နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနသည် တိုတောင်းပြီး အချက် ၃ ချက်သာပါသော သတင်းထုတ်ပြန်ချက်တစောင် ထုတ်ပြန်ကာ နိုင်ငံခြားရေးအတွင်းဝန် ဗီနေး မိုဟန် ကွာထရာသည် မြန်မာသို့ အလုပ်သဘော သွားရောက်ကြောင်း ကြေညာသည်။
များများစားစား မပြောသော်လည်း ထိုထုတ်ပြန်ချက်တွင် အိန္ဒိယနှင့် မြန်မာစစ်ကောင်စီ ဆက်ဆံရေးနှင့် ပတ်သက်သည့် ဒွိဟပွားစရာရှိသော အချက်တခုပါသည်။ ယခင်အတိုင်း အပြောင်းအလဲမရှိ ဆက်လက် ဆက်ဆံနေခြင်းဖြစ်သည်။
နှစ်နိုင်ငံတို့သည် နယ်စပ်ဒေသများတွင် လုံခြုံရေးနှင့်တည်ငြိမ်မှု ထိန်းသိမ်းရေးနှင့် နှစ်နိုင်ငံ တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ဆွေးနွေးသည်ဟု ဖော်ပြထားသည်။ မစ္စတာ ကွာထရာသည် အိန္ဒိယနိုင်ငံသား အများအပြား ဖမ်းဆီးခံထားရသည့် မြန်မာမှ မြဝတီရှိ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်း၏ လူကုန်ကူးမှုကိစ္စများကိုလည်း ပြောကြားသုံးသပ်သည်ဟု ဖော်ပြထားသည်။
အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် စစ်ကောင်စီခေါင်းဆောင်များနှင့် တွေ့ဆုံကြောင်း Twitter တွင် ရေးသားထားသည်။ လက်ဆွဲနှုတ်ဆက် ပြုံးရွှင်သော ဓာတ်ပုံများလည်း ရိုက်ကြသည်။ စစ်ကောင်စီ အာဘော် Global New Light of Myanmar က ကွာထရာနှင့် မင်းအောင်လှိုင်တွေ့သည့် သတင်းကို မျက်နှာဖုံးမှ ဖော်ပြသည်။
မှတ်သားစရာကောင်းသော အချက်မှာ ပြည်ပရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်မှ အိန္ဒိယသံရုံးသည် နိုင်ငံခြားရေး အတွင်းဝန်နှင့် စစ်ကောင်စီခေါင်းဆောင်များ တွေ့ဆုံသည့်သတင်းကို Twitter မှတဆင့် လူသိရှင်ကြား ဖော်ပြသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက နိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ် ဗာဒန် ရှရင်ဂလာက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံစဉ်က ထိုသို့ ဖော်ပြခြင်း မရှိပေ။
မှတ်သားစရာကောင်းသော အချက်မှာ ပြည်ပရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်မှ အိန္ဒိယသံရုံးသည် နိုင်ငံခြားရေး အတွင်းဝန်နှင့် စစ်ကောင်စီခေါင်းဆောင်များ တွေ့ဆုံသည့်သတင်းကို Twitter မှတဆင့် လူသိရှင်ကြား ဖော်ပြသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက နိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ် ဗာဒန် ရှရင်ဂလာက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံစဉ်က ထိုသို့ ဖော်ပြခြင်း မရှိပေ။
ထို့ကြောင့် နယူးဒေလီသည် စစ်ကောင်စီနှင့်ဆက်ဆံရာတွင် ယခင်ကထက် ပိုမိုယုံကြည်မှု ရှိလာပြီး လူသိရှင်ကြား ဂုဏ်ယူသည့် သဘောဖြစ်ကြောင်း ပြသနေသည်။ တနည်းအားဖြင့်ဆိုရပါက အိန္ဒိယသည် စစ်ကောင်စီက ငမ်းငမ်းတက် လိုချင်နေသည့် နိုင်ငံတကာ တရားဝင်မှုပေးရန် စိတ်အားထက်သန်ကြောင်း ပြသနေသည်။ အပြန်အလှန်အားဖြင့် သစ္စာစောင့်သိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အိန္ဒိယက လိုလားနေသည်။
အသုံးအနှုန်းသစ်၊ ချဉ်းကပ်ပုံသစ်လား
ဤတကြိမ်တွင် အိန္ဒိယဘက်က စစ်ကောင်စီခေါင်းဆောင်ကို “the senior leadership of Myanmar” ဟု ရည်ညွှန်းသုံးစွဲခဲ့သည်။ လွန်ခဲ့သောနှစ်က မစ္စတာ ရှရင်ဂလာ လာရောက်ပြီးနောက် ပြည်ပရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် စစ်ကောင်စီက ၎င်းတို့ကိုယ်၎င်းတို့ ခေါ်သည့်အတိုင်း State Administration Council (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ – SAC) ဆိုသည့် အမည်ကို အသုံးပြုသည်။ ယခုနှစ် ကြေညာချက်တွင်မူ နယူးဒေလီသည် စစ်ကောင်စီကို မြန်မာ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် နီးကပ်လာပုံရသည်။
ထိုအချက်သည် အံ့သြစရာ မဟုတ်ပေ။ ၁၉၉၀ ပြည့်နှစ်များ အစောပိုင်းမှစတင်ပြီး အိန္ဒိယသည် နေပြည်တော်ကို လက်တွေ့ထိန်းချုပ်နိုင်သော မည်သူ့ကိုမဆို မြန်မာတနိုင်ငံလုံး၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသည့် မူဝါဒကို မတွန့်မဆုတ် ထိန်းသိမ်းထားသည်။ သို့သော် ထိုအချက်သည် မြေပြင်မှ ပကတိအခြေအနေကို ထင်ဟပ်ခြင်းမရှိ ဖြစ်ကောင်းဖြစ်နိုင်သည်။
မစ္စတာ ရှရင်ဂလာနှင့် မတူသောအချက်မှာ မစ္စတာ ကွာထရာသည် အကြောင်းအရာ အနည်းငယ်ကိုသာ ဆွေးနွေးခြင်း ဖြစ်သည်။ လူသိရှင်ကြား ထုတ်ဖော်ကြေညာချက်များအရ ထိုသို့သာ နားလည်ရသည်။ ထိုဆွေးနွေးမှုများတွင် အိန္ဒိယ၏ သေနင်္ဂဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွားများ ပါဝင်သည်။ အရှေ့ဘက် အိမ်နီးချင်းတွင် ခြေကုပ်ထိန်းသိမ်းထားရန် နယူးဒေလီကို အထောက်အကူပြုမည့် အစီအစဉ်များဖြစ်သည်။
ထူးခြားသည့်အချက်မှာ ယခုနှစ်သတင်းထုတ်ပြန်ချက်သည် လွန်ခဲ့သောနှစ်ကထက် သိသိသာသာ တိုတောင်းနေသောကြောင့် အိန္ဒိယသည် စစ်အာဏာသိမ်းကာလလွန် မြန်မာနှင့်ပတ်သက်သည့် ကျဉ်းမြောင်းလာသော ချဉ်းကပ်မှုအနေအထားကို ပြသနေသည်။
မစ္စတာ ရှရင်ဂလာနှင့် မတူသောအချက်မှာ မစ္စတာ ကွာထရာသည် အကြောင်းအရာ အနည်းငယ်ကိုသာ ဆွေးနွေးခြင်း ဖြစ်သည်။ လူသိရှင်ကြား ထုတ်ဖော်ကြေညာချက်များအရ ထိုသို့သာ နားလည်ရသည်။ ထိုဆွေးနွေးမှုများတွင် အိန္ဒိယ၏ သေနင်္ဂဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွားများ ပါဝင်သည်။ အရှေ့ဘက် အိမ်နီးချင်းတွင် ခြေကုပ်ထိန်းသိမ်းထားရန် နယူးဒေလီကို အထောက်အကူပြုမည့် အစီအစဉ်များဖြစ်သည်။
ထိုအစီအစဉ်များတွင် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် အိန္ဒိယ၊ မြန်မာနှင့် ထိုင်း ၃ နိုင်ငံအဝေးပြေးလမ်း စီမံကိန်းများ ပြန်လည်စတင်ရေးတို့နှင့် ပတ်သက်နေကြောင်း ထင်ရှားသည်။ ထိုစီမံကိန်း ၂ ခုလုံးသည် မြန်မာတွင် နယူးဒေလီ၏ လမ်းပန်းအဆက်သွယ်ရေး အဓိက စီမံကိန်းများဖြစ်သည်။ နယ်စပ်ဒေသ တိုးတက်ရေး အစီအစဉ်နှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် အိန္ဒိယ၏ ထိတွေ့ဆက်ဆံမှုကိုလည်း ဆွေးနွေးသည်။
အထက်ပါ ဖော်ပြထားသော ကိစ္စများအားလုံးအတွက် ယခင်နှစ်က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် အသုံးအနှုန်းများကိုသာ ဆက်လက်အသုံးပြုသည်။
သို့သော် မစ္စတာ ရှရင်ဂလာက မြန်မာတွင် ဒီမိုကရေစီကျင့်သုံးခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ အကြမ်းဖက်မှု ရပ်တန့်ခြင်း၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံခြင်းနှင့် ပြည်သူများကို လူသားချင်းစာနာမှု အကူအညီပေးခြင်းစသည်တို့သည် အိန္ဒိယ၏ အကျိုးစီးပွားဖြစ်သည်ဟု မြင်ကြောင်း ဆွေးနွေးသည်။ မြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ တည်ငြိမ်သော ဖက်ဒရယ်ဒီမိုရေစီ ပြည်ထောင်စု ဖြစ်လာသည်ကို မြင်တွေ့ရရန် မျှော်လင့်ကြောင်းလည်း သူကပြောသည်။
ယခုနှစ်ထုတ်ပြန်သည့် ကြေညာချက်တွင်မူ ထိုအချက်များအားလုံး ပါဝင်ခြင်း မရှိတော့ပေ။ ထိုသို့ ချန်လှပ်ထားခြင်းသည် လျှို့ဝှက်ချက်များကို ဖော်ပြနေသည်။
ယခုအခါ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ အစိုးရသည် စစ်ကောင်စီကို လူသိရှင်ကြား ဖိအားပေးရန် စိတ်အားထက်သန်မှု ပိုမိုနည်းလာပုံရသည်။
စစ်ကောင်စီက လက်မခံနိုင်သည့် ပြဿနာများကို ရှောင်ရှားခြင်းဖြင့် အိန္ဒိယနိုင်ငံသည် ၎င်း၏ အကျိုးစီးပွားများ ခိုင်မာရေးအတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရေး စစ်ကောင်စီကို ချော့မော့ရန် မျှော်လင့်နေသည်။ အခြေအနေအရပ်ရပ်ကို မကြည့်ဘဲ နယူးဒေလီသည် လိုရာကိုသာ ထည့်သွင်းစဉ်းစားနေပြီး စစ်ကောင်စီကို တွန်းအားပေးခြင်းသည် အိန္ဒိယအနေဖြင့် နေပြည်တော်နှင့် အဆက်အသွယ်ပြတ်ပြီး တရုတ်ထံသို့ ခြေကုပ်ဆုံးရှုံးသွားစေမည် ဖြစ်သည်။
အခြေအနေအရပ်ရပ်ကို မကြည့်ဘဲ နယူးဒေလီသည် လိုရာကိုသာ ထည့်သွင်းစဉ်းစားနေပြီး စစ်ကောင်စီကို တွန်းအားပေးခြင်းသည် အိန္ဒိယအနေဖြင့် နေပြည်တော်နှင့် အဆက်အသွယ်ပြတ်ပြီး တရုတ်ထံသို့ ခြေကုပ်ဆုံးရှုံးသွားစေမည် ဖြစ်သည်။
သို့သော် မြန်မာပြည်သူ အများစုထံမှ ချစ်ခင်ရင်းနှီးမှု ဆုံးရှုံးရပြီး တရုတ်ကို ပြည်သူများက မြင်သည့်အတိုင်း မြင်မည်ဖြစ်သောကြောင့် ထိုချဉ်းကပ်ပုံသည် မည်မျှကောင်းသနည်းဟု မေးစရာရှိလာသည်။
ပြည်သူလူထု၏ ချစ်ကြည်ရင်းနှီးမှု ဆုံးရှုံးခြင်း
ယခုအခါ စစ်ကောင်စီတွင် လူထုထောက်ခံမှု မရှိတော့ကြောင်း ရှင်းရှင်းလင်းလင်း မြင်သင့်သည်။ ဗမာလူများစုကပင် စစ်ကောင်စီကို မထောက်ခံတော့ဘဲ ယခင်စစ်အုပ်စုများသည် ဗမာလူများစုများ၏ ထောက်ခံမှုရသောကြောင့် တရားဝင်မှု ရခြင်းဖြစ်သည်။
စစ်ကောင်စီနှင့် သဘောတူညီမှုရရန် ညှိနှိုင်းခြင်းသည် အဓိကကျသည့် လူမှုအခြေပြု အဖွဲ့အစည်းများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် ပြည်သူအများစုကို ကျောခိုင်းလိုက်ခြင်းဖြစ်သည်။
တဘက်နိုင်ငံမှ ပြည်သူလူထု ထောက်ခံမှုမရပါက မည်သည့် သံတမန်ရေး သေနင်္ဂဗျူဟာမျှ ရေရှည် ရပ်တည်နိုင်မည် မဟုတ်ဘဲ အိန္ဒိယသည် အရှုံးနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
ပြည်ပရေးရာဝန်ကြီးဌာန၏ Twitter ရေးသားချက်များကို တုံ့ပြန်မှုများတွင် အိန္ဒိယအပေါ် ဒေါသနှင့် စိတ်ပျက်မှုများကို ပြသနေပြီးဖြစ်သည်။
“ကျနော်တို့ အခက်ခဲ အကျပ်တည်းဆုံးဖြစ်နေချိန်မှာ အိန္ဒိယနိုင်ငံက လုပ်ခဲ့တာတွေကို ကျနော်တို့ မြန်မာပြည်သူတွေ ဘယ်တော့မှ မမေ့ဘူး။ အိန္ဒိယဟာ ရုပ်ဆိုးအကျည်းတန်တဲ့ သမိုင်းကို ရေးနေတယ်” ဟု တုံ့ပြန်မှုတခုတွင် ဖော်ပြထားသည်။
“အိန္ဒိယဟာ အရိုင်းအစိုင်း အကြမ်းဖက်သမားတွေနဲ့ ပူးပေါင်းနေတာ ကျက်သရေ ကင်းမဲ့တယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အိန္ဒိယက အမှန်တကယ် ထောက်ခံချင်ရင် ဖိနှိပ်၊ ကျဆုံးနေတဲ့ မင်းအောင်လှိုင် အကြမ်းဖက်အဖွဲ့နဲ့ မဆက်ဆံဘဲ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့သာ ပူးပေါင်းဆောင်ရွက်သင့်တယ်” ဟု Please Help Save Myanmar အမည်ရှိ အကောင့်တခုက ရေးသားသည်။
ယခုနှစ်အစောပိုင်းတွင် တွေ့ဆုံမေးမြန်းစဉ် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အိန္ဒိယသည် ၎င်းတို့ မျှော်လင့်ထားသကဲ့သို့ ဒီမိုကရေစီလှုပ်ရှားမှုကို မထောက်ခံဟု ခံစားရကြောင်း စာရေးသူကို ပြောခဲ့ဖူးသည်။
အိန္ဒိယသည် ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံနှင့် ဒီမိုကရေစီဖက်ဒရယ်စနစ် စံနမူနာတခု၏ ကောင်းမွန်သော ပုံရိပ်နှင့် မကိုက်ညီတော့ဆိုသည့် မြန်မာပြည်သူများ၏ ကျယ်ပြန့်သော အမြင်ကို သူ၏ စကားများက ထင်ဟပ်နေသည်။
စစ်ကောင်စီလိုလားသော အိန္ဒိယသံတမန်ရေးကြောင့် မြန်မာပြည်သူများသည် သစ္စာဖောက်ခံရသည်ဟု ခံစားနေရသည်။
အမြင်တိုသော မူဝါဒ
စစ်ကောင်စီနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယ၏ ဆုံးဖြတ်ချက်သည် ၎င်း၏ ကျင့်ဝတ် ကင်းမဲ့မှုကြောင့်သာမက နိုင်ငံရေးနှင့် သေနင်္ဂဗျူဟာ အမြင်ချို့ယွင်းမှုကြောင့်ပါ စိတ်ပျက်စရာကောင်းသည်။
စစ်ကောင်စီသည် ၎င်းတို့၏ ဖိနှိပ်ရယူထားသည့် အကျိုးစီးပွားမှလွဲပြီး မည်သည်ကိုမျှ ဂရုမစိုက်ဘဲ ဗီဇအရ မယုံကြည်ရသည့် အဖွဲ့အစည်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ သစ္စာခံကွန်ရက်များနှင့် အိန္ဒိယ၏ အကျိုးစီးပွားမှ ၎င်းတို့အတွက် အမြတ်အစွန်းများကို ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်သည်။ မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများသည် ထိုအချက်ကိုပင် ထပ်မံအတည်ပြုနေသည်။
ထိုင်းနယ်စပ် မြဝတီမြို့နယ်မှ ရွှေကုက္ကိုရွာရှိ တရုတ် ငွေကြေးလိမ်လည်သည့် ဂိုဏ်းသို့ အိန္ဒိယလူငယ် အိုင်တီကျွမ်းကျင်သူများအား မည်သို့မည်ပုံ လူကုန်ကူးခဲ့သည်ကို လွန်ခဲ့သောလ အနည်းငယ်အတွင်း အိန္ဒိယ မီဒီယာများက ဖော်ပြပြီးဖြစ်သည်။ ထိုလူကုန်ကူး ငွေကြေးလိမ်လည်သည့် ကြီးမားလှသော ဂိုဏ်းကို မြန်မာစစ်ကောင်စီ၏ မဟာမိတ် စစ်ဘုရင် စောချစ်သူ ဦးဆောင်သည့် ခါးပိုက်ဆောင်တပ်ဖြစ်သော နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က အကာအကွယ်ပေးထားသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ဖြစ်ပွားနေသည့် စစ်တွင် စစ်ကောင်စီကို သစ္စာခံသောကြောင့် အပြန်အလှန်အားဖြင့် ထိုနယ်ခြားစောင့်တပ်ကို စစ်ကောင်စီက ခွင့်ပြုထားသောကြောင့် ထိုဒေသတွင် လှုပ်ရှားနိုင်ခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ ထုတ်ပြန်ချက်တွင် ထိုလူကုန်ကူးမှု ပြဿနာကို ဆွေးနွေးကြောင်း ဖော်ပြထားသော်လည်း စစ်ကောင်စီ မီဒီယာများတွင် ထိုအကြောင်းကို ဖော်ပြခြင်း မရှိပေ။
ထို့ကြောင့် ရွှေကုက္ကိုတွင် ဆက်လက် ဖမ်းဆီးခံနေရဆဲဖြစ်သည့် အိန္ဒိယနိုင်ငံသားများ လွတ်မြောက်ရေးအတွက် စစ်ကောင်စီက သဘောတူသည်၊ မတူသည် သို့မဟုတ် အနာဂတ်တွင် အိန္ဒိယနိုင်ငံသားများကို လူကုန် မကူးရေးအတွက် အာမခံချက်ပေးရန် ထိုနယ်ခြားစောင့်တပ်ကို ညွှန်ကြားသည်၊ မညွှန်ကြားသည်ကို မိမိတို့ မသိရပေ။
ထိုသို့လုပ်မည်ဟု မျှော်လင့်နိုင်သော်လည်း ပကတိအခြေအနေမှာ ပြေလည်ခြင်း မရှိသေးပေ။ လွတ်မြောက်လာသည့် အိန္ဒိယနိုင်ငံသား အများအပြားက ရွှေကုက္ကိုမှ အတင်းအကျပ် လုပ်အားခိုင်းစေမှု၊ ရုပ်ပိုင်းဆိုင်ရာ အခွင့်အရေး ဆုံးရှုံးမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုစသည့် ကြောက်မက်ဖွယ် ဇာတ်လမ်းများကို ပြန်လည် ပြောကြားကြသည်။
အိန္ဒိယ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒသည် ထိုသို့ ကြီးကျယ်ခမ်းနားသည့် မျှော်လင့်ချက်၊ လူသားပီသမှုနှင့် အားလုံးပါဝင်မှု စကားများကို သေးသိမ်သွားစေသည်။ နိုင်ငံသားများကို သတ်ဖြတ်၊ ခိုကိုးရာမဲ့စေပြီး အခွင့်အရေး ဆုံးရှုံးအောင်လုပ်သည့် စစ်ကောင်စီကို ထောက်ခံခြင်းအားဖြင့် အိန္ဒိယသည် “ကမ္ဘာကို ပိုမိုကောင်းမွန်သော နေရာဖြစ်အောင်လုပ်မည့်” ကမ္ဘာ့ခေါင်းဆောင်အဖြစ် နေရာယူရန် မမျှော်လင့်နိုင်တော့ပေ။
အိန္ဒိယအစိုးရသည် ၎င်းတို့အနက် အများအပြားကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ၎င်းတို့ လွတ်မြောက်ရေးအတွက် လုပ်ဆောင်ရာတွင် အိန္ဒိယသံရုံးသည် လွန်စွာနှေးကွေးကြောင်း လွတ်မြောက်လာသူတဦးက စာရေးသူကို ပြောသည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်းမှ ခုခံတော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ရန် အာသံနှင့် မဏိပူမှ အိန္ဒိယဆန့်ကျင်ရေး စစ်သွေးကြွများကို ကြေးစားစစ်သားများအဖြစ် အသုံးပြုကြောင်း မီဒီယာ သတင်းအများအပြားက ယခုနှစ်အစောပိုင်းတွင် ဖော်ပြကြသည်။ ထိုသို့လုပ်ဆောင်ပေးသည့် စစ်သွေးကြွများကို မြန်မာတွင် နေထိုင်ခွင့်ပေးပြီး နယ်စပ်တလျှောက်မှ အိန္ဒိယတပ်များကို တိုက်ရန် အခြေစိုက်စခန်းများ ဖွင့်ခွင့်ပေးသည်။
လွန်ခဲ့သောနှစ် ဒီဇင်ဘာလက မြန်မာသို့သွားသောအခါ မစ္စတာ ရှရင်ဂလာက ထိုကိစ္စကို ဆွေးနွေးသော်လည်း စစ်ကောင်စီက အိန္ဒိယသူပုန်များကို ခိုလှုံမှုပေးခြင်း ရပ်ဆိုင်းသည့် အထောက်အထား မတွေ့ရပေ။
စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသော လိုက်လျောညီထွေမှု ကင်းမဲ့ခြင်း
ယခုနှစ်နှောင်းပိုင်းတွင် အိန္ဒိယသည် ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး-၂၀ (G-20) ဥက္ကဋ္ဌ ဖြစ်လာမည်။ အိန္ဒိယက တာဝန်ယူစဉ် အသုံးပြုမည့်ဆောင်ပုဒ်မှာ သက္ကတဘာသာအားဖြင့် “Vasudhaiva Kutumbakam” ဖြစ်ပြီး အဓိပ္ပာယ်မှာ “တခုတည်းသော ကမ္ဘာမြေ၊ တခုတည်းသော မိသားစု၊ တခုတည်းသော အနာဂတ်” ဖြစ်သည်။
ထိုဥက္ကဋ္ဌရာထူးအတွက် အမှတ်တံဆိပ်ကို နိုဝင်ဘာလ အစောပိုင်းတွင် ထုတ်ဖော်ကြေညာသောအခါ ဝန်ကြီးချုပ် မိုဒီက “ကမ္ဘာရာစုနှစ် တခုမှာ တခါသာပေါ်တဲ့ ကပ်ရောဂါရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ၊ ပဋိပက္ခတွေနဲ့ စီးပွားရေး မရေရာမှု အများအပြားကို ဖြတ်သန်းနေတယ်။ G-20 တံဆိပ်က ကြာပန်းသင်္ကေတဟာ အခုအချိန်မှာ မျှော်လင့်ချက်ကို ကိုယ်စားပြုတယ်။ အခြေအနေတွေ ဘယ်လိုပဲ ဆိုးရွားပါစေ၊ ကြာပန်းကတော့ ဖူးပွင့်နေမှာပဲ။ ကမ္ဘာဟာ နက်ရှိုင်းတဲ့ အကျပ်အတည်း ကျရောက်နေရင်တောင် ကျနော်တို့က တိုးတက်အောင် လုပ်နိုင်ဆဲပဲ။ ကမ္ဘာကို ပိုမိုကောင်းမွန်တဲ့ နေရာတခုဖြစ်အောင် လုပ်နိုင်ဆဲပဲ” ဟု ပြောသည်။
အိန္ဒိယ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒသည် ထိုသို့ ကြီးကျယ်ခမ်းနားသည့် မျှော်လင့်ချက်၊ လူသားပီသမှုနှင့် အားလုံးပါဝင်မှု စကားများကို သေးသိမ်သွားစေသည်။ နိုင်ငံသားများကို သတ်ဖြတ်၊ ခိုကိုးရာမဲ့စေပြီး အခွင့်အရေး ဆုံးရှုံးအောင်လုပ်သည့် စစ်ကောင်စီကို ထောက်ခံခြင်းအားဖြင့် အိန္ဒိယသည် “ကမ္ဘာကို ပိုမိုကောင်းမွန်သော နေရာဖြစ်အောင်လုပ်မည့်” ကမ္ဘာ့ခေါင်းဆောင်အဖြစ် နေရာယူရန် မမျှော်လင့်နိုင်တော့ပေ။
လက်တွေ့နိုင်ငံရေး သံတမန်ရေးရာတွင် လူ့အခွင့်အရေးနှင့် စံမူနာပြကျင့်ဝတ်ဆိုင်ရာ အတွေးအခေါ်အတွက် နေရာမရှိဟု ငြင်းကောင်းငြင်းနိုင်သည်။ သို့သော် တဘက်တွင် ပြည်သူဗဟိုပြု တိုးတက်မှုဆိုသော စကားကိုပြောပြီး အခြားတဘက်တွင် ကိုယ့်ပြည်သူကို ပြန်စစ်တိုက်နေသည့် ရက်စက်ကြမ်းကြုတ်သော စစ်ခေါင်းဆောင်နှင့် လက်ဆွဲနှုတ်ဆက်ခြင်းသည် သံတမန်ရေး ကျွမ်းကျင်မှု မဟုတ်ဘဲ နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်တခုသာ ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Angshuman Choudhury ၏ India’s Disturbing Ties with Myanmar Junta ကို ဘာသာပြန် ဖော်ပြသည်။ အန်ရှူမန် ချောင်ဒရီသည် နယူးဒေလီမှ မူဝါဒသုတေသနဌာန၏ သုတေသီဖြစ်သည်။)
You may also like these stories:
အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်နှင့် စစ်ခေါင်းဆောင် တွေ့ဆုံပြီး ဆက်ဆံရေး နက်ရှိုင်းလာ
မြန်မာစစ်ကောင်စီ၏ ကိုယ်ပျောက်မိတ်ဆွေ အိန္ဒိယ
အိန္ဒိယ လူကုန်ကူးခံရသူများပြောသည့် မြဝတီမှ ‘ရေထောင်’
အိန္ဒိယသားများ မြဝတီသို့ လူကုန်ကူးခံရပြီး ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ခိုင်း