• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာရေတပ်သို့ တားမြစ်ပစ္စည်းရောင်းခဲ့ကြောင်း စင်ကာပူ နိုင်ငံသား ၂ ဦး ဝန်ခံ

by ဧရာဝတီ
29 August 2023
in သတင်း
A A
မြန်မာရေတပ်သို့ တားမြစ်ပစ္စည်းရောင်းခဲ့ကြောင်း စင်ကာပူ နိုင်ငံသား ၂ ဦး ဝန်ခံ

Hydronav Services မှ အရောင်းမန်နေဂျာ ပွိုက်တာ အဂတ် ကန့်ဂျာနာနှင့် ထိုလုပ်ငန်း၏ ဒါရိုက်တာ ဝီအောင်းချွန်တို့က သေနင်္ဂဗျူဟာကျသော ကုန်စည်များ ထိန်းချုပ်မှုအက်ဥပဒေအရ စွဲချက်အတွက် အပြစ်ရှိကြောင်း ဝန်ခံသည် / The Straits Times

1.5k
VIEWS
Share on FacebookShare on Twitter

မြန်မာရေတပ် အသုံးပြုနေသည့် ဆိုနာစနစ်ကို ရောင်းချခဲ့ပြီး လက်နက်များ အပါအဝင် သေနင်္ဂဗျူဟာ ပစ္စည်းများ ရောင်းချမှု ထိန်းချုပ်ခြင်းကို ချိုးဖောက်ခဲ့ကြောင်း စင်ကာပူနိုင်ငံသားနှစ်ဦးက တရားရုံးတွင် သြဂုတ်လ ၂၅ ရက်နေ့က ဝန်ခံခဲ့သည်။

Hydronav Services မှ အသက် ၅၇ နှစ်အရွယ် အရောင်းမန်နေဂျာ ပွိုက်တာ အဂတ် ကန့်ဂျာနာနှင့် ထိုလုပ်ငန်း၏ ဒါရိုက်တာများအနက် ဦးဖြစ်သည့် ဝီအောင်းချွန်တို့က လိမ်လည်မှုစွဲချက်တခုနှင့် သေနင်္ဂဗျူဟာကျသော ကုန်စည်များ ထိန်းချုပ်မှုအက်ဥပဒေအရ စွဲချက်တခုတို့အတွက် အပြစ်ရှိကြောင်း သြဂုတ်လ ၂၅ ရက်နေ့တွင် ပြောသည်။

ဝီ ကိုယ်စားပြုသည့် Hydronav က အထက်ပါ စွဲချက် နှစ်ခုကို အပြစ်ရှိကြောင်း ဝန်ခံသည်။ အသက် ၇၀ ရှိပြီဖြစ်သော ဝီသည် ထိုလုပ်ငန်းမှ ပို့ကုန်သွင်းကုန် လုပ်ငန်းများနှင့် တဦးတည်းသော ဒါရိုက်တာဖြစ်ခဲ့သည်။

ထိုအမှုတွင် ပင်လယ်ရေအောက် မျက်နှာပြင်ကို ပုံဖော်သည် ပဲ့တင်သံထုတ်စနစ်တခု ပါဝင်ပတ်သက်နေသည်။

ထိုစနစ်ကို မြန်မာလုပ်ငန်းဖြစ်သော Light of Universe သို့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၈ သန်း (စင်ကာပူဒေါ်လာ ၂ သန်းခန့်) ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုကိရိယာကို နောက်ဆုံး အသုံးပြုသူမှာ မြန်မာရေပိုင်နက်တွင် ရေကြောင်းတိုင်းတာရေး ပြုလုပ်နေသည့် မြန်မာရေတပ် Hydrographic Centre ဌာနဖြစ်သည်။

ထိုကိရိယာကို စစ်ဘက်နှင့် အရပ်ဘက် နှစ်ဖက်သုံးသော ပစ္စည်းဖြစ်ပြီး စစ်ရေးအတွက် သုံးသည့် အထောက်အထား မရှိကြောင်း တရားလိုဘက်က ပြောပြီး သက်ဆိုင်သူများကို ဒဏ်ငွေချမှတ်ရန်နှင့် ထိုကုမ္ပဏီကို ဒေါ်လာ ၁ သန်းကျော် ဒဏ်ငွေချရန် တောင်းဆိုမည်ဖြစ်ကြောင်း ပြောသည်။

ပွိုက်တာနှင့် ဝီတို့က ထိုစနစ်ကို အင်ဒိုနီးရှားကုမ္ပဏီ Bina Nusantara Perkasa က အသုံးပြုမည်ဟုဆိုကာ နော်ဝေလုပ်ငန်း Kongsberg Maritime ထံမှ လိမ်လည် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဒုတိယ တရားလိုရှေ့နေ မက်ဒလင်း ဟောင်က ပြောသည်။

ရောင်းချရာတွင် တာဝန်ခံဖြစ်သည့် ပွိုက်တာသည် ထိုစနစ်ကို နော်ဝေအာဏာပိုင်များက ရောင်းချခွင့်ပေးရေး အထက်ပါ အင်ဒိုနီးရှားကုမ္ပဏီအတွက်ဟု လိမ်လည်ရန် အစီအစဉ်ကို ပြုလုပ်ပေးသူ ဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
59
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
25
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
72

မြန်မာရေတပ် ရေကြောင်းတိုင်းတာရေးဌာနက ထိုကိရိယာကို အသုံးပြုမည်ဟု ဖော်ပြခဲ့သည့် နှစ်ကြိမ်တွင် နော်ဝေ အာဏာပိုင်များက ခွင့်ပြုခြင်း မရှိပေ။

Bina Nusantara Perkasa သည် ယခင်က Hydronav နှင့် ရောင်းဝယ်မှု မှတ်တမ်းရှိသောကြောင့် ထိုလုပ်ငန်းအမည်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ နော်ဝေ အာဏာပိုင်များက ထိုလုပ်ငန်းသို့ ရောင်းလျှင် ခွင့်ပြုမည်ဟု ပွိုက်တာက ယုံကြည်သည်။

ဝီက ထိုရောင်းချရေးနည်းလမ်းကို သဘောတူပြီး ပွိုက်တာကို Bina Nusantara Perkasa မှ ထိုအစီအစဉ်အတိုင်း လုပ်ပေးမည့် ဒါရိုက်တာ၏ အသေးစိတ်များ ပေးအပ်ခဲ့သည်။ အင်ဒိုနီးရှား ကုမ္ပဏီ ဒါရိုက်တာဘက်ကလည်း ရောင်းချရေးအတွက် ရည်ညွှန်းကုမ္ပဏီကို အတည်ပြုပေးခဲ့သည်။

ပွိုက်တာက မှားယွင်းသော ဖော်ပြချက်ကို Kongsberg သို့ တင်သွင်းပြီးနောက် ထိုလုပ်ငန်းသည် အထက်ပါစနစ်ကို ပြည်ပသို့ ရောင်းချခွင့် လိုင်စင်ရယူအောင် မရိုးမသား လိမ်လည်ခြင်း ဖြစ်သည်။ ထိုစနစ်ကို အမေရိကန် ဒေါ်လာ ၇၅၉,၉၃၁ ဒသမ ၂၀ ဒေါ်လာဖြင့် ဝယ်ယူသည်။

နော်ဝေ အာဏာပိုင်များသည် ထိုလိမ်လည်ပြောကြားချက်ကို ရရှိပြီးနောက် Bina Nusantara Perkasa သို့ အထက်ပါစနစ်ကို ရောင်းချခွင့်ပေးခဲ့ပြီး နော်ဝေမှ စင်ကာပူသို့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ပေးပို့သည်။ ထို့နောက် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် သေနင်္ဂဗျူဟာ ကုန်စည်ထိန်းချုပ်ရေး ဥပဒေအရ မည်သည့် ခွင့်ပြုချက်မျှမရှိဘဲ မြန်မာသို့ ပေးပို့လိုက်သည်။

ပင်လယ်ကြမ်းပြင် တိုင်းတာရေးကိရိယာတွင် စနစ်ခွဲ နှစ်ခုပါကြောင်း ဒုတိယ တရားလိုရှေ့နေ ဟောင်က ပြောကြားပြီး ထိုအစိတ်အပိုင်း နှစ်ခုလုံးသည် သေနင်္ဂဗျူဟာ ကုန်စည်ထိန်းချုပ်ရေးအမိန့် (၂၀၁၇) ၏ ဇယားတွင် ဖော်ပြထားသော ထိန်းချုပ်ပစ္စည်းများဖြစ်သည်။

Hydronav သည် လိုအပ်သော ခွင့်ပြုချက်မရှိဘဲ စင်ကာပူမှ မြန်မာသို့ ထိုစနစ်ကို တင်ပို့ခဲ့သည်ဆိုသည့် စွပ်စွဲချက်တိုင်စာကို စင်ကာပူအကောက်ခွန်က ရပြီးနောက် အာဏာပိုင်များကို အကြောင်းကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် စုံစမ်းစစ်ဆေးမှု စတင်ပြီးနောက် Hydronav ၏ အဆောက်အအုံများကို စီးနင်းရှာဖွေသောအခါ ဒစ်ဂျစ်တယ် ကိရိယာများနှင့် စာရွက်စာတမ်းများကို အာဏာပိုင်များက သိမ်းဆည်းခဲ့သည်။

ထိုအမှုသည် Kongsberg ၏ ဂုဏ်သတင်းကို ထိခိုက်စေမည်ဖြစ်ကြောင်း ဟောင်က ပြောသည်။ တရားလိုဘက်က သေနင်္ဂဗျူဟာ ကုန်စည်ထိန်းချုပ်ရေး အက်ဥပဒေစွပ်စွဲချက် နှစ်ခုအနက် တခုအတွက် ဒဏ်ငွေ ဒေါ်လာ ၁ သန်းကျော် Hydronav ကို ချမှတ်ရန် တောင်းဆိုနေသည်။ ထိုငွေသည် ၎င်းတို့ရရှိသော အမြတ်ငွေနှင့် ညီမျှသည်။

အခြားအမှုတခုအတွင် ဒဏ်ငွေ ဒေါ်လာ ၁ သောင်း ချမှတ်ရန်လည်း တောင်းဆိုသည်။

ဒုတိယ တရားလိုရှေ့နေ ဟောင်က တရားရုံးအနေဖြင့် ပွိုက်တာကို စုစုပေါင်း ဒေါ်လာ ၂၅,၀၀၀ မှ ၃၀,၀၀၀ ကြားချရန်နှင့် ဝီကို ဒေါ်လာ ၃၀,၀၀၀ နှင့် ၃၅,၀၀၀ အကြားချရန် တောင်းဆိုသည်။

ဝီသည် ပွိုက်တာ၏ အစီအစဉ်ကို ထောက်ခံ အတည်ပြုသောကြောင့် ပိုမိုအပြစ်ရှိကြောင်း ဟောင်က ပြောသည်။

ထိုလူ နှစ်ဦးနှင့် ထိုကုမ္ပဏီကို အရေးယူမှုများကို စက်တင်ဘာလတွင် ချမှတ်မည်ဟု မျှော်လင့်ရသည်။

ကိုးကား ။ ။ The Straits Times သတင်း Two S’poreans admit role in illegal $2m sale of sonar that ended up with Myanmar Navy

You may also like these stories:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

စင်ကာပူလုပ်ငန်းက စစ်ကောင်စီနှင့် ဆက်စပ်စီမံကိန်းတွင် ဆက်လက်ပတ်သက်နေ

စစ်ကောင်စီကို ထောက်ပံ့နေသည့် စင်ကာပူအခြေစိုက် လုပ်ငန်း ၁၀၀ ခန့် ရှိ

မြန်မာသို့ လက်နက်ပစ္စည်း လွှဲပြောင်းပေးရန် ခွင့်ပြုချက် မပေးခဲ့ဟု စင်ကာပူပြော

မြန်မာစစ်လက်နက် တင်သွင်းသူများအား အရေးယူရန် စင်ကာပူကို တောင်းဆို

စင်ကာပူသံအမတ်အဖြစ် ငြင်းပယ်ခံရသူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဖြစ်လာ

Your Thoughts …
Tags: စင်ကာပူစစ်ကောင်စီနော်ဝေရေတပ်အင်ဒိုနီးရှား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အိန္ဒိယ အာကာသယာဉ် လပေါ် ဆင်းပြနိုင်တဲ့အခါ

အိန္ဒိယ အာကာသယာဉ် လပေါ် ဆင်းပြနိုင်တဲ့အခါ

ပညာရေးဆိုတာကတော့ လူတိုင်းရဲ့ အခွင့်အရေးပါ

ပညာရေးဆိုတာကတော့ လူတိုင်းရဲ့ အခွင့်အရေးပါ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved