• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

NLD ကို ဖျက်သိမ်းကြောင်း ကြေညာပြီးနောက် ပါတီရုံးများ ဆက်တိုက် ဖျက်ဆီးခံရ

by ဧရာဝတီ
12 April 2023
in သတင်း
A A
ပြီးခဲ့သည့် ဧပြီ ၇ရက်က ဖျက်ဆီးခံလိုက်ရသည့် မန္တလေးတိုင်း တောင်သာမြို့နယ် NLD ပါတီရုံး(CJ )

ပြီးခဲ့သည့် ဧပြီ ၇ရက်က ဖျက်ဆီးခံလိုက်ရသည့် မန္တလေးတိုင်း တောင်သာမြို့နယ် NLD ပါတီရုံး(CJ )

38.2k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီးနောက် မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းရှိ NLD ပါတီရုံးများနှင့် အလံများ၊ ဆိုင်းဘုတ်များကို ဖျက်ဆီး ဖြုတ်ချခံနေရမှုများ ဆက်တိုက် ဖြစ်ပေါ်နေကြောင်း သိရသည်။

ထိုသို့ ဖျက်ဆီးခြင်းများကို ညအချိန်၌ ပြုလုပ်လေ့ရှိပြီး အရပ်ဝတ်ဖြင့်လူအုပ်စုတစုက လာရောက်၍ ဖျက်ဆီးနေကြခြင်း ဖြစ်ကြောင်း ပါတီဝင်များနှင့် ဒေသခံများထံက သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
292
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
42

NLD ပါတီ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးက “မတ်လ၂၉ နောက်ပိုင်း ကျနော်တို့ ရရှိတဲ့စာရင်းအရ ၁၅ ရုံးလောက်အထိ အဓမ္မ ဆိုင်းဘုတ်ဖြုတ်ချတာတွေ၊ အလံဖြုတ်ချတာတွေ၊ ပါတီပိုင်ပစ္စည်းတွေ ဝင်ရောက် လုယက်တာ တွေ ရှိပါတယ်။ အသေးစိတ်အခြေအနေကတော့ စာရင်းပြုစုတုန်းပါပဲ။ တချို့ရုံးတွေက အငှားတွေမို့ အိမ်ရှင်တွေကို ဖိအားပေးခြိမ်းခြောက်တာတွေကြောင့်လည်း ဖြုတ်ချပေးတာမျိုးလည်း ရှိတယ်။ အခုလို ဖြစ်စဉ်တွေက ညအချိန် မတော်ကြီးတွေမှာ ကျူးလွန်ကြတာမို့ ဘယ်သူ့ လက်ချက်လဲ၊ ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုရင် စစ်ကောင်စီမှာပဲ တာဝန်ရှိပါတယ်” ဟု ပြောသည်။

ထိုသို့ ပါတီရုံးများနှင့် အလံများ၊ ဆိုင်းဘုတ်များ ဖြုတ်ချ ဖျက်ဆီးခံရမှုအနေဖြင့် ဧပြီ ၃ ရက် ညပိုင်းက မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ် ၆၂ လမ်းပေါ်ရှိ NLD ပါတီတိုင်းရုံးမှ ဆိုင်းဘုတ်များ ဖြုတ်ချဖျက်ဆီးခံခဲ့ရသလို တိုင်းရုံးအား ဖျက်ဆီး ခြင်းမှာ ဒုတိယအကြိမ်မြောက် ဟု သိရသည်။

ချမ်းအေးသာစံမြို့နယ် NLD ပါတီတိုင်းရုံးအနီး နေထိုင်သည့် မြို့ခံတဦးက “မန္တလေးတိုင်းရုံးကို ည ၁၁ နာရီခွဲလောက် မှာ ဆိုင်းဘုတ်ကို ဖြုတ်ချပြီးတော့ ကားနဲ့ သယ်သွားတယ်။ အရပ်ဝတ်တွေနဲ့ပဲ လာကြတာပါ၊ အာဏာသိမ်း ပြီးစတုန်း ကလည်း တခါလာပြီးတော့ ဖျက်ဆီးတာတွေ လုပ်သွားကြသေးတယ်၊ အဲဒီတုန်းကတော့ လူက အခုတခါထက် ပိုများ တယ်” ဟု ပြောသည်။

ထို့ပြင် ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက်အတွင်းရှိ NLD ရုံးကိုလည်း ဧပြီ ၅ ရက် ညက အရပ်ဝတ်များ ဝတ်ဆင်ထား သော လူတစု လာရောက်၍ သေနတ်များ ပစ်ဖောက်ကာ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

မြို့မရပ်ကွက်မှ အမည်မဖော်လိုသူတဦးက “အိမ်စီးကား၂ စီးနဲ့ ည ၁၂ လောက်ကြီး ရောက်လာကြပြီးတော့ သေနတ် တွေ အရင်ပစ်ဖောက်ပြီးမှ ဖျက်ဆီးသွားကြတာ။ တူတွေ၊ သံတုတ်တွေလည်း ပါတယ်။ NLD ရုံးက မှန်တွေကို ရိုက်ခွဲ တယ်။ ရုံးမှာ ချိတ်ဆွဲထားတဲ့ အမေစုပုံနဲ့ ဗိုလ်ချုပ်ပုံတွေကိုလည်း ဖျက်ဆီးသွားတယ်။ ပြီးတော့ ဆိုင်းဘုတ်ကြီးနဲ့ ရုံး အဝင်ကိုလည်း ဖျက်ဆီးသွားတယ်။ သေနတ်သံတွေကြောင့် ဘယ်သူမှတော့ ထွက်မကြည့်ရဲကြဘူး၊ ဖျက်ဆီးနေတဲ့ အချိန် မှန်တွေ ပြုတ်ကျသံတွေ ကြားနေရတယ်” ဟု ပြောသည်။

ပုသိမ်ကြီးမြို့နယ် NLD ရုံးသည် ပုသိမ်ကြီး မြို့မ ရဲစခန်း၏ အနောက်ဘက် တလမ်းကျော်တွင်တည်ရှိကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း ယခုကဲ့သို့ လူအုပ်စုတစုမှ လာရောက်ကာ ဖျက်ဆီးမှုများကို ပြုလုပ်ခဲ့ကြသေးကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်နေ မြို့ခံတဦးက “လူအုပ်စုတစုက လာကတည်းက သေနတ်တွေ အရင်ပစ်ဖောက်ပြီးမှ ဝင်လာတာ ဆိုတော့ ဘယ်သူတွေ လုပ်တယ် ဆိုတာ မပြောလဲ သိနေတာပဲလေ။ ပြီးတော့ NLD ပါတီရုံးက မိန်းလမ်းပေါ်မှာ ရှိတာ မဟုတ်ဘူး၊ မြို့မရပ်ကွက်အတွင်းပိုင်းမှာ ရဲစခန်းနဲ့လည်း နီးနီးလေးရယ်၊ မြို့မရဲစခန်းရဲ့ အနောက်ဘက် ကပ်လျက်လို့ တောင် ပြောလို့ရတယ်” ဟု ပြောသည်။

ထို့အတူ ဧပြီ ၇ ရက် ညပိုင်းကလည်း တောင်သာမြို့နယ် NLD ပါတီရုံးအား အရပ်ဝတ် ဝတ်ဆင်ထားသော လူတစုက လာရောက် ဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

တောင်သာမြို့နယ် NLD ရုံးသည် တောင်သာမြို့ အမှတ် ၄ ရပ်ကွက်၊ ကျောက်ပန်းတောင်း- မြင်းခြံသွား ကားလမ်းပေါ်၌ တည်ရှိပြီး၂၀၁၉ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဟု သိရသည်။

တောင်သာမြို့နယ် NLD ပါတီဝင်တဦးက “မနေ့ညပိုင်း ၉ နာရီခွဲလောက်က ၁၇ ယောက်လောက်ပါတဲ့ လူအုပ်စုက လာပြီး ဖျက်ဆီးသွားတာလို့ သိရတယ်။ ရုံးက မှန်တွေနဲ့ ဆောက်ထားတာ၊ အဆောက်အအုံကို တူတွေနဲ့ ရိုက်ဖျက် တယ်။ မှန်တွေကိုလည်း ခဲတွေနဲ့ထုခွဲ၊ ရိုက်ခွဲတာတွေ လုပ်သွားကြတယ်။ လက်နက်တွေမပါဘဲ အရပ်ဝတ်တွေနဲ့ လာကြတာ၊ ဖျက်ဆီးပြီး သူတို့ ပြန်သွားကြတယ်” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တောင်သာမြို့နယ် NLD ရုံးသည် ၅ ကြိမ်မြောက် ဖျက်ဆီးခံရခြင်းဖြစ်ပြီး ယခု ဖျက်ဆီးရာတွင် ကားတစီး၊ ဆိုင်ကယ် ၆ စီးဖြင့် အရပ်ဝတ်များ ဝတ်ဆင်ထားသော ၁၇ ဦးခန့်ပါ လူအုပ်စုက လုပ် ဆောင်ခဲ့ကြခြင်းဟု သိရသည်။

“လူမနေဘဲ ပိတ်ထားတဲ့ရုံးကို ညအချိန်မတော်မှာ လုပ်တာဆိုတော့ သေချာပေါက် စကစအုပ်စုတွေပဲ၊ လုပ်တဲ့အချိန် က သာမန်ပြည်သူတွေ အုပ်စုဖွဲ့ အပြင်ထွက်သွားလာရဲတဲ့အချိန်မျိုး မဟုတ်တာမို့ စကစကလူတွေ သေချာပေါက် ပါ တယ်လို့ ပြောတာပါ။ ပြီးတော့ NLD ကို မုန်းတာ စကစနဲ့ သူ့လူတွေပဲ ရှိတာလေ” ဟု တောင်သာမြို့ခံတဦးက ပြော သည်။

ထိုသို့ ဖျက်ဆီးခြင်းများ ပြုလုပ်ပြီးနောက် ဧပြီလ ၈ ရက် ညပိုင်းတွင် မှန်ကွဲစများကို အမည်မသိ အဖွဲ့တဖွဲ့မှ သန့်ရှင်း ရေးများ လာရောက်ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းမှာ သက်သေများကို သိမ်းဆည်းသည့်သဘောဖြစ်ကြောင်း NLD ပါတီဝင်များက သုံးသပ် ပြောဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီ ၃ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူး မိုးသူရိန်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ရန်အေး စသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဦးဆောင်သော အဖွဲ့သည် တောင်သာမြို့နယ် NLD ရုံးအား သော့များ ဖျက်ကာ ဝင်ရောက်ပြီး ရုံးအတွင်းမှ စာရွက်စာတမ်းများ၊ ကွန်ပြူတာ၊ ဖုန်း အပါအဝင် ရုံးသုံးပစ္စည်းများအားသိမ်းယူ၍ ချိပ်ပိတ်ခဲ့ကြကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင်၂၀၂၁ သြဂုတ်လ ၂၂ ရက် ညပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်က သေနတ်ဖြင့်အချက်ရေ ၁၀၀ ကျော် ပစ်ဖောက်ဝင်ရောက်၍ တောင်သာမြို့နယ် NLD ရုံးအား ဖျက်ဆီးကာ လက်ပစ်ဗုံးပစ်သွင်းကာ ဖောက်ခွဲမှုများကို လည်း ပြုလုပ်ခဲ့ကြသေးကြောင်း သိရသည်။

အလားတူ ဧပြီလဆန်းပိုင်းက ရန်ကုန်မြို့ ၊ ရွှေဂုံတိုင်ရှိ ပါတီဌာနချုပ်တွင် လွှင့်တင်ထားသည့် ပါတီအလံ ဖြုတ်ချခံခဲ့ရ သလို ကမာရွတ်မြို့နယ်၊ ကွမ်းခြံ ၄ လမ်းရှိ မြို့နယ် NLD ပါတီရုံးခန်းဆိုင်းဘုတ်များကို လူတစုက လာရောက်ဖြုတ်ယူ သွားပြီး ဆိုင်းဘုတ်တွေကို ကားပေါ်တင် ယူသွားကြသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သေးသည်။

ထိုသို့ NLD ပါတီရုံးများနှင့် အလံများ၊ ဆိုင်းဘုတ်များ ထပ်မံ ဖျက်ဆီး ဖြုတ်ချခံနေရခြင်းများအပေါ် NLD ပါတီ၏ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူရေးဌာနမှ စောင့်ကြည့် မှတ်တမ်းပြုစုထားမည်ဖြစ်ပြီး၊ ပါဝင်ပတ်သက် သူများအနေဖြင့် တချိန်ချိန်၌ တာဝန်ခံရမည် ဖြစ်ကြောင်း၊ ဧပြီလမတိုင်မီအထိ ပါတီရုံးများအား ကျုးကျော် ဝင်ရောက် ဖျက်ဆီးမှု အကြိမ် ၁၂၀ ထိရှိပြီး လက်ရှိ ဖျက်ဆီးခံရသည့် ပါတီရုံးများသည် စစ်အာဏာသိမ်းစ ကာလများကလည်း ဖျက်ဆီးခံခဲ့ရဖူးသော ရုံးများ ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် စစ်ကောင်စီက အသစ်ပြဋ္ဌာန်းသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြန် လည်မှတ်ပုံတင်ရန် ပျက်ကွက်သောကြောင့် NLD နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကို ဖျက်သိမ်းကြောင်းကို ရွေးကောက်ပွဲ ကော်မရှင်က မတ်၂၉ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

NLD ပါတီ ဗဟိုအလုပ်ကော်မတီ အဖွဲ့ဝင် ဦးကျော်ထွေးက “ဖျက်သိမ်းကြောင်း ကြေညာတိုင်းလဲ ကျနော်တို့ပါတီက မပျက်ပါဘူး။ ပါတီ လုပ်ငန်းစဉ်တွေဟာ ပုံမှန်ပဲ ရှိနေမှာပါ။ လုပ်လို့ရတဲ့ နည်းလမ်းတွေနဲ့ လုပ်နေမှာပါ၊ ပါတီက ပြည်သူ ကြားထဲက ပေါက်ဖွားလာပြီးတော့ ပြည်သူ့အကျိုးကိုသာ ဆက်တိုက် သယ်ပိုးလာတဲ့သမိုင်းကြောင်း ရှိနေတာမို့လို့ ပြည်သူကပဲ အဆုံးအဖြတ် ပေးမှာဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူရှိနေသမျှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရှိနေမှာ ဖြစ်တယ်” ဟု ပြောဆိုသည်။

NLD အနေဖြင့် ယခုကဲ့သို့ ပါတီ ဖျက်သိမ်းမခံရမီကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်တိုက်ခိုက်မှု၊ ဖမ်းဆီးမှုများအား ကြုံတွေ့ခဲ့ရသည့်အပြင် ယခုကဲ့သို့ စစ်အာဏာရှင်များလက်အောက်တွင် ပါတီဖျက်သိမ်းခံရခြင်းမှာ လည်း ဒုတိယ အကြိမ်မြောက်လည်း ဖြစ်သည်။

NLD ပါတီမှ မန္တလေး တိုင်းလွှတ်တော် ကိုယ်စားလှယ်ဟောင်းတဦးက “နှစ်ပေါင်း ၃၀ ကျော် ပြည်သူတွေနဲ့အတူ ရပ် တည်လာတဲ့ NLD ပါတီကို သူတို့ ဖျက်သိမ်းလိုက်ရုံနဲ့ ပျက်မသွားပါဘူး။ NLD ဆိုတာ ပြည်သူတွေ ရင်ထဲမှာ အမြဲ ရှိနေ မယ်ဆိုတာ ယုံကြည်ပါတယ်။ ကျနော်တို့ရဲ့ ပါတီဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်အပါအဝင် ပါတီ ခေါင်းဆောင်တွေကို ဖမ်းဆီးအကျဉ်းချ ဖိနှိပ်ထားပေမယ့် အခုအချိန်ထိ လူထု ထောက်ခံမှု၊ ယုံကြည်မှု လျော့ကျ မသွားတာကို ကြည့်ရင် ပါတီ ပျက်မသွားဘူးဆိုတာ သိစေချင်တယ်” ဟု ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်တွင် NLD ပါတီကို ဖျက်ဆီးရေး ရည်ရွယ်၍ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးကာ မတရား အမှုဆင် ထောင်ချခြင်းများကို လုပ်ဆောင်ခဲ့ ကြောင်း၊ ယနေ့အထိ ပါတီဝင် ၁၂၃၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၂၆ ဦးမှာ စစ်ကြောရေးစခန်းများနှင့် ထောင်များအတွင်း သေဆုံးခဲ့ရသည့်အပြင်၊ ၆၃ ဦးမှာ အကြောင်းမဲ့ သတ်ဖြတ်ခံရကြောင်း NLD က မတ်လ၂၉ ရက်တွင် ထုတ်ပြန်ထား သည်။

ပါတီ ဗဟိုကော်မတီဝင်တဦးဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်သူ ဦးဖြိုးဇေယျာသော်ကိုလည်း စစ်ကောင်စီက ပွင့်လင်းမြင်သာမှုနှင့် ခုခံချေပခွင့် မရှိသည့် စစ်ခုံရုံးဖြင့် သေဒဏ်ချကာ ကြိုးပေးသတ်ဖြတ်ခဲ့သည်။

ယင်းပြင် ပါတီဝင်လွှတ်တော် ကိုယ်စားလှယ်များနှင့် ပါတီဝင် ၃၇၁ ဦး၏ နေအိမ်ပိုင်ဆိုင်မှုများ ချိတ်ပိတ်သိမ်းဆည်း ထားရသည့်အပြင် ရန်ကုန်မြို့ရှိ ပါတီဗဟိုဌာနချုပ်ရုံးနှင့် အခြားသော ပါတီရုံးမှာလည်း အကြိမ် ၁၂၀ ခန့် ကျူးကျော် ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးခံခဲ့ရကြောင်းလည်း NLD က ဆိုထားသည်။ ။

You may also like these stories:

စစ်ကောင်စီ ရွေးကောက်ပွဲတွင် ၆၃ ပါတီ ယှဉ်ပြိုင်မည်

စစ်အာဏာရှင်လက်အောက် NLD ပါတီ ဒုတိယအကြိမ် ဖျက်သိမ်းခံရ

ပါတီဝင်များ နောက်တကြိမ် လာတွေ့မှု ဒေါ်အောင်ဆန်းစုကြည် လက်မခံ

မန္တလေးတွင် သွေးသောက်ကတ်ပြားချိတ်ဆွဲသည့် လူသတ်မှုများ ပြန်ဖြစ်နေ

NLD ကို ဖျက်သိမ်းခြင်းကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲကို ပိုအယုံအကြည်မဲ့

NLD ပါတီ ဖျက်သိမ်းခံရမှု တရုတ်နှင့်အာဆီယံ နှုတ်ဆိတ်နေ

Your Thoughts …
Tags: NLD ပါတီစစ်ကောင်စီဖျက်ဆီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
SSPP ၏ မဟာမိတ် UWSA တပ်သားများ / ဧရာဝတီ

သံလွင်မြစ်ကို ကူးလာတဲ့ UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ

စစ်ဆင်ရေးလုပ်နေသည့် KTLA လက်အောက်ခံ Lion စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ (Lion Battalion Commando Special Forces)

တပ်မဟာ ၇ နယ်မြေ၌ ကော်သူးလေတပ်အား လှုပ်ရှားခွင့် မပြုကြောင်း KNU ထုတ်ပြန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved