Trend

နာဆာ အာကာသတွင်း သန့်စင်ခန်းပုံစံ ပြိုင်ပွဲမှာ မလေးရှား ကလေးငယ် ပထမဆုရ

နာဆာက ကျင်းပတဲ့ အာကာသတွင်း သန့်စင်ခန်းပုံစံ အငယ်တန်းအဆင့် ပြိုင်ပွဲမှာ မလေးရှားလူမျိုး အသက် ၉ နှစ်အရွယ် ကလေးငယ်က အမြင့်ဆုံးဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ကမ္ဘာတဝှမ်းက ပြိုင်ပွဲဝင် ကလေးငယ် ၉၀၀ နီးပါးကို ကျော်ဖြတ်ပြီး အမြင့်ဆုံး ပထမဆုကို ရယူနိုင်ခဲ့တာပါ။

Lunar Loo Challenge မှာ ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်တွေဟာ လကမ္ဘာမှာ ခြေချမယ့် အာကာသယာဉ်မှူးတွေ အသုံးပြုဖို့ သန့်စင်ခန်းပုံစံအတွက် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ နာဆာရဲ့ ၂၀၂၄ ခုနှစ် လကမ္ဘာပေါ် ခြေချမယ့် စီမံကိန်းအတွက် လုပ်ဆောင်ခဲ့တာပါ။

လက်ရှိ နိုင်ငံတကာ အာကာသစခန်းမှာ အာကာသယာဉ်မှူးတွေ အသုံးပြုနေတဲ့ သန့်စင်ခန်း ရှိပြီးသား ဖြစ်ပေမယ့် အခုပြိုင်ပွဲကတော့ ဆွဲငင်အားနည်းတဲ့ နေရာမှာ အသုံးပြုဖို့အတွက် ဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပသူတွေက ဆိုပါတယ်။


နာဆာကနေ လူသားတွေ လပေါ်အခြေချမယ့် အစီအစဉ်ဟာ လက်ရှိထက် ပိုသေး၊ ပိုကောင်းပြီး လကမ္ဘာပေါ်က ဆွဲငင်အားမှာရော၊ ကမ္ဘာဆွဲငင်အားထက် နည်းတဲ့ နေရာတွေမှာပါ အသုံးပြုနိုင်မယ့် မျိုးဆက်သစ် ပစ္စည်းတွေကို ရှာဖွေနေတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံသား မူလတန်းကျောင်းသားလေး Zyson Kang Zy Shun ရဲ့ လကမ္ဘာသုံး သန့်စင်ခန်း တီထွင်မှုကို ဒိုင်လူကြီးတွေ သဘောကျ နှစ်ခြိုက်ခဲ့တာကြောင့် အငယ်တန်းအဆင့် ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၈၅ နိုင်ငံက ပြိုင်ပွဲဝင် ၈၉၇ ဦးထဲကမှ ပထမဆုကို ပေးခဲ့တာ ဖြစ်ပါတယ်။


Zyson ရဲ့ ဒီဇိုင်းဟာ ဝတ်စုံပြည့် ဝတ်ဆင်ထားရတဲ့ အာကာယာဉ်မှူးတွေအတွက် အထူးသင့်တော်ပြီး အသုံးပြုနိုင်ဖို့ ဘတ်ထရီ ဒါမှမဟုတ် လျှပ်စစ် မလိုအပ်ဘဲ ရွှေ့လျားစွမ်းအင်ပေါ်ကိုသာ တည်မှီတာကြောင့် သက်သောင့်သက်သာဖြစ်စေတယ်လို့ ဆိုပါတယ်။

“Zyson ရဲ့ ဒီဇိုင်းက တခြား လျှပ်စစ်ပစ္စည်းအကူ ဘာမှမလိုပါဘူး။ ဒါတွေ မပါတော့ အာကာသထဲ စက်ချို့ယွင်းနိုင်ခြေရှိတာတွေ လျှော့ချပြီးသား ဖြစ်သွားပါတယ်။ အာကာသယာဉ်မှူးတွေက အပေါ့သွားမယ်ဆိုရင် ခြေထောက် ရွှေ့လိုက်ရုံနဲ့ သူတို့ ဝတ်ဆင်ထားတဲ့ ဖိနပ်ထဲက ဘူးထဲ လေစုပ်လိုက်သလိုရောက်သွားမှာပါ” လို့ ပြိုင်ပွဲ ကျင်းပသူတွေက ဆိုပါတယ်။

ပထမဆု ရခဲ့တဲ့ မလေးရှား ကျောင်းသားလေး Zyson Kang Zy Shun

ကွာလာလမ်ပူမှာရှိတဲ့ I-Discovery World သိပ္ပံစင်တာက Chong Soo Sheong က Zyson ရဲ့ အောင်မြင်မှုဟာ တနေ့တည်း၊ တညတည်းနဲ့ ဖြစ်လာတာမျိုး မဟုတ်ပါဘူး။ သူက ဒီလို ဒီဇိုင်းမျိုး ထွက်လာဖို့ လနဲ့ချီ အပြင်းအထန် ကြိုးစားခဲ့တာပါလို့ ပြောပြသွားပါတယ်။

Ref: South China Morning Post

You may also like these stories:

ထိုင်ဝမ်နိုင်ငံက ထူးထူးခြားခြား စားသောက်ဆိုင်များ

စင်ကာပူလေကြောင်းပိုင် လေယာဉ်ကို စားသောက်ဆိုင်အဖြစ် ပြောင်းလဲ

ထိုင်ဝမ်စစ်တပ် စုပေါင်းမင်္ဂလာပွဲမှာ လိင်တူစုံတွဲ ပထမဆုံးအကြိမ် ဆင်နွှဲ

Loading