• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မိုဒီအစိုးရအတွက် ချင်းတောင်တန်းက အချက်ပေးသံ

by ခွန်ဘီလီ
16 November 2023
in သူ့အတွေး သူ့အမြင်
A A
မိုဒီအစိုးရအတွက် ချင်းတောင်တန်းက အချက်ပေးသံ

ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ အိန္ဒိယနယ်စပ်ဂိတ်တွင် ချင်းအမျိုးသားအလံကို လွှင့်ထူထားစဉ်

6.5k
VIEWS
Share on FacebookShare on Twitter

အခုတလော နိုင်ငံတကာအသိုင်းအဝန်းနဲ့ ပြည်တွင်း ပြည်ပက လူတွေ အများဆုံး ပြောဖြစ်တာကတော့ မြောက်ပိုင်းမဟာမိတ်ညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေး၊ ကရင်နီတို့ရဲ့ ၁၁၀၇ စစ်ဆင်ရေး၊ ခရိုင်မြို့ကြီးဖြစ်တဲ့ ကောလင်း မြို့သိမ်းတိုက်ပွဲတွေ ဖြစ်မယ်ထင်ပါတယ်။

ဒီသတင်းတွေနဲ့အတူ အိန္ဒိယနယ်စပ်တနေရာဖြစ်တဲ့ ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီ အထိုင်တပ်စခန်းတခုကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားခဲ့ပါတယ်။

တကယ်တော့ ဒီလို အောင်မြင်မှုဟာ CNA နှင့် အတူ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်မှုကြောင့်သာလို့ ဆိုလို့ရပါမယ်။ အထူးသဖြင့် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ နယ်မြေကျွမ်းကျင်မှု၊ CNA နည်းဗျူဟာ ကျစ်လစ်မှုကြောင့်လို့ ဆိုလို့ရပါတယ်။

ချင်းအမျိုးသားတွေ အနေနဲ့ရော၊ CNA အနေနဲ့ပါ တချိန်က မြန်မာနိုင်ငံ အာဏာသိမ်း စစ်ခေါင်းဆောင် ပြောခဲ့ဖူးတဲ့ “ဓားပြအဆင့်သာရှိတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ CNF ကို ငြိမ်းချမ်းရေးစကားဝိုင်းထဲ ခေါ်လာခဲ့ရတယ်လို့” ပြောခဲ့ဖူးတဲ့ သမိုင်းကို ချေဖျက်ခဲ့တဲ့နေ့လည်း ဖြစ်လာတယ်။

ဒီလိုပဲ စခန်းသိမ်းတိုက်ပွဲမှာ အသက်စွန့်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်တိုင်းကို သမိုင်းရေးထိုးပေးခဲ့တဲ့ သူရဲကောင်းတွေအနေနဲ့ ချင်းပြည်သူတွေ အမြဲအမှတ်ရနေမှာပါ။

ချင်းအမျိုးသားတွေ အနေနဲ့ရော၊ CNA အနေနဲ့ပါ တချိန်က မြန်မာနိုင်ငံ အာဏာသိမ်း စစ်ခေါင်းဆောင် ပြောခဲ့ဖူးတဲ့ “ဓားပြအဆင့်သာရှိတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ CNF ကို ငြိမ်းချမ်းရေးစကားဝိုင်းထဲ ခေါ်လာခဲ့ရတယ်လို့” ပြောခဲ့ဖူးတဲ့ သမိုင်းကို ချေဖျက်ခဲ့တဲ့နေ့လည်း ဖြစ်လာတယ်။

ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့ကို သိမ်းနိုင်တဲ့အချက်ဟာ မဟာဗျူဟာ အချက်ပေးသံလို့လည်း ဆိုနိုင်ပါတယ်။ ဒါဟာ အိန္ဒိယရဲ့ မိုဒီ အစိုးရကို သတိပေးခေါင်းလောင်း ထိုးနေတယ်လို့ဆိုရပါမယ်။

မိုဒီ အစိုးရဟာ မြန်မာနိုင်ငံ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ အစဉ်တစိုက် ဆက်ဆံတဲ့ အမျိုးသားရေးဝါဒီအစိုးရ ဖြစ်ပါတယ်။ မြန်မာလူထုရဲ့ သဘောထားကို ဆန့်ကျင်ပြီး အာဏာသိမ်းခေါင်းဆောင်အတွက် လက်နက်ပွဲစား လုပ်ဆောင်ပေးနေသလို တရုတ်ရဲ့ အာဏာသိမ်းစစ်တပ်အပေါ် လွှမ်းမိုးမှုကို လျှော့ချဖိုဆိုတဲ့ ခေါင်းစဉ်နဲ့ အာဏာသိမ်းစစ်တပ်ကို ရေငုပ်သင်္ဘော လက်ဆောင်ပေးတဲ့အဆင့်အထိ မိုက်ရူးရဲဆန်ခဲ့တာကို တွေ့မြင်ခဲ့ရပြန်တယ်။

မိုဒီ အစိုးရအနေနဲ့ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေကိုတော့ သူ့ရဲ့ ဘန်ကာသဖွယ် မြင်သလို တော်လှန်ရေး အင်အားစုတိုင်းဟာလည်း တရုတ်ရဲ့ လက်နက်အထောက်အပံ့နဲ့ သူပုန်ထတယ်လို့ မြင်လေ့ရှိပါတယ်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် အိန္ဒိယမှ အမျိုးသားလုံခြုံရေး (NSA) ဒုတိယ အကြံပေး ဗီခရမ် မီဆရီတို့အဖွဲ့ကို နေပြည်တော်တွင် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် / Cincds

ဒီအခင်းအကျင်းမှာ မြန်မာပြည်ရဲ့ အာဏာသိမ်းမှုဖြစ်ပြီးတဲ့အချိန် သူ့ရဲ့နယ်စပ် တလျှောက် နယ်ခြားစောင့်တပ်ဖြစ်တဲ့ အာသံရိုင်ဖယ်တပ် (Assam Rifles) ကို တပ်စွဲထားစေပြီး လုံခြုံရေးတံတိုင်း ခိုင်မာအောင် တည်ဆောက်တာကို မြင်ရပြန်တယ်။ သူ့အနေနဲ့ မြန်မာ့တော်လှန်ရေး အင်အားစုတွေကို အထင်သေးသလို တရုတ်ရဲ့ လက်ကိုင်တုတ်သဖွယ် ရှုမြင်ပြန်တယ်။

အခုချိန်မှာ အိန္ဒိယအနေနဲ့ သူ့ရဲ့ အရှေ့မျှော်မူဝါဒအရ ကုန်သွယ်ရေးလမ်းကြောင်း သုံးခုလုံးကို အာဏာသိမ်း စစ်အုပ်စုအနေနဲ့ ထိန်းချုပ်လို့ မရတာကို လက်ခံဖို့လိုသလို တော်လှန်ရေးအင်အားစုတွေ အပေါ်ကို ဆက်ဆံရမယ့်အဆင့်ဆိုတာ နားလည်ထားဖို့လိုအပ်လာပါပြီ။

သူ့ရဲ့မဟာစီမံကိန်းတည်ရှိရာ ကုလားတန်မြစ်ကြောင်း စီမံကိန်း၊ ရိဒ်ခေါဒါရ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်၊ မိုးရေး ကုန်သွယ်ရေးဂိတ်ဆိုတာ သူ့အနေနဲ့ တရုတ်နဲ့အပြိုင် ကုန်သွယ်လို့ရအောင် ဆောင်ရွက်နေတဲ့ စီးပွားရေးလမ်းကြောင်း ဖြစ်ခဲ့ပေမဲ့ လက်ရှိ ချိန်မှာ အဲဒီသုံးနေရာလုံးဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်တဲ့ နေရာဖြစ်လာပါတယ်။

ကလေး-တမူးမြို့ကြားက ခါမ်းပါတ်အခြေစိုက် စစ်စခန်းတွေ လက်လွတ် လိုက်ရသလို ကလေး-တမူးလမ်းကြောင်းတလျှောက်ကိုတော်လှန်ရေးအင်အားစုတွေက ထိန်းထားနိုင်တာဟာ အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒကို စိန်ခေါ်လိုက်သလို ဖြစ်နေပြန်တယ်။

အခုချိန်မှာ အိန္ဒိယအနေနဲ့ သူ့ရဲ့ အရှေ့မျှော်မူဝါဒအရ ကုန်သွယ်ရေးလမ်းကြောင်း သုံးခုလုံးကို အာဏာသိမ်း စစ်အုပ်စုအနေနဲ့ ထိန်းချုပ်လို့ မရတာကို လက်ခံဖို့လိုသလို တော်လှန်ရေးအင်အားစုတွေ အပေါ်ကို ဆက်ဆံရမယ့်အဆင့်ဆိုတာ နားလည်ထားဖို့လိုအပ်လာပါပြီ။

ဒီနေရာမှာ အိန္ဒိယအနေနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ သူတို့အပေါ် တိုက်ရိုက်အချိုးကျတယ်ဆိုတာ သိဖို့လိုသလို နယ်စပ်မှာ ရှိနေတဲ့ တော်လှန်ရေးအင်အားစုရဲ့ အင်အားဟာ တရုတ်က လာတာမဟုတ်ဘဲ လူထုအတွင်းက စီးဆင်းတယ်ဆိုတာကို သဘောပေါက်ဖို့ လိုအပ်ပါတယ်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
123
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
87
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
5.4k
မြန်မာစစ်တပ် ပထမဦးဆုံး လက်ခံရရှိသည့် ရေငုပ်သင်္ဘောသည် အိန္ဒိယအစိုးရထံမှ ဖြစ်သည်

ဒါကြောင့် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာရှိတဲ့ ရိဒ်ခေါဒါရ်မြို့က စစ်ကောင်စီတပ်စခန်းတခုကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်နိုင်တာဟာ မိုဒီအစိုးရအတွက် သတိပြုရမည့် မြန်မာ့ နိုင်ငံရေးအခင်းအကျင်းတခု ဖြစ်တယ်လို့ သုံးသပ်လို့ရပါတယ်။

တကယ့် ပြဿနာက အိန္ဒိယဟာ သူစီးနေတဲ့မြင်းဟာ အထီးလား၊ အမလား မသိသလို ရှုံးမယ့်မြင်းကို ပုံအောလောင်းနေတာပဲဖြစ်ပါတယ်။

အထူးသဖြင့် စစ်ကောင်စီဘက်က အင်အား ၄၀ ကျော် အိန္ဒိယနယ်စပ်ကျော်ပြီး ထွက်ပြေးထားတာကို လက်ခံတဲ့အပြင် သူ့ရဲ့ ရဟတ်ယာဉ်နဲ့ မဏိပူရ မြန်မာနယ်စပ် မိုရေးဘက်ကို ပြန်လည် ပို့ဆောင်ပေးခဲ့ပြန်တယ်။ အိန္ဒိယအနေနဲ့ အာဏာသိမ်း စစ်ကောင်စီအပေါ်မှာ အစွမ်းတမံ ကူညီပေးနေတာတွေဟာ အံသြဖို့ကောင်းတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာလုပ်တဲ့ အပစ်အခတ်ရပ်စဲရေး NCA နှစ်ပတ်လည်နေ့မှာ အိန္ဒိယအနေနဲ့ တက်ကြွစွာ ပါဝင်တက်ရောက်ခဲ့သလို့ သူ့ရဲ့ ရပ်တည်ချက်ကိုလည်း ပြသခဲ့ပြန်တယ်။ ဒါဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ လူသားမျိုးနွယ်စုတွေအပေါ်မှာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တာကို ထောက်ခံခဲ့တဲ့သဘော ဆောင်ခဲ့တဲ့အပြင် တဖက်တလမ်းကလည်း လက်နက်အင်အား၊ နည်းပညာ အင်အား ကူညီခဲ့တာတွေဟာ သူ့ရဲ့သမိုင်းကို ရေးနေတယ်လို့ဆိုရမှာ ဖြစ်တယ်။

တကယ့် ပြဿနာက အိန္ဒိယဟာ သူစီးနေတဲ့မြင်းဟာ အထီးလား၊ အမလား မသိသလို ရှုံးမယ့်မြင်းကို ပုံအောလောင်းနေတာပဲဖြစ်ပါတယ်။

အခုချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကျရှုံးမှုကို အိန္ဒိယအနေနဲ့ မျက်လုံးစုံမှိတ် ဆက်ပြီး ကူညီနေမလား၊ ဒါမှမဟုတ် တော်လှန်ရေး အင်အားစုတွေအပေါ်ကို ထိတွေ့ဆက်ဆံလာမလားဆိုတာ ရွေးချယ်ရတော့မယ့် အချိန်တန်ပြီ ဖြစ်ပါတယ်။

You may also like these stories:

စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား

ဥက္ကဋ္ဌက စစ်ကောင်စီနှင့်တွေ့၍ အိန္ဒိယ နိုင်ငံခြားသတင်းထောက်များအသင်းဝင်များ နုတ်ထွက်

စိတ်အနှောင့်အယှက်ဖြစ်စရာ မြန်မာစစ်ကောင်စီနှင့် အိန္ဒိယ၏ ဆက်ဆံရေး

မြန်မာစစ်ကောင်စီ၏ ကိုယ်ပျောက်မိတ်ဆွေ အိန္ဒိယ

မြန်မာ-အိန္ဒိယနယ်စပ်ရှိ စစ်တပ်စခန်း ၄ ခု ပူးပေါင်းတပ်များ သိမ်းပိုက်ထား

ဖလမ်းမြို့ဝန်းကျင်အား ချင်းကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေး၁၁၀၇ စစ်ဆင်ရေးCANCNFNCAချင်းပြည်နယ်စစ်ရာဇဝတ်မှုတရုတ်နယ်စပ်ကုန်သွယ်ရေးမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့အိန္ဒိယ
ခွန်ဘီလီ

ခွန်ဘီလီ

ခွန်ဘီလီသည် ချင်းမိုင်တက္ကသိုလ်တွင် ပါရဂူဘွဲ့ယူကျမ်း ရေးသားနေသူ ကျောင်းသားတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

Next Post
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မူဆယ်နဲ့ နမ့်ခမ်းကို TNLA က အရေးပေါ်အမိန့်ထုတ်

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မူဆယ်နဲ့ နမ့်ခမ်းကို TNLA က အရေးပေါ်အမိန့်ထုတ်

မြန်မာအကျပ်အတည်းနှင့် အစ္စရေး-ဟားမတ်စ် စစ်ပွဲရပ်ရန် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တောင်းဆို

မြန်မာအကျပ်အတည်းနှင့် အစ္စရေး-ဟားမတ်စ် စစ်ပွဲရပ်ရန် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တောင်းဆို

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

13 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved