• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

by ဧရာဝတီ
6 February 2024
in သတင်း
A A
ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် သူဌေးကျွန်းရှိ Grand Andaman ဟိုတယ်/ Grand Andaman Hotel’s facebook page

8.8k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံသား ခံယူထားသည့် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် သူဌေးကျွန်းရှိ Grand Andaman ဟိုတယ်ပိုင်ရှင် ဦးကျော်လွင်ကို ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ပြီးနောက် ၎င်းဟိုတယ်အား ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း သတင်းရရှိသည်။

ဧရာဝတီက စုံစမ်းမေးမြန်းရာ Grand Andaman ဟိုတယ်မှ ဝန်ထမ်းတဦးက “အခုတော့ ကျနော်တို့ဆီမှာ အခန်းတွေ အကုန်လုံး ပိတ်ထားတယ်။ ဘယ်လလောက်ပြန်ဖွင့်မယ် အသေအချာ မသိသေးဘူး။ ဒီလက စပိတ်တာ”ဟု ပြောသည်။

ကြယ် ၅ ပွင့်အဆင့် ဟိုတယ်ကြီးတခုဖြစ်သည့် Grand Andaman တွင် ကာစီနိုလောင်းကစားဝိုင်းများ အပါအဝင် အနှိပ် ခန်း၊ အလှပြင်ဆိုင်၊ Spa၊ ကာရာအိုကေ စသည့် အပန်းဖြေနေရာများ တစုတစည်းတည်းရှိပြီး၊ မြန်မာနိုင်ငံသားအပါအဝင် ဝန်ထမ်းပေါင်း ၁၅၀၀ ကျော်ရှိကြောင်း၊ မြန်မာပြည်မှာ စီးပွားရေး လုပ်ငန်းရှင်ကြီး တချို့ လာရောက် ကာစီနိုကစားလေ့ရှိ ကြောင်း သိရသည်။

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က ဖေဖော်ဝါရီ ၁ ရက်မှစ၍ အခွန်ရှောင်ခြင်း၊ ငွေကြေးခဝါချခြင်း အပါအဝင် မြန်မာနှင့် အိမ်နီးချင်း နိုင်ငံများကို ပစ်မှတ်ထားသည့် အွန်လိုင်းလောင်းကစားငွေလိမ်လုပ်ငန်း Gofuk ကွန်ရက်ကို စတင် နှိမ်နင်းနေရာ စစ်ဆင်ရေးအတွင်း ငွေကြေး ခဝါချမှု၊ အခွန်လိမ်လည်မှုများဖြင့် ဖမ်းထားသူများတွင် မြန်မာများလည်း ပါဝင် ကြောင်း ထိုင်းသတင်းများက ဆိုသည်။

Gofuk ကွန်ရက်နှင့် ပတ်သက်၍ ဘန်ကောက်နှင့် ရနောင်း အပါအဝင် ၂၇ နေရာကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ထိုင်း- မြန်မာ နှစ်နိုင်ငံသား ခံယူထားသူ Grand Andaman သူဌေးကျွန်း ဟိုတယ်ပိုင်ရှင် ဦးကျော်လွင်လည်း ပါဝင်နေကြောင်း ဖော်ပြကြသည်။

ဖမ်းဝရမ်း ထုတ်ခံထားရသူများ၏ နေအိမ်များကို ထိုင်းအထူးစုံစမ်းရေးက ဝင်ရောက် ရှာဖွေနေကြစဉ် (ထိုင်း အထူးစုံစမ်းစစ်ဆေးရေးဌာန)

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန (DSI)၏ ထုတ်ပြန်ချက်၌ ဖမ်းဝရမ်းထုတ်ထားသူများ၏ အမည်ကို ဖော်ပြခြင်း မရှိဘဲ Gofuk ကွန်ရက်တွင် နိုင်ငံပြင်ပသို့ လောင်စာဆီ တင်ပို့ရာမှာ အထောက်အထားအတုများ ဖန်တီး၍ ဘတ်ငွေ သန်းပေါင်း ၁သောင်းတန် အခွန်ငွေတိမ်းရှောင်မှု၊ အစိုးရထီပေါက်စဉ် ရလာဒ်အား ဝက်ဘ် ဆိုဒ်တင်ကာ အွန်လိုင်းလောင်း ကစားရန် ဖိတ်ခေါ်မှု၊ ငွေကြေးခဝါချမှုတို့ဖြင့် သံသယရှိသူ ၁၈ဦးကို ဝရမ်းထုတ် ဖမ်းဆီးခဲ့ကြောင်း၊ ဇိမ်ခံကား၊ လက်ဝတ် ရတနာများ နှင့် နာမည်ကြီး လူသုံးကုန်ပစ္စည်းများ၊ လက်နက်များ ဖမ်းမိကြောင်း ဖော်ပြထားသည်။

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် Yutthana Praedam က “သံသယရှိသူ ၁၈ ဦးထဲက ၇ ဦးကိုတော့ ဖမ်းမိထားတယ်။ အဓိကတရားခံ ဟိုတယ်ပိုင်ရှင်ကိုတော့ မဖမ်းမိသေးပါဘူး။ ဖမ်းမိတဲ့အထဲမှာ သူရဲ့ လက်ရုံး တဦးနဲ့ ဇနီးသည်တို့ပါတယ်” ဟု ထိုင်းမီဒီယာများသို့ ပြောသည်။

ဟိုတယ်ပိုင်ရှင်၏ အမည်ကို ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောဆိုသွားခြင်း မရှိသော်လည်း ၎င်းသည် ထိုင်းနိုင်ငံသား အဖြစ်ခံယူထားသည့် မြန်မာတဦးဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံဘက် တိမ်းရှောင်သွားကြောင်း၊ Gofuk ကွန်ရက်သည် ဆီမှောင်ခိုလုပ်ငန်းများနှင့်လည်း ဆက်စပ်နေကြောင်း ပြောသည်။

သူဌေးကျွန်း ဟိုတယ်ပိုင်ရှင် ဦးကျော်လွင်မှာ ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းမှ ကော့သောင်းမြို့သို့ တင်ပို့နေသည့် လောင်စာ ဆီ ဈေးကွက်ကို အဓိကထိန်းချုပ် ဖြန့်ဖြူးသူဖြစ်သလို ကျောက်မီးသွေးဖြင့် လည်ပတ်သည့် ဓာတ်အားပေးစက်ရုံ ဆောက် ကာ ကော့သောင်းနယ်ကို လျှပ်စစ်မီးပေးဖူးကြောင်း၊ ရာဘာလုပ်ငန်း၊ ပုဇွန်မွေးမြူရေး၊ ပုလဲလုပ်ငန်း၊ ဝါးလတ်၊ ဝါးတန်းနှင့် ငါးဖမ်းစက်လှေများ၊ ကိုယ်ပိုင်ဆိပ်ခံတံတားနှင့် အခြားသော စီးပွားရေးလုပ်ငန်းများကို လုပ်သည့် လုပ်ငန်းရှင် ဖြစ်ကြောင်း သိရသည်။။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် သူဌေးကျွန်းရှိ Grand Andaman ဟိုတယ်မှ မြင်ရသည့် မြင်ကွင်း

တနင်္သာရီတိုင်းမှ လုပ်ငန်းရှင်တဦးက “ကျနော်တို့နယ်ဘက်မှာလည်း ကော့သောင်းဘက်က စက်သုံးဆီ လာရောင်းတာ ရှိတယ်။ ရန်ကုန်ဘက်က စက်သုံးဆီအသင်းနဲ့ ချိတ်ရောင်းတဲ့ ဆိုင်တွေလည်း ရှိတယ်။ ဒါပေမယ့် အသင်းရဲ့ ဆီက လိုသလောက် ဝယ်မရဘူး အကန့်အသတ်နဲ့ပဲ ရတယ်။ ဒါပေမယ့် ကော့သောင်းကရောင်းတဲ့ ဆီကျတော့ လိုသလောက် ဝယ်လို့ရတယ်။ ဈေးတော့ကြီးတယ်။ ၁ လီတာကို ကျပ် ၅၀၀ နဲ့ ကျပ် ၁,၀၀၀ လောက် ပိုပေးရတယ်”ဟု ပြောသည်။

ကော့သောင်းဒေသသို့ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခွင့်ကို ဦးဆောင်နေသည့် ဦးကျော်လွင် ယခုကဲ့သို့ ဖမ်းဝရမ်းထုတ်ခံရ ခြင်းကြောင့် ကော့သောင်းဒေသ စက်သုံးဆီ ဈေးကွက်အား ရိုက်ခတ်နိုင်သလို လတ်တလော မြို့ပေါ်၌ 95 ဓာတ်ဆီ ပြတ်လပ်နေကြောင်း ဒေသခံများက ဆိုသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
91

ကမ်းရိုးတန်းဒေသတွင် တည်ရှိသည့် ကော့သောင်းနယ်တွင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများ အကြီးအကျယ်လုပ်ကိုင်ရာ စက်သုံးဆီအများအပြားလိုအပ်သည့် ဒေသဖြစ်ပြီး စစ်ကောင်စီ၏ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန် ချက်အရ တနင်္သာရီတိုင်း၊ ထားဝယ်တွင် ဓာတ်ဆီ 95 တလီတာလျှင် ၂,၉၆၀ ကျပ်ဈေးရှိကြောင်း သိရသည်။

ဦးကျော်လွင်သည် ကော့သောင်းဇာတိဖြစ်ပြီး စားပွဲတင် တင်းနစ်နှင့် ကြက်တောင်ရိုက်ခြင်းကို ခုံမင်ကြောင်း၊ မြန်မာ့လက် ရွေးစင်အားကစားသမားများကို ခေါ်ယူပံ့ပိုးမှုများ ရှိကြောင်း ဒေသခံများကဆိုသည်.

You may also like these stories:

လက်နက်ပွဲစား ထွန်းမင်းလတ် ပြန်လွတ်

လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ် ပိုင်ဆိုင်မှုများ ထိုင်းအစိုးရ သိမ်း

ထွန်းမင်းလတ်နှင့် ဆက်စပ်သည့် ကုမ္ပဏီသုံးခု ဖျက်သိမ်း

ထိုင်းတောင်ပိုင်း ဖြတ်မည့် စီမံကိန်း ဝန်ကြီးချုပ်သစ် အကောင်အထည်ဖော်နိုင်မလား

Your Thoughts …
Tags: Grand Andaman ဟိုတယ်ကော့သောင်းငွေကြေးခဝါချစက်သုံးဆီသူဌေးကျွန်းဦးကျော်လွင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

by ဧရာဝတီ
19 September 2023
14.3k

လာဘ်စားမှုကြောင့် နေပြည်တော်လူဖမ်းပွဲ နောက်ဆက်တွဲ အနေ ဖြင့် စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးညွန့် အောင် အပါအဝင် အခြားသော ဝန်ကြီးဌာနအရာရှိတချို့လည်း ထပ်မံ ဖမ်းဆီးစစ် ဆေးမေးမြန်းခံရလျက်ရှိကြောင်း

ယမ်းနှင့် စက်သုံးဆီ ပြင်ပရောင်းချမှု ဗိုလ်ချုပ်နှစ်ဦး စစ်ဆေးခံနေရ

ယမ်းနှင့် စက်သုံးဆီ ပြင်ပရောင်းချမှု ဗိုလ်ချုပ်နှစ်ဦး စစ်ဆေးခံနေရ

by ဧရာဝတီ
9 May 2024
13k

စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်လက်နက်ပစ္စည်း ညွန်ကြားရေးမှူးရုံးမှ ညွန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင်နှင့် တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ် ဇော်လွင်ဦးတို့နှစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

by ဧရာဝတီ
7 December 2023
11k

တရက်အတွင်း အမေရိကန် ၁ ဒေါ်လာ လျှင် ၃,၅၆၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

by ဧရာတီ
15 November 2023
7.9k

နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် စက်သုံးဆီတင် သင်္ဘော ၄ စင်းဆိုက်ကပ်ထားပြီး ထပ်မံရောက် ရှိလာမည့် သင်္ဘော ၁၅ စင်း ရှိကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း...

သူဌေးကျွန်း ဟိုတယ်ပိုင်ရှင်၏ ညီ စစ်ကြောရေး၌ သေဆုံး

သူဌေးကျွန်း ဟိုတယ်ပိုင်ရှင်၏ ညီ စစ်ကြောရေး၌ သေဆုံး

by ဧရာဝတီ
12 February 2024
7.8k

၎င်းသည် ဖေဖေါ်ဝါရီ ၂ ရက်နေ့အထိ ရန်ကုန်မြို့တွင် ရှိနေပြီး မိတ်ဆွေများက ကော့သောင်းသို့ မပြန်ရန် ပြောသော်လည်း ယင်းအမှုကိစ္စမှာ ၎င်းနှင့် သက်ဆိုင်ခြင်းမရှိဟု ယုံကြည်သလို တနင်္သာရီဒေသ၌ လုပ်ငန်းရှင် မြို့မျက်နှာဖုံးတဦးအဖြစ် လူသိများကာ အုပ်ချုပ်ရေးပိုင်းနှင့်လည်း သင့်မြတ်သဖြင့်...

နတခ ထိပ်တန်းအရာရှိအချို့ အကျင့်ပျက်ခြစားမှုဖြင့် စစ်ဆေးခံနေရ

နတခ ထိပ်တန်းအရာရှိအချို့ အကျင့်ပျက်ခြစားမှုဖြင့် စစ်ဆေးခံနေရ

by ဧရာဝတီ
26 September 2024
6.6k

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးဗိုလ်မှူးကြီး မျိုးညွှန့်ဦး အပါအဝင် ဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ ဒု ဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့် ဗိုလ်မှူး စိုးရန်နိုင်တို့အား စစ်ကောင်စီမှ ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီး နတခ တိုင်းမှူးထိပါ စစ်ဆေးခံရနိုင်ကြောင်း

Next Post
ခွေးခေါ်ဝီစီ နိုင်ငံရေးအကြောင်း သိကောင်းစရာ

ခွေးခေါ်ဝီစီ နိုင်ငံရေးအကြောင်း သိကောင်းစရာ

လူငယ်ပေမယ့် အာဏာရှင်တော်လှန်ရေး နွှဲဖို့ အားရှိတယ်

လူငယ်ပေမယ့် အာဏာရှင်တော်လှန်ရေး နွှဲဖို့ အားရှိတယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved