• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်ပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရန် အိန္ဒိယ တောင်းဆို

by ဧရာဝတီ
28 June 2024
in သတင်း
A A
ရခိုင်ပြည်နယ်ရှိ  ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရန် အိန္ဒိယ တောင်းဆို

နယူးဒေလီတွင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီး မစ္စတာ ဆူဘရာမန်ယန် ဂျိုင်ရှန်ကာတို့ ဇွန်လ ၂၆ ရက်နေ့က တွေ့ဆုံစဉ် / Dr S. Jaishankar Facebook

3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ အနောက်ပိုင်းတွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေစဉ် မြန်မာ၏ အနီးကပ်ဆုံး မဟာမိတ်များတနက် တနိုင်ငံဖြစ်သော အိန္ဒိယက ထိုဒေသမှ ၎င်းတို့ ပိုင်ဆိုင်မှုများကို အကာအကွယ်ပေးရန် စစ်ကောင်စီကို တိုက်တွန်းလိုက်သည်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ဆွေးနွေးစဉ် ထိုကိစ္စနှင့် ပတ်သက်ပြီး အိန္ဒိယ၏ အလေးအနက်ရှိသော စိုးရိမ်မှုကို အိန္ဒိယပြည်ပရေးရာဝန်ကြီး မစ္စတာ ဆူဘရာမန်ယန် ဂျိုင်ရှန်ကာက ဇွန်လ ၂၆ ရက်နေ့တွင် ဖော်ပြသည်။

“မြန်မာ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ယနေ့ ဒေလီတွင် ခရီးတထောက်နားသောအခါ တွေ့ဆုံသည်” ဟု မစ္စတာ ဂျန်ရှိုင်ကာက Facebook တွင် ရေးသားသည်။

“ကျနော်တို့နယ်စပ် မြန်မာနိုင်ငံတွင်းမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှု၏ ရိုက်ခတ်မှုများအတွက် ကျနော်တို့ရဲ နက်ရှိုင်းတဲ့ စိုးရိမ်ပူပန်မှုကိုဆွေးနွေးသည်” ဟု ၎င်းက ဆက်လက်ရေးသားသည်။

“ထို (မြန်မာ) နိုင်ငံတွင် ကျနော်တို့ လုပ်ကိုင်ဆဲ စီမံကိန်းများအတွက် ယုံကြည်လောက်သော အကာအကွယ်အတွက် တွန်းအားပေးသည်” ဟုလည်း ထိုပို့စ်တွင် ရေးသားထားသည်။

အိန္ဒိယနိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၈၄ သန်းတန်သော ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းကို မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် အကောင်အထည်ဖော်နေသည်။ ထိုစီမံကိန်းကြီးသည် မြန်မာတွင် တရုတ်က ရပ်ဝန်းနှင့်ပိုးလမ်း အစီအစဉ်ဖြင့် သြဇာကြီးထွားနေခြင်းကို တန်ပြန်သည့် အိန္ဒိယ၏ အရှေ့ဘက်သို့ မျက်နှာမူ လုပ်ကိုင်ဆောင်ရွက်ရေး မူဝါ၏ အရေးပါသော အဓိက အစိတ်အပိုင်း ဖြစ်သည်။

ကုလားတန် စီမံကိန်းသည် ကိုလ်ကတ္တားနှင့် ရခိုင်ပြည်နယ်၊ စစ်တွေမှ ပင်လယ်ဆိပ်ကမ်းကို ချိတ်ဆက်ပြီး ချင်းပြည်နယ်၊ ပလက်ဝသို့ ကုလားတန်မြစ်မှ ဆက်သွယ်ကာ အိန္ဒိယအရှေ့မြောက်ပိုင်း မီဇိုရမ်သို့ ကားလမ်းဖြင့် ဆက်သွယ်မည် ဖြစ်သည်။

စစ်ကောင်စီတပ်များနှင့် အာရက္ခတပ်တော် (AA) အကြား တင်းမာမှုများကြောင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် ထိုစီမံကိန်းကို ဆိုင်းငံ့ထားသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း နေရာအများစုနှင့် ချင်းပြည်နယ် တောင်ပိုင်းကို လွန်ခဲ့သောနှစ်က ထိုးစစ်တွင် AA က သိမ်းပိုက်ထားသောကြောင့် ထိုစီမံကိန်း ရပ်ဆိုင်းသွားသည်။

ချင်းပြည်နယ် ကျန်အစိတ်အပိုင်းများသည် ခုခံတော်လှန်ရေး အမာခံဒေသဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် ချင်းအမျိုးသားတပ်များ စုပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည်။

လက်ရှိအချိန်တွင် AA သည် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့ ကိုးမြို့ကို သိမ်းပိုက်ပြီး ယခုအခါ ကျော်ကြားသည့် ငပလီကမ်းခြေရှိရာ သံတွဲကို ချဉ်းကပ်လာနေသည်။

အိန္ဒိယ၏ ကုန်းတွင်းပိတ် အရှေ့မြောက် ဒေသအတွက် အခြားလမ်းကြောင်းတခုအဖြစ် လွန်ခဲ့သော ၁၂ နှစ်က စတင်သည့် ကုလားတန် စီမံကိန်း ကာလရှည်ကြာစွာ နှောင့်နှေးနေပြီးနောက် ၂၀၂၃ ခုနှစ်တွင် ပြီးစီးရန် စီစဉ်ထားခဲ့သည်။ သို့သော် ရခိုင်နှင့် ချင်းပြည်နယ်များမှ စစ်ပွဲများသည် ထိုအစီအစဉ်ကို တစစီပြိုကွဲစေသည်။

အာဏာသိမ်းပြီးနောက်တွင် မြန်မာစစ်ကောင်စီကို အခြားအဓိက ဒီမိုကရေစီနိုင်ငံများက ရှောင်ရှားသော်လည်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီဟု ကြွေးကြော်နေသည့် အိန္ဒိယသည် စစ်ကောင်စီနှင့် ဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်သည်။

အိန္ဒိယသည် အခြား အဓိက မဟာမိတ်များဖြစ်သည့် တရုတ်၊ ရုရှားတို့နှင့်အတူ မြန်မာစစ်ကောင်စီကို စစ်ရေး၊ စီးပွားရေးနှင့် သံတမန်ရေး အကူအညီများပေးသည်။ အိန္ဒိယသည် စစ်အုပ်ချုပ်ရေး ခိုင်မာစေရန်လုပ်မည့် အတုအယောင် ရွေးကောက်ပွဲ ကျင်းပရေးအတွက်လည်း စစ်ကောင်စီကို ကူညီနေသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လွန်ခဲ့သောနှစ် မတ်လတွင် ကုလားတန် သယ်ယူပို့ဆောင်ရေး စီမံကိန်းသို့ သွားရောက်စဉ် တည်ဆောက်ရေးလုပ်ငန်းများ အမြန်ပြီးစီးစေရန် ပြောဆိုခဲ့သည်။ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် ဗီနေး မိုဟန်ကွာထရာက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ကောင်စီခေါင်းဆောင်ကို နေပြည်တော်တွင် တွေ့ဆုံစဉ် ထိုစီမံကိန်း အမြန်ပြီးအောင်လုပ်ရန် တောင်းဆိုပြီးနောက် စစ်ခေါင်းဆောင် သွားရောက်လည်ပတ်ခြင်း ဖြစ်သည်။

ဇွန်လ ၂၆ ရက်နေ့က ဦးသန်းဆွေနှင့် ဆွေးနွေးစဉ် မြန်မာတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းသို့ စောစီးစွာ ပြန်သွားရန် တိုက်တွန်းပြီး အိန္ဒိယသည် မြန်မာကို မည်သည့်နည်းလမ်းဖြင့်မဆို ကူညီမည်ဖြစ်ကြောင်း ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ India Demands Protection of Assets as Myanmar Junta Loses Control in Rakhine ကို ဘာသာပြန်သည်။)

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
38
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
931
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
59

You may also like these stories:

လေကြောင်း အကြမ်းဖက်မှုများရှိနေစဉ် စစ်ကောင်စီနှင့် အိန္ဒိယလေတပ်အရာရှိ တွေ့ဆုံ

စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား

ဥက္ကဋ္ဌက စစ်ကောင်စီနှင့်တွေ့၍ အိန္ဒိယ နိုင်ငံခြားသတင်းထောက်များအသင်းဝင်များ နုတ်ထွက်

အိန္ဒိယသည် အာဏာသိမ်းစစ်ကောင်စီကို ပူးနေသည်

စိတ်အနှောင့်အယှက်ဖြစ်စရာ မြန်မာစစ်ကောင်စီနှင့် အိန္ဒိယ၏ ဆက်ဆံရေး

Your Thoughts …
Tags: AAကုလားတန် စီမံကိန်းချင်းပြည်နယ်စစ်ကောင်စီစစ်အာဏာသိမ်းမှုရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုရွေးကောက်ပွဲအာရက္ခတပ်တော်အိန္ဒိယ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post

ပဋိပက္ခ၊ ငွေကြေးဖောင်းပွမှုနှင့် မြန်မာ့စီးပွားရေး

ထိုင်းဘဏ်များ မြန်မာစစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေဟု ကုလသမဂ္ဂ အစီရင်ခံ

ထိုင်းဘဏ်များ မြန်မာစစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေဟု ကုလသမဂ္ဂ အစီရင်ခံ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved