• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ထိုင်းတောင်ပိုင်း ဖြတ်မည့် စီမံကိန်း ဝန်ကြီးချုပ်သစ် အကောင်အထည်ဖော်နိုင်မလား

by Ian Storey
29 January 2024
in သူ့အတွေး သူ့အမြင်
A A
ထိုင်းတောင်ပိုင်း ဖြတ်မည့် စီမံကိန်း ဝန်ကြီးချုပ်သစ် အကောင်အထည်ဖော်နိုင်မလား

တူးမြောင်းဖောက်လုပ်ရေး ဖောက်လုပ်ရေး စီမံကိန်း / CNA

3k
VIEWS
Share on FacebookShare on Twitter

အကြံအစည်ဆိုးတို့သည် အံ့သြစရာကောင်းလောက်အောင် သက်ဆိုးရှည်ကြသည်။ ထိုင်းနိုင်ငံတွင် အာဏာရအထက်လွှာ၏ ခရာ ကုန်းရိုးတန်းတွင် သယ်ယူပို့ဆောင်ရေး စင်္ကြံ တည်ဆောက်မည့် ရာနှစ်ပေါင်းများစွာ စိတ်ကူးက ထိုအချက် အလွန်မှန်ကြောင်း ပြသနေသည်။

၁၇ ရာစုမှစတင်ပြီး ထိုင်းတို့သည် နိုင်ငံတောင်ပိုင်းမှ ကျဉ်းမြောင်းသော ကုန်းရိုးတန်းကို ဖြတ်ကာ တူးမြောင်းဖောက်ခြင်း၏ ကောင်းကျိုးဆိုးပြစ်များကို ဆွေးနွေးငြင်းခုန်ခဲ့ကြသည်။ သို့သော် လွန်စွာမြင့်မားသည့် ဆောက်လုပ်ရေး စရိတ်၊ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ စိန်ခေါ်မှုများနှင့် စီးပွားရေးအရ အားနည်းချက်များကြောင့် ခရာတူးမြောင်းကို မည်သည့်အခါကမှ တည်ဆောက်ခြင်း မရှိပေ။

သို့သော် ထိုအဆိုကို နောက်ဆုံး ထပ်မံ ပြောကြားခြင်းဖြင့် ဝန်ကြီးချုပ် မစ္စတာ ဆက်ထာ ထဝီစင် အစိုးရသစ်က စိတ်အားထက်သန်စွာ အားပေးနေသည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ အာဏာရလာချိန်မှ စတင်ပြီး မစ္စတာ ဆက်ထာ ထဝီစင်၏ မူဝါဒဗဟိုချက်သည် လေဆာပွိုင့်သဖွယ် တနေရာတည်းကိုသာ အာရုံစိုက်နေသည်။ စစ်တပ်၏ စီမံခန့်ခွဲမှု အလွဲများကြောင့် ဆယ်စုနှစ် တခုကြာ တိုးတက်မှု နှေးကွေးပြီးနောက် ကိုဗစ်နိုင်တင်းကြောင့် ပိုမိုဆိုးရွားသွားသည့် ထိုင်းစီးပွားရေးကို ပြန်လည် အားဖြည့်ရေးသာ ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ အာဏာရလာချိန်မှ စတင်ပြီး မစ္စတာ ဆက်ထာ ထဝီစင်၏ မူဝါဒဗဟိုချက်သည် လေဆာပွိုင့်သဖွယ် တနေရာတည်းကိုသာ အာရုံစိုက်နေသည်။ စစ်တပ်၏ စီမံခန့်ခွဲမှု အလွဲများကြောင့် ဆယ်စုနှစ် တခုကြာ တိုးတက်မှု နှေးကွေးပြီးနောက် ကိုဗစ်နိုင်တင်းကြောင့် ပိုမိုဆိုးရွားသွားသည့် ထိုင်းစီးပွားရေးကို ပြန်လည် အားဖြည့်ရေးသာ ဖြစ်သည်။

ထိုသို့ လုပ်ရန်အတွက် ထိုင်းအစိုးရသည် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များ လက်မှတ်ထိုးခြင်းကို ဦးစားပေးပြီး မစ္စတာ ဆက်ထာ ထဝီစင် ကိုယ်တိုင် ကမ္ဘာတဝန်း အစုန်အဆန်သွားကာ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်သည်။ စင်ကာပူကို အားကျသော မျက်လုံးဖြင့် ကြည့်ပြီး ဘန်ကောက်သည် ကမ္ဘာ့ကုန်စည် ဖြန့်ချိရေး ကွင်းဆက်ကွန်ရက်တွင် ပိုမိုကြီးမားသော အခန်းမှပါဝင်ရန် ရည်မှန်းချက်များ ရှိနေသည်။

ထိုကြီးမားသော စီးပွားရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် မစ္စတာ ဆက်ထာ ထဝီစင်သည် အကြံအစည်ဟောင်းကို ထောက်ခံသည့် ခေါင်းဆောင် ဖြစ်လာသည်။

သက်ဆင်၏ စိတ်ကူးကို ပြန်လည် အသက်သွင်းခြင်း

ထိုအစီအစဉ်တွင် ထိုင်းပင်လယ်ကွေ့မှ ချွန်ဖုံပြည်နယ် ကုန်းရိုးတန်းဘက်နှင့် ရနောင်းပြည်နယ် ကပ္ပလီပင်လယ်ဘက်တွင် ရေနက်ဆိပ်ကမ်းများ တည်ဆောက်ရေး ဖြစ်သည်။ ထိုဆိပ်ကမ်းနှစ်ခုကို ကီလိုမီတာ ၉၀ ရှည်သည့် အဝေးပြေးလမ်းများ၊ ရထားလမ်းများနှင့် ပိုက်လိုင်းများဖြင့် ဆက်သွယ်မည် ဖြစ်သည်။

ထိုင်း နိုင်ငံတောင်ပိုင်းမှ ကျဉ်းမြောင်းသော ခရာ ကုန်းရိုးတန်းအား မြေပြင်တွင် မြင်ရစဉ်

အရှေ့မြောက်အာရှတွင် ထုတ်လုပ်သည့် ကုန်စည်များကို သယ်ဆောင်လာသော သင်္ဘောများသည် ချွန်ဖုံတွင် ကုန်စည်များကို ချကာ အခြားတဖက်သို့ ကားများ၊ ရထားများဖြင့် သယ်ဆောင်မည်ဖြစ်ပြီး အနောက်အာရှနှင့် ဥရောပမှ ကုန်စည်များနှင့် သင်္ဘောများသည် ရနောင်းတွင် အလားတူ လုပ်ဆောင်မည်ဖြစ်သည်။

မြေသားပေါင်းကူး စင်္ကြံကို ၂၀၀၅ ခုနှစ်တွင် ထိုစဉ်က ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်က ပထမဆုံး အဆိုပြုခဲ့သော်လည်း နောက်တနှစ်တွင် စစ်အာဏာသိမ်းမှုက သူ့ကိုဖြုတ်ချသောအခါ ထိုအစီအစဉ် ရပ်ဆိုင်းသွားသည်။ ထင်မထားသည့်အချက်မှာ ၂၀၁၄ ခုနှစ်တွင် နောက်တကြိမ် အာဏာသိမ်းပြီးနောက် စစ်တပ်သည် ထိုစိတ်ကူးကို ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည် အသက်သွင်းသည်။ သို့သော် ကပ်ရောဂါကြောင့် ဖြစ်လာသည့် ကမ္ဘာ့စီးပွားရေးကွင်းဆက် ပြတ်တောက်ပြီး ထိုအစီအစဉ် အရှိန်အဟုန် မရခဲ့ပေ။

မစ္စတာ ဆက်ထာ ထဝီစင်သည် ထိုစိတ်ကူးကို အင်တိုက်အားတိုက် အသက်သွင်းလိုက်ပြီး ခရာတူးမြောင်းကို ထောက်ခံသူများ ကာလကြာမြင့်စွာ ဆင်ခြေပေးခဲ့သည့် အကြောင်းပြချက်များကို ပြန်လည် အသုံးပြုလာသည်။

မစ္စတာ ဆက်ထာ ထဝီစင်သည် ထိုစိတ်ကူးကို အင်တိုက်အားတိုက် အသက်သွင်းလိုက်ပြီး ခရာတူးမြောင်းကို ထောက်ခံသူများ ကာလကြာမြင့်စွာ ဆင်ခြေပေးခဲ့သည့် အကြောင်းပြချက်များကို ပြန်လည် အသုံးပြုလာသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
307
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
195
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
163

ပထမအချက်မှာ ပို၍ ပို၍ ရေကြောင်းကျပ်လာသော မလက္ကာရေလက်ကြားကို ဖြတ်သန်းရန် မလိုခြင်းကြောင့် သင်္ဘောကုမ္ပဏီများသည် ခုတ်မောင်းချိန် ၃ ရက် သို့မဟုတ် ၄ ရက် လျှော့ချနိုင်ပြီး သယ်ယူပို့ဆောင်ရေး စရိတ်ကို ၁၅ ရာခိုင်နှုန်းအထိ သက်သာစေမည် ဖြစ်သည်။

ဒုတိယအချက်မှာ မြေသားပေါင်းကူးစင်္ကြံ တည်ဆောက်ခြင်းဖြင့် စီးပွားရေးကို ဘတ် ၁ ဒသမ ၃ ထရီလီယံ (အမေရိကန် ဒေါ်လာ ၃၇၀ ဘီလီယံ) အထောက်အကူဖြစ်စေပြီး စီးပွားရေး တိုးတက်မှုနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်စေကာ အလုပ်သမား ၂၈၀,၀၀၀ အတွက် အလုပ်များပေးမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ မေလက အထွေထွေ ရွေးကောက်ပွဲတွင် အာဏာရညွန့်ပေါင်းအစိုးရ ပါတီများအခြေအနေ မကောင်းခဲ့သည့် နိုင်ငံတောင်ပိုင်း၏ စီးပွားရေးကို အထူးသဖြင့် အကျိုးပြုမည်ဖြစ်သည်။

တတိယအချက်မှာ ထိုမြေသားပေါင်းကူး စင်္ကြံသည် ထိုင်းနိုင်ငံကို အရှေ့တောင်အာရှ၏ ကုန်စည်ဖြန့်ချိရေး ကွင်းဆက်တွင် ဗဟိုချက်ဖြစ်သွားစေမည် ဖြစ်သည်။

မလက္ကာ ရေလက်ကြား ဖြတ်သန်းရသည့် ကုန်ကျစရိတ်

ခရာတူးမြောင်းကဲ့သို့ပင် ထိုမြေသားပေါင်းကူး စင်္ကြံကို ဝေဖန်သူများက ထိုစီမံကိန်း၏ စီးပွားရေး အကျိုးအမြတ် ရနိုင်ခြေကို မေးခွန်းထုတ်ကြသည်။ မလက္ကာရေလက်ကြားကို ဖြတ်သန်းရန် မလိုသောကြောင့် သင်္ဘောခုတ်မောင်းချိန် လျော့ကျကောင်း လျော့ကျနိုင်သော်လည်း တဖက်တွင် ကုန်များကိုချပြီး ပို့ဆောင်ကာ အခြားတဘက်တွင် အခြားသင်္ဘောများသို့ ကုန်ပြန်လည်တင်ပြီး ပို့ဆောင်ခြင်းသည် မလက္ကာ ရေလက်ကြားကို ဖြတ်သန်းရသည့်အတိုင်း အချိန်ကုန်နိုင်ပြီး သယ်ယူပို့ဆောင်ရေး စရိတ်ကိုလည်း တိုးစေမည်ဖြစ်သည်ဟု ထိုစီမံကိန်းကို ဝေဖန်ဆန့်ကျင်သူများက ပြောသည်။

မစ္စတာ ဆက်ထာထဝီဆင်သည် မစ္စတာ သက်ဆင်၏ သမီး ဖွေ့ထိုင်းပါတီခေါင်းဆောင် ပေတောင်တန်ရှင်နဝပ်အစား ရာထူးယူထားပေးရသူဟု ထင်မှတ်ထားကြသည်

ထို့အပြင် ထိုမြေသား ပေါင်းကူးစင်္ကြံသည် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးများဖြစ်စေနိုင်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းကို ထိခိုက်စေသည်။ ပထဝီနိုင်ငံရေးအရ ဆိုပါက ထိုမြေသား ပေါင်းကူးစင်္ကြံကို ပိုင်ဆိုင်ခြင်းသည် ထိုင်းနိုင်ငံကို အမေရိကန်-တရုတ်အားပြိုင်မှု ဝဲဂယက်အတွင်း ရောက်သွားစေနိုင်သည်။ အထူးသဖြင့် ထိုတည်ဆောက်ရေးကို တရုတ်က ငွေကြေးစိုက်ထုတ်ပါက အခြေအနေ ပိုမိုဆိုးရွားနိုင်သည်။

မစ္စတာ ဆက်ထာ ထဝီစင်က သူသည် ထိုစီမံကိန်းကို မစွန့်လွှတ်ရန် ဆုံးဖြတ်ထားကြောင်း ပြောပြီး အချိန်ဇယားတခုကိုပင် အဆိုပြုသည်။ ဆောက်လုပ်ရေး ကုမ္ပဏီများသည် ၂၀၂၅ ခုနှစ် နှစ်လယ်တွင် ကန်ထရိုက် ကမ်းလှမ်းပြီး ထိုနှစ် နှစ်ကုန်တွင် တည်ဆောက်ရေးစမည်၊ ၂၀၃၀ ခုနှစ်တွင် ပြီးစီးကာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ကုန်ကျမည်ဟု ဆိုသည်။

ထိုအချက်များကြောင့် အတားအဆီးမဖြစ်ဘဲ မစ္စတာ ဆက်ထာ ထဝီစင်က သူသည် ထိုစီမံကိန်းကို မစွန့်လွှတ်ရန် ဆုံးဖြတ်ထားကြောင်း ပြောပြီး အချိန်ဇယားတခုကိုပင် အဆိုပြုသည်။ ဆောက်လုပ်ရေး ကုမ္ပဏီများသည် ၂၀၂၅ ခုနှစ် နှစ်လယ်တွင် ကန်ထရိုက် ကမ်းလှမ်းပြီး ထိုနှစ် နှစ်ကုန်တွင် တည်ဆောက်ရေးစမည်၊ ၂၀၃၀ ခုနှစ်တွင် ပြီးစီးကာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ကုန်ကျမည်ဟု ဆိုသည်။

အမေရိကန် သို့မဟုတ် တရုတ်က ငွေပေးမည်လား

မစ္စတာ ဆက်ထာ ထဝီစင် မပြောလိုသည့်အချက်မှာ မြေသားပေါင်းကူးစင်္ကြံအတွက် မည်သူက ငွေပေးမည်နည်းဆိုသည့် အချက်ဖြစ်သည်။ ထိုအရွယ်အစားရှိသော စီမံကိန်းအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် လိုမည်ဖြစ်သည်။ ဝန်ကြီးချုပ်သည် ထိုစိတ်ကူးကို အမေရိက၊ တရုတ်နှင့် ဂျပန်တွင် ပြောသည်။ လက်ရှိအချိန်အထိ တုံ့ပြန်မှုသည် ယဉ်ကျေးသော်လည်း မည်သည့်ထင်မြင်ချက်မှ မပေးကြပေ။

လိုအပ်သော ဆိပ်ကမ်းများ၊ လမ်းများနှင့် ရထားလမ်းများကို တည်ဆောက်ရန် တရုတ်ဆောက်လုပ်ရေး ကုမ္မဏီများ အလားအလာ ကောင်းသော်လည်း တရုတ်သည် ထိုစီမံကိန်းကို ၎င်း၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) အစိတ်အပိုင်းအဖြစ် သတ်မှတ်ဖွယ် မရှိပေ။

တရုတ်စီးပွားရေး တိုးတက်မှု နှေးကွေးနေချိန်တွင် တရုတ်ခေါင်းဆောင်များသည် ကြီးမားသော ပြည်ပ အခြေခံ အဆောက်အအုံ စီမံကိန်းများကို ငွေကြေးထောက်ပံ့ရန် လွန်စွာ ပိုမိုသတိထားကြမည်ဖြစ်ပြီး အထူးအဖြင့် ထိုကုန်းမြေ ပေါင်းကူစင်္ကြံကဲ့သို့သော စီးပွားရေးတန်ဖိုးအရ မေးခွန်းထုတ်စရာ ဖြစ်နေသည့် စီမံကိန်းများကို ပိုမို သတိထားမည် ဖြစ်သည်။

သိသာသည့်အချက်မှာ မည်သည့် ကမ္ဘာ့အဓိက သင်္ဘောကုမ္ပဏီမှ မစ္စတာ ဆက်ထာ ထဝီစင်၏ အဆိုပြုချက်ကို အပြေးအလွှား မထောက်ခံကြပေ။

ကမ္ဘာ့ ဒုတိယအလုပ်အများဆုံး ကုန်သေတ္တာဆိပ်ကမ်းနှင့် ထိုကုန်းမြေ ပေါင်းကူစင်္ကြံ ဆက်လုပ်ပါက ဆုံးရှုံးရမည့် ကိစ္စကို စင်ကာပူ လွန်စွာချိန်ဆသည့် လေသံဖြင့် တုံ့ပြန်ခဲ့သည်။ ထိုစီမံကိန်းနှင့်ပတ်သက်ပြီး ပါလီမန်တွင် လွန်ခဲ့သောနှစ်က မေးသောအခါ ထိုစဉ်က သယ်ယူပို့ဆောင်ရေး ခေတ္တဝန်ကြီး မစ္စတာ ချီဟုန်တက်က ကုန်သေတ္တာများကို နှစ်ကြိမ် တင်ချလုပ်ရသည့် စရိတ်များ ကုန်ကျမည်ဟု ဖြေပြီး စင်ကာပူသည် နိုင်ငံ၏ ဆိပ်ကမ်းများတွင် လမ်းပန်းဆက်သွယ်ရေး၊ ထုတ်လုပ်မှုနှင့် စွမ်းရည် တိုးတက်အောင် လုပ်နေကြောင်း၊ တူအက်စ် ဆိပ်ကမ်းသစ် စီမံကိန်းကြီးကြောင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း ပြောသည်။ (မစ္စတာ ချီဟုန်တက်ကို ထိုစဉ်မှစတင်ပြီး သယ်ယူပို့ဆောင်ရေးဝန်ကြီး ခန့်ခဲ့သည်။)

မစ္စတာ ဆက်ထာထဝီဆင်သည် မြေသားပေါင်းကူးစင်္ကြံကို ဆက်လုပ်ရန် ဆုံးဖြတ်ထားသော်လည်း သူ၏ နိုင်ငံရေးအနာဂတ် မရေရာသေးပေ။ လေ့လာစောင့်ကြည့်သူအများအပြားက သူသည် မစ္စတာ သက်ဆင်၏ သမီး ဖွေ့ထိုင်းပါတီခေါင်းဆောင် ပေတောင်တန်ရှင်နဝပ်အစား ရာထူးယူထားပေးရသူဟု ထင်မှတ်ထားကြသည်။

မစ္စတာ ဆက်ထာထဝီဆင်သည် မြေသားပေါင်းကူးစင်္ကြံကို ဆက်လုပ်ရန် ဆုံးဖြတ်ထားသော်လည်း သူ၏ နိုင်ငံရေးအနာဂတ် မရေရာသေးပေ။ လေ့လာစောင့်ကြည့်သူအများအပြားက သူသည် မစ္စတာ သက်ဆင်၏ သမီး ဖွေ့ထိုင်းပါတီခေါင်းဆောင် ပေတောင်တန်ရှင်နဝပ်အစား ရာထူးယူထားပေးရသူဟု ထင်မှတ်ထားကြသည်။

မစ္စတာ ဆက်ထာ ထဝီစင်ကို နောက် နှစ်နှစ်ခန့်အတွင်း အစားထိုးလိုက်ပါက ထိုမြေသား ပေါင်းကူးစင်္ကြံသည် သူနှင့်အတူ နစ်မြုပ်သွားမည်ဖြစ်သည်။

ထိုသို့ဖြစ်လျှင်လည်း ခရာ သယ်ယူပို့ဆောင်ရေးစင်္ကြံ လိုလားသူများ နောင်တရရန် မလိုပေ။ သူမရှိတော့လျှင် သူ၏ အဆိုပြုချက်သည် ပုံစံတမျိုးမျိုးဖြင့် ထပ်မံထွက်ပေါ်လာမည်မှာ သေချာသလောက်ပင်။

(CNA ပါ Ian Storey ၏ Thailand’s Kra land bridge – a white elephant comes charging back ကို ဘာသာပြန်သည်။ အီယန် စတိုရေး သည် ISEAS-Yusof Ishak အင်စတီကျုမှ ဝါရင့်သုတေသီနှင့် Contemporary Southeast Asia ၏ အယ်ဒီတာ ဖြစ်သည်။)

You may also like these stories:

တပ်မတော် ဆေးရွက်ကြီးလုပ်ငန်းမှ ပြန်ရုပ်မည်ဟု စင်ကာပူစီးပွားရေးသမားပြော

တရုတ်ပိုးလမ်းမ၊ မြန်မာ့စီးပွားရေးနဲ့ စင်ကာပူ သံအမတ်ရဲ့ အမြင်

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

စင်ကာပူတွင် ငွေသားမှောင်ခိုမှုဖြင့် မြန်မာလက်နက်ပွဲစားကို ပြစ်ဒဏ်ချမှတ်

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

Your Thoughts …
Tags: BRIကုန်သွယ်ရေးခရာတူးမြောင်းစင်ကာပူစီးပွားရေးထိုင်းနိုင်ငံခြား ရင်နှီးမြှုပ်နှံမှုပေါင်းကူးစင်္ကြံမလက္ကာရေလက်ကြားရပ်ဝန်းနှင့်လမ်းအစီအစဉ်ရေနက်ဆိပ်ကမ်းသဘာဝ ပတ်ဝန်းကျင်သယ်ယူပို့ဆောင်ရေး
Ian Storey

Ian Storey

အီယန် စတိုရေး သည် ISEAS-Yusof Ishak အင်စတီကျုမှ ဝါရင့်သုတေသီနှင့် Contemporary Southeast Asia ၏ အယ်ဒီတာ ဖြစ်သည်။

Similar Picks:

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

by ဧရာဝတီ
8 August 2025
20.8k

မိုးအောင်ကို ဖယ်ရှားခြင်းသည် စစ်အုပ်စုဝန်ထမ်း ၂ သိန်းကျော်၏ ကိုယ်ရေးအချက်များ အကြီးအကျယ် ပေါက်ကြားခြင်းနှင့် ဆက်စပ်နေသည်ဟု နေပြည်တော်မှ သတင်းရင်းမြစ်များပြောသည်။

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

by ဒေးဗစ်အောင်
10 February 2024
20.4k

ဒုက္ခရောက်နေသည့် ပြည်သူ သန်းပေါင်းများစွာကို အားလုံးက အာရုံစိုက်နေစဉ် မင်းအောင်လှိုင်နှင့် သား သမီး နှစ်ဦးသည် ပိုင်ဆိုင်မှုများကို သိမ်းကြုံးစုဆောင်းနေသည်။

Next Post
မြန်မာနိုင်ငံသစ် ဖော်ဆောင်ရေးကို အာဆီယံ ထောက်ခံသင့်

မြန်မာနိုင်ငံသစ် ဖော်ဆောင်ရေးကို အာဆီယံ ထောက်ခံသင့်

ညီနောင် ၃ ဖွဲ့ အပစ်ရပ်သော်လည်း ရှမ်းမြောက်၌ KIA ဆက်လက်စစ်ဆင်

ညီနောင် ၃ ဖွဲ့ အပစ်ရပ်သော်လည်း ရှမ်းမြောက်၌ KIA ဆက်လက်စစ်ဆင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved