• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗားရ်စခန်း အသိမ်းခံရပြီးနောက် ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၈ဦးသေဆုံး

by ဧရာဝတီ
10 April 2023
in သတင်း
A A
ချင်းပြည်နယ်၊ ဖလမ်း၊ ဝေဘူလမြို့ပေါ် စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်ခံရပြီး မြင်ကွင်း/Cung Ngai

ချင်းပြည်နယ်၊ ဖလမ်း၊ ဝေဘူလမြို့ပေါ် စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်ခံရပြီး မြင်ကွင်း/Cung Ngai

3.7k
VIEWS
Share on FacebookShare on Twitter

ချင်းအမျိုးသား ကာကွယ်ရေးတပ်( Chin National Defense Force )က ဖလမ်းမြို့နယ် ဗားရ်ကျေးရွာအနီးရှိ စစ်ကောင်စီ စခန်းတခုအား ဝင်ရောက်စီးနင်းပြီးနောက် ယင်းမြို့နယ်ရှိ ဝေဘူလကျေးရွာအုပ်စုမှ စာသင်ကျောင်းကို စစ်ကောင်စီက လေ ကြောင်းမှ တိုက်သဖြင့် ကျောင်းဆရာ ၁ဦးအပါအဝင် အရပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

ယနေ့ မနက်ပိုင်းက ဖလမ်းမြို့နယ် မဏိပူရ်မြစ်ဘေး ဗားရ်ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းအား CNDF တပ်ဖွဲ့ ဝင်များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အကျအဆုံးများသဖြင့် ယခုလို အရပ်သားများအား ပစ်မှတ်ထားကာ ဗုံးကြဲ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဖလမ်း ( CNDF )၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်း ပြောသည်။

၎င်းက “ကျနော်တို့ ဗားရ် စခန်းကို ဝင်စီးတဲ့အချိန် မနက် ၈နာရီလောက်မှာ တိုက်လေယာဉ် ၃ စီးနဲ့ ဗုံး ၆ လုံး လာကြဲသွား တယ်။ သူတို့ဘက်က သေဆုံးမှုတွေလည်း များတယ်။ စခန်းလည်း ကျတယ်ဆိုတော့ မနက် ၁၁ နာရီလောက်မှာ ဘာမှ မဆိုင်တဲ့ ဝေဘူလမြို့ ပေါ်က အရပ်သားပစ်မှတ်ကို သွားပြီး ဗုံးကြဲတာ။အခု စာရင်းရတာက ဒဏ်ရာရတာ ၁၀ဦးကျော်မှာ ၈ ဦးကတော့ ဆုံးသွားပြီ။ အစုလိုက် အပြုံလိုက် သေစေချင်တဲ့ သဘောနဲ့ ဘာမှမဆိုင်ဘဲ သွားပြီးတော့ ဗုံးကြဲတာဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအနီးနေ ကျောင်းဆရာ ၁ ဦးနှင့် အရပ်သား ၇ ဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ အဆောက်အဦးအချို့လည်း ပျက်စီးခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သူများကို နီးစပ်ရာ ဆေးရုံ ဆေးခန်းများသို့ ပို့ဆောင်နေကြောင်းလည်း ဒေသခံ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

မဏိပူရမြစ်ပေါ်ရှိ ဗားရ်တံတား(CNO Upper Chindwin Region)

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များ (CNDF) ဝင်ရောက်တိုက်ခိုက်သည့် စခန်းမှာ ကလေး- ဖလမ်း ကားလမ်းမ ပေါ်ရှိ ဗားရ်ကျေးရွာအနီးတွင်ရှိပြီး စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ ဝင်များပေါင်းကာ တပ်စွဲနေထိုင်သည့် စခန်းတခု ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ၁၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများနှင့်အတူ တပ်ဖွဲ့ဝင် ၁၁ ဦး အရှင် ဖမ်းမိကာ စခန်းတခုလုံးအားလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဖလမ်းမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ ( CNDF )၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက ပြောသည်။

၎င်းက ဆက်လက်၍ “ ဒီစခန်းဟာ ကလေး- ဖလမ်း ကားလမ်းမပေါ်မှာ ရှိပြီးတော့ ဗားရ်တံတားပေါ်မှာ သူတို့က စစ်ဆေး ရေးဂိတ်ဖွင့်ပြီးတော့ ပြည်သူတွေကို ဒုက္ခပေးမယ်။ ဆက်ကြေး တောင်းတယ်။ ကျနော်တို့အတွက်လည်း သွားရေး ၊ လာရေး ခက်ခဲတာကြောင့် ဒီစခန်းကို တိုက်ခိုက်ပြီး တခါတည်း မီးရှို့ ဖျက်ဆီးခဲ့တာ ဖြစ်တယ်” ဟု ဆိုသည်။

စစ်ကောင်စီဘက်မှ သေဆုံးမှုများကို ဧရာဝတီမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိခဲ့ပေ၊ သို့သော် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၈ဦးခန့်မှာ ပွဲချင်းပြီး သေဆုံးပြီး အပြင်းအထန် ဒဏ်ရာရရှိသူများလည်း ရှိနေသောကြောင့် သေဆုံးသူဦးရေမှာ ထပ်မံတိုး လာနိုင်ကြောင်းလည်း သိရသည်။

You may also like these stories:

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
63

ကြားဖြတ်တိုက်ခိုက်ခံနေရသည့် စစ်ကောင်စီယာဉ်တန်း ၅၀ ကျော်သေဆုံးဟု CDF ပြော

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ

မင်းတပ်နှင့်မတူပီသို့ တက်လာသည့် စစ်ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရ

Your Thoughts …
Tags: CNDFဖလမ်းမြို့နယ်၊ ဝေဘူလကျေးရွာအုပ်စု၊ ချင်းအမျိုးသား ကာကွယ်ရေးတပ်၊ စစ်ကောင်စီဗားရ်စခန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

by မေရီခိုင်
7 July 2025
3.8k

ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား စစ်ရေးတင်းမာကာ တိုက်ပွဲများဖြစ်ပွားနေသလို ယမန်နေ့တွင် ဖလမ်းမြို့နယ်ရှိ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ဌာနချုပ် Camp Rihli ကို ချင်းအမျိုးသား တပ်မတော် (CNA) မှ သိမ်းပိုက်

စစ်မှုထမ်းဥပဒေက လူငယ်များကို တော်လှန်ရေးထဲ ပို့ဆောင်ပေးနေ

စစ်မှုထမ်းဥပဒေက လူငယ်များကို တော်လှန်ရေးထဲ ပို့ဆောင်ပေးနေ

by ဟိန်းထူးဈာန်
10 June 2024
2.2k

အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြားရှိသော ထိုလူသစ်များသည် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် မန္တလေး စသည့် အဓိကမြို့ကြီးများမှ ရောက်လာသည်။

ဖလမ်းမြို့ဝန်းကျင်အား ချင်းကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်

ဖလမ်းမြို့ဝန်းကျင်အား ချင်းကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်

by ဧရာဝတီ
16 November 2023
2.1k

ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံဘက်သို့ အရပ်သားပြည်သူ ၅,၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေကြရ

အိန္ဒိယ-မြန်မာနယ်စပ်အနီး ချင်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲဖြစ်

အိန္ဒိယ-မြန်မာနယ်စပ်အနီး ချင်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲဖြစ်

by မေရီခိုင်
6 July 2025
1.7k

အိန္ဒိယဘက်ခြမ်းရှိ ဇိုခေါ်ထာရ်ရွာအတွင်းသို့ ကျည်များ ကျရောက်လာသောကြောင့် အိန္ဒိယထဲသို့ ကျည်ကျ ရောက်သည်အထိ မပစ်ကြရန်နှင့် ချက်ချင်း အပစ်ရပ်ကြရန် ဇိုခေါ်ထာရ်အုပ်ချုပ်ရေးမှူးက အသံချဲစက်ဖြင့် သတိပေး တားမြစ်ခဲ့သည်။

အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

by ဧရာဝတီ
27 September 2023
1.1k

မဏိပူရပြည်နယ်သည် နယ်စပ် ခြံစည်းရိုးကို နောက်ထပ် ကီလိုမီတာ ၇၀ (၄၄ မိုင်) စတင် တိုးချဲ့ရန် စီစဉ်နေသည်။

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

by ဧရာဝတီ
9 July 2025
162

ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား နယ်မြေသိမ်းပိုက် စိုးမိုးမှု အငြင်းပွားရာ ကနေ အချင်းချင်း ပဋိပက္ခပြင်းထန်နေပြီး တိုက်ပွဲတွေပါ ဖြစ်ပွားနေပါတယ်။

Next Post
ရန်ကုန်မြို့ရှိ ဈေးဆိုင်တချို့ (ဓာတ်ပုံ- ဧရာဝတီ)

သင်္ကြန်နီးပြီဖြစ်၍ ကုန်ဈေးနှုန်းတက်သည့်အပြင် ကုန်ပစ္စည်းတချို့ပါ ပြတ်လပ်နေ

“ခြေလေးချောင်း” ရုပ်ရှင် ရိုက်ကူးသူ ဒါရိုက်တာ မောင်ဆန်း

မြန်မာ့ရုပ်ရှင်လောကကို သရော်ထားတဲ့ “ခြေလေးချောင်း” ရုပ်ရှင် ဒါရိုက်တာနှင့် မေးမြန်းခြင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved