• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖလမ်းမြို့ဝန်းကျင်အား ချင်းကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်

by ဧရာဝတီ
16 November 2023
in သတင်း
A A
ဖလမ်းမြို့ဝန်းကျင်အား ချင်းကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်

စစ်ကောင်စီ၏ သီးဘွာလ် စခန်းမီးလောင်နေပုံ/CNDF

2.1k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယ-မြန်မာ နယ်စပ်၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ရိဒ်ခေါဒါရ်မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီအထိုင်စခန်း ၂ ခု နှင့် သီးဘွာလ် စခန်းတို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဖလမ်းမြို့ဝန်းကျင်ကို ၉၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ထံမှ သိရသည်။

CNDF ၏ ပြောဆိုခွင့်ရှိသူတဦးက ” တပ်စခန်းအရပြောမယ်ဆိုရင် ဖလမ်းမှာက စစ်တပ်စခန်းက ၆ ခုရှိတယ် အဲဒါကို ကျနော်တို့က အခု ၃ ခုသိမ်းထားနိုင်ပြီဆိုတော့ တဝက်ပဲကျန်တော့တယ်ပေါ့။ မြေပြင်အခြေအနေအရတော့ ၉၀ ရာခိုင်နှုန်း လောက်အထိ လွတ်လွတ်လပ်လပ် သွားလာ ဆက်သွယ်လို့ ရနိုင်တဲ့သဘောရှိတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်သည် မြောက်ဘက်တွင် တီးတိန်မြို့နယ်၊ တောင်ဘက်တွင် ဟားခါးမြို့နယ်ရှိပြီး ကလေးမြို့မှ ၇၃ မိုင်သာ ကွာဝေးသည်။

လတ်တလောတွင် စစ်ကောင်စီတပ်များသည် ဖလမ်းမြို့ပေါ်ရှိ ခြေလျင်တပ်ရင်း (ခလရ) ၂၆၈ တပ်ရင်းစခန်းတခုနှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်- ဖလမ်း ကားလမ်းမပေါ်ရှိ စစ်စခန်း ၂ ခုတွင်သာ အထိုင်ချနိုင်ကြောင်း ၎င်းက ဆိုသည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
181
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
35
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
72

ဖလမ်းမြို့နယ်ရှိ သီးဘွာလ် စစ်ကောင်စီတပ်စခန်းကို CNDF တပ်ဖွဲ့က နိုဝင်ဘာ ၁၄ ရက်ညပိုင်းက စတင်တိုက်ခိုက်ခဲ့ကာ ယနေ့ (နိုဝင်ဘာ ၁၅ ရက်) နံနက် ၅ နာရီကျော်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတချို့နှင့် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးမှုများရှိခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ မရှိသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူ မပေးနိုင်ခဲ့ကြောင်း CNDF ထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်တွင်လည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲရှိ ရိဒ်ခေါဒါရ်မြို့အနီးပတ်ဝန်းကျင်တွင် အထိုင်ချထားသော စစ်ကောင်စီတပ် စခန်း ၂ ခုကို ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရိဒ်ခေါဒါရ်မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။

ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ/The Chin Journal

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သား ၇ ဦးက ချင်းကာကွယ်ရေးတပ်ဖွဲ့များထံ လက်နက်ချ အညံ့ခံသလို ထိုတိုက်ပွဲအတွင်း စစ်သား ၄၀ ကျော်သည်လည်း အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ နယ်စပ်ဖြတ် ကျော်ကာ ထွက်ပြေးသွားခဲ့ကြောင်း CNDF ထံမှ သိရသည်။

အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသွားသော စစ်ကောင်စီတပ်သား ၄၀ ကျော်ကိုမူ နိုဝင်ဘာ ၁၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မိုရေးမြို့ကတဆင့် မြန်မာနိုင်ငံ၊ တမူးမြို့ကို လွှဲပြောင်းပေးခဲ့ကြောင်း အိန္ဒိယအခြေစိုက် The Indian Express သတင်းဌာနက ဖော်ပြထားသည်။

ထို့နောက် ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် ရိဒ်ခေါဒါရ်မြို့ရှိ နယ်စပ်ဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချကာ ချင်း အမျိုးသားအလံတော်ကို လွှင့်ထူပြီး အိန္ဒိယ-မြန်မာ အမှတ် ၂ ကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်လိုက်ကြောင်း ကြေညာခဲ့သည်။

ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံဘက်သို့ အရပ်သားပြည်သူ ၅,၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင် နေကြရပြီး တချို့မှာ ရိဒ်ခေါဒါရ်မြို့သို့ ပြန်လည်ပြောင်းရွှေ့နေထိုင်မှုများရှိသလို စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် နေအိမ်သို့ ပြန်မလာရဲသေးသူများလည်း ရှိကြောင်း ချင်းပြည်ကောင်စီ ညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ (WCCCC)၏ ပြောရေးဆိုခွင့်ရှိသူ Dr Ngai Tam Maung က ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ ” ရိဒ်ခေါဒါရ်မြို့က အေးအေးချမ်းချမ်းဖြစ်သွားတော့ မြို့ကို ပြန်လာကြသူတွေလည်းရှိကြတယ်။ ဒါပေမယ့် ဒီနေ့မနက်မှာက သီးဘွာလ်မှာ စခန်းသိမ်းတိုက်ပွဲဖြစ်တော့ အဲဒီဘက်ကလူတွေက တခါ အိန္ဒိယဘက်ကို ပြန် ထွက်ပြေးတာတွေလည်းရှိတယ် ” ဟု ပြောသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုခေါထာရ် သို့ ထွက်ပြေးတိမ်းရှောင်နေရသော အဆိုပါ စစ်ဘေးရှောင်ပြည်သူများအတွက် မိုးကာ၊ ဆေးဝါး၊ ရေ နှင့် စားနပ်ရိက္ခာများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

You may also like these stories:

မီဇိုရမ် ရွေးကောက်ပွဲ ချင်းဒုက္ခသည်များရဲ့ မျှော်လင့်ချက်လား

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

ကလေး- တမူးလမ်းပေါ်ရှိ ခါမ်းပါတ်မြို့ကို PDF သိမ်း

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

Your Thoughts …
Tags: CNDFချင်းပြည်နယ်တပ်စခန်းဖလမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

by Zachary Abuza
31 January 2024
9.7k

ပြည်တွင်းစစ်နှင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောက်ခံသည့် အားလုံး ပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီ နှစ်ခုလုံးအတွက် အရေးအပါဆုံးမှာ ရခိုင်ပြည်နယ်မှ တိုက်ပွဲများ ဖြစ်သည်။

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

by စွယ်တော်
17 March 2025
8.8k

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကြသည့် ထို နှစ်မြို့တွင် တိုက်ပွဲကာလအတွင်း စစ်ရှိန်လျှော့ချခြင်း၊ စစ်ဗျူဟာပြောင်းခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။

မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

by ဧရာဝတီ
4 December 2023
7.9k

ထိုစခန်းသိမ်းတိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးအဆင့်အပါအဝင် တပ်ဖွဲ့ဝင်အများအပြား လက်နက်ချ အညံ့ခံခဲ့ကြကြောင်း

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)

by အေးချမ်းဆု
19 October 2023
7.6k

ကချင်ပြည်နယ်အတွင်းရှိ PDF များကို ကချင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) များအဖြစ် ဖွဲ့စည်းပြီး KIA က ဌာနတခုအသစ်ဖွင့်၍ တိုက်ရိုက် ကိုင်တွယ်သည်။

၄ လကျော်ကြာ ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ

၄ လကျော်ကြာ ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ

by မိုးစက်ငြိမ်းချမ်း
2 May 2024
7.5k

ဤသုံးပွင့်ဆိုင်နယ်မြေတွင် တဖွဲ့တဖွဲ့ ကျောချင်းကပ်ကာ ရင်ဆိုင်၍ရသည့် အခြေခံဒေသတခု တည်ဆောက်ရန် တော်လှန်ရေးတပ်ဖွဲ့များ ကြိုးစားနေပုံရ၏။

Next Post
မိုဒီအစိုးရအတွက် ချင်းတောင်တန်းက အချက်ပေးသံ

မိုဒီအစိုးရအတွက် ချင်းတောင်တန်းက အချက်ပေးသံ

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မူဆယ်နဲ့ နမ့်ခမ်းကို TNLA က အရေးပေါ်အမိန့်ထုတ်

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မူဆယ်နဲ့ နမ့်ခမ်းကို TNLA က အရေးပေါ်အမိန့်ထုတ်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved