• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပိတ်ဆို့အရေးယူမှု ချိုးဖောက်ရာတွင် ရင်းနှီးမြှုပ်နှံသူများ ကြံရာပါဖြစ်နိုင်

by Zachary Abuza
12 April 2023
in ဆောင်းပါး
A A
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတခု / AFP

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတခု / AFP

9.6k
VIEWS
Share on FacebookShare on Twitter

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက လူထုသတိထားမိမှုနည်းသည့် လုပ်ဆောင်မှုတခုတွင် မြန်မာစစ်ကောင်စီသည် ၎င်းတို့၏ ထိပ်တန်းခေါင်းဆောင်များနှင့် မိသားစုများ၏ ရှယ်ယာပိုင်ဆိုင်မှုများကို ကာကွယ်ရန်နှင့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ရှောင်ရှားရေး ဟန်ပြကုမ္ပဏီများ ထူထောင်ခြင်းကို ကာကွယ်ရန် ကုမ္ပဏီများမှတ်ပုံတင်သည့် အွန်လိုင်းအချက်အလက်များကို အများပြည်သူမသိနိုင်အောင် လုပ်ဆောင်လိုက်သည်။

အခကြေးငွေယူသည့် အွန်လိုင်းပလက်ဖောင်းဖြစ်သော အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် Myanmar Companies Online (MyCo) ကို ဂျပန်၏နည်းပညာအကူအညီဖြင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် ၂၀၁၇ ခုနှစ် မြန်မာကုမ္ပဏီများဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအောက်တွင် ဖွင့်လှစ်ခဲ့သည်။

MyCo တွင် လုပ်ငန်းပေါင်း ၁၂၀,၀၀၀ ၏ အများပြည်သူသိရှိနိုင်သည့် ကုမ္ပဏီ အချက်အလက်များကိုသာမက လက်ရှိနှင့်လက်ဟောင်း ဒါရိုက်တာများ၊ ရှယ်ယာရှင်များ၏ ပိုင်ဆိုင်သည့်ရှယ်ယာ၊ ခန့်အပ်သည့်ရက်စွဲ၊ မှတ်ပုံတင်နံပါတ်၊ လိပ်စာနှင့် မွေးသက္ကရာဇ် စသည့် ကိုယ်ရေးအချက်အလက် အသေးစိတ်များကိုပါ ဖော်ပြထားသည်။

အများပြည်သူဆိုင်ရာ လုပ်ငန်းသတင်းအချက်အလက်များကို ဆက်လက်ရရှိနေသော်လည်း ကိုယ်ရေးအချက်အလက်များကို မရနိုင်တော့ပေ။ သို့သော် စုပေါင်းဟက်ကာအဖွဲ့ဖြစ်သော Distributed Denial of Secrets သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် ထိုလအထိ အချက်အလက်များကို ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် မည်သည်တို့ကို ဖုံးကွယ်ရန် ကြိုးစားနေသနည်း။

အထင်အရှားတွေ့ရသည့် ကနဦးအဖြေမှာ စစ်ကောင်စီသည် သူတို့ကိုယ်သူတို့ ချမ်းသာအောင် လုပ်နေခြင်းပင် ဖြစ်သည်။ စစ်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့မိသားစုများ ပိုင်ဆိုင်သည့် ကုမ္ပဏီများသည် အကျိုးအမြတ်များသည့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဆိုလာလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများ၊ လမ်းတည်ဆောက်ရေး လုပ်ငန်းများနှင့် ဘိလပ်မြေလုပ်ငန်းများကို လုပ်ကိုင်ခွင့်ရထားကြသည်။

အာဏာသိမ်းသည့်အချိန်တွင် စစ်ကောင်စီဝင်များ အပါအဝင် စစ်တပ်ထိပ်တန်းခေါင်းဆောင်များ၏ သားသမီးများ ပိုင်ဆိုင်ကြောင်း ဖော်ထုတ်ပြီးသောလုပ်ငန်း ၂၇ ခု ရှိသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန် ပြည်ထောင်စုက အရေးယူထားသည့် လူပုဂ္ဂိုလ် ၇၅ ဦးအနက် ၂၂ ဦးသည် စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်များ၏ သားသမီးများနှင့် ၎င်းတို့၏ အိမ်ထောင်ဖက်များ ဖြစ်သည်။ အမေရိကန်က ပိတ်ဆို့အရေးယူထားသည့် လုပ်ငန်း ၂၅ ခုအနက် လေးခုကို မင်းအောင်လှိုင်၏ သားသမီးများ ပိုင်သည်။

အာဏာသိမ်းသည့်အချိန်တွင် စစ်ကောင်စီဝင်များ အပါအဝင် စစ်တပ်ထိပ်တန်းခေါင်းဆောင်များ၏ သားသမီးများ ပိုင်ဆိုင်ကြောင်း ဖော်ထုတ်ပြီးသောလုပ်ငန်း ၂၇ ခု ရှိသည်။

စစ်ကောင်စီသည် ၎င်းတို့ ကြွယ်ချမ်းမှုနှင့် ပတ်သက်သည့် သတင်းများကို လွန်စွာသတိထားသည်။ ထိုသို့သတိထားသည့် သတင်းများတွင် ငွေကြေးခဝါချမှုနှင့် မူးယစ်မှောင်ခိုမှုများအတွက် အဖမ်းခံရသည့် မြန်မာစီးပွားရေးသမားတဦး၏ ဘန်ကောက် တိုက်ခန်းမှတွေ့သော မင်းအောင်လှိုင် သားသမီးများ၏ ဘဏ်စာရင်းများ၊ ပိုင်ဆိုင်မှုများနှင့် ပတ်သက်သော သတင်းများလည်း ပါဝင်သည်။

ဗိုလ်ချုပ်များသည် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို ထောက်ခံသူများ၏ ပိုင်ဆိုင်မှုများအား သိမ်းပိုက်သည်ဟု အမြင်ခံရမည်ကို စိုးရိမ်နေသည့် တချိန်တည်းတွင် ကုမ္ပဏီရှယ်ယာများကို ၎င်းတို့နှင့် ၎င်းတို့ခရိုနီများအကြားတွင် မျှဝေကြသည်။

ဖေဖော်ဝါရီလ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း စစ်တပ်ပိုင် ထုတ်ကုန်များ သပိတ်မှောက်ရန် နှိုးဆော်ခဲ့ကြသည်

ငွေကြေးအကျပ်အတည်း ကျရောက်နေသော စစ်ကောင်စီသည် အာဏာကို အလျင်အမြန် ခိုင်မာအောင်လုပ်ရန် မစွမ်းဆောင်နိုင်ဘဲ နှစ်ချီလာသည့် စစ်မျက်နှာများတွင် ပိတ်မိနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ဖွံ့ဖြိုးရေးအကူအညီများ ခန်းခြောက်သွားသည်ကို တွေ့ရသည်။

ဗိုက်နာနေသောကြောင့် စစ်ကောင်စီသည် ပိုင်ဆိုင်မှုများ လျှော့ချသည်။ စစ်ကောင်စီသည် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင် ထူထောင်ပြီး ၂၀၂၂ ခုနှစ် နှစ်လယ်တွင် အိမ်ခြံမြေနှင့် စက်ရုံများ အပါအဝင် ပိုင်ဆိုင်မှု ၁၃၄ ခုကို လေလံတင်သည်။

ဗိုလ်ချုပ်များနှင့် ခရိုနီများသည် ထိုဗိုက်နာဈေးဖြင့်ရောင်းချသော ပိုင်ဆိုင်မှုများမှ အကျိုးအမြတ်ခံစားနေရပုံရပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက်လည်း ၎င်းတို့လုပ်ရပ်များအတွက် ဂုဏ်သိက္ခာထိခိုက်မှုမှ ကာမိစေရန် ဆွဲဆောင်မှုပေးသည်။

ဗိုလ်ချုပ်များနှင့် ခရိုနီများသည် ထိုဗိုက်နာဈေးဖြင့်ရောင်းချသော ပိုင်ဆိုင်မှုများမှ အကျိုးအမြတ်ခံစားနေရပုံရပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက်လည်း ၎င်းတို့လုပ်ရပ်များအတွက် ဂုဏ်သိက္ခာထိခိုက်မှုမှ ကာမိစေရန် ဆွဲဆောင်မှုပေးသည်။

MyCo ပလက်ဖောင်းကို ဖယ်ရှားခြင်းသည် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ရှောင်ရှားရန်အတွက် ဟန်ပြကုမ္ပဏီများ ထူထောင်ရန်ဖြစ်သည်။

၂၀၁၉ ခုနှစ်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစီရင်ခံစာတွင် စစ်တပ်ပိုင် လုပ်ငန်းစုကြီးများဖြစ်သည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပိုင်ဆိုင်သည့် ကုမ္ပဏီ ၁၀၆ ခုကို ဖော်ထုတ်ခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် Justice for Myanmar ကလည်း စစ်တပ်၏ စစ်ဆင်ရေးများကို ငွေကြေးထောက်ပံ့နေသော စစ်တပ်ပိုင်လုပ်ငန်း ၁၃၀ ကို ဖော်ထုတ်ထားသည်။

အထက်ပါ လုပ်ငန်းစုကြီးနှစ်ခုသည် သတ္တုနှင့် သတ္တုတူးဖော်ရေး၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်နှင့် ဧည့်ဝန်ဆောင်မှု၊ ဆက်သွယ်ရေး၊ လူသုံးကုန်ပစ္စည်း၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး၊ အစားအသောက်နှင့် အဖျော်ယမကာ၊ အိမ်ခြံမြေအပါအဝင် စီးပွားရေးကဏ္ဍ အားလုံးတွင် ပါဝင်ပတ်သက်နေသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း တပ်မတော်ပိုင် ဦးပိုင်စီးပွားရေးလုပ်ငန်းက ရှယ်ယာပိုင်သော ဆက်သွယ်ရေးကုမ္ပဏီ ဖွင့်ပွဲ / ဧရာဝတီ

အမေရိကန်အစိုးရက ဘဏ်နှစ်ခုအပါအဝင် MEHL ၊ MEC နှင့် ၎င်းတို့၏ လုပ်ငန်းခွဲ၊ ဖက်စပ်လုပ်ငန်း အားလုံးကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ပိတ်ဆို့အရေးယူသည်။

ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့ကလည်း ထိုလုပ်ငန်းစုကြီး နှစ်ခုကို ၂၀၂၁ ခုနှစ်၊ မတ်လနှင့် ဧပြီလတွင် အသီးသီးအရေးယူသည်။

အမေရိကန် ပြည်ထောင်စုသည် စစ်ကောင်စီအတွက် ငွေရှာပေးသည့် နိုင်ငံပိုင်လုပ်ငန်း သို့မဟုတ် စစ်ကောင်စီအတွက် လက်နက်များ၊ အပိုပစ္စည်းများနှင့် ထောက်လှမ်းရေး ကိရိယာများတင်သွင်းရာတွင် ကူညီနေသည့် လုပ်ငန်း ၂၁ ခုကိုလည်း ပိတ်ဆို့အရေးယူသည်။ ထိုလုပ်ငန်းများသည် စစ်ကောင်စီအတွက် ငွေကြေး သို့မဟုတ် လက်နက်ရင်းမြစ်များအဖြစ် အရေးပါသည်။ ၎င်းတို့အနက် အများအပြားကို ဗြိတိန်နှင့် ဥရောပသမဂ္ဂကလည်း အရေးယူထားသည်။

ထိုလုပ်ငန်းစုကြီးများသည် အရေးယူပိတ်ဆို့မှုများအောက်တွင် မည်မျှအောင်မြင်သည်နှင့် ပတ်သက်၍ အများပြည်သူရနိုင်သည့် သတင်းအချက်အလက် မရှိသော်လည်း ထိုလုပ်ငန်းများသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရှယ်ယာရှင်များသို့ အကျိုးအမြတ် ခွဲဝေမပေးနိုင်တော့ပေ။ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဖက်စပ်လုပ်ငန်းဖြစ်သော MyTel သည် အာဏာသိမ်းပြီးနောက် ၃ လပတ်တိုင်း အရှုံးပေါ်နေသည်။

အရေးယူပိတ်ဆို့မှုများအောက်တွင် မည်မျှအောင်မြင်သည်နှင့် ပတ်သက်၍ အများပြည်သူရနိုင်သည့် သတင်းအချက်အလက် မရှိသော်လည်း ထိုလုပ်ငန်းများသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရှယ်ယာရှင်များသို့ အကျိုးအမြတ် ခွဲဝေမပေးနိုင်တော့ပေ။

ထိုကိစ္စသည် ပေါ့သေးသေး မဟုတ်ပေ။ စစ်သားအားလုံးသည် ၎င်းတို့လစာငွေ တစိတ်တပိုင်းကို ထိုလုပ်ငန်းများတွင် လစဉ် ရင်းနှီးမြှုပ်နှံရသည်။ လစာနည်းသော စစ်သားများ ဘဝသာယာစိုပြေရေးအတွက် အမြတ်ငွေခွဲဝေရေးသည် အရေးကြီးသည်။ အရာရှိငယ်များသည် တလလျှင် ကျပ်ငွေ ၃ သိန်းအောက် (အမေရိကန် ဒေါ်လာ ၁၄၃ ဒေါ်လာ) သာ ရရှိသည်။

အချို့ကုမ္ပဏီများသည် စစ်တပ်နှင့် စီးပွားရေးလုပ်ရန် ရှောင်နေကြသည်။ ဥပမာအားဖြင့် ဆိုရပါက ထိုင်ဝမ်မှ Evergreen နှင့် စင်ကာပူပိုင် Transworld တို့က ၎င်းတို့သည် စစ်တပ်ပိုင်ဆိပ်ကမ်းများ အသုံးပြုခြင်း မပြုတော့ကြောင်း ကြေညာသည်။ ဂျပန် ယမကာလုပ်ငန်းကြီးဖြစ်သော Kirin က MEHL နှင့် ဖက်စပ်လုပ်ငန်းမှ ထွက်ခွာကြောင်း ကြေညာသည်။ သို့သော် ထိုကိစ္စသည် မပြီးပြတ်သေးပေ။

လုပ်ငန်းအများအပြားသည် မြန်မာသို့ ပြန်လာချင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများရှိကြောင်း သိသောကြောင့် ဟန်ပြကုမ္ပဏီများ ထူထောင်လိုကြပြီး ကုမ္ပဏီမှတ်ပုံတင် အချက်အလက်ကင်းမဲ့သောကြောင့် လုံလောက်သော စုံစမ်းမှုပြုလုပ်ရန် မဖြစ်နိုင်သလောက် ဖြစ်သွားသည်။

ဥပမာအားဖြင့် MEHL ၏ လုပ်ငန်းခွဲဖြစ်သော မြဝတီကုန်သွယ်ရေး လီမိတက်သည် ရေနံနှင့် စားအုန်းဆီ တင်သွင်းရန်အတွက် ဘုန်းမင်းမြတ် ဟုခေါ်သည် လုပ်ငန်းတခုကို တည်ထောင်ထားကြောင်း Myanmar Now က သတင်းဖော်ပြခဲ့သည်။ MEHL ၏ နောက်ထပ် ဟန်ပြကုမ္ပဏီတခုမှာ စင်ကာပူမှ ကုန်များတင်သွင်းရန် ထူထောင်ထားသည့် Ever Meter ဖြစ်သည်။

မတ်လ ၂ ရက်နေ့တွင် အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက Fisca Security and Communications သည် “လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်သည်” ဟုဆိုကာ ကုန်သွယ်ရေးအမည်ပျက်စာရင်း သွင်းလိုက်သည်။ Fisca Security and Communications သည် တရုတ်မှ Hikvision, Huawei Technologies နှင့် Zhejiang Dahua Technology တို့မှာ AI ပါဝါသုံး CCTV များ တင်သွင်းတပ်ဆင်ရန် လုပ်ကိုင်ခွင့်လိုင်စင် ရထားသည်။

MyCo စာရင်းအရ Fisca သည် ပြည်ပပိုင်လုပ်ငန်းဖြစ်ပြီး ၎င်းလုပ်ငန်း၏ ဒါရိုက်တာသည် စင်ကာပူလုပ်ငန်း Fisca Systems Asia ၏ ဥက္ကဋ္ဌဖြစ်သည်။

အမေရိကန်က အမည်ပျက် စာရင်းသွင်းခြင်းသည် စင်ကာပူလုပ်ငန်းများ၏ ဂုဏ်သတင်းနှင့် စီးပွားရေးအလားအလာကို ထိခိုက်စေသည်။ ယခုအခါ ထိုလုပ်ငန်းသည် ဟန်ပြကုမ္ပဏီ ထူထောင်ထားခြင်း ရှိ၊ မရှိကို သိရှိရန် ခက်ခဲသွားသည်။

အမေရိကန်က အမည်ပျက် စာရင်းသွင်းခြင်းသည် စင်ကာပူလုပ်ငန်းများ၏ ဂုဏ်သတင်းနှင့် စီးပွားရေးအလားအလာကို ထိခိုက်စေသည်။ ယခုအခါ ထိုလုပ်ငန်းသည် ဟန်ပြကုမ္ပဏီ ထူထောင်ထားခြင်း ရှိ၊ မရှိကို သိရှိရန် ခက်ခဲသွားသည်။

ထိုလုပ်ငန်းများသည် မိမိတို့သိရသည့် လုပ်ငန်းများသာဖြစ်ပြီး ထိုထက်များစွာ ပိုရှိနိုင်သည်။ လက်နက်ခဲယမ်း အပိုပစ္စည်းများ တင်သွင်းရန် မြန်မာမှ ဟန်ပြကုမ္ပဏီများကို ဖြိုခွဲရေး စင်ကာပူက ကတိပြုထားသော်လည်း အခြားအရေးယူမှုများလုပ်ရန် စိတ်အားထက်သန်ခြင်း မရှိပေ။

တချိန်တည်းတွင် ပြည်ပလုပ်ငန်း အများအပြားသည် ဗိုက်နာဈေးဖြင့်ရောင်းသည့် ပိုင်ဆိုင်မှုများကို အမြတ်ထုတ်ရန် သို့မဟုတ် ပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံမှု ငမ်းငမ်းတက်နေသည့် အရေးယူပိတ်ဆို့ခံ မြန်မာစစ်တပ်၊ ခရိုနီလုပ်ငန်းများနှင့် လုပ်ကိုင်ရန် မြန်မာဈေးကွက်သို့ ပြန်လည်ဝင်ရောက်လိုကြသည်။ ထို့ကြောင့် လုံလောက်သော စစ်ဆေးမှု လုပ်နိုင်စွမ်း မရှိခြင်းသည် ဗိုလ်ချုပ်များနှင့် ပူးပေါင်းရန် ၎င်းတို့အတွက် ခိုင်လုံသောဆင်ခြေဖြစ်သည်။

အလားတူစွာပင် လုပ်ငန်းပြန်လည်ထူထောင်ရန် လွယ်ကူခြင်းကြောင့် မြန်မာလုပ်ငန်းများသည် အရေးယူပိတ်ဆို့မှုများကို ရှောင်ရှားနိုင်ကြောင်း မတ်လ ၂၄ ရက်နေ့တွင် မြန်မာမှ အကြီးဆုံးလေယာဉ်ဆီ တင်သွင်းသည့်လုပ်ငန်း Asia Sun ကို အမေရိကန် အရေးယူပိတ်ဆို့မှုက ပြသနေသည်။

(South China Morning Post ပါ Zachary Abuza ၏ As Myanmar seals corporate data, investors may be implicated in junta’s bid to evade sanctions ကို ဘာသာပြန်သည်။ ဇာချာရီ အဘူဇာသည် ဝါရှင်တန် ဒီစီရှိ အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခတဦးဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံရေးနှင့် လုံခြုံရေးကိစ္စများကို အထူးပြုသည်။)

You may also like these stories:

ဗြိတိန်က ပိတ်ဆို့အရေးယူသည့် ဒေါ်ကျောက်ကြားရွှေ ဘယ်သူလဲ

စစ်ကောင်စီမှာ နိုင်ငံခြားအရန်ငွေ ကျပ်လာပြန်ပြီ

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
162
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
92
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
380

အသက်ငင်နေဆဲ မြန်မာ့စီးပွားရေးနှင့် တကျော့ပြန် ခရိုနီဝါဒ

စစ်အာဏာသိမ်း ၂ နှစ်အတွင်း မြန်မာ့စီးပွားရေး ဇောက်ထိုးကျ

အနောက်နိုင်ငံများက စစ်အုပ်စုကို အရေးယူပိတ်ဆို့မှုများ ထပ်တိုး

Your Thoughts …
Tags: Justice for MyanmarMECMEHLMyanmar Companies OnlineMyCoMytelခရိုနီငွေကြေးခဝါချမှုစင်ကာပူစစ်ကောင်စီစစ်တပ်ပိုင်လုပ်ငန်းစစ်အာဏာသိမ်းမှုစီးပွားရေးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်ဘဏ္ဍာရေးလူ့အခွင့်အရေး ချိုးဖောက်မှုလူ့အခွင့်အရေးကောင်စီဟန်ပြကုမ္ပဏီအမေရိကန်အရေးယူပိတ်ဆို့မှုဥရောပသမဂ္ဂ
Zachary Abuza

Zachary Abuza

ဇာချာရီ အဘူဇာသည် ဝါရှင်တန်ရှိ အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခနှင့် ဂျော့တောင်း တက္ကသိုလ်မှ အချိန်ပိုင်း ပါမောက္ခဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပြီးခဲ့သည့် ဧပြီ ၇ရက်က ဖျက်ဆီးခံလိုက်ရသည့် မန္တလေးတိုင်း တောင်သာမြို့နယ် NLD ပါတီရုံး(CJ )

NLD ကို ဖျက်သိမ်းကြောင်း ကြေညာပြီးနောက် ပါတီရုံးများ ဆက်တိုက် ဖျက်ဆီးခံရ

SSPP ၏ မဟာမိတ် UWSA တပ်သားများ / ဧရာဝတီ

သံလွင်မြစ်ကို ကူးလာတဲ့ UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved