• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဥက္ကဋ္ဌက စစ်ကောင်စီနှင့်တွေ့၍ အိန္ဒိယ နိုင်ငံခြားသတင်းထောက်များအသင်းဝင်များ နုတ်ထွက်

by ဧရာဝတီ
14 June 2023
in သတင်း
A A
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်နှင့် တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်း (FCC South Asia) ဥက္ကဋ္ဌ မစ္စတာ အက်စ် ဗန်ကက် နာရာယန်းတို့ ဇွန်လ ၇ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် / MNA

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်နှင့် တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်း (FCC South Asia) ဥက္ကဋ္ဌ မစ္စတာ အက်စ် ဗန်ကက် နာရာယန်းတို့ ဇွန်လ ၇ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် / MNA

4.9k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယအခြေစိုက် တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်း (FCC South Asia) ဥက္ကဋ္ဌက စစ်ကောင်စီထိန်းချုပ် သတင်းစာ၏ ဖိတ်ကြားမှုကြောင့် လွန်ခဲ့သောအပတ်က မြန်မာသို့ သွားရောက်ပြီး စစ်ကောင်စီဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးသောကြောင့် နိုင်ငံခြားသတင်းထောက်များသည် အသင်းမှ နုတ်ထွက်ကြသည်။

အသင်း ဥက္ကဋ္ဌ မစ္စတာ အက်စ် ဗန်ကက် နာရာယန်းက သူသည် သတင်းထောက်များအသင်းသို့ ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်ထက် ပိုမိုပြီး ပြောကြားလိုခြင်း မရှိကြောင်း ပြောသည်။ တချိန်တည်းတွင် ထိုကိစ္စကို ဆွေးနွေးရန် အသင်း၏ အရေးပေါ်အစည်းအဝေးတခုကို ဇွန်လ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သည်။

The Economist, Washington Post, Agence France Presse, Financial Times, Radio France International နှင့် ARD တို့မှ ဗျူရိုအကြီးအကဲများ အပါအဝင် အဖွဲ့ဝင် ၁၀ ဦး လက်မှတ်ရေးထိုးပြီး နိုင်ငံခြားသတင်းထောက်များ အသင်းသို့ စာတစောင်ကို ဇွန်လ ၁၁ ရက်နေ့ ညနေတွင် ပေးပို့ခဲ့သည်။ ထိုစာကို နိုင်ငံခြား သတင်းထောက်များ အသင်းဝင်ဟောင်း အခြား ၂၂ ဦးကလည်း ထောက်ခံသည်။ ထိုအသင်းဝင်ဟောင်းများသည်လည်း လက်ရှိ အိန္ဒိယ အခြေစိုက် နိုင်ငံခြားသတင်းထောက်များ ဖြစ်သည်။

အသင်းဥက္ကဋ္ဌ မစ္စတာ ဗန်ကက် နာရာယန်းသည် လွန်ခဲ့သောအပတ်က မြန်မာသို့ သွားရောက်ပြီး မြန်မာစစ်ကောင်စီ၏ အမြင်များကို ဖြန့်ချိနေသည့် အဖွဲ့အစည်းနှင့် ညှိနှိုင်းတိုင်ပင်ကာ စစ်ကောင်စီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်။ ထိုခရီးစဉ်သည် နိုင်ငံခြားသတင်းထောက်များအသင်းကို သိက္ခာကျစေသည့် ပုံစံဖြင့် ဖော်ပြသောကြောင့် တုန်လှုပ်အရှက်ရသည်ဟု ထိုစာတွင် ဖော်ပြထားသည်။

သီးခြား အမည်မဖော်လိုသည့် လက်မှတ်ရေးထိုးသူတဦးကလည်း ထိုခရီးစဉ်အကြောင်း စစ်ကောင်စီထိန်းချုပ် Global New Light of Myanmar သတင်းစာတွင် ဖော်ပြမှသာ သိရကြောင်း ပြောသည်။ မြန်မာစစ်ကောင်စီထိန်းချုပ် သတင်းစာတွင် နာရာယန်းနှင့် ဝန်ကြီး လေးဦး နေပြည်တော်တွင် တွေ့ဆုံသည့်သတင်း အနည်းဆုံး လေးပုဒ် ဖော်ပြခဲ့သည်။

ဇွန်လ ၁၀ ရက် ရက်စွဲတပ် သူ၏ထုတ်ပြန်ကြေညာချက်တွင် မစ္စတာ နာရာယန်းက “မြန်မာစစ်ကောင်စီနှင့် တွေ့ဆုံသည့် မီဒီယာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည့်ကိစ္စအား အထင်မှားအောင် လုပ်ဆောင်မှု ရှိသည်” ဟု ဖော်ပြထားသည်။

မြန်မာသတင်းစာ၏ ဧည့်သည်အဖြစ် သွားရောက်ခဲ့ခြင်းနှင့် ထိုသတင်းစာပါ အယ်ဒီတာ့အာဘော်နှင့် အကြောင်းအရာများအပေါ် သတင်းသမားတဦးအဖြစ် သူ၏အမြင်ကို ပြောရန် ဖိတ်ခေါ်ခဲ့သောကြောင့် သွားခဲ့သည် ဆိုသည့်အချက်သည် တိကျမှုမရှိကြောင်း မစ္စတာ နာရာယန်းက နိုင်ငံခြားသတင်းထောက်များအသင်း အဖွဲ့ဝင်များကို ပြောသည်။

တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်း (FCC South Asia) ဥက္ကဋ္ဌ မစ္စတာ အက်စ် ဗန်ကက် နာရာယန်း / FCC South Asia

သို့သော် အသင်းဝင်များ ပူးတွဲရေးသားသည့်စာတွင် မြန်မာစစ်ကောင်စီ ထိန်းချုပ်သတင်းစာက သတင်းအများအပြားတွင် နာရာယန်းနှင့် ဝန်ကြီးများတွေ့ဆုံသောအခါ အသင်း၏ကိုယ်စားလှယ်အဖြစ် အကြိမ်ကြိမ် ဖော်ပြခဲ့ကြောင်း၊ နာရာယန်းနှင့် နိုင်ငံခြားသတင်းထောက်များအသင်း တွေ့ဆုံမှုကို ဝါဒဖြန့်ရန် အသုံးချကြောင်း ဖော်ပြထားသည်။

“သတင်းသမားများကို ကိုယ်စားပြုပြီး မီဒီယာလွတ်လပ်ခွင့်အတွက် ရပ်တည်သည့် အဖွဲ့အစည်းတခု၏ ဥက္ကဋ္ဌသည် သတင်းသမား ၇၀ ကို ထောင်ချထားပြီး နယ်စည်းမခြား သတင်းထောက်များအသင်း၏ နောက်ဆုံး သတင်းလွတ်လပ်ခွင့်အဆင့်တွင် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၃ သို့ ရောက်နေသည့် စစ်ကောင်စီ၏ ဝါဒဖြန့်အဖွဲ့အစည်းနှင့် တိုင်ပင်ဆွေးနွေး ချီးမြှင့်မှုအမျိုးမျိုး လက်ခံသည်ဆိုသည့် အချက်အတွက် မိမိတို့ဝမ်းနည်းသည်” ဟု ထိုစာတွင် ဖော်ပြထားသည်။

ထိုဖြစ်ရပ်သည် နိုင်ငံခြားသတင်းထောက်များ အသင်း၏ ပိုမိုကျယ်ပြန့်သော ကျင့်ဝတ်ဆိုင်ရာ တစိတ်တပိုင်း ဖြစ်ကြောင်း ထိုစာကဖော်ပြသည်။ “လွတ်လပ်သော သတင်းလုပ်ငန်းကို ကာကွယ် ချောမွေ့အောင် လုပ်ဆောင်သည့် အသင်း၏ အခန်းကဏ္ဍကို သစ္စာဖောက်သော လုပ်ရပ်များဖြစ်သည့် ထိုလုပ်ရပ်ကြောင့် နိုင်ငံခြားသတင်းထောက်များ အသင်းသည် မိမိတို့အကျိုးစီးပွားကို အောင်မြင်စွာ ကိုယ်စားပြုသည့် အဖွဲ့အစည်းတခု ဖြစ်သည်ဆိုသည့် ယုံကြည်မှုကို ပြန်လည်ပြင်ဆင်မရအောင် ဖျက်ဆီးလိုက်သည်။ မိမိတို့သည် အသင်းဝင်အဖြစ်မှ ချက်ချင်း နုတ်ထွက်သည်” ဟုလည်း ထိုစာတွင် ဖော်ပြထားသည်။

မြန်မာတွင် နိုင်ငံခြားသတင်းထောက်များ ၎င်းတို့အလုပ်ကို လုပ်ကိုင်ရာတွင်ရင်ဆိုင်ရသည့် အခက်အခဲများ၊ အထူးသဖြင့် မရေရာမှုများနှင့် အချိန်မီ ပြည်ဝင်ခွင့်သက်တမ်း တိုးမပေးခြင်းနှင့် အခြား အတင်းအကျပ်လုပ်ဆောင်သည့် နည်းလမ်းများကြောင့် ကျယ်လောင်သော စိုးရိမ်ပူပန်မှုများ မြင့်မားနေသည်။ မြန်မာမှ နိုင်ငံခြားသတင်းထောက်များ ရင်ဆိုင်ရသည့် ဖိအားများကို လွန်ခဲ့သော သုံးနှစ်အတွင်း နိုင်ငံခြားသတင်းထောက်များ အသင်းက ပြုလုပ်ခဲ့သည့် အဖွဲ့တွင်း စစ်တမ်းများတွင် မှတ်တမ်းတင်ထားပြီး ဖြစ်သည်။

သီရိလင်္ကာမှ The Island သတင်းစာအတွက် နိုင်ငံခြား သတင်းထောက်ဖြစ်သော နာရာယန်းက စစ်ကောင်စီသတင်းစာ၏ သတင်းဖော်ပြချက်သည် သူ၏ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် မဟုတ်ကြောင်း ပြောသည်။ “ဝန်ကြီးတချို့နဲ့ အစည်းအဝေးတွေကလည်း အသင်းနဲ့ ဘာမှမဆိုင်ဘူး” ဟု ၎င်းကပြောသည်။

နာရာယန်းက ယခင်ဥက္ကဋ္ဌများသည်လည်း ဖိတ်ကြားမှုများကို လက်ခံပြီး လန်ဒန်ကဲ့သို့သော နေရာများမှ ညီလာခံများတွင် နိုင်ငံခြားသတင်းထောက်များ အသင်းကို အသိမပေးဘဲ ကိုယ်စားပြုခဲ့ကြောင်း ပြောသည်။

သို့သော် အဖွဲ့ဝင်ဟောင်းတဦးက ထိုဥက္ကဋ္ဌ၏ လန်ဒန်ခရီးစဉ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ဘုတ်အဖွဲ့အစည်းအဝေးတွင် မှတ်တမ်းတင်ထားကြောင်း ပြောသည်။ ထိုစဉ်က နိုင်ငံခြားသတင်းထောက်များ အသင်း ဥက္ကဋ္ဌ မန်နစ် ဂုပ္ပတားသည် နိုင်ငံတကာသတင်းလုပ်ငန်းအသင်း (IAPC) နှစ်ပတ်လည် အစည်းအဝေးသို့ သူ့စရိတ်ဖြင့် သူသွားခဲ့သည်။ ထိုညီလာခံက နောက်တကြိမ် ညီလာခံကို ၂၀၂၄ ခုနှစ်တွင် အိန္ဒိယတွင် ကျင်းပရန် သဘောတူခဲ့သည်။

နာရာယန်းက သူသည် သတင်းသမားအဖြစ် လုပ်ကိုင်နေသည်မှာ နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ်ပြီး အလုပ်အတွက် နိုင်ငံပေါင်း ၆၈ နိုင်ငံသို့သွားကာ ပြည်ပအရာရှိအများအပြားကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း ပြောသည်။

RelatedPosts

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
4
စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
13
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
8

“ပြီးခဲ့တဲ့အပတ်က မြန်မာကိုသွားတာက အဲဒီလို ခရီးတခုပဲ။ မြန်မာမှာ ဘာတွေဖြစ်နေတာလဲ၊ ရွေးကောက်ပွဲ ဘယ်တော့ကျင်းပမလဲ၊ ဒါမျိုးတွေကို နားလည်ဖို့ တခြားသတင်းသမားတွေလိုပဲ သံတမန်တွေ၊ သတင်းသမားတွေနဲ့ ဝန်ကြီးတွေနဲ့ တွေ့ခဲ့တယ်” ဟု ၎င်းကပြောသည်။

ကိုးကား ။ ။ The Wire သတင်း Foreign Correspondents Club Members Resign After President Visits Myanmar, Meets Junta Ministers

You may also like these stories:

သံတမန်ရေးလှုပ်ရမ်းမှု များနေချိန် အိန္ဒိယက မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ကျင်းပ

ကိုကိုးကျွန်းရှိ သူလျှိုစခန်းအရေး အိန္ဒိယက မြန်မာနှင့် ထိပ်တိုက်တွေ့

နိုင်ငံသား ၃ ဦး အသတ်ခံရပြီးနောက် နယ်စပ်ဂိတ်ပေါက်ငယ်များ အိန္ဒိယပိတ်ထား

မြန်မာစစ်တပ်အား လက်နက်နှင့် လေယာဉ်ဆီ အိန္ဒိယကုမ္ပဏီများ အဓိကထောက်ပံ့နေ

Your Thoughts …
Tags: FCC South AsiaGlobal New Light of Myanmarစစ်ကောင်စီစစ်အာဏာသိမ်းမှုနိုင်ငံခြားသတင်းထောက်များ အသင်းမီဒီယာမီဒီယာလွတ်လပ်ခွင့်ဝါဒဖြန့်ချိရေးသီရိလင်္ကာအက်စ် ဗန်ကက် နာရာယန်းအိန္ဒိယ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အိန္ဒိယ Committee on Foreign Trade Policy ၏ ဥက္ကဋ္ဌနှင့် မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး / PTI

အိန္ဒိယ ကုန်သွယ်ရေး ရူပီး သုံးမည်

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် ထောက်ခံသူများနှင့် တွေ့ဆုံနေသည့် Move Forward ပါတီ (MFP) ခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရတ် / MFP

ပီတ ဝန်ကြီးချုပ်ဖြစ်ဖို့ နီးလာပြီလား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved