သတင်း

တရုတ် ကာကွယ်ရေး အသုံးစရိတ် ယခုနှစ် ၇ ဒသမ ၅ ရာခိုင်နှုန်းသာ မြှင့်တင်နိုင်

Want create site? Find Free WordPress Themes and plugins.

တရုတ်အစိုးရက ယခုနှစ်အတွက် စစ်ဘက်ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၅ ရာခိုင်နှုန်းသာ မြှင့်တင်သွားမည် ဖြစ်ကြောင်း ယမန်နေ့က ကြေညာလိုက်ရာ ယင်းပမာဏမှာ စီးပွားရေး နှေးကွေး မှုနှင့် ရင်ဆိုင်နေရသည့် နိုင်ငံအတွက် ယမန်နှစ်ထက် လျှော့ထားကြောင်း သိရသည်။

ဘေဂျင်းသည် ၎င်း၏ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) အင်အား နှစ်သန်းအတွက် အနာဂတ် စစ်လက်နက် အသုံးအဆောင်များ ဖြည့်တင်းပေးနိုင်ရေး ကြိုးပမ်းလျက်ရှိရာ ကိုယ်ပျောက် တိုက်လေယာဉ်၊ လေယာဉ်တင် သင်္ဘောနှင့် အခြားလက်နက်ခဲယမ်းများအတွက် ကြီးလေးသော ကုန်ကျစရိတ်များကို ထုတ်သုံးနေရသည်။

၂၀၁၉ ခုနှစ်တွင် တရုတ် အစိုးရသည် ကာကွယ်ရေး ကဏ္ဍအတွက် ယွမ်ငွေ ၁ ဒသမ ၁၉ ထရီလီယံ (ဒေါ်လာ ၁၇၇ ဒသမ ၆ ဘီလီယံ) သုံးစွဲမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်က ယွမ်ငွေ ၁ ဒသမ ၁၁ ထရီလီယံ ထုတ်သုံးခဲ့သဖြင့် ယခုနှစ်အတွက် ၈ ဒသမ ၁ ရာခိုင်နှုန်းသာ တိုးမြှင့် သုံးစွဲရန် ရှိကြောင်း အမျိုးသား ပြည်သူ့ ကွန်ဂရက်(NPC) နှစ်စဉ်အစည်းအဝေးအဖွင့်တွင် ထုတ် ပြန်သည့် အစီရင်ခံစာ အရ သိရ သည်။

နိုင်ငံ စီးပွားရေး နှေးကွေး ခြင်းကြောင့် သုံးစွဲမှုနှုန်း မှာလည်း နည်းနေသေးပြီး NPC နှစ်စဉ် အစည်းအဝေး၌ ထုတ်ပြန်သော အစိုးရ အစီရင်ခံစာ အရ တိုးတက်မှုနှုန်းကို ၆ ဒသမ ၅ ရာခိုင်နှုန်းသာ လျာထားသည်။

PLA ကို ယခု ရာစုနှစ်လယ် အရောက်တွင် ကမ္ဘာ့ အဆင့်မီ တပ်မတော်အဖြစ် အသွင်ပြောင်းစေရမည် ဟု တရုတ် သမ္မတ ရှီကျင့်ဖျင်က ကတိပြုခဲ့ပြီး တိုက်ခိုက်ရန် အမြဲအသင့် ရှိနေသော တပ်မတော် ဖြစ်စေရမည်ဟု ထပ်လောင်း တိုက်တွန်းခဲ့ သည်။

တရုတ်လေတပ်မှ အမျိုးသမီး လေယာဉ်မှူးများ(globalvillagespace)

သီးသန့် အုပ်ချုပ်ရေးဖြင့် ရပ်တည်နေသော ထိုင်ဝမ်ကို တုံ့ပြန်ရန် စစ်ရေးအသုံးစရိတ်အစီအစဉ်ကို ဘေဂျင်းက ရေးဆွဲ ထားပြီး ဖြစ်သလို ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် ၎င်း၏ နယ်မြေချဲ့ထွင် ခိုင်မာစေရေး အတွက်လည်း ဘေဂျင်းက ဆက်လက်လုပ်ဆောင်နေသည်။

အမျိုးသား ပြည်သူ့ ကွန်ဂရက်(NPC)၏ ပြောခွင့်ရ ဇောင်ယိဆွီက “တရုတ်စစ်ရေး အသုံးစရိတ်သည် အခြားနိုင်ငံများကို ခြိမ်းခြောက်ခြင်း မဟုတ်ကြောင်း” ပြောကြားခဲ့သည်။

“ကာကွယ်ရေး အသုံးစရိတ်နဲ့ ပတ်သက်ရင် တရုတ်က အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ပိုင်နက် တည်တံ့ရေး ထိန်းထား နိုင်ဖို့ အတွက် ရည်ရွယ်ပြီး အကန့်အသတ်နဲ့ သုံးပါတယ်” ဟု ဇောင်ယွိဆွီက တနင်္လာနေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

တရုတ် ကွန်မြူနစ်ပါတီသည် အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများရှိ လက်နက်ကိုင်တပ်ဖွဲ့များ သုံးသည့် နည်းပညာ ကို အမိအရ ဖမ်းဆုပ်နိုင်ရန် အာရုံစိုက်လျက်ရှိသည့် အပြင် တချိန်တည်းမှာပင် ၎င်းစစ်သားအရေအတွက် နှစ်သန်းကို လျှော့ချနေသည်။

တရုတ်သည် ၎င်း၏ ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘော ဒုတိယတစင်းကို တည်ဆောက် လျက်ရှိပြီး စစ်ရေး ပြင်သည့် အနေဖြင့် မကြာသေးမီ လများက ပင်လယ်ပြင် ခုတ်မောင်းမှုကို စမ်းသပ်ခဲ့သည်။

ဘေဂျင်းသည် မျိုးဆက်သစ် ဖျက်သင်္ဘောများ၊ ဂျက်တိုက်လေယာဉ်များနှင့် တာဝေးပစ် ဒုံးကျည်များ ကိုလည်း တည် ဆောက်လျက်ရှိပြီး ရေတပ်သုံး လျှပ်စစ်သံလိုက်လှိုင်း များနှင့် တန်ပြန် ဂြိုဟ်တု လေဆာလက်နက်များကိုလည်း သုတေ သနပြု စမ်းသပ်နေသည်။

နိုင်ငံတကာမဟာဗျူဟာလေ့လာရေးသိပ္ပံ၏ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်တွင် တရုတ်သည် ကမ္ဘာ့စစ် စရိတ် တတိယ အများဆုံးသုံးသူဖြစ်ခဲ့ပြီး ဆော်ဒီအာရေးဗီးယားက ၈၂ဒသမ ၉ ဘီလီယံ၊ ရုရှားက ၆၃ ဒသမ ၁ ဘီလီယံနှင့် အိန္ဒိယက ၅၇ ဒသမ ၉ ဘီလီယံရှိကြောင်း ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading