• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စက်သုံးဆီနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ အဆမတန်မြင့်တက်နေ

by ဧရာဝတီ
8 March 2022
in သတင်း
A A
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မြင်ကွင်းများ  / ဧရာဝတီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မြင်ကွင်းများ / ဧရာဝတီ

18.8k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံသို့ ပြည်ပမှ တင်သွင်းနေသော စက်သုံးဆီဈေးနှုန်းများမှာ ၁ လီတာ ကျပ် ၂၃၀၀ ကျော်ထိ မြင့်တက်လာ နေပြီး နောက်ဆက်တွဲ အနေဖြင့် သယ်ယူပို့ဆောင်ရေးစရိတ် များပြားလာမှုကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်း များလည်း အဆမတန် မြင့်တက်လာနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် စားအုန်းဆီ ဈေးနှုန်းမှာလည်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာခြင်းနှင့် စစ်ကောင်စီ၏ ကန့်သတ်တင်သွင်းခြင်းကြောင့် ၁ ပိသာလျှင် ယခင် ကျပ် ၃၀၀၀ ကျော်မှ ယခု ကျပ် ၈၀၀၀ ကျော်ထိ မြင့်တက်လာနေကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ရန်ကုန်မြို့ရှိ ကုန်သည်ကြီးတဦးက “ငရုတ်သီးတွေလည်း ဈေးတက်တယ်။ ၁ ပိသာ ကျပ် ၅၀၀၀ ကနေ ကျပ် ၆၀၀၀ အထိ တက်တာ။ ဈေးတက်တာ အဓိကတော့ ကားခတွေနဲ့လည်း ဆိုင်တယ်။ အခုက ဈေးပိုပေးတာတောင် ကားက လိုက်မယ့်သူ မရှိဘူး။ သယ်ယူပို့ဆောင်စရိတ်တွေ မြင့်တက်လို့ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းကဆက်၍ “စားအုန်းဆီ ကတော့ စစ်ကောင်စီက ဒေါ်လာဈေးမြင့်တော့ သွင်းကုန်တွေ ကန့်သတ်တဲ့အထဲမှာ စားအုန်းဆီလည်း ကန့်သတ်တင် သွင်းလို့ တက်လာရင်းကနေ အခု သယ်ယူစရိတ်တွေ ပိုမြင့်တော့ တက်သွားတာ” ဟု ပြောသည်။

လက်ရှိ စားအုန်းဆီ ၁ ပိသာလျှင် ကျပ် ၇၂၀၀၊ ကြက်သွန်နီ ၁ ပိသာ ၈၇၅ ကျပ်မှ ၁၁၀၀ ကျပ်ထိရှိပြီး ကြက်သွန်ဖြူ ၁ ပိသာ ၆၈၀၀ ကျပ်နှင့် ငရုတ်သီး ၁ ပိသာ ၆၀၀၀ ကျပ် ဝန်းကျင်ရှိကာ ယင်းဈေးနှုန်းများသည် ဘုရင့်နောင်ကုန်စည်ဒိုင် ရှိ ဈေးနှုန်းများဖြစ်ပြီး ပြင်ပပေါက်ဈေးများမှာ ယင်းဈေးများထက် မြင့်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ကုန်သည်တဦးက “ဆီအသင်းတို့ဘာတို့ ရောင်းပေးတာတော့ ရှိတယ်။ အဲ့ဒါကတော့ စားအုန်းဆီ ၁ ပိသာ ကျပ် ၅၉၀၀ နဲ့ ၆၀၀၀ မှာ ရှိတယ်။ အပြင်မှာလည်း ကားနဲ့ ရောင်းပေးနေတာ ရှိတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းက စားသုံးဆီကို ချွေတာသုံးစွဲရန်နှင့် ဆီလျှော့စားချိန်တန်ပြီဟူ၍ ဖေဖော်ဝါရီ ၁၉ ရက်က ထုတ်ပြန်ထားပြီး ယင်းထုတ်ပြန်ချက်အပေါ် ပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မြင်ကွင်းများ (ဓာတ်ပုံ – ဧရာဝတီ)

နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာခြင်း၊ ကန့်သတ်တင်သွင်းရခြင်း၊ သယ်ယူပို့ဆောင်ရေး ခက်ခဲခြင်းများကြောင့် စားအုန်းဆီ ဈေးနှုန်းမှာ ပြည်တွင်းထုတ် ပဲဆီဈေးနှုန်းများ နည်းတူ မြင့်တက်နေခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ပြည်တွင်းမှ စားသောက်ကုန်များကို ချက်ပြုတ်ပြီး ထုပ်ပိုးရောင်းချသူတဦးက “အခြေခံစားကုန်တွေ အရင်ထက် သိသိသာသာ တက်လာတယ်။ အဓိက ဆီပေါ့။ နေကြာဆီ ၁ ပိသာကို အရင်က ၇၆၀၀ ကျပ် ၀န်းကျင်ဆို အခု ၉၀၀၀ ကျော်ပြီ။ ရက်ပိုင်းအတွင်း ကျပ် ၁၅၀၀ လောက် ခုန်တက်သွားတာ။ စားဆီလည်း တအားတက်ပဲ။ လိုသလောက်လည်း ဝယ်မရတော့ဘူး။ အချို့နေရာတွေဆိုရင် ခွဲတမ်းနဲ့ပဲ ရောင်းတော့တယ်” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
0
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
55
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
829

၎င်းကဆက်၍ “ဆန်ဆိုရင်လည်း ၂၃၀၀ ကျပ်တန် ဆန်ချော ၁ ပြည်က အခု ၂၈၀၀ ကျပ် ဖြစ်နေပြီ။ ၁ ပြည် ၅၀၀ လောက်ကို တက်လာတာ။ အဲဒီတော့ အိမ်သုံးစရိတ်တွေက ပိုကုန်ပြီ။ ဒါတင်မဟုတ်ဘူး။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆပ်ပြာ ဒါတွေကအစ တက်တာ။ ပန်းကန်ဆေးဆပ်ပြာ ဖူဂျီ တဗူး ၅၀၀ ကနေ အခု ၁၀၀၀ ကျပ် ဖြစ်နေပြီ။ အရင်က ၁ လ ဈေးဖိုး ၁၅၀၀၀၀ ကုန်ရင် အခု နှစ်ဆပဲ” ဟု ပြောသည်။

ထို့သို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာသလို သယ်ယူပို့ဆောင်ရေးအတွက် မရှိမဖြစ် လိုအပ်သော စက်သုံးဆီ ဈေးနှုန်းမှာလည်း ယနေ့ ဈေးနှင့် နက်ဖြန်ဈေးမှာ တဆထက်တဆ မြင့်တက်ခြင်းများကြောင့် ကုန်ကျစရိတ် များက ပို၍ များပြားလာသည်ဟုလည်း ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မြင်ကွင်းများ (ဓာတ်ပုံ – ဧရာဝတီ)

၎င်းက “ကားဆီဖြည့်ရတာလည်း အရင်က (၂၀၂၀ ပြည့်နှစ်နဲ့ နှိုင်းယှဥ်ရင်) ၁ ပတ်ကို ၁၅၀၀၀ ထက် ပိုမကုန်ဘူး။ အခု ၁ ပတ်ကို ကျပ် ၅၀၀၀၀ ထည့်ရတယ်။ ဆီဖိုးကလည်း တော်တော်ထိတယ်။ ဝင်ငွေကတော့ နိုင်ငံရေးနဲ့ ကပ်ရောဂါကြောင့် တိုးမလာဘူး။ လျော့သွားတယ်။ အသုံးစရိတ်ပဲ တိုးလာတယ်” ဟု ၎င်းက ရှင်းပြသည်။

ထိုအခြေအနေများကြောင့် စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်သူများမှာ အခက်အခဲဖြစ်နေပြီး ယခုထက် အခြေခံ စားကုန်ဖြစ်သော ဆီဈေးများ ထပ်မံမြင့်တက်လာပါက လုပ်ငန်းများ မကြာခင် ရပ်နားရမည့် အခြေအနေသို့ ဆိုက်နေကြောင်း သိရသည်။

စားသောက်ကုန် ချက်ပြုရောင်းချနေသူ တဦးကလည်း “ဒီနေ့ ရောင်းရတဲ့အမြတ်က မနက်ဖြန်အတွက် အရင်းဖြစ်နေ တော့ ကိုယ့်မှာအလုပ်လုပ်ရပြီး အချိန်ကုန်တာပဲ ရှိတော့တယ်။ အကျိုးမရှိသလို ခံစားရတယ်။ အွန်လိုင်းက ရောင်းတာ ဖြစ်လို့ ၀န်ထမ်းစရိတ် မရှိပေမယ့် မီးပျက်တော့ ဝိုင်ဖိုင်မရ၊ မိုဘိုင်းဒေတာက ဈေးကြီးနဲ့ တော်တော်လေး အဆင်မပြေ ဖြစ်တယ်။ ဒီတိုင်းဆက်သွားရင် နောက် တလနှစ်လဆို လုပ်ငန်းရပ်ပစ်ရတော့မယ် ထင်တယ်” ဟု မှတ်ချက်ပြုသည်။

စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း၏ အဓိက အကြောင်းအရင်းတခုဖြစ်သော ပြည်ပမှ တင်သွင်းသည့် စက်သုံးဆီ ဈေးနှုန်းများမှာလည်း လက်ရှိ ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် ပို၍ မြင့်တက်လာပြီး ရန်ကုန်မြို့တွင် စက်သုံးဆီ ၁ လီတာလျှင် ကျပ် ၂၃၀၀ ကျော်သွားပြီ ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မြင်ကွင်းများ (ဓာတ်ပုံ – ဧရာဝတီ)

စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက “အခုတက်တဲ့ ၁ လီတာ ကျပ် ၂၃၀၀ ကျော်ဆိုတာ ဆိုင် ဈေးပေါ့။ အဲ့ဒီထက် ထပ်တက်အုံးမှာ ကျပ် ၂၅၀၀ လောက်အထိ ရောက်မယ်။ မနက်ဖန် သဘက်ခါဆိုရင် ရောက် လောက်ပြီ။ ရုရှားကို ဆန်ရှင်လုပ်လိုက်တော့ သူဆီက ဘယ်သူမှ မသုံးတော့ဘူး။ အဲ့ဒီတော့ အမေရိကန်ဘက်ကဆီကို ပြန်သုံးတော့ ဈေးက တက်သွားတာ။ အရင်ကတော့ ရုရှားရော မျှသုံးတယ်။ အခုကျတော့ တဦးထဲဆီက ယူတာ ဆိုတော့ ဝယ်လိုအားများပြီး တက်သွားတာ” ဟု သုံးသပ်ပြောပြသည်။

လက်ရှိ အခြေအနေအရ ဖြစ်ပေါ်နေသော ဈေးနှုန်းများထက် ထပ်တက်ရန် အလားအလာများ ရှိနေရာ သယ်ယူပို့ဆောင် ရေးစရိတ်များ ထပ်မံ မြင့်တက်လာမည့်အန္တရာယ် ရှိနေကြောင်းလည်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် စက်သုံးဆီ တင်သွင်းသည့် အဓိက မိတ်ဖက်နိုင်ငံများမှာ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အာရပ် စော်ဘွားများ ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံများဖြစ်ပြီး ရေနံစိမ်းပေါ် အခြေခံထားကာ စက်သုံးဆီ ထုတ်လုပ်သော ကြောင့် ယခုအခါ ရုရှား ကျူးကျော်စစ်ပွဲ၏ သက်ရောက်မှု အနေဖြင့် ရေနံစိမ်းဈေးများ မြင့်တက်ရာတွင် စက်သုံးဆီ ဈေးများပါ လိုက်လံမြင့်တက်နေခြင်း ဖြစ်သည်။

လတ်တလော ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း အပါအဝင် အခြေခံစားသောက်ကုန် ဈေးနှုန်းများ သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အမြင့်ဆုံး တက်လာသည့် ဈေးနှုန်းများ ဖြစ်သည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က ပြည်တွင်းငွေကြေးဈေးနှုန်း တည်ငြိမ်စေရေးနှင့် ပြည်ပမှ တင်သွင်းသည့် ကုန်စည်များ ဈေးနှုန်းကြီးမြင့်မှုကို ထိန်းရန်ဟုဆိုကာ စက်သုံးဆီ ကဏ္ဍအတွက် ဇန်နဝါရီ ပထမပတ်အထိ ဒေါ်လာ ၁၄၀ သန်းခန့် ရောင်းချပေးသလို စားသုံးဆီများကို လုပ်ငန်းရှင်များအား ခွဲတမ်းနှင့် ရောင်းချပေးကာ လက်လီ ကားနှင့် လှည့်လည် ရောင်းချခြင်းများ ပြုလုပ်နေသော်လည်း ဈေးကွက်အတွင်း ထိရောက်မှု မရှိလှကြောင်း သိရသည်။

Your Thoughts …
Tags: စက်သုံးဆီစားအုန်းဆီနိုင်ငံခြားငွေလဲနှုန်းမြင့်တက်အခြေခံစားသောက်ကုန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

by ဧရာဝတီ
19 September 2023
14.3k

လာဘ်စားမှုကြောင့် နေပြည်တော်လူဖမ်းပွဲ နောက်ဆက်တွဲ အနေ ဖြင့် စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးညွန့် အောင် အပါအဝင် အခြားသော ဝန်ကြီးဌာနအရာရှိတချို့လည်း ထပ်မံ ဖမ်းဆီးစစ် ဆေးမေးမြန်းခံရလျက်ရှိကြောင်း

ယမ်းနှင့် စက်သုံးဆီ ပြင်ပရောင်းချမှု ဗိုလ်ချုပ်နှစ်ဦး စစ်ဆေးခံနေရ

ယမ်းနှင့် စက်သုံးဆီ ပြင်ပရောင်းချမှု ဗိုလ်ချုပ်နှစ်ဦး စစ်ဆေးခံနေရ

by ဧရာဝတီ
9 May 2024
13k

စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်လက်နက်ပစ္စည်း ညွန်ကြားရေးမှူးရုံးမှ ညွန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင်နှင့် တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ် ဇော်လွင်ဦးတို့နှစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

by ဧရာဝတီ
7 December 2023
11k

တရက်အတွင်း အမေရိကန် ၁ ဒေါ်လာ လျှင် ၃,၅၆၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

by ဧရာဝတီ
6 February 2024
8.8k

လက်ရှိတွင် သံသယရှိသူများ၏ နေအိမ်များကို ဝင်ရောက်စစ်ဆေးပြီး တရာခံများကို ရှာဖွေကာ၊ ပိုင်ဆိုင်မှုများဖြစ်သည့် ဇိမ်ခံကားများ၊ အသုံးအဆောင်ပစ္စည်းများ၊ လက်ဝတ်ရတနာများ အပါအဝင် လက်နက်များကိုပါ သက်သေအဖြစ် သိမ်းဆည်းခဲ့ကြောင်း

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

by ဧရာတီ
15 November 2023
7.9k

နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် စက်သုံးဆီတင် သင်္ဘော ၄ စင်းဆိုက်ကပ်ထားပြီး ထပ်မံရောက် ရှိလာမည့် သင်္ဘော ၁၅ စင်း ရှိကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း...

Next Post
KPDF-NAMMA နှင့် ပူးပေါင်း PDF အဖွဲ့ဝင်များ  / KPDF

စစ်ကောင်စီ တပ်စွဲထားသည့် မိုးညှင်းတက္ကသိုလ်နှင့် ကားကြီးဝင်း KPDF ဝင်တိုက်

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ စစ်ရှောင် ၆ ဦးသေဆုံး (ရုပ်/သံ)

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ စစ်ရှောင် ၆ ဦးသေဆုံး (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved