• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

တရုတ်ပိုးလမ်းမ၊ မြန်မာ့စီးပွားရေးနဲ့ စင်ကာပူ သံအမတ်ရဲ့ အမြင်

by မြတ်ပြည့်ဖြိုး
6 March 2019
in အင်တာဗျူး
A A
မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ် မစ္စ ဗန်နဆာချန် (HE Ms. Vanessa Chan) / မြတ်ပြည့်ဖြိုး / ဧရာဝတီ

မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ် မစ္စ ဗန်နဆာချန် (HE Ms. Vanessa Chan) / မြတ်ပြည့်ဖြိုး / ဧရာဝတီ

13.4k
VIEWS
Share on FacebookShare on Twitter

စင်ကာပူ နိုင်ငံ နန်ယန်း တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၇ ရက်က မန္တလေးမြို့မှာ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲ ခေါင်းစဉ်ကတော့ တရုတ်နိုင်ငံက အကောင်အထည် ဖော်နေတဲ့ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း (One Belt One Road -OBOR) နဲ့ အတူ ယှဉ်တွဲကာ မြန်မာ့ စီးပွားရေး ဖွံ့ဖြိုး တိုး တက်ဖို့ အခြေခံ အုတ်မြစ်တွေ ဖြစ်တဲ့ ကောင်းမွန် ခိုင်မာသော မူဝါဒတွေ ရေးဆွဲ ချမှတ်နိုင်ဖို့ အထောက်အကူ ပြုမယ့် အကြောင်းအရာတွေကို အဓိကထား ဆွေးနွေးကြတာ ဖြစ်ပါတယ်။

၂ ရက်ကြာ ပြုလုပ်ခဲ့တဲ့ ဒီ ဆွေးနွေးပွဲမှာ OBOR စီမံကိန်း နှစ်နိုင်ငံမှ ပညာရှင် အသီးသီးက ၎င်းတို့ရဲ့ အတွေ့အကြုံ တွေ၊ အကြံပြုချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ ဆွေးနွေးပွဲနဲ့ ဆက်စပ်တဲ့ အကြောင်းအရာ တချို့ကို မြန်မာ နိုင်ငံ ဆိုင်ရာ စင်ကာပူ သံအမတ် မစ္စ ဗန်နဆာချန် (HE Ms. Vanessa Chan) နှင့် ဧရာဝတီ သတင်းထောက် မြတ် ပြည့်ဖြိုးက သီးသန့် တွေ့ဆုံ မေးမြန်း ထားပါတယ်။

မေး။ ။ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး စင်ကာပူရဲ့ အတွေ့အကြုံကို သိပါရစေ။

ဖြေ။ ။ တရုတ်နဲ့ စင်ကာပူ ဆက်ဆံရေး အောင်မြင်လာတာ အားလုံး သိတဲ့ အတိုင်းပါပဲ။ တရုတ်နိုင်ငံရဲ့ အကြီးအကဲ ဖြစ်တဲ့ မစ္စတာ တိန့်ရှောင်ဖိန်က စင်ကာပူ အပါအဝင် အရှေ့တောင် အာရှကို လာခဲ့ပါတယ်။ အဲဒီလို လာခဲ့တဲ့ အချိန် က မစ္စတာ တိန့်ရှောင်ဖိန်က အရှေ့တောင် အာရှရဲ့ အောင်မြင်မှုကို စံထားပြီး တရုတ်ကို အောင်မြင်အောင် လုပ်ရ မယ်လို့ ပြောပါတယ်။ အဲဒါကတော့ နှစ်နိုင်ငံ ဆက်ဆံရေး ဘယ်လို အစပြုခဲ့တယ် ဆိုတာပါပဲ။

စင်ကာပူဟာ တရုတ်နိုင်ငံ တနိုင်ငံတည်းနဲ့ အောင်မြင်တဲ့ ဆက်ဆံရေး ထူထောင်နိုင်တာ မဟုတ်ပါဘူး။ အခြားနိုင်ငံ အားလုံးနဲ့လည်း ဒီလို ဆက်ဆံရေးမျိုး တည်ထောင်နိုင်ခဲ့ပါတယ်။ စင်ကာပူက အားလုံးအတွက် မိတ်ဆွေပါပဲ။ ကျမတို့ နိုင်ငံက ဘယ်သူနဲ့မှ ရန်သူ မဟုတ်သလို ဘယ်သူရဲ့ တပည့်မှလည်း မဟုတ်ပါဘူး။ အားလုံး တန်းတူပါပဲ။

ကျမတို့နဲ့ ကုန်သွယ်ချင်တဲ့ နိုင်ငံတိုင်းနဲ့ ကျမတို့ ကုန်သွယ်မှု ပြုပါတယ်။ အဲဒီလိုပဲ ကျမတို့နဲ့ သံတမန် ဆက်ဆံရေး ထူထောင်ချင်တဲ့ နိုင်ငံတိုင်းနဲ့လည်း ကျမတို့ ထိုနည်းတူစွာ ဆက်ဆံပါတယ်။

မေး။ ။ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ စီမံကိန်း တခုဖြစ်တဲ့ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း (One Belt One Road) နဲ့ ပတ်သက်ပြီး စင်ကာပူ အနေနဲ့ ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။ ။ တရုတ်နိုင်ငံရဲ့ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းဟာ အလွန် ကြီးပါတယ်။ အာရှ၊ ဥရောပ အပြင် အာဖရိက တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီလို ကြီးကျယ်လှတဲ့ စီမံကိန်းကို ယေဘုယျ သုံးသပ်ပြဖို့က နည်းနည်းတော့ ခက်ပါ တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ စီမံကိန်းမှာ ပါဝင် အကောင်အထည် ဖော်ကြမယ့် နိုင်ငံတွေရဲ့ အခြေအနေတွေက မတူကြသလို စီမံကိန်းရဲ့ သဘော သဘာဝတွေလည်း မတူကြပါဘူး။

ခုနက ကျမတို့ ဝန်ကြီးချုပ်ရုံးက အငြိမ်းစား ဝန်ကြီးဟောင်း ပရော်ဖက်ဆာချန် ပြောခဲ့သလိုပါပဲ။ ပိုးလမ်းမကြီးမှာ ပါဝင်နေတဲ့ နိုင်ငံတွေကပဲ ဆုံးဖြတ်ရမှာပါ။ ဒီစီမံကိန်းက ကိုယ့်အတွက် တကယ် အသုံးတည့်ရဲ့လား ဆိုတာကိုပေါ့။ ဒုတိယ ကတော့ စီမံကိန်းကို လုပ်နိုင်တဲ့ အင်အား၊ စွမ်းရည် ရှိလား။ လုပ်နိုင်ကိုင်နိုင်တဲ့ စွမ်းရည်ရှိတယ် ဆိုရင်တောင် ဒါဟာ နေ့ချင်းညချင်း ကိစ္စတခု မဟုတ်ဘဲ ရေရှည် အတွက်ပါ ထည့်သွင်း စဉ်းစားရမယ့် အချက် ဖြစ်ပါတယ်။

ပြီးတော့ စီမံကိန်းကြီးတွေကို ထိန်းသိမ်းနိုင်မယ့် စရိတ်စက ကိုလည်း ထည့်စဉ်းစားဖို့ လိုပါတယ်။ ဒါက အရေးပါတဲ့ သက်ရောက်မှုတွေ ရှိတဲ့ အတွက်ကြောင့်ပါ။

တတိယ ကတော့ ဒေသခံ ပြည်သူတွေက ဒါကို လက်ခံ သဘောတူရဲ့လား ဆိုတာပါ။ ဒါက အရေးကြီးဆုံး အချက် ပါပဲ။ ဒါဟာ ဒီစီမံကိန်းကြီးမှ မဟုတ်ပါဘူး ဘယ်စီမံကိန်း ဖြစ်ဖြစ် ဒီအရေးကြီးတဲ့ အချက် ၃ ချက်နဲ့ ဆန်းစစ်ရပါမယ်။

ပြည်တွင်းက လုပ်တဲ့ စီမံကိန်း ဖြစ်စေ၊ ပြည်ပက ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်း ဖြစ်ပါစေ ဒီအချက် ၃ ချက်ကို ဘယ်အစိုးရ မဆို စဉ်းစားရမှာ ဖြစ်ပါတယ်။ နောက်ဆုံး အဆင့် ကိုယ့်ကျေးရွာမှာ လုပ်မယ့် စီမံကိန်းလေးတောင်မှ ဒါနဲ့ပဲ ဆန်းစစ် ရမှာပါ။ ဒါဟာလည်း ကိုယ့်နိုင်ငံရဲ့အမျိုးသား စီမံကိန်းတွေနဲ့ ချိတ်ဆက်မှု ရှိရပါမယ်။

မေး။ ။ သံအမတ်ကြီးရဲ့ မိန့်ခွန်းမှာတော့ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (Belt & Road Initiative- BRI) မှာ မြန်မာ ဟာ အလားအလာ အရှိဆုံး နိုင်ငံလို့ ဆိုခဲ့ပါတယ်။ အဲဒီတော့ BRI ကနေ မြန်မာ အတွက် အဓိက ရလာနိုင်မယ့် အကျိုးနဲ့ အပြစ် ၃ ခုလောက် ထုတ်ပြ ပေးနိုင်မလား။

ဖြေ။ ။ ခုနက ကျမ ပြောပြခဲ့ သလိုပါပဲ။ စီမံကိန်းတိုင်းဟာ ကိုယ့်နိုင်ငံရဲ့အမျိုးသား အဆင့်၊ တိုင်း/ပြည်နယ် အဆင့်၊ ဒေသ အဆင့်တို့နဲ့ သဟဇာတ ဖြစ်ဖို့ လိုအပ်ပါတယ်။ အမျိုးသား အဆင့်နဲ့ ကိုက်ညီနေပေမယ့် ဒေသအဆင့်နဲ့ မကိုက် ညီရင်လည်း ဒါက စိန်ခေါ်မှုပါပဲ။ အဲဒီအတွက် အသေးစိတ် အားလုံး တွက်ချက်ဖို့ လိုအပ်ပါတယ်။

အမျိုးသား အဆင့်နဲ့ သဟဇာတ ဖြစ်ပြီ ဆိုရင် ကိုယ့် ဘတ်ဂျက်နဲ့ ကိုက်ညီမှု ရှိရဲ့လား။ ထပ်ပြောရရင် ကိုယ့် အမျိုးသား မဟာဗျူဟာနဲ့ပါ ကိုက်ညီရဲ့လား။ ဒီစီမံကိန်းကို ဆောင်ရွက်လိုက်လို့ ကိုယ့်နိုင်ငံ စီးပွားရေးက အမှန်တကယ် အဆင်ပြေ သွားမှာလား။ ကိုယ့်နိုင်ငံရဲ့ပညာရေး စနစ်နဲ့ရော ကိုက်ညီ အဆင်ပြေနိုင်မလား။ ဒါတွေဟာ တူညီတဲ့ စိန် ခေါ်မှုတွေ ပါပဲ။ အကျိုးစီးပွား အနေနဲ့တော့ ဘာစီမံကိန်း လုပ်မလဲ အပေါ်မှာ မူတည်ပါမယ်။

စီမံကိန်းတိုင်း ကတော့ အားသာချက်၊ အားနည်းချက် ဆိုတာ ရှိပါမယ်။ အဲဒီ အထဲကမှ အကောင်းတွေ များပြီး အဆိုး တွေ လျှော့ချနိုင်အောင် ဟန်ချက် ညီညီ ဘယ်လို ဆုံးဖြတ်မယ် ဆိုတာပါပဲ။ စင်ကာပူက နိုင်ငံ သေးသေးလေးပါပဲ။ ဗဟို အစိုးရက အကုန် ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် စင်ကာပူမှာ လုပ်ရကိုင်ရတာ အဆင်ပြေပါတယ်။

မြန်မာ ကတော့ စင်ကာပူထက် ဧရိယာလည်း ကြီးပါတယ်။ ပြီးတော့ အုပ်ချုပ်မှုမှာလည်း ဗဟို အစိုးရနဲ့ တိုင်း၊ ပြည်နယ်တွေ က အာဏာ ခွဲဝေ ကျင့်သုံးတဲ့ စနစ် ဖြစ်တာကြောင့် ဒါကလည်း စိန်ခေါ်မှု တရပ် ဖြစ်စေပါတယ်။

အဲဒီလိုပဲ စီမံကိန်းမှာ ပါနေတဲ့ လူဦးရေ အရေအတွက်ကလည်း စိန်ခေါ်မှု တရပ် ဖြစ်ပါတယ်။ ဒ့ါအပြင် စီမံကိန်းကနေ ဘယ်လောက် အကျိုး စီးပွားရမယ်၊ ဘယ်သူတွေ အကျိုးခံစား ရမယ်၊ အဲဒီကနေ ရလိုက်တဲ့ အဓိက အကျိုးအမြတ်က ဘာလဲ ဆိုတာတွေ သေချာ တွက်ချက်ရမယ့် ကိစ္စတခု ဖြစ်ပါတယ်။ Cost & Benefit Analysis လုပ်ဖို့ လိုအပ်ပါ တယ်။

စီမံကိန်း တခုက အမျိုးသား အဆင့်မှာ အောင်မြင်သွားမယ်။ ဒါပေမယ့် ဒေသ အဆင့်မှာ ဆုံးရှုံး နစ်နာရမယ် ဆိုရင် တော့ မဟုတ်သေးပါဘူး။ နောက်ပိုင်းမှာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ အားလုံးမျှဝေ ခံစားနိုင်ရမှာ ဖြစ်သလို အားလုံး သဘောတူ ရမယ့် အရာတွေကို သေချာ တွက်ချက်ဖို့ လိုပါတယ်။ ဘယ်သူတွေက ပေးဆပ်ပြီး ဘယ်သူ တွေက အကျိုးခံစားရမယ် ဆိုတာကို သေချာ အမျှော်အမြင် ရှိရှိနဲ့ ဆုံးဖြတ်ရမှာပါ။ ဘာလို့လဲဆိုတော့ မြန်မာဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်း မို့ပါ။

မေး။ ။ တရုတ်နိုင်ငံရဲ့ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းကြောင့် မြန်မာဟာ ကြွေးမြီ ထောင်ချောက် မိသွားနိုင်တယ် ဆိုပြီး သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။ အဲဒီလို မဖြစ်ဖို့ မြန်မာနိုင်ငံသားတွေ ဘာတွေ ပြင်ဆင်ထားဖို့ လိုအပ် ပါသလဲ။

ဖြေ။ ။ ဒီ အလုပ်ရုံ ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ကိုက အဲဒီ အတွက်ပါပဲ။ မူဝါဒတွေ ချပြီး ဆွေးနွေးကြရင်း ကြွေးမြီ ထောင်ချောက်ထဲ မရောက်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ ပြောနိုင်မှာပါ။ စောစောက ကျမ ပြောခဲ့တဲ့ အချက် ၃ ချက်နဲ့ပဲ အဖြေရှာရမှာပါ။ BRI ဟာ အထူး စပါယ်ရှယ်ကေ့စ် တခု မဟုတ်သလို တခမ်းတနား ဆန်းပြားတဲ့ စီမံကိန်း တခုလည်း မဟုတ်ပါဘူး။

ဒီစီမံကိန်း ဆိုတာက တရုတ်နိုင်ငံက အဆိုပြုတဲ့ စီမံကိန်း တခုပဲ ဖြစ်ပါတယ်။ အဲဒီလိုပဲ ဘယ်နိုင်ငံမှာ မဆို လုပ်နေတဲ့ စီမံကိန်းမျိုးပါပဲ။ စီမံကိန်း လုပ်ဖို့ ငွေကြေးရှိလား။ မရှိရင် ဘယ်က ယူမလဲ။ ယူပြီးသွားရင်လည်း ဘယ်လိုပြန်ပေးမလဲ။ အတိုးနှုန်းတွေက ဘယ်လို လာမလဲ စသဖြင့်ပေါ့။ စင်ကာပူမှာ ဆိုရင် တရုတ်နိုင်ငံနဲ့ စီမံကိန်း လုပ်မယ်ဆိုရင် အကျိုး စီးပွားက ၅၀ အချိုး ၅၀ ဆိုတဲ့ သတ်မှတ်ချက် ရှိပါတယ်။ နှစ်ဖက်က ဘာတွေ လုပ်ရမယ် ဆိုတဲ့ သတ်မှတ်ချက်မျိုး လည်း ပါ ပါတယ်။

အဲဒါကြောင့် မြန်မာအနေနဲ့ BRI နဲ့ ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးဖို့က၂ ခုပဲ ရှိပါတယ်။ တရုတ် ဘက်ကလည်း အဆိုပြုမယ်။ မြန်မာဘက်ကလည်း ကိုယ်လိုချင်တာကို ပြောမယ်။ ဒီအပေါ်မှာ ညှိနှိုင်း ဆွေးနွေးကြရမှာဖြစ်ပါတယ်။ အဲဒီလို ဆွေးနွေးတဲ့ အခါ တဦးနဲ့ တဦး အကောင်းဆုံး ညှိနှိုင်းကြဖို့၊ တဖက်က တောင်းဆိုတာကို ပေးနိုင်လား၊ မပေးနိုင်ဘူးလား ဆိုတာပါပဲ။

BRI ဟာ စီမံကိန်း တခုဖြစ်တဲ့ အတွက် အဆိုပြုချက်တွေ ပါမှာ ဖြစ်ပါတယ်။ အဲဒီ အဆိုပြုချက် တွေထဲမှာမှ တနိုင်ငံ လုံး ပေးနိုင်တဲ့ ရေအား လျှပ်စစ် စီမံကိန်းကြီးတွေလည်း ပါနိုင်သလို ဒေသတွင်း မီးလင်းရေး လုပ်နိုင်တဲ့ စီမံကိန်း ငယ်တွေ လည်း ပါနိုင်ပါတယ်။

အဲဒီတော့ အမျိုးသား အဆင့်ရော၊ ဒေသ အဆင့်ပါ အားလုံး စဉ်းစားပြီး စနစ်တကျ လုပ်ဖို့ လိုအပ်ပါတယ်။ စီမံကိန်း ကြီးရင် ကြီးသလို ပိုဂရုစိုက်ဖို့တော့ လိုပါတယ်။ ညှိနှိုင်း ဆွေးနွေးမှုက တဖက်တည်း လုပ်လို့ရတဲ့ အရာ မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံသူက တမျိုး လိုချင်တယ်၊ ကိုယ့်နိုင်ငံက တမျိုး လိုချင်ရင် ဒီအပေါ်မှာ အပေးအယူ မျှအောင် ညှိနှိုင်းရ ပါမယ်။ ညှိနှိုင်းပြီး အပေးအယူ ကောင်းရင်တော့ အကျိုးတွေ ပိုများနိုင်သလို အပြစ်တွေကိုလည်း လျှော့ချ နိုင်မှာ ဖြစ် ပါတယ်။

မေး။ ။ လက်ရှိ NLD အစိုးရရဲ့ စီးပွားရေး မူဝါဒ ၁၂ ချက် အပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ သက်တမ်းဟာ အရမ်း နုနယ်ပါသေးတယ်။ လက်ရှိ NLD အစိုးရ မတိုင်ခင် အရပ်သား အစိုးရက ငါးနှစ် အုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမယ့် သက်တမ်းအားဖြင့် ကြည့်မယ် ဆိုရင် အရမ်းနုနယ် သေးတယ်။ အဲဒီလိုပဲ ၂၀ ရာစုက မြန်မာနိုင်ငံ သမိုင်းကြောင်းကို ပြန်ကြည့်မယ် ဆိုရင် ရှုပ်ထွေး ခက်ခဲမှုတွေ ရှိခဲ့ပါတယ်။ အရပ်သား အစိုးရ အပါအဝင် NLD အစိုးရဟာ အဲဒီ ၂၀ ရာစုက အမွေဆိုးတွေကို ဆက်ခံရတာပါပဲ။

ဒါကြောင့် အားလုံးကိုတော့ အချိန်တို အတွင်း တထိုင်တည်း လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ စင်ကာပူ ဆိုရင်လည်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ နှစ် ၅၀ ကြာခဲ့ပါတယ်။ တချိန်က မြန်မာဟာ စင်ကာပူထက် အစစအရာရာ သာခဲ့ပါတယ်။ အခုလည်း ဥပဒေတွေကို ပြန်လည် ပြင်ဆင် ရေးဆွဲဖို့ အတွက် လုပ်ကိုင်နေတာ ကျမတို့ တွေ့ရပါတယ်။ ဒါပေမယ့် နှစ် ၅၀ လောက်က အရာတွေကို ပြန်လည် သုံးသပ်၊ ပြင်ဆင်တယ် ဆိုတာ ထင်သလောက်တော့ မလွယ်ကူ လှပါဘူး။ အဲဒီအတွက် အချိန်ယူရပါမယ်။

ဥပဒေ ပြောင်းတဲ့ ကိစ္စ တခုတည်းတင် မကဘူး။ တခြားသော အရာတွေနဲ့ ဆက်စပ်နေတဲ့ အတွက် ဒါဟာ ခက်ခဲတဲ့ လုပ်ငန်းစဉ်လို့ မြင်ပါတယ်။ သူတို့ တကယ် ကြိုးစား ဆောင်ရွက်နေတာ ဖြစ်တာကြောင့် အဲဒီ အတွက် ကျမအနေနဲ့ လက်ရှိ အစိုးရကို အားပေး ထောက်ခံပါတယ်။

မေး။ ။ မြန်မာ့ စီးပွားရေး တိုးတက်ဖို့ အတွက် ဘယ်ကဏ္ဍတွေကို ဦးစားပေး လုပ်သင့်တယ်လို့ အကြံပြုလိုပါသလဲ။

ဖြေ။ ။ နိုင်ငံတိုင်းက သူတို့ ဦးစားပေး အကြောင်းအရာတွေ အတွက် သူတို့ ကိုယ်တိုင် ဆုံးဖြတ်ရမှာပါပဲ။ ဒါကြောင့် စင်ကာပူ အနေနဲ့ကတော့ ဘယ်နိုင်ငံကိုတော့ ဘယ်လို ဦးစားပေး လုပ်ကိုင်သင့်တယ်၊ မလုပ်သင့်ဘူးလို့ ပြောမှာ မဟုတ်ပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို ခက်ခဲ ရှုပ်ထွေးမှုတွေ၊ မတူကွဲပြားတဲ့ အကြောင်းတရားတွေ ရှိနေတဲ့ နိုင်ငံ မျိုး အတွက် ကျမတို့ ပိုပြီး မပြောလိုပါဘူး။

ဒါပေမယ့် ကျမ အမြင်မှာတော့ စီးပွားရေးကို ဦးစားပေးပြီး လုပ်ရမယ် လို့တော့ ထင်မိပါတယ်။ ကျမကိုယ်တိုင်လည်း အခု ဆွေးနွေးပွဲရဲ့ အနှစ်သာရကို ထောက်ခံပါတယ်။ မူဝါဒတွေကို မြန်မြန်ဆန်ဆန် ချမှတ်ပြီး လုပ်ကိုင်တာက စီးပွား ရေး အတွက် အရမ်း အရေးပါပါတယ်။ ဒါကြောင့် စီးပွားရေး ဖွံ့ဖြိုးမှုက မူဝါဒတွေနဲ့ ဆက်စပ်နေသလို ဒါတွေ အားလုံးကို ချိတ်ဆက် လုပ်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဖွံ့ဖြိုးမှု အတွက် စီးပွားရေးက အရမ်း အရေးကြီးတာကြောင့် ဂရုတစိုက် လုပ်သင့်ပါတယ်။

မေး။ ။ စင်ကာပူ အနေနဲ့ မြန်မာ စီးပွားရေး အတွက် မူဝါဒပိုင်း အားကောင်းလာဖို့ ဘယ်လို နည်းလမ်းတွေနဲ့ ကူညီပေး ဖို့ ရှိပါသလဲ။

ဖြေ။ ။ စင်ကာပူမှာ ရှိတဲ့ တက္ကသိုလ်တွေက သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးပွဲ ကလည်း စင်ကာပူ အစိုးရက လုပ်ဖို့ တွန်းအားပေးတဲ့ အရာ မဟုတ်ဘဲ သူတို့ ဘာသာ လွတ်လပ်စွာနဲ့ လုပ်ကိုင်ကြ တာပါ။ ဒါပေမယ့် အခုလို ပူးပေါင်း ဆောင်ရွက်မှုကိုတော့ စင်ကာပူ အစိုးရက အများကြီး အားပေးပါတယ်။

မူဝါဒ ချမှတ်ခြင်းက အရမ်းကို နည်းပညာ ဆန်ပါတယ်။ ကျွမ်းကျင်မှု အရမ်း လိုအပ်တဲ့ အရာတခု ဖြစ်ပါတယ်။ ဒီလိုပဲ မူဝါဒ ချမှတ်တာနဲ့ ပတ်သက်ပြီး စင်ကာပူက အောင်မြင်မှုတွေ အများကြီး ရှိပါတယ်။ အဲဒီကောင်းတဲ့ အလေ့အထ တွေကို မြန်မာ နိုင်ငံနဲ့ မျှဝေမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ မူဝါဒ ချမှတ်ဖို့ ကူညီသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကျမတို့ ကူညီပံ့ပိုးမှုကTool (ကိရိယာ) တခုပါပဲ။ ဒီကိရိယာကို အသုံးပြုပြီး တကယ် အောင်မြင်အောင် လုပ်ဖို့ ကတော့ မြန်မာနိုင်ငံ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျမတို့ရဲ့ အောင်မြင်တဲ့ နည်းလမ်းတွေက သူတို့ အတွက် တကယ် ကိုက်ညီမှု ရှိ၊မရှိ ဆိုတာကိုတော့ အမြဲ သတိချပ်ပါတယ်။

ဒါ့အပြင် စင်ကာပူက မြန်မာ အပါအဝင် အာဆီယံ ဒေသတွင်းက နိုင်ငံတွေမှာ ရှိတဲ့ အစိုးရ ဝန်ထမ်းတွေရဲ့ စွမ်းရည် မြှင့်တင်ရေး အထောက်အကူပြု သင်တန်းတွေ၊ မြို့ပြ စီမံခန့်ခွဲမှု စနစ်တွေ၊ နည်းပညာပိုင်း ဆိုင်ရာ သင်တန်းတွေကို အကြိမ် အများကြီး ပြုလုပ်ခဲ့ပါတယ်။ ဒါက ကျမတို့ရဲ့ ပူးပေါင်း ကူညီမှု တခုပဲ ဖြစ်ပါတယ်။

မေး။ ။ စင်ကာပူ နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ အများကြီး လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်တဲ့ စာရင်းတွေ အရဆိုရင် စင်ကာပူဟာ ဒုတိယ ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံ တခုလည်း ဖြစ်ပါတယ်။ အဲဒီလို ရင်းနှီးမြှုပ်နှံမှုတွေက တဆင့် စင်ကာပူဟာ မြန်မာဆီက ဘာတွေ သင်ယူ ရရှိခဲ့ပါသ လဲ။

ဖြေ။ ။ ကျမတို့ နိုင်ငံက မြန်မာမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်တယ်။ တချို့က စင်ကာပူ နိုင်ငံသားတွေ ဖြစ် သလို တချို့ကတော့ စင်ကာပူမှာ လာရောက် နေထိုင်တဲ့ တခြား နိုင်ငံသားတွေ ဖြစ်ပါတယ်။ စင်ကာပူဟာ မြန်မာ တင်မက မလေးရှား၊ ကမ္ဘောဒီးယား တို့အပြင် နိုင်ငံတကာမှာပါ ရင်းနှီးမြှုပ်နှံတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ရင်းနှီး မြှုပ်နှံမှု ပြုလုပ်တဲ့ အခါမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ အခြေအနေတွေကတော့ အတူတူပါပဲ။ တနိုင်ငံနဲ့ တနိုင်ငံ သိပ်မကွဲပြား ပါဘူး။

ဒါပေမဲ့ စွမ်းရည်ပိုင်းနဲ့ ဥပဒေပိုင်း ဆိုင်ရာတွေမှာတော့ ပိုပြီး အားကောင်း လာစေချင်ပါတယ်။ ဒေသခံ အချင်းချင်း၊ အစိုးရ အချင်းချင်း ဆက်ဆံရေးမှာတော့ အဆိုးဝါးကြီး ဘာမှ မရှိပါဘူး။ စင်ကာပူ နိုင်ငံသားတွေက ရင်းနှီးမြှုပ်နှံမှုမှာ ရေရှည် အကျိုးစီးပွားကို ကြည့်တတ်သူတွေ ဖြစ်ပါတယ်။ အဲဒီလိုပဲ စီးပွားရေး မြှုပ်နှံမှုမှာ ကျမတို့ အစိုးရက ပုဂ္ဂလိက တွေကို ဖိအားပေးတာမျိုး မရှိပါဘူး။ ကျမတို့ တတ်နိုင်တဲ့ ဘက်က ကူညီပေးဖို့ပဲ ရှိပါတယ်။

ဒါပေမဲ့ ကျမကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ စင်ကာပူ သံအမတ် တယောက် ဖြစ်တာမို့ တကိုယ်ကောင်းဆန်စွာနဲ့ပဲ မြန်မာပြည်မှာ လာပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ကျမ နိုင်ငံသားတွေကို ပြောမိတာလည်း ရှိပါတယ်။ အဲဒီလို ပြော ပေမယ့်လည်း သူတို့ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့သာ လုပ်ကိုင်ကြတာပါ။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
54
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
35
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
212

မေး။ ။ နောက်ဆုံး မေးခွန်း အဖြစ် မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေ အပေါ် ဘယ်လို မှတ်ချက် ပြုချင်ပါသလဲ။

ဖြေ။ ။ စင်ကာပူဟာ လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူ နေထိုင်ကြပေမယ့် တခုနဲ့တခုက လွှမ်းမိုးမှု မရှိကြပါဘူး။ အားလုံးက တန်းတူ အခွင့်အရေး အကုန် ရကြပါတယ်။ Meritocracy (အရည်အသွေး ထက်မြက်သည့် အလျှောက် မြှောက်စားသည့် စနစ်) ကို ကျင့်သုံးပါတယ်။ နိုင်ငံ တနိုင်ငံ အောင်မြင်ဖို့ ဆိုရင် ဘယ်သူကိုမှ ချန်ထားခဲ့လို့ မရပါဘူး။ အားလုံး ပါဝင်မှ ရပါမယ်။ အညီအမျှ ပူးပေါင်း ဆောင်ရွက်ရပါမယ်။

ကျမ အနေနဲ့ မြန်မာကို စီးပွားရေး ကောင်းအောင် ဘယ်လို လုပ်ရမယ်လို့ မေးရင် ပြောစရာ မရှိပါဘူး။ ဒါပေမယ့် နိုင်ငံ တနိုင်ငံ ဖွံ့ဖြိုးဖို့ ဆိုရင် စည်းလုံး ညီညွှတ်ဖို့ လိုအပ်ပါတယ်။ စည်းလုံး ညီညွှတ်မှုဟာ အနည်းငယ် မဟုတ်ဘဲ အားလုံး ဖြစ်ရပါမယ်။ အဲဒီလိုပဲ အပြန်အလှန် လေးစား ယုံကြည်မှုတွေ ရှိရပါမယ်။ လူအားလုံးကို ချစ်နိုင်ဖို့ မဖြစ်နိုင်ပေမယ့် ကိုယ်မချစ်တဲ့ သူကိုတော့ အပြန်အလှန် လေးစားမှုနဲ့ ဆက်ဆံရမှာပါပဲ။

Your Thoughts …
Tags: စင်ကာပူ သံအမတ်တရုတ် ပိုးလမ်းမ စီမံကိန်းမြန်မာ့စီးပွားရေး
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို

by ဧရာဝတီ
12 December 2023
1.7k

အရှေ့အာရှဒေသတွင်း ကိုဗစ် ၁၉ ကပ်ရောဂါ မတိုင်မီက ရှိခဲ့သော စီးပွားရေးအခြေအနေသို့ ပြန်၍ မရောက်နိုင်သည့် တခုတည်းသော နိုင်ငံအဖြစ် နောက်ကျကျန်နေခဲ့ပြီဖြစ်ကြောင်း

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

by ဧရာဝတီ
12 June 2025
602

ငလျင်ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ၂.၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

စစ်အသုံးစရိတ်တွေ ပြည်သူကို မချပြတော့ (ရုပ်/သံ)

စစ်အသုံးစရိတ်တွေ ပြည်သူကို မချပြတော့ (ရုပ်/သံ)

by ဘုန်းအောင်
5 June 2024
385

အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်မှာ စစ်အသုံးစရိတ် ဘက်ဂျက်ကို စံချိန်တင် တိုးသုံးပြီးနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာအသုံးပြုမယ့် စစ်အသုံးစရိတ်ကိုတော့ ထုတ်ပြန်ခြင်း မရှိတော့ဘဲ ပြည်သူလူထုကို အသိမခံတော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်းဘဏ္ဍာရေး နှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီး...

မှောင်ခိုတွေ ကြီးထွားပြီး လာဘ်စားမှုတွေ ဖြစ်လာမယ် (ရုပ်/သံ)

မှောင်ခိုတွေ ကြီးထွားပြီး လာဘ်စားမှုတွေ ဖြစ်လာမယ် (ရုပ်/သံ)

by ဧရာဝတီ
11 November 2024
182

စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးအကြာမှာ ကုန်ဈေးနှုန်းဟာ အတက်ဖက်ကိုသာ ဦးတည်နေပြီး ရွှေဈေးနဲ့ ဒေါ်လာဈေးတွေဟာ ထိန်းချုပ်လို့မရတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။

ရန်ကုန်မြို့လယ်ရှိ မီးရထားရုံးချုပ်ဟောင်း နေရာက ဆောက်လုပ်လက်စ ရိုးမစင်ထရယ် (Yoma Central) ဟိုတယ်နှင့် အထပ်မြင့်အိမ်ရာ စီမံကိန်း /  Nikkei Asia

မြန်မာ့စီးပွားရေး ထိုးရပ်တော့မည်

by အောင်ခမ်း
19 July 2022
49.8k

ဗဟိုဘဏ်၏ နောက်ဆုံး ထုတ်ထားသော ညွှန်ကြားချက်များကြောင့် စီးပွားရေးလုပ်ငန်းများ ထိုးရပ်ရတော့မည့် အနေအထားကြုံနေရပြီဖြစ်သည်။

၂၀၁၇ ခုနှစ် မေလအတွင်း ဘေဂျင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှီကျင့်ဖျင်တို့ တွေ့ဆုံစဉ် / Reuters

တရုတ် ပိုးလမ်းမသစ် စီမံကိန်းနဲ့ မြန်မာ့ အချုပ်အခြာ ပွတ်တိုက်မှု ရှိလာနိုင်မလား

by ဇင်လင်း
21 June 2019
7.8k

၂၀၂၀ မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ အပေါ် တရုတ်နိုင်ငံ အနေနဲ့ အားပေး ထောက်ခံကြောင်း

Next Post
တရုတ်ပြည်လုပ် Type 001A လေယာဉ်တင် သင်္ဘော ရေချစဉ် / AFP

တရုတ် ကာကွယ်ရေး အသုံးစရိတ် ယခုနှစ် ၇ ဒသမ ၅ ရာခိုင်နှုန်းသာ မြှင့်တင်နိုင်

Kylie Cosmetics ထုတ်လုပ်သူ Kylie Jenner

ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာ ဖြစ်လာတဲ့ Kylie Jenner

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved