• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အိန္ဒိယ ကုန်သွယ်ရေး ရူပီး သုံးမည်

by ဧရာဝတီ
14 June 2023
in စီးပွားရေး
A A
အိန္ဒိယ Committee on Foreign Trade Policy ၏ ဥက္ကဋ္ဌနှင့် မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး / PTI

အိန္ဒိယ Committee on Foreign Trade Policy ၏ ဥက္ကဋ္ဌနှင့် မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး / PTI

5.8k
VIEWS
Share on FacebookShare on Twitter

ကုန်သွယ်ရေးအတွက် အိန္ဒိယရူပီးနှင့် မြန်မာကျပ်ငွေ ပေးချေမှုစနစ်အတွက် ညှိနှိုင်းမှုများ ဇွန်လကုန်တွင် ပြီးစီးပြီး နှစ်နိုင်ငံအကြားကုန်သွယ်မှု တိုးမြှင့်ရန် လမ်းပွင့်သွားမည်ဟု မျှော်လင့်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ဇွန်လ ၁၂ ရက်နေ့တွင် ပြောသည်။

အိန္ဒိယနှင့် ကျင်းပသည့် အစည်းအဝေးတခုတွင် စစ်ကောင်စီ၏ဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာနှင့် အိန္ဒိယ ဗဟိုဘဏ်များသည် ရူပီး-ကျပ် လဲလှယ်မှု အယူအဆစာတမ်းကို မူအားဖြင့် သဘောတူညီပြီးဖြစ်ကြောင်း၊ စည်းကမ်းချက်များနှင့် စံလုပ်ထုံးလုပ်နည်းများကိုလည်း နှစ်နိုင်ငံ ငွေလဲလှယ်မှုမူဝါဒများအရ ညှိနှိုင်းပြီးဖြစ်ကြောင်း ပြောသည်။

ဗဟိုဘဏ် နှစ်ခုအကြား ညှိနှိုင်းမှုများအပြီးတွင် ရူပီး-ကျပ် တိုက်ရိုက်ပေးချေမှု စတင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ “အရာရာအဆင်ပြေရင် ညှိနှိုင်းမှုတွေ ဒီလကုန်ပြီးမယ်” ဟု ပြောသည်။

ထိုကုန်သွယ်ရေး သဘောတူညီမှု ပြီးစီးလျှင် နှစ်နိုင်ငံကုန်သွယ်ရေး အနည်းဆုံး နှစ်ဆတိုးမည်ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာသည် တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် အလားတူ ကုန်သွယ်ရေး အစီအစဉ်များ ပြုလုပ်ထားပြီး ဖြစ်သည်။ ၂၀၂၁ ခုနှစ်မှ စတင်ပြီး မြန်မာသည် အမေရိကန် အရေးယူပိတ်ဆို့မှုများခံရပြီး အခြားနိုင်ငံများနှင့် ငွေပေးချေရာတွင် ဒေါ်လာဖြင့်ပေးချေမှု အခက်အခဲများ ရင်ဆိုင်နေရသည်။

ရူပီးဖြင့် ကုန်သွယ်ရေး အစီအစဉ်အတွက် အိန္ဒိယဗဟိုဘဏ်က ပန်ဂျပ်အမျိုးသားဘဏ်ကို ကျပ်ငွေလက်ခံသည့် ဘဏ်အဖြစ် သတ်မှတ်ထားသည်။ ပန်ဂျပ်အမျိုးသားဘဏ်ကလည်း ရူပီးငွေစာရင်းလက်ခံရန် မြန်မာဘဏ် နှစ်ခုကို ချဉ်းကပ်ထားသည်။

မြန်မာမှသွင်းကုန် မြင့်မားလာသောကြောင့် ၂၀၂၂-၂၃ တွင် နှစ်နိုင်ငံကုန်သွယ်မှုသည် ဒေါ်လာ ၁ ဒသမ ၇၆ ဘီလီယံဖိုး ရှိကြောင်း နိုင်ငံခြားကုန်သွယ်ရေးမူဝါဒနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကော်မတီ ဥက္ကဋ္ဌ၊ EEPC အိန္ဒိယ ဥက္ကဋ္ဌဟောင်း ပီကေ ရှားက ပြောသည်။

“ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အိန္ဒိယက မြန်မာကို တင်ပို့မှုကတော့ ကုန်စည်အရသာမက အင်ဂျင်နီယာပိုင်း ဝန်ဆောင်မှုပါ ကျဆင်းနေတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

သို့သော် နှစ်နိုင်ငံကုန်သွယ်မှုသည် ရူပီးပေးချေမှုစနစ် ထူထောင်ပြီးနောက် သိသိသာသာ တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ပီကေ ရှားက ပြောသည်။

မြန်မာမှ စစ်တွေဆိပ်ကမ်းနှင့် ပတ်သက်ပြီး ဦးအောင်နိုင်ဦးက ကုန်သွယ်ရေးလုပ်ငန်းများ စတင်သောအခါ မြန်မာနိုင်ငံ၏ ထိုအစိတ်အပိုင်းနှင့် ကုန်သွယ်မှုအတွက် ရည်ရွယ်ကြောင်း “အဲဒါက ရည်မှန်းချက်တခုပဲ” ဟု ပြောသည်။

ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း တစိတ်တပိုင်းအဖြစ် အိန္ဒိယအစိုးရထောက်ပံ့ငွေဖြင့် တည်ဆောက်ထားသော ထိုဆိပ်ကမ်းကို လွန်ခဲ့သောလက ဖွင့်လှစ်ခဲ့သည်။

အိန္ဒိယသည် မြန်မာတွင် ၁၁ နိုင်ငံမြောက် ရင်းနှီးမြုပ်နှံမှု အများဆုံးဖြစ်ပြီး ဒေါ်လာ ၇၇၅ သန်း မြှုပ်နှံကာ မြန်မာမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၀ ဒသမ ၈၄ ရာခိုင်နှုန်း ရှိသည်။

အဒါနီ မြန်မာဆိပ်ကမ်းကို ရောင်းချမှု

မေလအစောပိုင်းတွင် အဒါနီဆိပ်ကမ်းများနှင့် အထူးစီးပွားရေးဇုန်များ (APSEZ) က မြန်မာမှဆိပ်ကမ်းကို ဒေါ်လာ သန်း ၃၀ ဖြင့်ရောင်းချမှု ပြီးစီးကြောင်း ကြေညာသည်။ ထိုသို့ မြန်မာမှထွက်ခွာခြင်းသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက ဆုံးရှုံးနိုင်ခြေရှိမှု တွက်ချက်ရေး ကော်မတီ၏ အကြံပြုချက်အတိုင်း APSEZ ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

ထိုကိစ္စမေးသောအခါ ဝန်ကြီး ဦးအောင်နိုင်ဦးက အဒါနီသည် မြန်မာတွင် သေနင်္ဂဗျူဟာကျသည့် ရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်းကြောင်း ပြောသည်။ “ကျနော်တို့ သူတို့အတွက် အဖြေတချို့ ရှာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ကိုးကား ။ ။ Business Standard သတင်း Rupee-kyat trade arrangement negotiations may conclude by Jun-end: Myanmar

You may also like these stories:

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဇောက်ထိုးဆင်းနေ

တရုတ်နယ်စပ်ကုန်သွယ်ရေး၌ ယွမ်ငွေကိုသာ သုံးရမည်ဟု စစ်ကောင်စီသတ်မှတ်

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
238
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

စက်မှုဇုန်လုပ်ငန်းများကို မီတာခ ၂ ဆကျော်တိုးကောက်၍ မီးပေးရန် စီစဉ်

သံနှင့် သံမဏိ တင်သွင်းသူများကို ဒေါ်လာအစား ယွမ်သုံးဖို့ ဖိအားပေး

တဒေါ်လာ ၃၀၀၀ ဖြစ်လာရခြင်း နောက်ကွယ်

Your Thoughts …
Tags: APSEZEEPC အိန္ဒိယကုန်သွယ်ရေးကုလားတန်စီမံကိန်းငွေလဲလှယ်မှုမူဝါဒစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးပန်ဂျပ်အမျိုးသားဘဏ်ဗဟိုဘဏ်ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုရူပီးအဒါနီအရေးယူပိတ်ဆို့မှုအိန္ဒိယ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် ထောက်ခံသူများနှင့် တွေ့ဆုံနေသည့် Move Forward ပါတီ (MFP) ခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရတ် / MFP

ပီတ ဝန်ကြီးချုပ်ဖြစ်ဖို့ နီးလာပြီလား

ဇွန်လ ၄ ရက် ညနေပိုင်းတွင် မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရှိ ကံသစ်ကျေးရွာ

စခန်း တိုက်ခိုက်ခံရလျှင် ဒေသခံလူထုကို စစ်ကောင်စီ လက်တုံ့ပြန်နေ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved