• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

သင်္ကြန်နီးပြီဖြစ်၍ ကုန်ဈေးနှုန်းတက်သည့်အပြင် ကုန်ပစ္စည်းတချို့ပါ ပြတ်လပ်နေ

by ဧရာဝတီ
11 April 2023
in စီးပွားရေး
A A
ရန်ကုန်မြို့ရှိ ဈေးဆိုင်တချို့ (ဓာတ်ပုံ- ဧရာဝတီ)

ရန်ကုန်မြို့ရှိ ဈေးဆိုင်တချို့ (ဓာတ်ပုံ- ဧရာဝတီ)

2.5k
VIEWS
Share on FacebookShare on Twitter

နှစ်စဉ်သင်္ကြန်ကာလ နီးလျှင် အခြေခံ စားသောက်ကုန်မှစ၍ ကုန်ပစ္စည်းဈေးနှုန်းများမှာ မြင့်တက်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ ဈေးတက်သည်သာမက စားသောက်ကုန်ပစ္စည်းတချို့ပါ ဝယ်မရဖြစ်နေကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တနေ့တခြား မြင့်လာသော အခြေခံ စားသောက်ကုန်ဈေးနှုန်းများမှာ ယခုအခါ အဆမတန် ဈေးမြင့်နေသလို ဈေးကွက်အတွင်း၌ ထိုင်းနိုင်ငံမှတင်သွင်းလျက်ရှိသော စားသောက်ကုန် ပစ္စည်းများ လည်း ပြတ်လပ်နေကြောင်း စားသောက်ဆိုင်လုပ်ငန်းရှင်များက ဆိုသည်။

ပြည်တွင်းရှိ စားသောက်ဆိုင် လုပ်ငန်းပိုင်ရှင်တဦးက “သင်္ကြန်မတိုင်ခင်တောင် ကုန်ဈေးနှုန်းတွေက အရမ်းတက်ထား တာဆိုတော့ ထူးတော့ မထူးပါဘူး။ ကျနော်တို့အနေနဲ့ အခက်အခဲ ရှိတာပေါ့။ သင်္ကြန်တွင်း တချို့ဟာတွေက မရဘူး။ ဈေးများတယ်။ တချို့ပစ္စည်းတွေက ပြတ်နေတယ်။ ဥပမာ နိုင်ငံခြားက တချို့သွင်းတဲ့ ပစ္စည်းတွေ မရဘူး။ မေးလိုက်ရင် ဟိုဟာက ပြတ်နေတယ်၊ ဒီဟာက ပြတ်နေတယ်။ သင်္ကြန်ပြီးမှ ရောက်မယ်။ ယိုးဒယားက သွင်းယူရတဲ့ပစ္စည်းတွေ ရှိတယ်။ အဲဒါတွေ ပြတ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းတချို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသောကြောင့် ကုန်သွယ်မှု ခက်ခဲနေ သလို၊ စစ်ကောင်စီက ကန့်သတ်ထားသဖြင့် နယ်စပ်မှသွင်းသည့် ကုန်ပစ္စည်းများမှာ ပြတ်လပ်ခြင်း ဖြစ်ကာ ဈေးကွက် အတွင်း၌ ယခင်ထက် နှစ်ဆခန့် ဈေးတက်သွားကြောင်း လုပ်ငန်းရှင် တချို့ က ဆိုသည်။

ထိုသို့ မြင့်တက်သောကြောင့် စားသောက်ဆိုင်တွင် ရောင်းချရသည့် ကော်ဖီတခွက်လျှင်ပင် ယခင်က ၂၀၀၀ ကျပ် ဝန်းကျင်မှ ယခုအချိန်တွင်၂၅၀၀ ကျပ်၊ ၃၀၀၀ ကျပ်အထိ ဈေးမြှင့်ရောင်းချရကြောင်း၊ တချို့ ကုန်ပစ္စည်းများမှာ ကုန်ပစ္စည်းအပေါ် မူတည်၍ ဈေးတက်ရကြောင်း ၎င်းက ဆိုသည်။

“လျှပ်စစ်မီးက ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဖြေရှင်းနေရတာပေါ့နော်။ ဆိုင်တဆိုင် ဖွင့်မယ်ဆိုရင် မီးစက်ဝယ်ဖို့ အရင် စဉ်းစားရတယ်။ အခုရက်တွေဆို တချို့နေ့တွေက ၁၀ နာရီ၊ ၁၅ နာရီလောက် ဆက်တိုက် ပျက်တာလေ။ အဲဒါကြောင့် အသားငါးတွေ၊ နွားနို့တွေ ရေခဲ မုန့်လိုဟာမျိုးတွေက အအေးခန်းထဲမှာ ခဲထားမှ ရတာဆိုတော့ မီးစက်က သုံးကိုသုံးမှ ရမယ်။ မီးစက်ကို အားကိုးပြီး သုံးရတယ်။ အဲဒီမှာ ပြဿနာ တက်တာက ဒီဇယ်က ဝယ်ချင်တိုင်းဝယ်လို့ မရဘူး” ဟု လက်ရှိ အခြေအနေကို အထက်ပါ လုပ်ငန်းရှင်က ရှင်းပြသည်။

စစ်အာဏာသိမ်းသည့်အချိန်မှစတင်ပြီး အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆားမှစ၍ ကုန်ဈေးနှုန်းများမှာ မြင့်တက် ခဲ့သလို လျှပ်စစ်မီးရရှိမှုမှာလည်း မမှန်သောကြောင့် မီးစက်ကိုသာ အလေးပေးသုံးစွဲနေသည့်အချိန်တွင် စက်သုံးဆီ ဈေးမြင့်တက်မှု၊ ဒီဇယ် ဝယ်မရသည့် ပြဿနာများကြောင့်လည်း အခက်အခဲများ ရှိနေသည်ဟု လုပ်ငန်းရှင်များက ပြောသည်။

စားသောက်ဆိုင်ကြီးတဆိုင်လျှင် တရက် ဒီဇယ် ၅ ဂါလံဆန့် ၂ ပုံး ဝယ်ယူသုံးစွဲရသောကြောင့် အပိုကုန်ကျစရိတ်မှာ ပျမ်းမျှ တရက်လျှင် ကျပ် ၁ သိန်းနှင့် ကျပ်၂ သိန်းကြား ဝန်းကျင် ကုန်ကျစရိတ်ရှိနေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ စားသုံးဆီ၊ စက်သုံးဆီ အပါအဝင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်းများ စသည်တို့မှာလည်း ပြည်ပနိုင်ငံအသီးသီးမှ တင်သွင်းနေရသည်ကို အဓိက အားထားနေရသည့် အတွက်ကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်နေသည်နှင့်အမျှ ကုန်ဈေးနှုန်းများလည်း မြင့်တက်လျက် ရှိ သည်။

တာမွေမြို့နယ်ရှိ အိမ်ရှင်မတဦးက “ကုန်ဈေးနှုန်းကတော့ ပြောမနေနဲ့ တက်တာပဲ။ အခုသင်္ကြန်ပိတ်ရက်ကျ ပိုတက် တာပေါ့။ ပိတ်တဲ့ဆိုင်တွေဘာတွေလည်း ရှိတော့လေ။ ဆန်လည်းတက်၊ ဆီလည်းတက်ပဲ ဆီဆိုလည်း စားအုန်းဆီက တပိဿာ ၇ ထောင်ကျပ်၊ ကြက်ဥတောင်တက်တယ်။ အခု တလုံး ၃၀၀ ဖြစ်နေပြီ။ ငါးကြင်းဆို ၁ ဆယ်သား ၁၈၀၀ ဖြစ်နေပြီ။ ရှေ့လတုန်းကမှ ၁ ဆယ်သား ၁၅၀၀ နဲ့ရသေးတယ်။ အခုကတော့ အကုန်တက်တာပါပဲ။ တချို့ ဈေးသည် တွေကလည်း မကိုက်တော့ ညည်းကြတယ်။ ပိတ်တာလည်း ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်တပ် အာဏာမသိမ်းခင်ကပင် သင်္ကြန်ကာလသို့ရောက်လျှင် ရုံးပိတ်ရက်ရှည်ဖြစ်သောကြောင့် အားလပ်ရက်တွင် ခရီးသွားသည့်သူများ၊ နယ်ပြန်သည့်သူများနှင့် သင်္ကြန်ပွဲတော် ဆင်နွှဲရန် ပြင်ဆင်သူများကြောင့် နှစ်စဉ်ကုန်ပစ္စည်းများ ဈေးတက်လေ့ရှိသော်လည်း၊ ယခု စစ်တပ် အာဏာသိမ်းထားသည့် နှစ်နှစ်ကျော်ကာလအတွင်း၌ စီးပွားရေး ကျပ် တည်းမှုကြောင့် အလုပ်အကိုင်ရှားပါးမှုနှင့် ဝင်ငွေနည်းပါးတို့အပြင် အဆမတန် တက်လာသည့် ကုန်ဈေးနှုန်းမှာလည်း ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း သိရသည်။

ပြည်တွင်း စားသုံးမှုများသည့် ဆန်ချောတအိတ်လျှင် ယခင် တပတ်ထက် ၅၀၀၀ ကျပ်ခန့် ပို၍ မြင့်တက်နေသလို ဆန် ကြမ်း တအိတ်လျှင် ကျပ် ၁၀၀၀ ခန့် ဆန်ကုန်စည်ဒိုင်တွင် ဈေးတက်ခဲ့သလို လက်လီဈေးကွက်တွင်လည်း ဆန် တပြည်လျှင် ပျမ်းမျှ ကျပ် ၃၀၀ မှ ကျပ် ၄၀၀ အထိ ဈေးတက်နေကြောင်း ဆန်ကုန်သည်များထံက သိရသည်။

လက်ရှိ ပြည်တွင်း၌ နိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခများ၊ မတည်ငြိမ်မှုများနှင့်အတူ စစ်အာဏာရှင်၏ ဈေးကွက်ထိန်း ချုပ်ရေး၊ ကုန်သွယ်ရေးမူဝါဒများ ပြောင်းလဲခြင်း စသည်တို့ကြောင့် ကျပ်ငွေ တန်ဖိုး ကျဆင်းပြီး အခြေခံ စားသောက် ကုန်မှစ၍ အိမ်သုံးဆေးဝါးများအထိ အဆမတန် ဈေးမြင့်တက်လျက် ရှိသည်။

ယင်းသို့ မြင့်တက်ရာတွင် စစ်ကြောင့် ပြေးနေရသော စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား အစရှိသည့် ဒေသများရှိ စစ်ဘေး ရှောင်ပြည်သူများမှာလည်း ကုန်ဈေးနှုန်းကြီးမြင့်မှုကို စစ်ဘေးအပြင် ဆင့်ကဲ ခံစားနေရသည်။

စစ်ဘေးရှောင်ဒေသများတွင်လည်း ကျပ်၂၀၀ တန်သည့် ပစ္စည်းတခုလျှင် ကျပ် ၃၀၀ မှ ကျပ် ၅၀၀ အထိ ပေးပြီး ဝယ်ယူစားသောက်နေရသည့် အခြေအနေဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများဖြစ်ပွားနေသည့် ချင်းပြည်နယ်၊ ကရင်နီပြည်အစရှိသည့် နေရာများတွင်မူ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ ဈေးနှုန်းများမှာ အဆမတန်မြင့်တက်လျက်ရှိသလို ဝယ်ယူရခက်ခဲသည့် အခြေအနေပင် ကြုံနေရကြောင်း သိရသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
63

You may also like these stories:

စစ်နှင့် ကုန်ဈေးနှုန်းဒဏ် ပြည်သူများ ခါးစည်းခံနေရ

မီးအပျက်များသည့် မန္တလေး အိမ်တွင်းလုပ်ငန်းများပါ ရပ်ဆိုင်းနေရ

နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပ ဆန်တင်ပို့မှု လျှော့ချရန် စစ်ကောင်စီ စီစဉ်နေ

Your Thoughts …
Tags: ကုန်ဈေးနှုန်းစားသောက်ကုန်သင်္ကြန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

by ခင်မမ
12 January 2024
16.7k

စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

by ဇေယျ (အညာ)
10 August 2023
15.8k

ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

by ဧရာဝတီ
28 August 2023
12.1k

ပြည်တွင်း ဆန်ဈေးကို စစ်ကောင်စီ သတ်မှတ်ထားသည့် ဈေးနှင့်သာ ရောင်းချရမည် ဖြစ်ကြောင်း၊ ယင်းသတ်မှတ် ဈေးထက် ပို၍ ရောင်းချပါက အရေးယူသွားမည်

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

by ဝေမင်းထွန်း
26 August 2023
11.3k

မြန်မာစစ်တပ်တွင် မူမရှိချေ။ ၎င်းတို့တွင် အကျိုးစီးပွားသာရှိကြ၏။ ၎င်းတို့ အာဏာခိုင်မြဲရေးကိုသာ ရှေးရှုကြ၏။

Next Post
“ခြေလေးချောင်း” ရုပ်ရှင် ရိုက်ကူးသူ ဒါရိုက်တာ မောင်ဆန်း

မြန်မာ့ရုပ်ရှင်လောကကို သရော်ထားတဲ့ “ခြေလေးချောင်း” ရုပ်ရှင် ဒါရိုက်တာနှင့် မေးမြန်းခြင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်ရှိ တိုင်းရင်းသား အဖွဲ့အစည်းများက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်စဉ် / ဧရာဝတီ

တိုင်းပြည်ပြိုကွဲမယ်တဲ့လား၊ ပြိုကွဲပြီးသွားလို့ လွန်တောင်နေပြီ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved