• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုကိုးကျွန်းရှိ သူလျှိုစခန်းအရေး အိန္ဒိယက မြန်မာနှင့် ထိပ်တိုက်တွေ့

by ဧရာဝတီ
10 April 2023
in သတင်း
A A
ကိုကိုးကျွန်းပေါ်တွင် တရုတ်ဆောက်လုပ်ရေးလုပ်ငန်း ဂြိုဟ်တုဓာတ်ပုံများကို အိန္ဒိယအစိုးရအရာရှိများက ဖော်ပြနေကြသည် / Nmukherjee6/Twitter

ကိုကိုးကျွန်းပေါ်တွင် တရုတ်ဆောက်လုပ်ရေးလုပ်ငန်း ဂြိုဟ်တုဓာတ်ပုံများကို အိန္ဒိယအစိုးရအရာရှိများက ဖော်ပြနေကြသည် / Nmukherjee6/Twitter

5.6k
VIEWS
Share on FacebookShare on Twitter

ဘင်္ဂလားပင်လယ်အော်မှ သွားလာရန် ခက်ခဲသောကျွန်းတကျွန်းတွင် ထောက်လှမ်းရေးစခန်း တည်ဆောက်ရာ၌ တရုတ်ကမြန်မာကို ကူညီနေသည်ဆိုသည့် ထောက်လှမ်းရေးသတင်းနှင့် ပတ်သက်ပြီး အိန္ဒိယက မြန်မာကို ထိပ်တိုက်တွေ့ကြောင်း နီးစပ်သော အိန္ဒိယအရာရှိများကို ကိုးကားပြီး Bloomberg က ရေးသည်။

အဆင့်အသီးသီးမှ အိန္ဒိယအစိုးရ ကိုယ်စားလှယ်များသည် တရုတ်အလုပ်သမားများက အိန္ဒိယသမုဒ္ဒရာမှ ကိုကိုးကျွန်းတွင် ထောက်လှမ်းရေးစခန်းတခု ကူညီတည်ဆောက်နေပုံရသည့် ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများကို မြန်မာအရာရှိများထံ ပေးပို့ခဲ့သည်ဟု အမည်မဖော်လိုသော ထိုအရာရှိများက ပြောကြောင်း၊ အလုပ်သမားများသည် လေယာဉ်ကွင်း တိုးချဲ့နေသည်ဟု ၎င်းတို့ကပြောကြောင်း သတင်းက ဆိုသည်။

အိန္ဒိယနှင့် မြန်မာအရာရှိများ တွေ့ဆုံသည့် အစည်းအဝေးများတွင် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်များက တရုတ်ပါဝင်ပတ်သက်မှုကို ငြင်းဆိုပြီး အိန္ဒိယ၏ စိုးရိမ်မှုများကို ပယ်ချခဲ့သည်ဟု ထိုအရာရှိများက ပြောသည်။ သို့သော် ထိုအခြေခံအဆောက်အအုံသည် အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းရှိ ရေတပ်စခန်းများမှ ဆက်သွယ်မှုများနှင့် ဒုံးကျည်စမ်းသပ်သော နေရာများကို တရုတ်က စောင့်ကြည့်ရန် ခွင့်ပြုမည်ကို အိန္ဒိယက စိုးရိမ်နေဆဲဖြစ်သည်ဟု သတင်းက ဆိုသည်။

တရုတ်သည် ကိုကိုးကျွန်းတွင် သူလျှိုစခန်းတည်ဆောက်နေသည်ဆိုသည့် သတင်းသည် “တလွဲ” ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

တရုတ်ပင်ဖြစ်စေ အိန္ဒိယပင်ဖြစ်စေ ပတ်သက်ကြောင်း ပြောဆိုလာသမျှကို ၎င်းကငြင်းဆန်ပြီး မြန်မာသည် ပြည်ပတပ်ဖွဲ့များကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်ကြောင်း ပြောသည်။

“မြန်မာနဲ့ အိန္ဒိယအရာရှိတွေ အဆင့်အသီးသီးမှာ ဆွေးနွေးအမြဲလို ဆွေးနွေးနေတယ်။ ဒါပေမယ့် အဲဒီကိစ္စ မပါဘူး” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ “အဲဒီမှာ မြန်မာတပ်တွေပဲရှိပြီး ကိုယ့်နိုင်ငံကို ကိုယ်ကာကွယ်ဖို့ လုပ်နေတာ သူတို့သိတယ်” ဟုလည်း ပြောသည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စတာ အာရင်းဒမ် ဘက်ချီကို မေးမြန်းသောအခါ အိန္ဒိယသည် ၎င်း၏အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သည်များကို လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။

“အစိုးရက အိန္ဒိယလုံခြုံရေးနဲ့ ပတ်သက်တဲ့ ဖြစ်ပေါ်တိုးတက်မှု အားလုံးကို စောင့်ကြည့်နေတယ်” ဟု ၎င်းကပြောသည်။

ကိုကိုးကျွန်းပေါ်မှ လေယာဉ်ကွင်းနှင့် အဆောက်အအုံများ / Google Earth

ယခုသီတင်းပတ် အစောပိုင်းက စစ်ကောင်စီဝန်ကြီးများကို သွားရောက်တွေ့ဆုံခဲ့သော မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ချန်ဟိုင်းက ဤကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆန်သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မေးခွန်းများကို လတ်တလော ဖြေကြားခြင်းမရှိသေးပေ။

အိန္ဒိယနှင့် တရုတ်အကြား စစ်ရေးတင်းမာမှုများ ၂၀၂၀ ပြည့်နှစ်က စတင်မြင့်မားနေပြီး နှစ်ဖက်အကြား ဟိမဝန္တာနယ်စပ်တွင် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ အစိုးရသည် အိန္ဒိယတွင် တရုတ် အပလီကေးရှင်းများကို ပိတ်ပင်အရေးယူပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ တရုတ်ထံတွင် ခွဲဝေရင်းနှီးမြှုပ်နှံရန် ကြိုးစားနေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နေသည်။

ထိုကျွန်းစုတွင် တရုတ်ထောက်လှမ်းရေးစခန်း တည်ဆောက်ရန် မြန်မာက ခွင့်ပြုသည်ဆိုသည့် သတင်းများ ပျံ့နှံ့နေသည်မှာ ၁၉၉၀ ပြည့်နှစ်များကတည်းက ဖြစ်သည်။ မြန်မာသည် ထိုဒေသ၌ ရေကြောင်း ထောက်လှမ်းရေး ပြုလုပ်ရန် ကိုကိုးကျွန်းတွင် စစ်စခန်း ပြင်ဆင်နေသည်ဆိုသည့် အစီရင်ခံစာကို လန်ဒန်အခြေစိုက် သုတေသန အဖွဲ့ဖြစ်သည့် Chatham House က လွန်ခဲ့သော သီတင်းပတ်တွင် ထုတ်ပြန်လိုက်သောအခါ ထိုကိစ္စကို ပြန်လည်အာရုံစိုက်လာကြသည်။

တရုတ်သည် ကိုကိုးကျွန်းတွင် တိုက်ခိုက်ရေးစွမ်းရည် မရှိကြောင်းနှင့် အိန္ဒိယသမုဒ္ဒရာတွင် ထောက်လှမ်းရေးလုပ်သည့် တရုတ်သုတေသန သင်္ဘောများသည် သံသယကို ရှောင်ရှားရန် ထိုကျွန်းတွင် ဆိုက်ကပ်ခြင်း မရှိကြောင်း အိန္ဒိယက သုံးသပ်သည်။ ထိုကျွန်းတွင် ကိရိယာများတပ်ဆင်သည့် တရုတ်အလုပ်သမားများကို တွေ့ရသော်လည်း တရုတ်တပ်ဖွဲ့ဝင်များ ချထားခြင်းမရှိကြောင်း ၎င်းတို့ကပြောသည်။

ကိုကိုးကျွန်းပြမြေပုံ / Google Maps

မြန်မာစစ်ကောင်စီက တရုတ်သူလျှိုစခန်း တည်ဆောက်ခြင်းကို ပိတ်ပင်ရေး အိန္ဒိယက ဆက်လက်ဖိအားပေးရန် စီစဉ်ထားသည်ဟု ထိုအရာရှိများက ပြောသော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပက အရေးယူပိတ်ဆို့သောအခါ ဗိုလ်ချုပ်များသည် တရုတ်ကို စီးပွားရေးအရ ပိုမို မှီခိုလာကြောင်း ၎င်းတို့က အကဲဖြတ်သည်။

တရုတ်သည် မြန်မာ၏ အကြီးမားဆုံး ကုန်သွယ်ဘက်ဖြစ်ပြီး အာရှတွင် ကြီးမားသည့် ပဋိပက္ခဖြစ်လျှင် ပိတ်ဆို့ခံရမည့် မလက္ကာရေလက်ကြားကို အသုံးမပြုဘဲနေရန် မြန်မာတွင် ဆိပ်ကမ်းများနှင့် စွမ်းအင်ပိုက်လိုင်းများ၌ ရင်းနှီးမြှုပ်နှံထားသည်။

ကိုကိုးကျွန်းမှ ကီလိုမီတာ ၆၀ ပင် မဝေးသည့် ကပ္ပလီပင်လယ်နှင့် နီကိုဘာကျွန်းစုတွင် အိန္ဒိယ၏ စစ်စခန်းတခု ရှိသည်။ အိန္ဒိယသည် ထိုကျွန်းစုတွင် ကာကွယ်ရေးစွမ်းရည် မြှင့်တင်နေကြောင်း ထိုအရာရှိများက ပြောသော်လည်း အသေးစိတ်ပြောကြားခြင်း မရှိပေ။

၂၀၂၃ ခုနှစ်တွင် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းတလုံးကို အမေရိကန် ပြည်ထောင်စုက ၎င်းတို့ပိုင်နက်တွင် ပစ်ချလိုက်သောအခါ တရုတ်ထောက်လှမ်းရေး လှုပ်ရှားမှုများကို အာရုံစိုက်လာကြသည်။ ထိုသို့ပစ်ချသောကြောင့် လွန်ခဲ့သောနိုဝင်ဘာလက အင်ဒိုနီးရှားတွင် အမေရိကန်သမ္မတ မစ္စတာ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တွေ့ဆုံပြီးနောက် ပိုမိုထိတွေ့ဆက်ဆံရန် အစီအစဉ်များ လမ်းကြောင်းလွဲသွားစေသည်။

ထိုမိုးပျံပူဖောင်းသည် စစ်ရေးဆိုင်ရာနေရာများမှ ထောက်လှမ်းရေးသတင်း ရယူနေကြောင်း လွန်ခဲ့သောအပတ်တွင် ပင်တဂွန်စစ်ဌာနချုပ်က ပြောသော်လည်း အမေရိကန်သည် ထိုပူဖောင်းက ရယူသည့် သတင်းများကို ကန့်သတ်ထားနိုင်သည်ဟု ဆိုသည်။

အာရှတိုက် အခြားနေရာတွင် တရုတ်စစ်စခန်း တည်ဆောက်မည့် အားထုတ်မှုတခုကိုလည်း အမေရိကန် ပြည်ထောင်စုက သတိပေးထားသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ရီယမ် ရေတပ်စခန်းသည် အာရှ-ပစိဖိတ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပထမဆုံး ပြည်ပရေတပ်စခန်း ဖြစ်လာမည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ၂၀၂၂ ခုနှစ်တွင် ပြောသော်လည်း ကမ္ဘောဒီးယားအစိုးရက ထိုစွပ်စွဲချက်ကို အကြိမ်ကြိမ် ငြင်းဆန်သည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
4
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
13
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
30

တရုတ်သည် ပစိဖိတ်တွင်လည်း ခြေကုပ်ယူရန် ကြိုးစားခဲ့သည်။ China Civil Engineering Construction သည် ဆော်လမွန်ကျွန်းစုတွင် ဆိပ်ကမ်းတခု တည်ဆောက်ရန် ကန်ထရိုက်ရကြောင်း Reuters သတင်းဌာနက မတ်လတွင်ဖော်ပြသည်။

ဆာမိုအာ ဝန်ကြီးချုပ် ဖီယမ်းနော်မီ မာတာအာဖာက ထိုဆိပ်ကမ်းသည် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ဆိပ်ကမ်းကဲ့သို့သော တခုခုအဖြစ် ပြောင်းလာမည်ကို စိုးရိမ်ကြောင်း ထိုစဉ်က ပြောခဲ့သည်။

တရုတ်သည် “PLA (တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်) အတွက် ပိုမိုဝေးကွာသော နေရာများတွင် စစ်အင်အားထူထောင်ရန် သယ်ယူပို့ဆောင်ရေးနှင့် အခြေစိုက် အခြေခံအဆောက်အအုံများ ကွန်ရက်ထူထောင်မည်” ကို အမေရိကန်ပြည်ထောင်စုက စိုးရိမ်ကြောင်း ပင်တဂွန် ပြောခွင့်ရသူ မစ္စတာ မာတင်မိန်းနားစ်က ပြောသည်။

ကိုကိုးကျွန်းမှ တရုတ်လှုပ်ရှားမှုများကို ပြောကြားခြင်းမပြုသော်လည်း တရုတ်က “အိမ်ရှင်နိုင်ငံများနှင့် ညှိနှိုင်းမှုများနှင့် ရည်ရွယ်ချက်များ ပွင့်လင်းမြင်သာမှု မရှိခြင်း” ကို အထူးစိုးရိမ်ကြောင်း မစ္စတာ မိန်းနားစ်က ပြောသည်။

ကိုးကား ။ ။ Bloomberg သတင်း India confronts Myanmar about China spy post on remote Coco Islands

You may also like these stories:

ကိုကိုးကျွန်းသို့ တကျော့ပြန်

ကိုကိုးကျွန်းအနီး အိန္ဒိယက ရေတပ်အခြေစိုက်စခန်းသစ် တည်ဆောက်

သမိုင်းအမှားဘက်သို့ တရုတ် တပတ်ပြန်လည်လာသည်

အမေရိကန်၊ တရုတ်နှင့် နွေဦးတော်လှန်ရေး

Your Thoughts …
Tags: ကပ္ပလီပင်လယ်ကိုကိုးကျွန်းစစ်ကောင်စီစစ်အာဏာသိမ်းမှုတရုတ်ထောက်လှမ်းရေးစခန်းနီကိုဘာကျွန်းစုဘင်္ဂလားပင်လယ်အော်မလက္ကာရေလက်ကြားရင်းနှီးမြှုပ်နှံမှုရေတပ်စခန်းအမေရိကန်အရေးယူပိတ်ဆို့မှုအိန္ဒိယအိန္ဒိယသမုဒ္ဒရာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ချင်းပြည်နယ်၊ ဖလမ်း၊ ဝေဘူလမြို့ပေါ် စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်ခံရပြီး မြင်ကွင်း/Cung Ngai

ဗားရ်စခန်း အသိမ်းခံရပြီးနောက် ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၈ဦးသေဆုံး

ရန်ကုန်မြို့ရှိ ဈေးဆိုင်တချို့ (ဓာတ်ပုံ- ဧရာဝတီ)

သင်္ကြန်နီးပြီဖြစ်၍ ကုန်ဈေးနှုန်းတက်သည့်အပြင် ကုန်ပစ္စည်းတချို့ပါ ပြတ်လပ်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved