အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်မှာ စစ်အသုံးစရိတ် ဘက်ဂျက်ကို စံချိန်တင် တိုးသုံးပြီးနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာအသုံးပြုမယ့် စစ်အသုံးစရိတ်ကိုတော့ ထုတ်ပြန်ခြင်း မရှိတော့ဘဲ ပြည်သူလူထုကို အသိမခံတော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်းဘဏ္ဍာရေး နှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။
ဇွန်လ ၃ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့စီးပွားရေးပျက်ကပ်အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးက အခုလို ပြောဆိုခဲ့တာပါ။
စစ်ကောင်စီက အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အထိ ကျပ်ငွေဘီလီယံပေါင်း၃၀,၀၀၀ ကျော်ကို ရိုက်ထုတ်ခဲ့ပြီး ကျပ်ငွေဖောင်းပွခြင်းရဲ့ အဓိက အကြောင်းရင်းက ငွေစက္ကူအများအပြား ရိုက်ထုတ် ခဲ့တာကြောင့်လို့ ဆိုပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီး ၃နှစ်ကျော်အတွင်း ရိုက်ထုတ်လိုက် တဲ့ ငွေစက္ကူပမာဏဟာ အရပ်သားအစိုးရ ၂ နှစ် လက်ထက် ရိုက်ထုတ်ခဲ့တဲ့ ပမာဏထက် ၈ဆခွဲလောက် ပိုများခဲ့တာပါ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR