• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

by ကျော်ဆန်းလှိုင်
26 November 2024
in သူ့အတွေး သူ့အမြင်
A A
အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

AA သည် ရခိုင်ပြည်နယ် ၃ ပုံ ၂ ပုံကျော်ကို သိမ်းပိုက်ထားသည်

10.4k
VIEWS
Share on FacebookShare on Twitter

အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်ရှိ စစ်ကောင်စီတပ်များထံမှ နယ်မြေများကို ပိုမိုသိမ်းပိုက်လာချိန်တွင် သုတေသီများက AA ၏ အုပ်ချုပ်ရေးစွမ်းရည်ကို မေးခွန်းထုတ်လာသည်။

AA သည် လွန်ခဲ့သောနှစ် နိုဝင်ဘာလမှ စတင်ပြီး ၁၀၂၇ စစ်ဆင်ရေး အစိတ်အပိုင်း စစ်မျက်နှာသစ် ဖွင့်ကာ စစ်ကောင်စီတပ်များကို ချေမှုန်းရာတွင် အရှိန်ရလာသည်။ ၁၀၂၇ စစ်ဆင်ရေးသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်ပြီး အခြေခံအားဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်သည့် ညှိနှိုင်းတိုက်ခိုက်မှု ဖြစ်သည်။

ရခိုင်ပြည် ကိုယ်ပိုင်အုပ်ချုပ်ရေး ရည်ရွယ်ချက်ဖြင့် ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီးနောက် AA သည် ယခုအခါ နိုင်ငံတွင် အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် တခု ဖြစ်လာသည်။ AA သည် ရခိုင်ပြည်နယ်တဝန်းတွင် စစ်ဇုန် ၉ ခု ထူထောင်ထားပြီး မဟာမိတ်ဒေသများတွင်လည်း တပ်သား ထောင်နှင့်ချီ ဖြန့်ကြက်ထားသည်။

ရခိုင်ပြည် ကိုယ်ပိုင်အုပ်ချုပ်ရေး ရည်ရွယ်ချက်ဖြင့် ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီးနောက် AA သည် ယခုအခါ နိုင်ငံတွင် အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် တခု ဖြစ်လာသည်။ AA သည် ရခိုင်ပြည်နယ်တဝန်းတွင် စစ်ဇုန် ၉ ခု ထူထောင်ထားပြီး မဟာမိတ်ဒေသများတွင်လည်း တပ်သား ထောင်နှင့်ချီ ဖြန့်ကြက်ထားသည်။

လွန်ခဲ့သောနှစ် နိုဝင်ဘာလ အစောပိုင်းမှစတင်ပြီး AA သည် တနှစ်ကြာ အလွတ်သဘော အပစ်အခတ်ရပ်စဲထားခြင်းကို ဖျက်သိမ်းပြီး စစ်ကောင်စီတပ်များကို မြန်မာနိုင်ငံအနောက်ပိုင်း နေရာအများအပြားတွင် တိုက်ခိုက်နေသည်။

ထိုအချိန်မှစတင်ပြီး တိုက်ပွဲများပြင်းထန်နေကာ ကျေးလက်ဒေသများမှ မြို့ပြဒေသများအထိ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ တောင်ပိုင်းသို့ ပျံ့နှံ့လာသည်။ အောက်တိုဘာလလယ်မှ စတင်ပြီး AA သည် ပြည်နယ်မြို့တော် စစ်တွေ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့ ပတ်ဝန်းကျင်ဒေသများ အပါအဝင် ရခိုင်ပြည်နယ် ၃ ပုံ ၂ ပုံကျော်ကို သိမ်းပိုက်ထားသည်။

ချင်းပြည်နယ်နှင့် ကယား (ကရင်နီ) ပြည်နယ်များသည် စစ်ကောင်စီထိန်းချုပ်မှုအောက်မှ ပထမဆုံး လွတ်မြောက်သည့် ပြည်နယ်များ ဖြစ်ဖွယ်ရှိသည်ဟု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ စတင်ပြီး မြန်မာမှ ပဋိပက္ခလေ့လာသူများက ခန့်မှန်းကြသည်။

သို့သော် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည် စတင်ပြီးနောက် AA ၏ ကြီးမားသော အောင်ပွဲများကြောင့် ရခိုင်ပြည်နယ်သည် ပထမဆုံး အပြည့်အဝ လွတ်မြောက်သည့် ပြည်နယ်ဖြစ်မည်ဟူသော ခန့်မှန်းချက်သစ်များ ထွက်ပေါ်လာသည်။

သို့တိုင် စစ်ကောင်စီတပ်များသည် AA က သိမ်းယူထားသည့် ဒေသများ အပါအဝင် ရခိုင်ပြည်နယ် အစိတ်အပိုင်းများကို ရေတပ်မှ အမြောက်များနှင့် လေကြောင်းမှ တိုက်ခိုက်နေသောကြောင့် ထိုလွတ်မြောက်မှု၏ အတိုင်းအတာနှင့် ပတ်သက်ပြီး မေးခွန်းများ ဆက်လက်ရှိနေသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်က AA နှင့် တိုက်ပွဲအတွင်း မပေါက်ကွဲသေးသည့် လက်နက်တခု / AFP

ထို့ပြင် AA နှင့် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA)၊ ရိုဟင်ဂျာ သွေးစည်းခိုင်မာရေးအဖွဲ့ (RSO) နှင့် ရခိုင်မြောက်ပိုင်းတွင် စစ်ကောင်စီက စုဆောင်းထားသည့် စစ်သားသစ်များ စသည့် ရိုဟင်ဂျာ စစ်သွေးကြွများအကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်နိုင်ခြေကြောင့် ဒေသတွင်း ဆက်လက် မတည်ငြိမ်မှုအတွက် စိုးရိမ်မှုများ ဖြစ်စေသည်။

စစ်ကောင်စီတပ်များကို မောင်းထုတ်ပြီး ရခိုင်ပြည်နယ်မှ ပိုမိုကျယ်ပြန့်သော နယ်မြေများအပေါ် AA ၏ လက်တွေ့ထိန်းချုပ်မှု ထူထောင်ခြင်းသည် ပြည်နယ်၏ အခြေခံ လူမှု-စီးပွား လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် စိန်ခေါ်မှုများ ရင်ဆိုင်ရမည့် သဘောဆောင်ကြောင်း နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအုပ်စု (ICG) က အကဲဖြတ်သည်။

စစ်ကောင်စီတပ်များကို မောင်းထုတ်ပြီး ရခိုင်ပြည်နယ်မှ ပိုမိုကျယ်ပြန့်သော နယ်မြေများအပေါ် AA ၏ လက်တွေ့ထိန်းချုပ်မှု ထူထောင်ခြင်းသည် ပြည်နယ်၏ အခြေခံ လူမှု-စီးပွား လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် စိန်ခေါ်မှုများ ရင်ဆိုင်ရမည့် သဘောဆောင်ကြောင်း နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအုပ်စု (ICG) က အကဲဖြတ်သည်။

ရခိုင်၊ ချင်းပြည်နယ်များနှင့် နယ်နိမိတ်ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့သည် မြန်မာမှ လက်နက်ကိုင်အင်အားစုများနှင့် ထိတွေ့ဆက်ဆံရမည်ကို စိုးရိမ်ပြီး ရခိုင်ပြည်နယ်နှင့် တိုက်ရိုက် စီးပွားရေး သို့မဟုတ် ကုန်သွယ်ရေး မရှိကြပေ။

ထို့ပြင် သယ်ယူပို့ဆောင်ရေးလမ်းပန်း မကောင်းသောကြောင့် ဒေသခံများသည် အခြေခံကုန်စည်၊ လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေးနှင့် ဘဏ်ဝန်ဆောင်မှုများအတွက် စစ်ကောင်စီထိန်းချုပ် မြန်မာနိုင်ငံအလယ်ပိုင်းကို အကြီးအကျယ် မှီခိုရသည်။

မည်သို့ဆိုစေ AA ၏ မကြာသေးမီက အောင်ပွဲများသည် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဒေသခံများ၏ စိတ်ကူးစိတ်သန်းများကို အားရစေသည်။ အတိတ်တွင် စစ်တပ်က ရခိုင်လက်နက်ကိုင်ပုန်ကန်မှုကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်နှိမ်နင်းခြင်းအား ရခိုင်ပြည်နယ်မှ အများစုက ပြန်လည် အမှတ်ရနေကြသည်။

ထိုသို့ နှိမ်နင်းမှုများအနက်တခုမှာ ၁၉၉၈ ခုနှစ်က မြန်မာစစ်တပ်နှင့် အိန္ဒိယထောက်လှမ်းရေးတို့ ပူးပေါင်းဆောင်ရွက်သည့် Lech စစ်ဆင်ရေးဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်လိုသည့် ရခိုင်ပြည်သူများ၏ ကာလကြာမြင့်ပြီဖြစ်သော ဆန္ဒသည် ပြည်နယ်အတွင်း သီးခြားအစိုးရ ဖြစ်နိုင်ခြေ အရေးပါမှုကို တိုးလာစေသည်။

AA ၏လက်ရှိ စစ်ရေးအောင်မြင်မှုမှာ ၁၇၈၅ ခုနှစ်တွင် ရခိုင်ဘုရင့်နိုင်ငံတော်သည် မန္တလေးမှ ဗမာ့ဘုရင့်နိုင်ငံတော် ပိုင်နက်အဖြစ် ကျရောက်သည့်နောက်ပိုင်းတွင် ပထမဆုံးသော အကြီးအကျယ်အောင်မြင်မှု ဖြစ်သည်ကို အငြင်းပွားစရာ မလိုပေ။

AA တွင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရန် ပြည့်ဝသော စွမ်းရည် မရှိနိုင်သော်လည်း ကြီးထွားတိုးတက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသပြီးဖြစ်သည်။ AA သည် ၂၀၀၉ ခုနှစ်တွင် လူ ၂၆ ယောက်သာရှိရာမှ ယခုအခါ တပ်ဖွဲ့ဝင် ၄ သောင်းခန့်အထိ ကြီးထွားလာသည်။

AA သည် ၂၀၂၁ စစ်အာဏာမသိမ်းမီကပင် ရခိုင်ပြည်နယ် အစိတ်အပိုင်း အများအပြားတွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့သောကြောင့် AA တွင် အုပ်ချုပ်ရေးအတွေ့အကြုံအချို့ ရှိသည်။

AA သည် ၂၀၂၁ စစ်အာဏာမသိမ်းမီကပင် ရခိုင်ပြည်နယ် အစိတ်အပိုင်း အများအပြားတွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့သောကြောင့် AA တွင် အုပ်ချုပ်ရေးအတွေ့အကြုံအချို့ ရှိသည်။

AA သည် ဝန်ထမ်းများကို လေ့ကျင့်ပေးခြင်း၊ ပညာတတ်ရခိုင်များက သင်ကြားပေးသည့် အများပြည်သူအုပ်ချုပ်ရေးနှင့် မူဝါဒကျောင်း ထူထောင်ခြင်းဖြင့် အုပ်ချုပ်ရေး အားနည်းချက်များကို အထောက်အကူဖြစ်စေရန် ကြိုးစားသည်။ သင်တန်းများတွင် ပြည်သူ့ရေးရာမူဝါဒ၊ အင်္ဂလိပ်စာ၊ ခေါင်းဆောင်မှုပညာနှင့် နိုင်ငံရေးသင်တန်းများ ပါဝင်သည်။

AA သည် ၂၀၁၅ ခုနှစ် အစောပိုင်းတွင် စစ်တပ်ကို စတင်တိုက်ခိုက်ကတည်းက ရခိုင်ပြည်သူများထံမှ ထောက်ခံမှု အများအပြား ရရှိသည်။ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းတွင် အုပ်ချုပ်ရေး ထူထောင်ပြီးနောက် AA သည် ရိုဟင်ဂျာအပါအဝင် ရခိုင်ပြည်နယ်မှ ကွဲပြားခြားနားသော လူမှုအသိုက်အဝန်းများ အကြားတွင် တရားဝင်မှု ထူထောင်ရန် ကြိုးစားသည်။

AA သည် ရိုဟင်ဂျာကိုယ်စားလှယ်များကို အုပ်ချုပ်ရေးယန္တရားသို့ ဖိတ်ခေါ်ပြီး မိုခါဆိုင်ကလုန်းမုန်တိုင်း ပြန်လည်ထူထောင်ရေးတွင် ဦးဆောင်အခန်းမှ ပါဝင်ခဲ့သည်။ ထိုသို့ အားလုံးအကျုံးဝင်သည့် အားထုတ်မှုများ ဆက်လက်လုပ်ဆောင်သင့်သည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဆန်ဝေမည်ကို စောင့်ဆိုင်းနေသည့် မြန်မာပြည်သူများ / AFP

ရခိုင်ပြည်နယ်အပေါ် AA ထိန်းချုပ်မှု ကျယ်ပြန့်လာလျှင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် AA ၏ လက်ရှိ အကန့်အသတ်ဖြင့် ထိတွေ့ဆက်ဆံမှု ပြောင်းလဲသွားနိုင်သည်။ အိန္ဒိယ၏ မီဇိုရမ်ပြည်နယ် ကိုယ်စားလှယ်များသည် ယခုနှစ်အစောပိုင်းတွင် AA ခေါင်းဆောင်ပိုင်းကို တွေ့ဆုံခဲ့သည်။

သို့သော် ထို နှစ်နိုင်ငံအနက် မည်သည့်နိုင်ငံမှ AA ကို နိုင်ငံတော်အဆင့်အဖြစ် အပြည်အဝ အသိအမှတ်ပြုဖွယ် မရှိပေ။ ရှေ့ကိုမျှော်ကြည့်မည်ဆိုပါက ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးသည် ဘင်္ဂလားဒေ့ရှ်-AA ဆက်ဆံရေးတွင် အဓိက စိန်ခေါ်မှုဖြစ်နိုင်ပြီး ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစင်္ကြံ စီမံကိန်းသည် အိန္ဒိယနှင့် AA အကြား အနာဂတ်ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိနိုင်သည်။

AA သည် ယခုအခါ စစ်ရေးအောင်မြင်မှုများသည် ရခိုင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေးဆီသို့ အလားအလာရှိသော တိုးတက်မှုဖြစ်နိုင်သည် သို့မဟုတ် စီမံအုပ်ချုပ်ရေး ဘက်စုံစိန်ခေါ်မှုနှင့် ရင်ဆိုင်ရမည်ဆိုသည့် လမ်းဆုံလမ်းခွသို့ ရောက်နေသည်။

AA သည် ယခုအခါ စစ်ရေးအောင်မြင်မှုများသည် ရခိုင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေးဆီသို့ အလားအလာရှိသော တိုးတက်မှုဖြစ်နိုင်သည် သို့မဟုတ် စီမံအုပ်ချုပ်ရေး ဘက်စုံစိန်ခေါ်မှုနှင့် ရင်ဆိုင်ရမည်ဆိုသည့် လမ်းဆုံလမ်းခွသို့ ရောက်နေသည်။

ထိုစိန်ခေါ်မှုများကို AA က မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်မှာ ရခိုင်ပြည်နယ်၏ အနာဂတ်လမ်းကြောင်းနှင့် မြန်မာမှ ပိုမိုကျယ်ပြန့်သော လက်နက်ကိုင် တိုက်ပွဲအခင်းအကျင်းအပေါ် အကျိုးဆက်များ ဖြစ်လာမည်ဖြစ်သည်။

(South China Morning Post ပါ ကျော်ဆန်းလှိုင်၏ Is Myanmar’s Arakan Army capable of governing Rakhine state? ကို ဘာသာပြန်သည်။ ကျော်ဆန်းလှိုင်သည် အမေရိကန်၊ ကော်နဲလ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ကျောင်းသား ဖြစ်သည်။ ဤဆောင်းပါးကို ISEAS တွင်လည်း ဖော်ပြပြီးဖြစ်သည်။)

You may also like these stories:

AA ၏ “အားလုံးအကျုံးဝင် အုပ်ချုပ်ရေး” အစီအစဉ် ရိုဟင်ဂျာများအကြား သဘောထား ကွဲလွဲနေ

စစ်အတွင်း ရခိုင်ပြည်

RelatedPosts

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.3k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.1k
ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 January 2026
1.6k

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

ရခိုင်တွင် စစ်ရှုံးနေသော စစ်ကောင်စီ လူမျိုးရေး အမုန်းတရား မီးရှို့

ရခိုင်ပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရန် အိန္ဒိယ တောင်းဆို

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAARSARSOစစ်ကောင်စီစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုနပခဘင်္ဂလားဒေ့ရှ်ရခိုင်ရိုဟင်ဂျာလေကြောင်းတိုက်ခိုက်မှုအာရက္ခတပ်တော်အိန္ဒိယ
ကျော်ဆန်းလှိုင်

ကျော်ဆန်းလှိုင်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အိန္ဒိယကမ်းခြေစောင့်တပ်က မြန်မာမှ မက်သာဖက်တမင်း ၅.၅ တန် စံချိန်တင် ဖမ်းမိ

အိန္ဒိယကမ်းခြေစောင့်တပ်က မြန်မာမှ မက်သာဖက်တမင်း ၅.၅ တန် စံချိန်တင် ဖမ်းမိ

တရုတ်ဖိအားက အလွန်ပြင်းထန်ပါတယ် (ရုပ်/သံ)

တရုတ်ဖိအားက အလွန်ပြင်းထန်ပါတယ် (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved