• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ရက်ပိုင်းအတွင်း ပြည်တွင်း ဆန်ဈေး အတက်ကြမ်းနေ

by ဧရာဝတီ
17 January 2023
in စီးပွားရေး
A A
ဝါးတန်းဆိပ်ကမ်းတွင် ဆန်အိတ်ထမ်းနေသူများ  / ဧရာဝတီ

ဝါးတန်းဆိပ်ကမ်းတွင် ဆန်အိတ်ထမ်းနေသူများ / ဧရာဝတီ

2.3k
VIEWS
Share on FacebookShare on Twitter

ဆန်လှောင်သူများနှင့် အိတ်စပို့ ကုမ္ပဏီများက ဝယ်ယူမှုများလာသောကြောင့် ရက်ပိုင်းအတွင်း ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်လာကြောင်း ဆန်ကုန်သည်လုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိအချိန်သည်စပါးပေါ်ချိန်ဖြစ်သလို အစိုဓာတ်လည်း နည်းပါးလာသည့်အချိန်ဖြစ်သောကြောင့် ဆန်သိုလှောင်သူများနှင့် အိတ်စပို့ ကုမ္ပဏီများကလည်း ဝယ်ယူနေကြပြီး ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်လျှင် ပြီးခဲ့သည့်တပတ်က အနိမ့်ဆုံး ၆၅၀၀၀ ကျပ်ရှိရာမှ ယခုတပတ်တွင် ၇၃၀၀၀ ကျပ်အထိရှိလာခြင်းဖြစ်သည်။

တအိတ်လျှင် ၇၀၀၀ ကျပ်နီးပါး ဈေးမြင့်တက်လာခြင်းဖြစ်ပြီး တခြားသော ဆန်များမှာလည်း အမျိုးအစားအလိုက် တအိတ်လျှင် ကျပ် ၃၀၀၀ မှ ၅၀၀၀ ကျပ်ခန့်အထိ အသီးသီး ဈေးနှုန်းများ မြင့်တက်လာကြောင်း ဝါးတန်းလမ်း ကုန်စည်ဒိုင်ရှိ ဆန်ကုန်သည်များထံမှ သိရသည်။

ဝါးတန်းလမ်း ကုန်စည်ဒိုင်ရှိ ဆန်ကုန်သည်တဦးက “ဘာကြောင့်တက်တာလဲဆိုတော့ ရွှေဘိုနယ်မှာတင် ပုံမှန်ဝယ်နေကျသူ မဟုတ်ဘဲ ကုမ္ပဏီလို အဖွဲ့အစည်းက ဆန်တောင်မှ မဟုတ်ဘူး၊ စပါးတွေကို ရသလောက် ဝယ်တယ်။ ဒါကြောင့်တက်လာတာ။ ရွှေဘိုပေါ်ဆန်းတမျိုးပဲ ဝယ်တာ မဟုတ်ဘူး။ ရွှေဘိုက ရှားတော့ တခြားဆန်၊ စပါးတွေကိုလည်း ဈေးပေးပြီး ဝယ်တယ်။ ဒါကြောင့် ဆန်ဈေးတွေက တက်လာတာ။ ဧရာဝတီတိုင်း ပေါ်ဆန်း ဆိုရင်လဲ ကျပ် ၄၀၀၀ နဲ့ ၅၀၀၀ လောက်တက်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအလယ်ပိုင်း ရွေဘိုပေါ်ဆန်းစပါးထွက်ရှိရာ ရွှေဘိုဒေသတွင် စစ်တပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် စစ်တပ်၏ စစ်ကြောင်း ထိုးခြင်း၊ လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း အစရှိသည်တို့ကြောင့် ထုတ်လုပ်နိုင်မှု နည်းသွားခဲ့သည်။

ရွှေဘိုဒေသတွင် အာဏာသိမ်း စစ်တပ်အန္တရာယ်ကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ယခင်က နှစ်စဉ် ရွှေဘိုပေါ်ဆန်း စိုက်ဧက ၃ သိန်း ၈သောင်း နီးပါး စိုက်ပျိုးနိုင်သော်လည်း ယခုနှစ်တွင်ဧက ၃ သိန်း ၃ သောင်းကျော်သာ စိုက်ပျိုးနိုင်သဖြင့် ထုတ်လုပ်မှုနည်းကာ ဈေးတက်နေခြင်းလည်း ဖြစ်သည်။

လက်ရှိဆန်သစ်ပေါ်ချိန်တွင် ဝယ်လိုအား မြင့်တက်ပြီး ဈေးကွက်အတွင်းတွင်လည်း ဆန်ဟောင်း ရှားပါးလာမှုကြောင့်လည်း ဆန်ဈေးနှုန်းမှာ အတက်သို့ပင် ဦးတည်လျှက်ရှိကြောင်းလည်း သိရသည်။

ထို့ပြင် သန်လျှင်တွင် ဆန်စက်ထောင်ထားသည့် ကုမ္ပဏီတခုမှလည်း ဈေးကွက်အတွင်းရှိ စပါးများကို ရသလောက် လိုက်လံဝယ်ယူနေသည့်အတွက် ဆန်ဈေးနှုန်းအပေါ် ရိုက်ခတ်မှုရှိကြောင်း အဆိုပါ ကုန်သည်ထံမှ သိရသည်။

၎င်းက ဆက်၍ “သူက (ကုမ္ပဏီ)အင်အားတော်တော်ကြီးတော့ ဈေးကွက်ကို သက်ရောက်မှုရှိတယ်။ ပထမတော့ သူက စပါးကို ရှယ်ဆိုတဲ့ဟာ ဝယ်တယ်။ နောက်ကျတော့ ရှယ်သမားက မရောင်းချင်ရင် ရတဲ့ စပါးကို နည်းနည်းလောက် အရည်အသွေးလျော့တာနဲ့ပဲ ဈေးကို ပေးပြီး လိုက်ဝယ်တာပေါ့။ လိုက်စုတဲ့သဘောဆိုတော့ ဈေးကွက်ကို ထိလာတာ”ဟု ရှင်းပြသည်။

အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ၂၀၁၉ ခုနှစ်မှ စ၍ WILMAR အမည်ဖြင့် မြန်မာနာမည်နှင့် နိုင်ငံခြားသား ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားပြီး ရန်ကုန်မြို့ သီလဝါတွင် ယခုနှစ်မှ စပြီး ဆန်စက် လည်ပတ်နေပြီ ဖြစ်ကြောင်း ကုန်သည်နှင့် လုပ်ငန်းရှင်များထံက သိရသည်။

ယခင်အာဏာမသိမ်းမီကာလက ဆန်တအိတ်လျှင် ကျပ် ၃၀၀၀၊ ကျပ် ၄၀၀၀ တက်ရန်မှာ ပုံမှန်အားဖြင့် လနှင်ချီ၍ ကြာမြင့်တက်သော်လည်း ယခု အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံတဝှမ်း စစ်မီးပဋိပက္ခများနှင့် အထွေထွေ အကျပ်အတည်းများကြောင့် ရက်ပိုင်းအတွင်းမှာပင် ယခင်တခါမှ မရှိခဲ့သော ဈေးနှုန်းများအထိ မြင့်တက်နေကြောင်း ကုန်သည်များက ပြောသည်။

ရွှေဘိုပေါ်ဆန်းမွှေး စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ရုံးတာဝန်ရှိသူတဦးက “ ဒီရက်ပိုင်းမှာ တော့ ဝယ်ကြတယ်။ ဒါကြောင့် ဈေးလေးတော့ နည်းနည်းမြောက်သွားတယ်။ မနှစ်က စပါးဟောင်းဈေးကိုက တင်း ၁၀၀ ကို ၂၅ သိန်း ဖြစ်တော့ ဒီနှစ်က သေချာပေါက် စပါးဈေးတက်မှာပဲ ဆိုပြီး လှောင်သမားတွေကလည်း ဝယ်ကြတယ်” ဟု ဆိုသည်။

လက်ရှိတွင်ရွှေဘိုပေါ်ဆန်း စပါးဈေးမှာယခင်အပတ်က စပါးတင်း ၁၀၀ လျှင် ကျပ် ၁၈ သိန်း ဝန်းကျင်ရှိရာမှ ယခုအပတ်တွင် ကျပ်သိန်း ၂၀ ဝန်းကျင်အထိ ရှိလာကြောင်း ၎င်းက ပြောသည်။

ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်မှ စာရင်းများအရ လက်ရှိတွင် ရွှေဘိုပေါ်ဆန်း (ဆန်သစ်) ၁ အိတ်လျှင် အနိမ့်ဆုံး ကျပ် ၇၂,၀၀၀ မှ အမြင့်ဆုံး ကျပ် ၈၀၀၀၀ ကျော်၊ ဧရာဝတီပေါ်ဆန်း (ဆန်သစ်) တအိတ်လျှင် ကျပ် ၆၀,၀၀၀ မှ ကျပ် ၆၅,၀၀၀ နှင့် ဆန်ကြမ်း ၁ အိတ်လျှင် ကျပ် ၅၀,၀၀၀ မှ ကျပ် ၅၂,၀၀၀ နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ဆန်ဈေးနှုန်းများအပြင် အခြေခံစားသောက်ကုန်ဖြစ်သော စားသုံးဆီဈေးနှုန်းများမှာလည်း အာဏာမသိမ်းခင်ကာလက စားအုန်းဆီ ၁ ပိဿာ လျှင် ၁၆၀၀ ဝန်းကျင်ရှိခဲ့ရာမှ ယခုအခါ ကျပ် ၇,၀၀၀ ထိ မြင့်တက်နေသလို သား၊ ငါး၊ ဟင်းသီးဟင်းရွက်မှ စ၍ မီးဖိုချောင်သုံး ကုန်စည်ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိနေသည်။

You may also like these stories:

အရေးယူခံရမည် စိုး၍ ဆန်ဈေး အနည်းငယ်ပြန်ကျ

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
236
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

နိုင်ငံရေး မတည်ငြိမ်မှုက ဆန်စပါးဈေးကွက်ကိုပါ ရိုက်ခတ်

ရွှေဘိုပေါ်ဆန်းတအိတ် ကျပ် ၂ သောင်းကျော်ထိ မြင့်တက်

ကုန်စျေးနှုန်းများ ထိုးတက်၊ အခြေခံပြည်သူများဘဝ ပိုမိုကျပ်တည်းလာ

Your Thoughts …
Tags: စပါးဈေးမြင့်ပြည်တွင်းဆန်ဈေးမြင့်တက်ရွှေဘိုပေါ်ဆန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်လာနှင့် ရွှေဈေး ထပ် တက်လာ

ဒေါ်လာနှင့် ရွှေဈေး ထပ် တက်လာ

by ဧရာဝတီ
27 March 2024
2.4k

အမေရိကန် တဒေါ်လာလျှင် ၃,၈၀၀ ကျပ်အထိ မြင့်တက်လာသလို အကယ်ဒမီအခေါက်ရွှေဈေးမှာလည်း တကျပ်သားလျှင် ၄၃ သိန်းကျော်အထိ မြင့်တက်လာကြောင်း

စစ်ပွဲနဲ့ ကုန်ဈေးနှုန်းကြားက စစ်ရှောင်တောင်သူတို့ရဲ့ ဘ၀

စစ်ပွဲနဲ့ ကုန်ဈေးနှုန်းကြားက စစ်ရှောင်တောင်သူတို့ရဲ့ ဘ၀

by ဧရာဝတီ
29 August 2023
1.3k

စစ်တပ်ရဲ့ တရွာဝင်တရွာထွက် အိမ်၊ ဝမ်းစာစပါး၊ မျိုးစပါး၊ လယ်ထွန်စက်၊ ကျွဲ၊ နွားပါမချန် မီးရှို့ဖျက် ဆီးနေတာကြောင့် လယ်သမားတွေက အခုနှစ်တွေမှာ လယ်ယာလုပ်ငန်းခွင်မှာ မစိုက်ရဲတော့ဘဲ စစ်ရှောင် လယ် သမားတွေများလာ

ပြည်တွင်း ဆန်ဈေး စစ်ကောင်စီ သတိပေး

ပြည်တွင်း ဆန်ဈေး စစ်ကောင်စီ သတိပေး

by ဧရာဝတီ
9 May 2025
955

စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ရန်ကုန်မြို့ ရှိ မြို့နယ်တချို့တွင် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် ပတ်သက်၍ ဝင်ရောက်စစ်ဆေးခြင်းများ ရှိနေကြောင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မြင်ကွင်းများ  / ဧရာဝတီ

စက်သုံးဆီနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ အဆမတန်မြင့်တက်နေ

by ဧရာဝတီ
8 March 2022
18.8k

ကားဆီဖြည့်ရတာလည်း အရင်က (၂၀၂၀ ပြည့်နှစ်နဲ့ နှိုင်းယှဥ်ရင်) ၁ ပတ်ကို ၁၅၀၀၀ ထက် ပိုမကုန်ဘူး။ အခု ၁ ပတ်ကို ကျပ် ၅၀၀၀၀ ထည့်ရတယ်။ ဆီဖိုးကလည်း တော်တော်ထိတယ်။ ဝင်ငွေကတော့ နိုင်ငံရေးနဲ့...

ဆန်တမျိုးတည်းသာမကဘဲ အခြေခံစားသောက်ကုန်များ စျေးမြင့်တက်နေလျှက်ရှိသည်  / ဧရာဝတီ

ရွှေဘိုပေါ်ဆန်းတအိတ် ကျပ် ၂ သောင်းကျော်ထိ မြင့်တက်

by ဧရာဝတီ
30 July 2022
5.4k

ရွှေဘိုပေါ်ဆန်းက ဈေးကွက်ထဲမှာ ဈေးအတက်ဆုံး ဖြစ်တာပေါ့။ ရွှေဘိုဆန်က ရွှေဘိုနားတဝိုက်ပဲ ထွက်တာဆိုတော့ အဲဒီပတ်ဝန်းကျင်ကလည်း နေ့စဉ်နီးပါး စစ်ကြောင်းထိုးခံရတယ်။ တိုက်ပွဲဖြစ်တယ် ဆိုတော့။ စပါးတွေ ဖျက်ဆီးခံလိုက်ရတယ်။ အဲဒီတော့ ဆန်ဖြစ်မယ့် ရွှေဘိုစပါးကရှားပြီး ဈေးတက်တာ။ တခြား ဧရာဝတီ...

အင်ဒိုနီးရှားနိုင်ငံက ပြည်ပသို့ စားအုန်းဆီ တင်ပို့မှုနှင့် ကုန်ကြမ်းတင်ပို့မှုကို ရပ်ဆိုင်းပြီး နောက်ပိုင်း မြန်မာ့ပြည်တွင်းစားအုန်းဆီဈေး အနည်းငယ်မြင့်တက်သွားခဲ့သည်

အင်ဒိုနီးရှား တင်ပို့မှု ရပ်ဆိုင်းပြီးနောက် မြန်မာ့စားအုန်းဆီဈေး မြင့်တက်

by ဧရာဝတီ
26 April 2022
10k

အင်ဒိုနီးရှားနိုင်ငံက ပြည်ပသို့ စားအုန်းဆီ တင်ပို့မှုနှင့် ကုန်ကြမ်းတင်ပို့မှုကို ရပ်ဆိုင်းပြီး နောက်ပိုင်း မြန်မာ့ပြည်တွင်းစားအုန်းဆီဈေး အနည်းငယ်မြင့်တက်သွားခဲ့သည်။

Next Post
CNF ဆေးရုံအဆောက်အအုံ ဗုံးကြဲတိုက်ခိုက်ခံရစဉ် / CJ

စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် ထန်တလန်ရှိ စာသင်ကျောင်းများ ယာယီပိတ်

ထားဝယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြင့် လူဦးရေစာရင်း ကောက်ယူနေစဉ် / Daweiwatch

လူဦးရေ စာရင်းကောက်သည့်အဖွဲ့များ တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်ခံနေရ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved