အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့တွင် ချန်ဒရာရန်း-၃ လဆင်းယာဉ်ဖြင့် လ၏ တောင်ဝင်ရိုးအနီး၌ ဆင်းသက်သည့် ပထမဆုံးနိုင်ငံအဖြစ် သမိုင်းဝင်သွားသည်။ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံက လပေါ် ဆင်းသက်ပြီးနောက် နောက်ထပ် ပထမဆုံး လပေါ်ဆင်းသက်သည့် နိုင်ငံလည်း ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် လပေါ်ဆင်းသက်ရန် ကြိုးစားနေသည့် နိုင်ငံအများအပြားအနက် တနိုင်ငံဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည်လည်း Artemis အစီအစဉ်ဖြင့် လပေါ်ဆင်းသက်ရန် ကြိုးစားနေသည်။ လ၏ တောင်ဝင်ရိုးစွန်း မျက်နှာပြင်တွင် ချိုင့်ခွက်များ၊ မြောင်းများနှင့် ရှေးဟောင်း ရေခဲအစုအဝေးများ ရှိပြီး ထိုနေရာသို့ မည်သူမှ မသွားရောက်ရသေးသောကြောင့် ထိုဝင်ရိုးစွန်းသည် အထူးစိတ်ဝင်စားစရာကောင်းသည်။
ယခုတကြိမ် လပေါ်ဆင်းသက်ခြင်း၏ သိပ္ပံပညာနှင့် ကမ္ဘာ့လူမှုအသိုက်အဝန်းအပေါ် သက်ရောက်မှုကို The Conversation U.S. က ဂျော်ဂျီယာ စက်မှုတက္ကသိုလ်မှ နိုင်ငံတကာရေးရာ တွဲဖက်ပါမောက္ခ မာရီရယ် ဘိုရိုဝစ်ကို မေးမြန်းဆွေးနွေးထားသည်။
အိန္ဒိယကဲ့သို့သော နိုင်ငံများ မည်သည့်အတွက် လပေါ်သို့သွားရန် ကြိုးစားသနည်း
ပြည်သူလူထုကို စိတ်အားထက်ကြွစေပြီး လူသား၏ နည်းပညာကျွမ်းကျင်မှု အကန့်အသတ်ကို စမ်းသပ်ကာ မိမိတို့၏ ဆိုလာစနစ်အကြောင်း ပိုမိုရှာဖွေ တွေ့ရှိနိုင်သောကြောင့် နိုင်ငံအများအပြားသည် လပေါ်သို့သွားရန် စိတ်ဝင်စားကြသည်။
လသည် လူသားများ ယုံကြည်မှုကို ပဲ့တင်ထပ်နေသောကြောင့် သမိုင်းအရ၊ ယဉ်ကျေးမှုအရ ထူးခြားမှု ရှိသည်။ လူတိုင်း ညဘက် ကောင်းကင်ကို မော့ကြည့်ပြီး လကိုကြည့်ရှုကာ လူသားများ တည်ဆောက်ထားသည့် အာကာသယာဉ်များ လ၏မျက်နှာပြင်တွင် လှည့်ပတ်နေသည်မှာ မည်မျှ အံ့သြစရာကောင်းသည်ကို နားလည်နိုင်သည်။
လသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ယှဉ်ပြိုင်မှုကို ငြိမ်းချမ်းပြီး လွန်စွာ မြင်သာသောနည်းလမ်းဖြင့် ပါဝင်ရန် ထူးခြားသော အခွင့်အလမ်းကိုလည်း ပေးသည်။
လသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ယှဉ်ပြိုင်မှုကို ငြိမ်းချမ်းပြီး လွန်စွာ မြင်သာသောနည်းလမ်းဖြင့် ပါဝင်ရန် ထူးခြားသော အခွင့်အလမ်းကိုလည်း ပေးသည်။
အမေရိကန် ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် အစ္စရေး အပါအဝင် နိုင်ငံများစွာသာမက ပုဂ္ဂလိက အဖွဲ့အစည်းများကပင် လပေါ်ဆင်းသက်ရန် စိတ်ဝင်စားကြသည်ဆိုသည့် အချက်က ပူးပေါင်းဆောင်ရွက်မှုသစ်များ တည်ဆောက်ရန် အခွင့်အလမ်းများစွာ ရှိသည်ဆိုသည့် အဓိပ္ပာယ်ကို ဖော်ပြနေသည်။

ထိုပူးပေါင်းဆောင်ရွက်မှုများက ရင်းမြစ်စွမ်းအားများ စုစည်းပြီး အာကာသတွင် ပိုမိုလုပ်ဆောင်ရန် နိုင်ငံများကို ခွင့်ပြုပေးနိုင်ပြီး တသီးပုဂ္ဂလ သုတေသီများနှင့် အဖွဲ့အစည်းများကို ဆက်စပ်ပေးခြင်းဖြင့် ကမ္ဘာတွင် ပိုမိုငြိမ်းချမ်းသော ပူးပေါင်းဆောင်ရွက်မှုအား ပေးနိုင်သည်။
လကို စူးစမ်းလေ့လာခြင်းသည် စီးပွားရေး အကျိုးကျေးဇူးများကိုလည်း ပေးနိုင်သည် ယုံကြည်သူအချို့ ရှိသည်။ မကြာတော့သည့် ကာလတွင် အာကာသနည်းပညာဖြင့် လည်ပတ်သည့် ကုမ္ပဏီသစ်များ ပေါ်ပေါက်လာနိုင်ပြီး လခရီးစဉ်များကို အကျိုးပြုသည်ဆိုသည့် အချက်လည်း ပါဝင်သည်။ အိန္ဒိယတွင် အာကာလုပ်ငန်းသစ်များ မကြာသေးမီက တိုးပွားလာနေသည်။
နောက်ဆုံးတွင် လသည် လပေါ်တွင် တွေ့နိုင်သည့် ရေ၊ ဟီလီယမ်-၃ နှင့် မြေရှားသတ္တုဒြပ်စင်များ စသည့် သဘာဝ သယံဇာတများကို အခြေခံသည့် စီးပွားရေးအကျိုးအမြတ်များ ပေးနိုင်သည်။
အာကာသကို ကမ္ဘာ့စိတ်ဝင်စားမှုသစ်များ တွေ့နေရပါသလား
လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်း အာကာသ လှုပ်ရှားမှုများတွင် ပါဝင်သော နိုင်ငံအရေအတွက် သိသိသာသာ တိုးလာသည်ကို မိမိတို့ တွေ့နေရသည်။ ကမ္ဘာနှင့်ပတ်သက်သည့် ပုံရိပ်များ သို့မဟုတ် အချက်အလက်များ စုဆောင်းသည့် ဂြိုဟ်တုများနှင့် ပတ်သက်လျှင် ထိုအချက်သည် ထင်ရှားပြီး ဥပမာအားဖြင့် ဆိုရပါက နိုင်ငံပေါင်း ၆၀ ကျော်သည် ထိုဂြိုလ်တုခရီးစဉ်များတွင် ပါဝင်နေသည်။ ယခုအခါ ထိုသို့ လုပ်ဆောင်သည့် လမ်းကြောင်းသည် အာကာသ စူးစမ်းလေ့လာမှု၊ အထူးသဖြင့် လကို စူးစမ်းလေ့လာမှုအဖြစ် ကျယ်ပြန့်လာနေသည်။
လကို စူးစမ်းလေ့လာခြင်းမှာ ၁၉၆၀ ဝန်းကျင် ပထမဆုံးအကြိမ် အာကာသပြိုင်ပွဲက ရည်မှန်းချက် ပန်းတိုင်များဖြစ်သော နည်းပညာစွမ်းရည် ပြသခြင်းနှင့် လူငယ်များနှင့်သာမန်ပြည်သူများ စိတ်အားတက်ကြွစေခြင်း တို့ကပင် မောင်းနှင်နေသည်။ သို့သော် ယခုအကြိမ်တွင်မူ မဟာအင်အားကြီး နိုင်ငံ နှစ်ခုတည်းသာ ပြိုင်ပွဲတွင် ပါဝင်နေသည် မဟုတ်တော့ပေ။ ယခုအခါ ပါဝင်ယှဉ်ပြိုင်နေသူ အများအပြားရှိနေပြီး ယှဉ်ပြိုင်မှု အစိတ်အပိုင်းတခု ရှိနေသလို ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းရှိနေပြီး အာကာသကို စူးစမ်း လေ့လာရန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုသစ်ကိုလည်း ပုံဖော်ပေးသည်။
ထိုအလားအလာတွင် လပေါ်အခြေစိုက်စခန်းများ တည်ဆောက်ခြင်း၊ လမှ သယံဇာတရင်းမြစ်များကို အသုံးပြုမည့် နည်းလမ်းများ ဖော်ထုတ်ခြင်းနှင့် သဘာဝသယံဇာတ သို့မဟုတ် ခရီးသွားလုပ်ငန်းကို အခြေခံသည် လပေါ်စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ခြင်းတို့ ဖြစ်သည်။
ထိုပါဝင်ပတ်သက်လာသူများနှင့် လွန်ခဲ့သောနှစ်ပေါင်း ၆၀ အတွင်း နည်းပညာ တိုးတက်မှုများနှင့်အတူ ပိုမို ရေရှည်တည်တံ့သော စူးစမ်းလေ့လာရေးတွင် ပါဝင်ရန် အလားအလာလည်း ရှိနေသည်။ ထိုအလားအလာတွင် လပေါ်အခြေစိုက်စခန်းများ တည်ဆောက်ခြင်း၊ လမှ သယံဇာတရင်းမြစ်များကို အသုံးပြုမည့် နည်းလမ်းများ ဖော်ထုတ်ခြင်းနှင့် သဘာဝသယံဇာတ သို့မဟုတ် ခရီးသွားလုပ်ငန်းကို အခြေခံသည် လပေါ်စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ခြင်းတို့ ဖြစ်သည်။
အိန္ဒိယ၏ လခရီးစဉ်နှင့် အခြားနိုင်ငံများ၏ လခရီးစဉ်ကို မည်သို့နှိုင်းယှဉ်မည်နည်း
အိန္ဒိယ၏ အောင်မြင်မှုသည် ပထမဆုံးသော အောင်မြင်မှုပြီး လွန်စွာ စိတ်လှုပ်ရှားဖွယ်ကောင်းသလို ယခု ခရီးစဉ်သည် လပေါ်တွင် သို့မဟုတ် လပတ်ဝန်းကျင်တွင် လတ်တလော လည်ပတ်နေသည့် လုပ်ငန်း ခုနစ်ခုအနက် တခုသာဖြစ်သည်ဆိုသည့် အချက်မှာလည်း မှတ်သားဖွယ်ကောင်းသည်။

တောင်ဝင်ရိုးစွန်းအနီးရှိ အိန္ဒိယ၏ ချန်ဒရာရန်း-၃ လဆင်းယာဉ်အပြင် တောင်ကိုရီးယား၏ Pathfinder Lunar Orbiter သည် အနာဂတ်ဆင်းသက်ရမည့် နေရာရှာရန် လ၏မျက်နှာပြင်ကို စူးစမ်းလေ့လာနေသည်။ အာကာသလုပ်ငန်းသစ် ကုမ္ပဏီတခုက ထုတ်လုပ်ပြီး အမေရိကန် NASA က ရန်ပုံငွေ ထောက်ပံ့သည့် CAPSTONE အာကာသယာဉ်နှင့် Lunar Reconnaissance Orbiter တို့လည်း ရှိနေသည်။ CAPSTONE အာကာသယာဉ်သည် လပတ်လည်မှ ထူးခြားသော ပတ်လမ်းတခု၏ တည်ငြိမ်မှုကို စူးစမ်းလေ့လာနေသလို Lunar Reconnaissance Orbiter က လနှင့်ပတ်သက်သည့် အချက်အလက်များကို လေ့လာပြီး အနာဂတ်ခရီးစဉ်နေရာကို ပုံဖော်နေသည်။
အိန္ဒိယ၏ ချန်ဒရာရန်း-၂ ယာဉ်သည် ပျက်ကျခဲ့သော်လည်း ၎င်းနှင့်အတူ လိုက်ပါသွားသည့် ပတ်လမ်းယာဉ်သည် ဆက်လက် အလုပ်လုပ်နိုင်ဆဲ ဖြစ်သည်။ တရုတ်၏ Chang’e-4 နှင့် Chang’e-5 လဆင်းယာဉ်များလည်း လပေါ်တွင် အလုပ်လုပ်နေဆဲ ဖြစ်သည်။
ဂျပန် အာကာသကုမ္ပဏီ ispace က တည်ဆောက်ခဲ့သည့် လဆင်းယာဉ်သည်လည်း အလားတူပင် ဖြစ်သည်။ ထိုလဆင်းယာဉ်သည် ၂၀၂၃ ခုနှစ်၊ ဧပြီလက လပေါ်သို့ ပျက်ကျခဲ့သည်။
အခြားနိုင်ငံများနှင့် စီးပွားရေး အဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်နေသည်။ ရုရှား၏ Luna-25 ယာဉ်သည် ချန်ဒရာရန်း လပေါ်မဆင်းမီ သုံးရက်အလိုတွင် ပျက်ကျခဲ့သော်လည်း ရုရှားက လဆင်းယာဉ်ထုတ်လုပ်ပြီး လအနီးသို့ အလွန်နီးကပ်စွာ သွားရောက်သည်ဆိုသည့် အချက်သည်ပင် လွန်စွာထူးခြားသည့် အောင်မြင်မှုဖြစ်သည်။
ဂျပန် အာကာသကုမ္ပဏီ ispace က တည်ဆောက်ခဲ့သည့် လဆင်းယာဉ်သည်လည်း အလားတူပင် ဖြစ်သည်။ ထိုလဆင်းယာဉ်သည် ၂၀၂၃ ခုနှစ်၊ ဧပြီလက လပေါ်သို့ ပျက်ကျခဲ့သည်။
လ၏ တောင်ဝင်ရိုးစွန်းကို လေ့လာရန် မည်သည့်အတွက်ရွေးချယ်သနည်း
လ၏ တောင်ဝင်ရိုးစွန်းသည် နိုင်ငံများ၏ အနာဂတ် စူးစမ်းလေ့လာမှုများအတွက် အထူးအာရုံစိုက်သည့် နေရာဖြစ်သည်။ NASA က Artemis အစီအစဉ်အတွက် ဆင်းသက်ရန် စီစဉ်ထားသည့် နေရာ ၁၃ ခုသည်လည်း တောင်ဝန်ရိုးစွန်း အနီးတွင် ဖြစ်သည်။
ထိုနေရာသည် ရေခဲတွေ့ရန် အလားအလာ အကောင်းဆုံးနေရာ ဖြစ်သည်။ ထိုရေခဲကို အာကာသ ယာဉ်မှူးများအား ထောက်ပံ့ရန်နှင့် ဒုံးကျည်လောင်စာလုပ်ရန် သုံးနိုင်သည်။ ထိုနေရာတွင် နေရောင် အမြဲတမ်းနီးပါး ရနေသည့် တောင်ထိပ်များရှိသောကြောင့် လပေါ်လုပ်ငန်းများအတွက် ဓာတ်အား ထုတ်ယူရန် အကောင်းဆုံး အခွင့်အလမ်းကိုလည်း ဖန်တီးပေးသည်။
(The Conversation ပါ Mariel Borowitz ၏ India’s Chandrayaan-3 landed on the south pole of the Moon − a space policy expert explains what this means for India and the global race to the Moon ကို ဘာသာပြန်သည်။ Mariel Borowitz သည် NASA, အမေရိကန် အမျိုးသားသိပ္ပံ ဖောင်ဒေးရှင်း (NDF) နှင့် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနတို့မှ သုတေသန ရန်ပုံငွေများ ရရှိသူဖြစ်သည်။)
You may also like these stories:
နိုင်ငံတကာ အာကာသစခန်းမှာ မုန်လာပင် စမ်းသပ် စိုက်ပျိုးမှု အောင်မြင်
နာဆာ အာကာသတွင်း သန့်စင်ခန်းပုံစံ ပြိုင်ပွဲမှာ မလေးရှား ကလေးငယ် ပထမဆုရ
အာကာသထဲမှာ Tom Cruise ရုပ်ရှင်ရိုက်မယ့် အစီအစဉ်ကို နာဆာ အတည်ပြု
ဧရာဝတီကြယ်နှင့် ပုဂံဂြိုလ်ဟု အာကာသထဲ မြန်မာအမည်များပေး
၂၀၂၅ ခုနှစ်မှာ စတင်တည်းခိုနိုင်မယ့် ကမ္ဘာ့ပထမဆုံး အာကာသဟိုတယ်














