တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့အတူ အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့အသင့် ရှိတယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က နိုဝင်ဘာ ၂၅ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ၂ နိုင်ငံနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပေါ် တရုတ်က အပြင်း အထန် ဖိအားပေးမှုတွေပြုလုပ်နေချိန်မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်ရဲ့ အကြပ်ကိုင် ဖိအားပေးမှုတွေ ထည့်သွင်းဖော်ပြထားတာမတွေ့ရပါဘူး။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ၁ နှစ်အတွင်း TNLA လှုပ်ရှားဒေသတွေမှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ကင်းစင်အောင် တိုက်ထုတ်ဖယ်ရှားနိုင်ခဲ့ပေမယ့် စစ်တပ်က ဒေသခံပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်နေကြောင့် လူထုကို ငဲ့ညာထောက်ထားစဉ်းစားရကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #TNLA #တရုတ် #တွေ့ဆုံဆွေးနွေး #PSLF #လွေးယေဦး