• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စင်ကာပူလုပ်ငန်းက စစ်ကောင်စီနှင့် ဆက်စပ်စီမံကိန်းတွင် ဆက်လက်ပတ်သက်နေ

by ဧရာဝတီ
13 July 2023
in သတင်း
A A
Golden City စီမံကိန်း

Golden City စီမံကိန်း

4.8k
VIEWS
Share on FacebookShare on Twitter

စင်ကာပူအခြေစိုက် ဟိုးလ်ဒင်း ကုမ္ပဏီ Emerging Towns & Cities Singapore (ETC) သည် မြန်မာစစ်တပ်မှ ငှားထားသည့် ရန်ကုန်မှမြေတွင် တည်ဆောက်ထားသည့် Golden City မှ ရှယ်ယာများကို ရောင်းချသည့် သဘောတူစာချုပ်ကို ကြေညာထားသော်လည်း ထိုသဘောတူညီချက်ကြောင့် ထိုလုပ်ငန်းနှင့် စစ်တပ်အကြား ဆက်စပ်မှုများ ရှိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တခုက ပြောသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) နှင့် စစ်ထောက်ချုပ်ရုံးမှ ငှားထားသော မြေပေါ်တွင် တည်ဆောက်ထားသည့် အိမ်ရာမှ ရှယ်ယာများကို Grand Ally Pte Ltd သို့ ရောင်းချမည်ဟု စင်ကာပူ စတော့အိတ်ချိန်းစာရင်းဝင် ETC က ကြေညာထားသည်။

အထက်ပါသဘောတူညီချက်အရ ထိုရှယ်ယာများကို စင်ကာပူဒေါ်လာ ၈၀ ဒသမ ၂ သန်း အရှုံးခံပြီး စင်ကာပူ ဒေါ်လာ ၄ သန်းနှင့် ရောင်းချမည်ဖြစ်သည်။ ဇူလိုင်လ ၁ ရက်နေ့က ချုပ်ဆိုသော ထိုသဘောတူညီချက်အရ စင်ကာပူကုမ္ပဏီ Uni Global Power ၏ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သော ETC Singapore ၏ လုပ်ငန်းခွဲ DAS Pte Ltd. ကို ရောင်းချခြင်းပါဝင်သည်။

Uni Global Power သည် မြန်မာကုမ္ပဏီ Golden City စီမံကိန်းကို တည်ဆောက်သူ Golden Land Real Estate Development ၏ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။ Grand Ally Pte Ltd သည် ယခုနှစ် ဖေဖော်ဝါရီလက တည်ထောင်ခဲ့သည့် စင်ကာပူမှ ပုဂ္ဂလိကကုမ္ပဏီဖြစ်ပြီး Golden City ကို စီမံသည့် ETC မှ အဓိက အဖွဲ့ဝင်များ ပိုင်ဆိုင်သည်။

လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော Justice For Myanmar (JFM) ၏ ပြောကြားချက်အရ Grand Ally ကို ETC ၏ အရောင်းနှင့် ဈေးကွက်ရှာဖွေရေး ဒုဥက္ကဋ္ဌ တရုတ်နိုင်ငံသား လီဘိုနှင့် မြန်မာနိုင်ငံဆိုင်ရာ အရောင်းနှင့်ဈေးကွက်ရှာဖွေရေး ဒါရိုက်တာက ထိန်းချုပ်ထားသည်ဟု သိရသည်။ အခြားရှယ်ယာရှင်နှင့် ဒါရိုက်တာများတွင် တရုတ်နိုင်ငံသားများဖြစ်သော လိုင်ရှူးကျန်နှင့် ကျောင်ရှောက်ပင်တို့ ပါဝင်သည်။

ETC ၏ ရောင်းချမှုသည် ၎င်းနှင့်သက်ဆိုင်သူများကို ရောင်းချခြင်းဖြစ်သောကြောင့် ထိုလုပ်ငန်းသည် ဝန်ထမ်းနှင့် ရှယ်ယာရှင်များမှတဆင့် စစ်တပ်နှင့် ဆက်စပ်မှုများကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်ဟု JFM က ထောက်ပြသည်။

“Grand Ally သည် စင်ကာပူတွင် မှတ်ပုံတင်ထားသောကြောင့် စင်ကာပူသည် Golden City ၏ လုပ်ငန်းမှတဆင့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေပြီး အရေးယူမခံရသည့် မြန်မာစစ်တပ်နှင့် ဆက်လက် ထိတွေ့နေသည်” ဟုလည်း JFM က ပြောသည်။

Golden City သည် ETC ၏ တခုတည်းသော အိမ်ခြံမြေတည်ဆောက်ရေး လုပ်ငန်းဖြစ်ပြီး ထိုအဆောက်အအုံမှ ရောင်းချရငွေများ၊ အငှားခငွေများသည် ၎င်း၏ အဓိကဝင်ငွေဖြစ်သည်။ မြန်မာအခြေစိုက် စီမံကိန်း ကုမ္ပဏီ Golden Land Real Estate Development နှင့် ၎င်း၏ မြန်မာအခြေစိုက် စီးပွားဖက် Nature Link Co. Ltd တို့သည် စစ်ထောက်ချုပ်ရုံးနှင့် မြေငှားစာချုပ်ကို ၂၀၁၃ ခုနှစ်တွင် ချုပ်ဆိုသည်။

ထိုစဉ်က ရက်အနည်းငယ်ကြာသောအခါ ၎င်းတို့ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဦးဆောင်သည့် စစ်တပ်လက်ဝေခံအစိုးရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုချက်ထုတ်ပေးသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
5
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
16
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
32

Nature Link သည် အိမ်ခြံမြေတည်ဆောက်ခြင်း၊ ဟိုတယ်များစီမံခြင်း၊ သတ္တုတူးဖော်ရေးနှင့် သစ်တောစီးပွားရေးများ လုပ်သည့် ရန်ကုန်အခြေစိုက် ခရိုနီပိုင် ကုမ္ပဏီအုပ်စု Jewellery Luck ၏ လုပ်ငန်းခွဲ ဖြစ်သည်။ Jewellery Luck ကုမ္ပဏီများအုပ်စုသည် ၎င်း၏ လုပ်ငန်းခွဲမှတဆင့် Golden Land Real Estate Development ၏ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။

ETC ၏ ၂၀၁၇ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာအရ စစ်တပ်နှင့် Golden City သဘောတူညီချက်တွင် မြေအသုံးချခွင့် အာမခံပေးချေမှု အမေရိကန် ဒေါ်လာ ၆ ဒသမ ၃ သန်းနှင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကင်းလွတ်ခွင့်နှင့် နှစ်စဉ် အမေရိကန် ဒေါ်လာ ၂ ဒသမ ၈ သန်း ပေးရန်ပါဝင်နေသည်။

မြေငှားသက်တမ်း အမြင့်ဆုံး နှစ် ၇၀ အတွက် စစ်တပ်သို့ စုစုပေါင်းပေးချေမှုသည် အမေရိကန်ဒေါ်လာ ၁၉၁ ဒသမ ၁ သန်း ရှိမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ETC သည် မြန်မာစစ်တပ်သို့ မြေငှားခပေးချေမှု အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၁၈၅ သန်းအထိ ရှိလာသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက ဥပဒေရေးရာ စာချွန်လွှာတခုအရ နိုင်ငံတကာဥပဒေနှင့် လမ်းညွှန်ချက်များသည် မြန်မာစစ်တပ်နှင့် စီးပွားရေးလုပ်သည့် ETC ကဲ့သို့သော လုပ်ငန်းများနှင့် ပတ်သက်ပြီး စင်ကာပူ အိတ်ချိန်း (SGX) အပေါ် လုံလောက်သော လုံ့လစိုက်ထုတ်ရမည့် တာဝန်များ ချမှတ်ထားရုံသာမက စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့နှင့် စင်ကာပူအစိုးရအပေါ်တွင်လည်း တာဝန်များ ချမှတ်ထားသည်။

ထိုဥပဒေစာချွန်လွှာသည် SGX, ၎င်းကို စည်းကမ်းထိန်းကွပ်သည့် စင်ကာပူငွေကြေး အာဏာပိုင်အတွက်သာမက ETC က မြန်မာစစ်တပ်သို့ ဆက်လက်ငွေပေးချေမှုကို စင်ကာပူအစိုးရက မတားဆီးပါက စင်ကာပူအစိုးရ အတွက်ပင် ဂုဏ်သတင်းထိခိုက်မှုနှင့် အရေးယူပိတ်ဆို့ခံရနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေကိုလည်း မြင့်မားစေသည်။

ပြည်သူများကို အကြမ်းဖက်သည့် စစ်ဆင်ရေးဖြင့် မြန်မာစစ်ကောင်စီသည် ပြည်သူပေါင်း ၃,၇၀၀ ကျော်ကို သတ်ဖြတ်ထားပြီး နောက်ထပ်လူပေါင်း ၂၃,၇၀၀ ကျော်ကို အငြင်းပွားဖွယ် ဖမ်းဆီးထားကာ လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်ဖြင့်ပစ်ခတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို သိမ်းကြုံးပြုလုပ်နေသကဲ့သို့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း လူအနည်းဆုံး ၁ ဒသမ ၅ သန်းကို နေရပ်စွန့်ခွာရစေသည်။

ETC သည် မြန်မာစစ်တပ်၏ စီးပွားဖက်ဖြစ်ပြီး စစ်ကောင်စီ၏ လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ကြံရာပါ ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်ဟု JFM ပြောခွင့်ရသူ မရတနာမောင်က ပြောသည်။

ETC သည် ရင်းနှီးမြှုပ်နှံမှုများကို ရောင်းချရန်လိုသော်လည်း ထပ်မံမေးခွန်းထုတ်စရာ ဖြစ်နေသောကြောင့် စင်ကာပူ အာဏာပိုင်များအနေဖြင့် SGX သည် Golden City စီမံကိန်းနှင့် ဆက်လက်ပတ်သက်မည်၊ မပတ်သက်မည်နှင့် စင်ကာပူမှ ပုဂ္ဂလိက ကုမ္ပဏီတခုက လူသတ် စစ်ကောင်စီကို ငွေကြေး ဆက်လက်ထောက်ပံ့နေသည်ဆိုသည့် အချက်များကို ဖြေရှင်းရမည်ဖြစ်ကြောင်းလည်း မရတနာမောင်က ပြောသည်။

စင်ကာပူဘဏ်များအနေဖြင့် Grand Ally ၏ ဘဏ်စာရင်းကို လက်ခံမထားရန်နှင့် Golden City စီမံကိန်းကို မည်သည့်နည်းနှင့်မှ မထောက်ခံရန် JFM က တောင်းဆိုသည်။ နိုင်ငံတကာအစိုးရများ အနေဖြင့် Grand Ally Investments နှင့် ၎င်း၏ မြန်မာစီးပွာဖက် Jewellery Luck Group of Companies, ၎င်းတို့၏ ပိုင်ရှင်များနှင့် ဒါရိုက်တာများကို အရေးယူပိတ်ဆို့ရန်လည်း JFM က တောင်းဆိုသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Singapore Firm ‘Still Tied to Myanmar Junta-Linked Project Despite Stake Sale’ ကို ဘာသာပြန်သည်။)

You may also like these stories:

လိုင်စင်မရှိဘဲ ငွေလွှဲလုပ်ငန်းများ မလုပ်ဖို့ စင်္ကာပူအာဏာပိုင် သတိပေး

MAI လေကြောင်းလိုင်း ငွေစာရင်းကို စင်္ကာပူ UOB ဘဏ်က ပိတ်သိမ်း

စစ်ကောင်စီကို ထောက်ပံ့နေသည့် စင်ကာပူအခြေစိုက် လုပ်ငန်း ၁၀၀ ခန့် ရှိ

ပိတ်ဆို့အရေးယူမှု ချိုးဖောက်ရာတွင် ရင်းနှီးမြှုပ်နှံသူများ ကြံရာပါဖြစ်နိုင်

Your Thoughts …
Tags: ETCGolden CityGolden Land Real Estate DevelopmentGrand AllyJewellery LuckJFMNature LinkSGXUni Global Powerကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)စင်ကာပူစင်ကာပူ စတော့အိတ်ချိန်းစစ်ကောင်စီစစ်ထောက်ချုပ်ရုံးစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုစီးပွားရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
NUG ကို ထောက်ခံဆန္ဒပြသူများ / AFP

ထီ၊ ငွေတိုက်စာချုပ်နှင့် ခရစ်ပတိုငွေကြေး သို့မဟုတ် နွေဦးတော်လှန်ရေး ရန်ပုံငွေ

ရန်ကုန်မြို့ရှိ ဆေးဆိုင်တဆိုင်ကို ၂၀၂၀ နှစ်ဆန်းပိုင်းက တွေ့ရစဉ် / ဧရာဝတီ

ဒေါ်လာဈေးကြောင့် ဆေးဝါးနှင့် စက်သုံးဆီဈေးများလည်း တက်လာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved