• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

by ဧရာဝတီ
28 August 2023
in စီးပွားရေး
A A
စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

စစ်ကောင်စီ ဆန်စျေးသတ်မှတ် (ဓာတ်ပုံ - ဧရာဝတီ)

12.1k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီက ထိုးတက်နေသည့် ဆန်စျေးနှုန်းများကို စျေးလျှော့ရောင်းရန်သတ်မှတ်လိုက်ပြီး သတ်မှတ်စျေးထက် ပိုရောင်းသူများကို အရေးယူမည်ဟု ပြောထားကြောင်း ပြည်တွင်း လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချနေသော ရန်ကုန်မြို့၊ ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်ရှိ ကုန်သည်များထံက သိရသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် ဩဂုတ်လ ၂၅ ရက်နေ့က ပြုလုပ်သော အစည်းအဝေးတွင် UMFCCI ဥကဋ္ဌ ဦးအေးဝင်းက တဆင့် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန်ဈေးနှုန်း သတ်မှတ်ချက်များသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သည့် ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီ အစည်းအဝေး (၁ /၂၀၂၃) အပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။

လက်လီ၊ လက်ကား ရောင်းချနေသည့် ဆန်ကုန်သည်တဦးက “ကုန်စည်ဒိုင်ထဲမှာ သူတို့ (စကစ) ပြောတဲ့ ဈေးအတိုင်း ရောင်းရမယ်။ ဒါက ပြီးခဲ့တဲ့ သောကြာနေ့က စပြောတာပေါ့။ အဲဒီတော့ ဒီနေ့ကို စောင့်ကြည့်ကြတာပေါ့။ အခု ဒိုင်ထဲ မှာ ရွှေဘိုဆန်က မတင်တော့ဘူး။ ပျောက်သွားတာပေါ့။ ဧရာဝတီတိုင်းဆန်တော့ တင်တယ်၊ ရောင်းတယ်။ ဒါပေမယ့် အကောင်း မရတော့ဘူး။ ဒီနေ့ ကုန်စည်ဒိုင်မှာ အစည်းအဝေး ထပ်ခေါ်တယ်။ သူတို့ (စကစ) သတ်မှတ်တဲ့ ဈေး အောက်တော့ ဘယ်လောက်လျှော့ရောင်းရောင်း ရောင်းလို့ ရတယ်။ ပိုရောင်းလို့ မရဘူးပေါ့။ အဲဒီတော့ ဒီနေ့မှာ သတ် မှတ်ဈေးနဲ့တော့ ရောင်းတယ်။ ဒါပေမယ့် အရည်အသွေး နိမ့်တာ ထုတ်ရောင်းကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
238
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

စစ်ကောင်စီ၏ သတ်မှတ် လက်ကားဈေးမှာ ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ၁၂၅၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်း ၁ အိတ် ၁၁၀၀၀၀ ကျပ်၊ ပေါ်ကျွဲ ၁ အိတ် ၉၅၀၀၀ ကျပ်၊ ဆန်ကြမ်း ၁ အိတ် ၇၂၀၀၀၀ ကျပ် ဖြစ်ပြီး ဆန်ရောင်း/ဝယ်ရေး ပြု လုပ်နေသည့် လက်လီသမားအနေဖြင့် ယင်းဈေးနှုန်း၏ ၁၀ ရာခိုင်နှုန်းအမြတ်သာ တင်၍ ရောင်းချရမည် ဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။

ပြည်တွင်းဆန်များကို အဓိက ဖြန့်ဖြူးရောင်းချနေသော ရန်ကုန်မြို့၊ ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်၌လည်း ယနေ့ မနက် ပိုင်းတွင် စစ်ကောင်စီ၏ လက်အောက်ခံ ကုန်စည်ဒိုင်တာဝန်ရှိသူများက ဆန်ကုန်သည် လက်လီသမားအား အစည်း အဝေး ခေါ်ယူခဲ့ပြီး လက်လီရောင်းချရာတွင် ၁၀ ရာခိုင်နှုန်းအမြတ်ကိုသာ လက်ခံကြောင်း ယင်းထက် ပို၍ ရောင်းချ ခြင်း မပြုလုပ်ရန် ခေါ်ယူသတိပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

လက်လီ ပြန်လည် ရောင်းချရာတွင် ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် အမြင့်ဆုံး ၁၄၀၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်း ၁ အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှင့် ဆန်ကြမ်း ၁ အိတ်လျှင် ၈၀၀၀၀ ကျပ်ထပ် ပို၍ ရောင်းချခြင်း မပြုလုပ်ရန် စစ်ကောင်စီ က သတ်မှတ်လိုက်ကြောင်း အစည်းဝေးသို့ တက်ရောက်ခဲ့သည့် ကုန်သည်များထံက သိရသည်။

ပြီးခဲ့သည့်တပတ်က ဝါးတန်းလမ်းဆန်ကုန်စည်ဒိုင်တွင် ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် အနိမ့်ဆုံး ၁၄၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၆၅၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း ၁ အိတ်လျှင် အနိမ့်ဆုံး ၁၁၀၀၀၀ ကျပ်မှ ၁၃၀၀၀၀ ကျပ်၊ ဆန်ကြမ်း (ငစိန်၊ ဇီယာ အုပ်စုဝင်) ၁ အိတ်လျှင် ၇၀၀၀၀ ကျပ်မှ ၈၄၀၀၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

လက်ရှိတွင် ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်တွင် လက်ကား ရောင်းချနေသည့် ကုန်သည်၊ ပွဲစားများက သတ်မှတ်ဈေး နှင့် ရောင်းချနေသော်လည်း တွက်ခြေကိုက်မှုရှိစေရန်အတွက် အရည်အသွေးနိမ့်သည့် ဆန်များကိုသာ ရောင်းချခြင်း၊ ဆန်အကောင်းနှင့် အကျိုးအကြေ ပါသည့် ဆန် (သို့မဟုတ်) ဆန်ကြမ်း အစရှိသည်တို့ဖြင့် ရောနှောကာ ရောင်းချခြင်း များကို ပြုလုပ်နေကြောင်း ကုန်သည်များထံက သိရသည်။

ရန်ကုန် ဆန်ကုန်သည်ကြီး တဦးက “ရွှေဘိုလို့ နာမည်တပ်ထားရင် သူတို့ သတ်မှတ်တဲ့ဈေးပဲ ရောင်းရမယ်။ အဲဒီမှာ ရွှေဘိုလို့ နာမည်တပ်ပြီးတော့ ဧရာဝတီ ပေါ်ဆန်းပဲ ရောင်းချင်လဲ ရောင်း။ ရောရောင်းဆိုတာတော့ ဆန်ကွဲနဲ့ပဲရောရော ဘာနဲ့ပဲရောရောပေါ့။ သူတို့ သတ်မှတ်တဲ့ ဈေးထက် မကျော်စေနဲ့၊ သူတို့ပြောတာတော့ စက်တင်ဘာလ ၁ ရက်ကနေ စပြီး စောင့်ကြည့်မယ်။ သူတို့ပြောတဲ့ ဈေးအတိုင်း မရောင်းရင် အရေးယူခံရရင်မတတ်နိုင်ဘူးပေါ့။ အဲဒီလို ခေါ်ပြော တာ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီ၏ သတ်မှတ်ဈေးနှင့် ရောင်းချခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဟုဆိုသောကြောင့် ဝါးတန်း လမ်းကုန်စည်ဒိုင်တွင် ဆန်အရောင်းအဝယ်ပြုလုပ်သူများက ဈေးကွက်အခြေအနေကို စောင့်ကြည့်နေကြသဖြင့် လတ်တလော ဆန် အရောင်းအဝယ် အေးနေကြောင်း ကုန်သည်များထံက သိရသည်။

အခြေခံ စားသောက်ကုန်များ အပါအဝင် ဆန်၊ ဆီဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုကို ထိန်းချုပ်ရန် ဟုဆိုကာ စစ်ကောင်စီက ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီကို ဖွဲ့စည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယခု ဩဂုတ်လ ၁ ရက်တွင် ကြေညာခဲ့သည်။

ထိုကော်မတီတွင် စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ဥက္ကဋ္ဌ၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဒုဝန်ကြီးက ဒု ဥက္ကဋ္ဌနှင့် ပြည်ထဲရေး ဒုဝန်ကြီး အပါအဝင် ကျန်ဝန်ကြီးဌာနမှ ဒုဝန်ကြီး များ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စည်ပင်အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌတို့က အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ချုပ်နှင့် ကုန်သွယ်ရေးဦးစီးဌာနညွှန်ချုပ်တို့က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းကော်မတီသည် အခြေခံစားကုန် ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများ တည်ငြိမ်ရေး ဦးစားပေး ဆောင်ရွက်ရန်၊ အခြေခံစားကုန်ပစ္စည်းတမျိုးစီ၏ ပြည်တွင်းစားသုံးရန် လိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှု ပမာဏတို့ကို ညီညွတ်မျှတစေရေး စိစစ်ဆောင်ရွက်ရန်၊ ဒေသများအလိုက် ကုန်ဈေးနှုန်း တည်ငြိမ်စေရန်အဖွဲ့များ ဖွဲ့စည်းတာဝန်ပေး ရန်၊ အခြေခံ စားသောက်ကုန်ပစ္စည်းများကို ကုန်ဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေမည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန် အစရှိသည့် အချက် ၁၀ ချက်ကို ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။

ယင်းသို့ ထုတ်ပြန်ပြီးနောက်ပိုင်း ယခုကဲ့သို့ ဆန်ဈေးနှုန်းများကို ထိန်းချုပ်လိုက်ခြင်းဖြစ်ပြီး စားသုံးဆီဈေးနှုန်းလည်း ကျဆင်းရေးအတွက် ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်က စားသုံးဆီတည်ငြိမ်ရေး အစည်းအဝေးကို ရန်ကုန်မြို့ရှိ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက “UMFCCI အနေနဲ့ လတ်တလော အခြေခံစားသောက်ကုန် ဆန်၊ ဆီဈေးနှုန်းများ ဈေး ကွက်အတွင်း ပုံမှန်စီးဆင်း ဖြန့်ဖြူးနိုင်ရေး၊ ပြည်သူများ ဝန်ထုပ်ဝန်ပိုး မဖြစ်ဘဲ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်း ဖြစ်စေ ရေးအတွက် သက်ဆိုင်ရာ ညီနောင်အသင်းများနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်” ဟု ပြောဆိုခဲ့ကြောင်း UMFCCI က ထုတ်ပြန်ထားသည်။

You may also like these stories:

မူဆယ်မှာ စက်သုံးဆီပြတ်လပ်မှုဖြစ်

အခြေခံစားကုန်ဈေးနှုန်း အတက်ကြမ်း

ဒေါ်လာနှင့် ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီ အထူးအဖွဲ့ ဖွဲ့စည်းမည်

Your Thoughts …
Tags: ကုန်ဈေးနှုန်းစစ်ကောင်စီဆန်ဈေးဝါးတန်းလမ်းကုန်စည်ဒိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာရေတပ်သို့ တားမြစ်ပစ္စည်းရောင်းခဲ့ကြောင်း စင်ကာပူ နိုင်ငံသား ၂ ဦး ဝန်ခံ

မြန်မာရေတပ်သို့ တားမြစ်ပစ္စည်းရောင်းခဲ့ကြောင်း စင်ကာပူ နိုင်ငံသား ၂ ဦး ဝန်ခံ

အိန္ဒိယ အာကာသယာဉ် လပေါ် ဆင်းပြနိုင်တဲ့အခါ

အိန္ဒိယ အာကာသယာဉ် လပေါ် ဆင်းပြနိုင်တဲ့အခါ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved