စစ်အုပ်ချုပ်ရေး နှစ်နှစ်နီးပါး ကြာပြီးနောက် မြန်မာသည် ပဋိပက္ခအတွင်း ပိတ်မိနေပြီး ပိုမိုဆိုးရွားလာသည့် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပိုမိုကြီးထွားလာသည့် လူသားချင်းစာနာမှု အကျပ်အတည်းကို ရင်ဆိုင်နေရသည်။ စီးပွားရေးလုပ်ငန်းများနှင့် လုပ်အားဈေးကွက်သည် ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့် ထိခိုက်ရပြီး အာဏာသိမ်းကာလအလွန် မတည်ငြိမ်မှုကြောင့် မြန်မာ့စီးပွားရေး ပိုမိုပျက်စီးသွားသည်။
ထိုအကျပ်အတည်းသည် ငွေသားပြတ်လပ်ခြင်း၊ အမေရိကန်ဒေါ်လာကဲ့သို့ အခရာကျသည့်ငွေများနှင့် နှိုင်းယှဉ်ပါက မြန်မာကျပ်ငွေတန်ဖိုး အလျင်အမြန် ကျဆင်းခြင်းနှင့် လောင်စာ၊ ကုန်ပစ္စည်းများနှင့် သွင်းကုန် ကုန်ကြမ်းများ ဈေးနှုန်းအကြီးအကျယ် တက်ခြင်းတို့ဖြင့် စတင်ခဲ့သည်။
စီးပွားရေးကို အခြား အဓိက အကျပ်အတည်းဖြစ်စေခြင်းများတွင် ငွေလဲနှုန်းကို နှုန်းရှင်ဖြင့် စီမံမျှောထားခြင်းအား ဖျက်သိမ်းခြင်းနှင့် မြန်မာဗဟိုဘဏ်က နိုင်ငံခြားငွေကြေးများ ဝယ်ယူမှုအပေါ် စည်းကမ်းတင်းကျပ်ခြင်းတို့သာမက မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းများ၊ လက်နက်ကိုင် ပဋိပက္ခများနှင့် နိုင်ငံတဝန်း အခြေခံ အဆောက်အအုံ ချို့တဲ့ခြင်းများ ပါဝင်သည်။
စီးပွားရေးကို အခြား အဓိက အကျပ်အတည်းဖြစ်စေခြင်းများတွင် ငွေလဲနှုန်းကို နှုန်းရှင်ဖြင့် စီမံမျှောထားခြင်းအား ဖျက်သိမ်းခြင်းနှင့် မြန်မာဗဟိုဘဏ်က နိုင်ငံခြားငွေကြေးများ ဝယ်ယူမှုအပေါ် စည်းကမ်းတင်းကျပ်ခြင်းတို့သာမက မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းများ၊ လက်နက်ကိုင် ပဋိပက္ခများနှင့် နိုင်ငံတဝန်း အခြေခံ အဆောက်အအုံ ချို့တဲ့ခြင်းများ ပါဝင်သည်။
အနိမ့်ဆုံးလုပ်အားခသည် ၂၀၁၈ ခုနှစ်က သတ်မှတ်ခဲ့သည့်အတိုင်း တနေ့လျှင် ကျပ် ၄,၈၀၀ (၂ ဒသမ ၃ အမေရိကန်ဒေါ်လာ) တွင်သာ ဆက်လက်တည်ရှိနေသည်။ အရပ်သားအစိုးရသည် အနိမ့်ဆုံး လုပ်ခလစာကို ၂ နှစ်တကြိမ် တိုးမြှင့်ပေးရန် စီစဉ်ထားခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် အလုပ်လုပ်ကိုင်သူ အရေအတွက်မှာ ၂၀၂၀ ပြည့်နှစ်ကထက် ၁ ဒသမ ၁ သန်းကျော် ပိုမိုလျော့နည်းသွားကြောင်း နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) က ခန့်မှန်းသည်။
စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) က မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ ၇ လအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ရရှိကြောင်း ပြောသည်။ စင်ကာပူ၊ ဟောင်ကောင်နှင့် တရုတ်တို့သည့် ထိပ်တန်းရင်းနှီးမြှုပ်နှံသည့် ရင်းနှီးမြှုပ်နှံသူများတွင် ပါဝင်ပြီး မြို့ပြဖော်ထုတ်ရေး၊ အိမ်ခြံမြေ၊ ဓာတ်အားနှင့် ကုန်ထုတ်လုပ်ရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံကြောင်း သိရသည်။
သယံဇာတ ထုတ်လုပ်ခြင်းသည် စစ်ကောင်စီအတွက် အဓိက နိုင်ငံခြားငွေ ရင်းမြစ်ဖြစ်သည်။ စစ်ကောင်စီသည် ၂၀၁၂-၂၀၁၅ ခုနှစ် အရပ်သားအစိုးရတုဖြစ်သော ဦးသိန်းစိန် အစိုးရခေတ်က အတည်ပြုပေးခဲ့ပြီးနောက် ၂၀၁၅-၂၀၂၀ ပြည့်နှစ် အရပ်သားအစိုးရခေတ်တွင် ဆိုင်းငံ့ခဲ့သည့် သယံဇာတ ထုတ်ယူရေး လုပ်ငန်းအချို့ကို ပြန်လည်ခွင့်ပြုသည်။ ထိုလုပ်ငန်းများအနက် အချို့သည် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များမှ သတ္တုတူးဖော်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ကြသည်။
နိုင်ငံ၏ သမိုင်းတလျှောက်တွင် မြန်မာ၏ သဘာဝ သယံဇာတ ကဏ္ဍကို စစ်တပ်၊ စစ်တပ်နှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများက ညံ့ဖျင်းစွာ စီမံကြီးကြပ်ထုတ်လုပ်သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြန်မာမှ သဘာဝဓာတ်ငွေ့ စီမံကိန်းများသည် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်ရရှိသည်။
ကျန်းမာရေး၊ ပညာရေးနှင့် လူမှုအကာအကွယ်များအတွက် မြန်မာ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာငွေ ခွဲဝေမှုသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်း၊ ၈ ဒသမ ၄ ရာခိုင်နှုန်းနှင့် ဝ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးရှိနေရာမှ ၂ ဒသမ ၇ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်းနှင့် ဝ ဒသမ ၃ ရာခိုင်နှုန်းများသို့ ကျဆင်းပြီး ကာကွယ်ရေးအသုံးစရိတ်သည် ၁၀ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းသို့ တိုးလာသည်။ နှစ်အလိုက် ငွေကြေးဖောင်းပွမှုသည် ၂၀၂၀ ပြည့်နှစ်က ၅ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိရာမှ ၂၀၂၂ ခုနှစ်တွင် ၁၉ ဒသမ ၄ ရာခိုင်နှုန်းသို့ တိုးလာသည်။ အခွန်ကောက်ရရှိမှု သိသိသာသာ ကျဆင်းသောကြောင့် မြန်မာ၏ ဘဏ္ဍာရေးလိုငွေသည် ကြီးထွားနေသည်။
ကျန်းမာရေး၊ ပညာရေးနှင့် လူမှုအကာအကွယ်များအတွက် မြန်မာ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာငွေ ခွဲဝေမှုသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်း၊ ၈ ဒသမ ၄ ရာခိုင်နှုန်းနှင့် ဝ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးရှိနေရာမှ ၂ ဒသမ ၇ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်းနှင့် ဝ ဒသမ ၃ ရာခိုင်နှုန်းများသို့ ကျဆင်းပြီး ကာကွယ်ရေးအသုံးစရိတ်သည် ၁၀ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းသို့ တိုးလာသည်။
ရွှေ့ပြောင်းလုပ်သားများမှ လွှဲပို့ငွေသည် ဆင်းရဲနွမ်းပါးစွာ နေထိုင်ရသည့် မြန်မာမိသားစုများအတွက် အဓိကဝင်ငွေဖြစ်သည်။ မြန်မာနိုင်ငံသား ၃ ဒသမ ၇ သန်းကျော်သည် ပြည်ပသို့ သွားရောက်နေထိုင်ကြသည်။ ၎င်းတို့အနက် ၇၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံတွင် ရှိနေပြီး အများအပြားသည် မှတ်ပုံတင်ထားခြင်း မရှိပေ။ မြန်မာသို့ လွှဲပို့ငွေ စုစုပေါင်းမှာ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံရှိပြီး နိုင်ငံ၏စုစုပေါင်းထုတ်လုပ်မှု (GDP) ၏ ၄ ရာခိုင်နှုန်း နီးပါးရှိသည်။ ဘဏ်လုပ်ငန်းကဏ္ဍကို အယုံအကြည်မရှိခြင်း၊ ငွေလဲနှုန်း အပြောင်းအလဲမြန်ခြင်း၊ စစ်အုပ်စုက ချမှတ်သည့် မူဝါဒများကြောင့် ရွှေ့ပြောင်းလုပ်သား အများစုသည် ငွေလွှဲရာတွင် တရားမဝင်လမ်းကြောင်းများကိုသာ မှီခိုအားထားကြသည်။
မြန်မာလူဦးရေ၏ ၇၀ ရာခိုင်နှုန်းနီးပါးသည် ကျေးလက်ဒေသများတွင်သာ နေထိုင်ပြီး အများစုသည် အသက်မွေးဝမ်းကြောင်းအတွက် စိုက်ပျိုးရေးကဏ္ဍကိုသာ အားထားကြသည်။ စိုက်ပျိုးရေး အဓိကဒေသဖြစ်သော မြန်မာနိုင်ငံအလယ်ပိုင်းသည် လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်များဖြင့် ပစ်ခတ်ခြင်းနှင့် လူနှင့်ကုန်စည်သွားလာမှု ကန့်သတ်ခြင်း စသည့် လက်နက်ကိုင် ပဋိပက္ခ၏ ရိုက်ခတ်မှုကို အပြင်းအထန် ခံစားရသည်။
အာဏာသိမ်းပြီးနောက် ပဋိပက္ခဖြစ်ပွားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေးနှင့် ပညာရေးစနစ်များ ပြိုလဲသွားသည်။ ဆေးဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် ကျောင်းများအပါအဝင် အရပ်သားနယ်ပယ်များကို မြန်မာစစ်တပ်က တိုက်ခိုက်သည်။ ကလေးငယ် ၅ သန်းကျော်သည် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေပြီး ကျောင်းမတက်နိုင်သော ကလေးငယ် ၇ ဒသမ ၈ သန်းရှိနေသည်။ ကလေးအများအပြား၊ အထူးသဖြင့် ပဋိပက္ခကြောင့် ထိခိုက်သော ဒေသများမှကလေးများသည် ကာကွယ်ဆေးများ မထိုးနိုင်ကြတော့ပေ။
၂၀၂၃ ခုနှစ်အစတွင် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့် အပါအဝင် အကျဉ်းသား ၇,၀၁၂ ဦးကို လွှတ်ပေးသည်။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျဉ်းသား ၁၆,၀၀၀ ကို ဖမ်းဆီးထားပြီး လူ ၂,၆၀၀ ကျော် သတ်ဖြတ်ခံရကာ နိုင်ငံရေးအကျဉ်းသား ၄ ဦးကို စစ်ကောင်စီက ကွပ်မျက်ခဲ့သလို စစ်ကောင်စီက သေဒဏ်ချထားသူ ၁၃၈ ဦးရှိသည်။
အာဏာ မသိမ်းမီက မြန်မာတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ ၃၃၀,၀၀၀ ခန့်ရှိသည်။ ထို့နောက်တွင် အရပ်သား ၁ ဒသမ ၁ သန်း နေရပ်စွန့်ခွာရပြီး အများစုမှာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် ဖြစ်သည်။
စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း ကျုံ့သွားပြီးနောက် ၂၀၂၂ ခုနှစ်တွင် ၂ ရာခိုင်နှုန်းတိုးတက်ရာမှ ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်းသို့ တက်လာမည်ဟု မျှော်လင့်ရသည်။ ထိုတိုးတက်မှုနှုန်းသည် ၂၀၁၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်း နိမ့်ကျနေဆဲဖြစ်သည်။
နိုင်ငံ၏ စီးပွားရေးအခြေအနေသည် ကိုဗစ်နိုင်တင်းမတိုင်မီက အခြေအနေအောက် များစွာ နိမ့်ကျနေသေးသည်။ စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း ကျုံ့သွားပြီးနောက် ၂၀၂၂ ခုနှစ်တွင် ၂ ရာခိုင်နှုန်းတိုးတက်ရာမှ ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်းသို့ တက်လာမည်ဟု မျှော်လင့်ရသည်။ ထိုတိုးတက်မှုနှုန်းသည် ၂၀၁၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်း နိမ့်ကျနေဆဲဖြစ်သည်။
လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်သည် အမျိုးသားဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်မျဉ်းအောက်တွင် နေထိုင်နေပြီး ဆင်းရဲ ချမ်းသာကွာဟမှုသည် ၂၀၂၂ ခုနှစ်တွင် ပိုမိုဆိုးရွားလာသည်ဟု ခန့်မှန်းရသည်။ ပြည်သူ ၁၅ ဒသမ ၂ သန်းသည် ဆိုးရွားသော ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရသည်။ ပြုပြင်ပြောင်းလဲရေး နောက်ကြောင်းပြန်ခြင်းနှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကြောင့် မက်ခရိုစီးပွားရေး မတည်ငြိမ်မှု ဆက်လက်ဖြစ်ပွားနေဖွယ်ရှိပြီး မြန်မာ၏ တိုးတက်မှု အလားအလာကို အကန့်အသတ်ဖြစ်စေနိုင်သည်။
(East Asia Forum မှ Soe Nandar Linn ၏ Myanmar plunges deeper into economic crisis ကို ဘာသာပြန် ဖော်ပြသည်။ စိုးနန္ဒာလင်းသည် မြန်မာတွင် ကမ္ဘာ့ဘဏ်နှင့် အခြားဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများ၌ လုပ်ကိုင်သည့် လွတ်လပ်သော အတိုင်ပင်ခံဖြစ်သည်။ ယခုဆောင်းပါးသည် အရှေ့အာရှဖိုရမ်၏ EAF special feature series on 2022 in review and the year ahead, Myanmar ဆောင်းပါးများမှ ဖြစ်သည်။)
You may also like these stories :
ပြည်တွင်း၌ ထိုင်းကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်
ပြည်သူကို မီးမှန်အောင်မပေးနိုင်ဘဲ လျှပ်စစ်ကားအားသွင်းရုံများ ဆောက်ရန်ပြင်နေ
ရက်ပိုင်းအတွင်း ပြည်တွင်း ဆန်ဈေး အတက်ကြမ်းနေ
မြန်မာနိုင်ငံအပေါ် အမှောင်တိုက် ကျရောက်နေပြီ
စစ်ကောင်စီကို ဖြုတ်ချရန် NUG ဒေါ်လာသန်း ၁၀၀ ကျော် ရန်ပုံငွေရှာထား