္ဂလားဒေ့ရှ်အထူးရဲတပ်ဖွဲ့ ဖမ်းမိ

by ဧရာဝတီ
24 July 2023
in သတင်း
A A
ARSA ထိပ်ပိုင်းခေါင်းဆောင်နှင့် အဖွဲ့ဝင် ၅ ဦးအား ဘင်္ဂလားဒေ့ရှ်အထူးရဲတပ်ဖွဲ့ ဖမ်းမိ

ဘင်္ဂလားဒေ့ရှ် ရာဇဝတ်မှုအထူးနှ်ိမ်နှင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည့် ARSA အဖွဲ့ဝင်များ (Bangla TV)

2.4k
VIEWS
Share on FacebookShare on Twitter

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနဖ်မြို့နယ်အတွင်း အာရကန်ရိုဟင်ဂျာကယ်တင်ရေး တပ်မတော် (ARSA) ထိပ်ပိုင်းခေါင်း ဆောင်တဦးနှင့်အတူ အဖွဲ့ဝင် ၅ ဦးကို ဘင်္ဂလားဒေ့ရှ်ရာဇဝတ်မှု အထူးနှ်ိမ်နှင်းရေးရဲတပ်ဖွဲ့ ဖမ်းဆီးရမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက သတင်း ထုတ်ပြန်သည်။

ဇူလိုင်လ ၂၁ ရက်က တက္ကနဖ်မြို့နယ်၊ Bahachora Syam lamPur တောင်တန်း၌ ရာဇဝတ်မှုပေါင်းများစွာဖြင့် အလိုရှိနေသော ARSA အဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ အသက်၂၈ နှစ်အရွယ် ဟာဗေ့စ်နုရ်မူဟာမတ်အား စစ်ဆင်ရေးတရပ်ပြုလုပ်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်များကို ကိုးကား၍ ဘင်္ဂလားဒေ့ရှ် သတင်းဌာနများက ဖော်ပြကြသည်။

ထိုစစ်ဆင်ရေးတွင် ကနဦးဟာဗေ့စ်နုရ်မူဟာမတ်အား ဖမ်းဆီးရမိခဲ့ပြီးနောက် ၎င်း၏ ထွက်ဆိုချက်များအား အခြေခံ၍ ARSA အဖွဲ့ဝင် ၅ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အထူးရာဇဝတ်မှု နှိမ်နင်းရေးရဲတပ်ဖွဲ့ တာဝန်ရှိသူများကပြောဆိုကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင် ဂျာ ဒုက္ခသည်များက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတဦးက “အခု ဖမ်းဆီးခံရတဲ့အဖွဲ့က ရာဇဝတ်မှုတွေ အများကြီးကို ကျုးလွန်ထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ အလိုရှိနေတဲ့အဖွဲ့ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီးရမိထားသော ARSA အဖွဲ့ဝင်များမှာ အသက်၂၈ နှစ်အရွယ် ဟာဗေ့စ်နုရ်မူဟာမတ်၊ အသက် ၃၀ အရွယ် မိုဟာမတ်ဟူဆိန်း၊ အသက်၂၃ နှစ်အရွယ် မူဟာမတ်ဖာရုပ်၊ အသက် ၃၆ နှစ်အရွယ် မိနီအာမတ်၊ အသက် ၃၉ နှစ်အရွယ် နူရ်အိစ္စလာမ်၊ အသက် ၂၁ နှစ်အရွယ် မာမတ်ယာဆိမ်းတို့ ဖြစ်ကြောင်း၊ ၎င်းတို့အား ဖမ်းဆီးရမိစဉ် ပစ္စတိုသေနတ်၂ လက်၊ လက်လုပ်သေနတ် ၄ နှင့် တာကာငွေ ၉ သောင်းတို့ သိမ်းဆည်းရမိကြောင်းလည်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသည့် လက်နက်များ(Bangla TV)

ဟာဗေ့စ်နုရ်မူဟာမတ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်း လှုပ်ရှားသည့် ARSA အဖွဲ့အတွက် ရန်ပုံငွေ ခွဲဝေကောက်ခံရေး တာဝန်ယူရသူတဦး ဖြစ်သလို ကူတုပါလောင်ဒုက္ခသည် စခန်းတခုလုံး၏ စစ်ရေး တာဝန်ခံတဦးလည်း ဖြစ်ကြောင်း၊ ၎င်းသည် ဖောက်ခွဲရေးပညာရပ်ကို ကျွင်းကျင်သူတဦးဖြစ်သလို ARSA အဖွဲ့တွင် နာမည်ကျော် ကြားသူတဦးလည်းဖြစ်ကြောင်း လေ့လာစောင့်ကြည်သူများက သုံးသပ်ပြောကြားသည်။

ကုတူပါလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတဦးက “ဟာဗေ့စ်နုရ်မူဟာမတ်က ဒုက္ခသည်စခန်းတွေမှာ ရာဇဝတ်မှု ၉ မှု ကျုးလွန်ထားတယ်။ သူက ARSA အဖွဲ့မှာ ထိပ်ပိုင်းခေါင်းဆောင်တဦးလို့လည်း ပြောလို့ရတယ်။ ကုတူပါလောင်စခန်း မှာနေတုန်းကလည်း သူတို့ အာဆာမှန်းသိပေမယ့် ဘယ်သူမှ ဘာမှမလုပ်ရဲဘူး။ ရာဇဝတ်မှုတွေ ကျုးလွန်တာ များလာတော့မှ စခန်းကနေ ခဏ တိမ်းရှောင်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။

ARSA အဖွဲ့ကို အဓိအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်တွင် တဖွဲ့၊ မောင်တောမြို့နယ်တွင် တဖွဲ့၊ ဘူးသီးတောင် မြို့နယ်တွင် တဖွဲ့ စသဖြင့် ၃ ဖွဲ့ခွဲ၍ ဖွဲ့စည်းထားပြီး၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် မြို့နယ် ၃ ခု၌ လှုပ်ရှားလျက်ရှိကာ မူးယစ်ဆေးဝါးမှု၊ ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ လူမှောင်ခိုကူးမှုစသည့် ရာဇဝတ်မှုများကို ကျုးလွန်လျက်ရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင်လည်း ရာဇဝတ်မှုများနှင့် သက်ဆိုင်သည့် မှုခင်းများကို ကျူးလွန်လျက်ရှိသလို အချင်းချင်းဂိုဏ်းများကွဲကာ သတ်ဖြတ်ခြင်းများ၊ လူမှောင်ခိုကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ၎င်းတို့အား မထောက်ခံသူများကို ပစ်မှတ်ထား သတ်ဖြတ်ခြင်းများကို ကျုးလွန်လျက်ရှိသည့်အတွက် ARSA အဖွဲ့သည် အားလုံးအတွက် ဘုံရန်သူ ဖြစ်လာကြောင်း ရိုဟင်ဂျာများက ဆိုသည်။

ARSA အဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ အသက်၂၈ နှစ်အရွယ် ဟာဗေ့စ်နုရ်မူဟာမတ် (Bangla TV)

ARSA အဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ ၎င်းတို့ နယ်နိမိတ်အတွင်းမှ ရှင်းလင်းရန် လိုက်လံဖမ်းဆီးနေသလို ARSA အဖွဲ့နှင့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ကြားတွင်လည်း မကြာခဏ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရိုဟင် ဂျာဒုက္ခသည် စခန်းများတွင်လည်း မခံမရပ်နိုင်ဖြစ်ကာ တန်ပြန်ခုခံတိုက်ခြင်းများရှိလာသည့်အတွက် ဒုက္ခသည်စခန်းများတွင် လုံခြုံမှုမရှိဘဲ ရာဇဝတ်မှုခင်းများ ကျယ်ပြန့်စွာ ဖြစ်ပွားနေကြောင်းလည်း သိရသည်။

ယင်းပြင် ဇူလိုင်လ ၁၉ ရက်ကလည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မေယုတောကြောတွင် ARSA အဖွဲ့နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ARSA လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၅ ဦးထက်မနည်း သေဆုံးကာ AA တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း ဧရာဝတီ၏ သတင်းရင်းများက ပြောသည်။

ARSA အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ်အတွင်းက ရိုဟင်ဂျာ ကျေးရွာသားများကို ငွေညှစ်ခြင်း၊ အနိုင်ကျင့်ဗိုလ် ကျကာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများကို ကျူးလွန်သည့်အတွက် တရားခံများကို ရှာဖွေဖမ်းဆီးစဉ် ARSA နှင့် AA တို့ကြား ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
72
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
681

ရိုဟင်ဂျာရပ်ရွာလူကြီးတဦးက “ARSA အဖွဲ့က ဘင်္ဂလားဘက်မှာတော့ နေလို့မရတော့ဘူး။ သူတို့ အဓိကတော့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်အတွင်းက တောင်ကြောတွေမှာ နေပြီးတော့ နယ်စပ်ဖြတ်ကျော်ပြီး ကျူးလွန်နေတာ။ ဒီဘက်က စစ်တပ်နဲ့ AA တို့ကသာ အပြီးတိုက်ထုတ်မယ်ဆိုရင် သူတို့ အမြစ်ပြတ်တာကြာပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ARSA အဖွဲ့ဟု အမည်ပေးထားသည့် လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သော ၂၀၁၆၊ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်၊ မြောက်ပိုင်း၊ မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့် ရဲစခန်းများကို တိုက်ခိုက်ပြီးနောက် စတင်ပေါ်ပေါက်လာသော လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

၂၀၁၇ ခုနှစ် မောင်တော အရေးအခင်းကာလတွင် စစ်တပ်၏ ကြမ်းကြုတ်သော နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ကျေးရွာသားများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည်များအဖြစ် ဝင်ရောက်ခိုလှုံနေကြသည့် နောက်ပိုင်းကတည်းက နှစ်နိုင်ငံ နယ်စပ် ခြေကုပ်ယူပြီး ဒုက္ခသည်စခန်းများတွင် စိမ့်ဝင်လှုပ်ရှားမှုရှိခဲ့ကြောင်း သိရသည်။

တဖက်နိုင်ငံ ဒုက္ခသည် စခန်းများတွင် လူသစ်စုဆောင်းခြင်း၊ မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားခြင်း အပါအဝင် ရာဇဝတ်မှုများကို ကျူးလွန်သည့်အတွက် မြန်မာနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အကြမ်းဖက်အဖွဲ့ ကြေညာထားသလို ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ARSA အဖွဲ့၏ လုပ်ရပ်အပေါ် လက်မခံနိုင်သည့်အတွက် လိုက်လံ ဖမ်းဆီးမှုများရှိ ကြောင်းလည်း လေ့လာ စောင့်ကြည့်သူများက ဆိုသည်။

You may also like these stories:

မေယုတောင်ကြောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်

စစ်ကောင်စီကြောင့် ပဋိပက္ခပြန်ဖြစ်နိုင်ကြောင်း AA သတိပေး

ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများအတွင်းက ရာဇဝတ်မှုများ၏ နောက်ကွယ်

Your Thoughts …
Tags: ARSAဘင်္ဂလားဒေ့ရှ်ရိုဟင်ဂျာ၊ ရခိုင်၊ ကော့ဘဇားခရိုင်၊ ကူတုပါလောင်၊ မောင်တော
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
18k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ

ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ

by မိုးစက်ငြိမ်းချမ်း
5 February 2024
12.7k

ရခိုင်စစ်မျက်နှာတွင် တွေ့ရသည့် စစ်တပ်၏ အားသာချက်မှာ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်မှု ဖြစ်သည်။ သို့သော် ရက္ခိုင့်တပ်တော်၏ အောင်ပွဲကို တားဆီးနိုင်ခြင်း မရှိပေ။

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

by ကျော်ဆန်းလှိုင်
26 November 2024
10.4k

AA တွင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရန် ပြည့်ဝသောစွမ်းရည် မရှိနိုင်သော်လည်း ကြီးထွားတိုးတက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသပြီးဖြစ်သည်။

Next Post
စစ်ကောင်စီနှင့် မြောက်ပိုင်း ၃ ဖွဲ့ ဘာတွေဆွေးနွေးခဲ့ကြသလဲ

စစ်ကောင်စီနှင့် မြောက်ပိုင်း ၃ ဖွဲ့ ဘာတွေဆွေးနွေးခဲ့ကြသလဲ

ဆင်သေကောင်သားအနားဝယ် တဝဲလည်လည် လိုက်ပါလို့သွားတော့ကွယ်

ဆင်သေကောင်သားအနားဝယ် တဝဲလည်လည် လိုက်ပါလို့သွားတော့ကွယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved