• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မိုင်းခွဲခံရသော ကျုံအိတ်တံတားမှ ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပြု

by မိအိသဉ္ဇာမြင့်
16 May 2024
in သတင်း
A A
မိုင်းခွဲခံရသော ကျုံအိတ်တံတားမှ ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပြု

ကျုံအိတ်တံတားပေါ် ကားအသေးများဖြတ်သန်းနေစဉ်/CJ

745
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ် ဘီးလင်းနှင့် သထုံမြို့ အစပ်ရှိ မိုင်းခွဲဖျက်ဆီးခံထားရသော ကျုံအိတ်တံတားအား မေ ၁၄ရက် ညနေပိုင်းမှ စ၍ အိမ်စီးကားများကို ပြန်လည်ဖြတ်သန်းခွင့်ပေးနေကြောင်း ဒေသခံများနှင့် ယာဉ်မောင်းများထံမှ သိရသည်။

ရန်ကုန်- မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်ရှိ ကျုံအိတ်တံတားမှာ မေလ ၁၁ ရက် မိုင်းခွဲဖျက်ဆီးခံရပြီး ရက်ပိုင်း အတွင်း ပြန်လည်အသုံးပြုခွင့်ရပြီဖြစ်သော်လည်း တံတားတခြမ်းသာအသုံးပြုခွင့်ရသောကြောင့် အိမ်စီးကားငယ် များသာ ဖြတ်သန်းခွင့်ရပြီး၊ တွဲကားများနှင့် ခရီးသည်တင်ယာဉ်များကိုမူ ဖြတ်သန်းခွင့်မပေးသေးကြောင်း သိရသည်။

ကျုံအိတ်တံတားအနီးတွင် နေထိုင်သူတဦးက “၁၄ရက် ညနေကနေ ကားအသေး ပေးဖြတ်တာပါ။ ကားသေးပေမယ့် အောက်ပိုင်းမြင့်တဲ့ကားမှ အဆင်ပြေတယ်။ ဒါပေမယ့် ညဘက်ကျတော့ ဖြတ်မရဘူး။ နေ့ခင်းဘက်တောင် အသံတွေ ကြားနေရ တာ။ ညညဆို အလုံးကြီးအသံတွေ ကြားရတော့ ညဘက်က မဖြတ်ကြဘူး။ ဒီမနက်မှပဲ ကားသေးတွေ သွားကျတယ်” ဟု ပြောသည်။

တံတားကို ပြန်လည် အသုံးပြုခွင့်ပေးနေသော်လည်း ယမန်နေ့က ရန်ကုန်မှ ထွက်ခွာလာသည့် ကုန်တင်ယာဉ်နှင့် တွဲ ကားများကို ဘီးလင်းမြို့ အဝင်းကြီးကျေးရွာတွင် သွားလာခွင့် ပိတ်ထားပြီး၊ မော်လမြိုင်ဘက်မှ ရန်ကုန်သို့ အသွား ကားများကို သထုံမြို့နယ်၊ သိမ်ဆိပ်ရဲစခန်းရှေ့မှစတင်ကာ ဆက်လက် သွားလာခွင့် ပိတ်ထားကြောင်း ကားသမား များက ပြောသည်။

သထုံမှ ရန်ကုန်သို့ ပြေးဆွဲနေသော ယာဉ်မောင်းတဦးက “ကျနော် မနက်က ရန်ကုန်ကလာတာ။ ဘီးလင်း အဝင်း ကြီး ရွာမှာ ပိတ်ထားတာ။ ဖြတ်သန်းခွင့်မပြုတာတော့ မဟုတ်ဘူး။ အထဲမှာ အများကြီးပိတ်နေကျတော့ အပြင်က ကား တွေကို ခဏ ပိတ်ထားတဲ့သဘောပေါ့။ တံတားက ပေးဖြတ်နေပေမယ့် ပေးဖြတ်လိုက် ပြန်ပိတ်လိုက်ပဲ၊ တနေကုန် ပေးဖြတ်နေတာမျိုးတော့ မဟုတ်ဘူး” ဟု ပြောသည်။

တံတား မိုင်းခွဲခံရသည့် နေ့မှစ၍ ယမန်နေ့ နံနက်ပိုင်းအထိ တွဲကားများ၊ ကုန်တင်ကားများနှင့် အိမ်စီးကားများ မှာ ကျိုက်ကော်ရွာမှ စတင်ကာ မိုးကောင်းကျေးရွာအထိ ၃ မိုင်နီးပါး ယာဉ်တန်းပိတ်ဆို့နေခဲ့ပြီး၊ ယနေ့နံနက်ပိုင်းတွင်မူ တံတားပြန်လည် အသုံးပြုခွင့်ရရှိသည့်သတင်းကြောင့် ကားများမှာ မိုးကောင်းကျေးရွာ၌ လာရောက်စုပြုံနေကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

မိုးကောင်းမြို့ရှိ လူမှုကူညီရေးအသင်းတခုမှ အဖွဲ့ဝင်တဦးက “ကျနော်တို့ မိုးကောင်းမှာ ကားပိတ်တာအဆိုးဆုံးလို့ ပြောလို့ ရပါတယ်။ ကျနော်တို့ရုံးကားတောင် ထွက်လို့မရတဲ့ အခြေအနေပါ။ ကားလမ်းပေါ်မှာ ကားက လေးထပ် လောက် ပိတ်နေတာ။ တခြားရွာတွေကမှ လမ်းတခြမ်းသုံးလို့ ရသေးတယ်”ဟု ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
111
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
34
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

ကျုံအိတ်တံတား ဖျက်ဆီးခံရပြီးနောက် ကားပေါင်း ရာချီ၍ ရွှေရောင်ပြ- မရမ်းကုန်း- ချောင်းစောင့်- ရေဝေ- ကမာစိုင် စသည့် ကျေးရွာ ချင်းဆက် အတွင်းလမ်းများမှနေ၍ ဘီးလင်းတံတားအား ဖြတ်ရန် ကြိုးစားနေရာ လမ်းနှင့်ယာဉ် မမျှ သည့်အပြင် တိုက်ပွဲများကြောင့် ဆက်လက်ပိတ်မိနေကြောင်း ဒေသခံများက ဆိုသည်။

တံတားအလွန် ဒေါက်ရပ်ကျေးရွာသို့ ဝင်ရောက်ကာ ဘီးလင်းတံတား ကို အသုံးပြုရန်အတွက် ကျေးရွာချင်းဆက် လမ်းများဖြစ်သည့် ရွှေရောင်ပြ-မရမ်းကုန်း-ချောင်းစောင့်-ရေဝေ-ကမာစိုင် စသည့် အတွင်းလမ်းများမှတဆင့် သွားရောက်ရန် ကျေးရွာတွင်းလမ်းများသို့ စုပြုံဝင်ရောက်ခဲ့ကြသည့် ကားရာချီမှာ လည်း လမ်းနှင့်ယာဉ်မမျှသည့်အပြင် တိုက်ပွဲများကြောင့် ယနေ့အထိ ဆက်လက်ပိတ်မိနေကြောင်း ဒေသခံ များထံမှ သိရသည်။

တံတားဖြတ်သန်းရန်စောင့်ဆိုင်းနေကြသည့် ယာဉ်များ/ CJ

ဒေသခံတဦးက “ကျေးရွာလမ်းကျဉ်းကျဉ်းလေးတွေကိုမှ Express ကားတွေရော၊ ဆီဘောက်ဆာကားတွေရော၊ ကားသေးတွေပါ စုပြုံဝင်ကျတော့ လမ်းက ရှောင်မလွတ်တိမ်းမလွတ်နဲ့ ကျပ်ကုန်ကြတာ။ ဒီနေ့ တံတားကနေ ပေး သွားပြီပြောပေမယ့် တောလမ်း (ရှောင်လမ်း) ရောက်နေတဲ့ကားတွေက ပြန်ကွေ့ထွက်လို့မလွယ်ဘူး” ဟု ပြောသည်။

တံတားမိုင်းခွဲခံခဲ့ရသည့် မေ ၁၁ ရက်တွင် ဇီးဝန်းကျေးရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၁၄တပ်ရင်းမှ လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေါက်ရပ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲရာ ရွာခံ ၃ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ယနေ့အချိန်ထိ တိုက်ပွဲမပြင်းထန်သော်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အနည်းငယ်ရှိကြောင်းနှင့် စစ်ကောင်စီက ရွှေရောင်ပြကျေးရွာတဝိုက်ကို လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတဦးက “လက်နက်ကြီးတွေပစ်သံကြားတဲ့အခါကျရင် ဆက်မသွားတော့ဘဲ အိမ်တွေထဲ ဝင်ပုန်းကြတာမျိုးတွေ ရှိတယ်။ လက်နက်ကြီးသံငြိမ်မှ ပြန်သွားကြာတာပေါ့။ အဲဒီလိုကျတော့ သွားလိုက် ရပ်လိုက်၊ ပုန်းလိုက်ဆိုတော့ ပိုပြီး ကြန့်ကြာတာမျိုးတွေရှိတာပေါ့” ဟုပြောသည်။

ပိတ်မိနေသောကားများတွင် ကုန်စိမ်း၊ အသားငါး တင်ဆောင်သောကားများနှင့် ဒူးရင်းသီးတင်ဆောင်ထားသော ကား များပါဝင်ပြီး လမ်းပိတ်သည်မှာ ၄ ရက်ကျော် ကြာမြင့်လာသောကြောင့် ပျက်စီးဆုံးရှုံးမှုများနိုင်ကြောင်း ကုန်သည် များက ပြောသည်။

ပေါင်မြို့မှ ရန်ကုန်မြို့သို့ ဒူးရင်းသီးတင်ပို့နေသူတဦးက “ကျနော် ဒူးရင်းသီး ၁၂ ခြင်း တင်ပေးလိုက်တာ။ ကားက ကြား ထဲဆိုတော့ ပြန်လှည့်လာလို့လည်းမရတော့ဘူး။ ဒူးရင်းသီးတွေကကွဲသီးဆိုတော့ ရက်ကြာရင် ချဉ်ပြီ။ ကျနော် ဟိုဘက် ကို ငွေပြန်အမ်းရတော့မယ်၊ တခြားအသား ငါးကားတွေဆို တစီးစာကို တန်ဖိုးက ရာနဲ့ချီတာဆိုတော့ ဆုံးရှုံးမှုက နည်း မှာ မဟုတ်ဘူး” ဟု ပြောသည်။

ထိုတံတားမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ကို ဆက်သွယ်ထားသည့် တံတားဖြစ်ပြီး ယခုကဲ့သို့ တံ တားပျက်စီးခြင်းကြောင့် ကုန်စည်စီးဆင်းမှုကို အနည်းနှင့်အများ ထိခိုက်စေနိုင်ကြောင်း ကုန်သည်များက ဆိုသည်။

သထုံဒေသခံတဦးက “အခုကတော့ စက်သုံးဆီတွေက ရန်ကုန်ဘက်ကနေလာတာဖြစ်လို့ အခု တံတားပျက်တော့ ဆီမဝင်တော့ဘူး။ ဆီမရတော့လို့ သထုံကဆီဆိုင်ကြီးတွေ ပိတ်ထားရတယ်” ဟု ဆိုသည်။

လက်ရှိတွင် အိမ်စီးကားအသေးများဖြင့် ပြေးဆွဲလျက်ရှိသော ရန်ကုန်- သထုံ ကားလက်မှတ်ဈေးများလည်း ယခင် တကြောင်း ၃ သောင်း ၅ ထောင်ကျပ်ရှိရာမှ ယခု ၄ သောင်းခွဲအထိ ဈေးမြင့်တက်လာကြောင်း သိရသည်။

မိုင်းခွဲခံရသောကြောင့် ပျက်စီးခဲ့သော ကျုံအိတ်တံတားကို ပြီးခဲ့သည့် မေလ ၁၂ ရက်က မွန်ပြည်နယ် ဝန်ကြီးချုပ်က သွားရောက်ကြည့်ရှုခဲ့ပြီး အမြန်ဆုံး ပြန်လည်ပြင်ဆင်ဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရွှေသံလွင် ဟိုင်း ဝေး ကုမ္ပဏီတာဝန်ရှိသူတို့အား မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျုံအိတ်တံတားမှာ ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ရက်ကလည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသေးသည်။

Your Thoughts …
Tags: ကျုံအိတ်တံတားမိုင်းခွဲဖျက်ဆီးမွန်ပြည်နယ်
မိအိသဉ္ဇာမြင့်

မိအိသဉ္ဇာမြင့်

Similar Picks:

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

by မိုးစက်ငြိမ်းချမ်း
6 September 2023
7.2k

တပြည်လုံးအနှံ့တွင် စစ်တိုက်နေရသည့် စစ်ကောင်စီအဖို့ နေရာတခုတွင် အင်အားအလုံးအရင်း စုစည်းပြီး စစ်ဆင်ရေးပြုလုပ်ရန် မဖြစ်နိုင်ပေ။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

by အေးချမ်းဆု
16 October 2023
7k

PNDF သည် စစ်အာဏာရှင် အပြုတ်တိုက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ရည်မှန်းချက်ထား၏။

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၁)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၁)

by မိုးစက်ငြိမ်းချမ်း
4 September 2023
6.4k

၂၀၂၃ မိုးရာသီတွင် မယ်စဲ့နှင့် ဖားဆောင်းမြို့နယ်များအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပါဝင်သော တိုက်ပွဲကြီးများ နေ့စဉ်ဖြစ်ပွားလာကာ ကရင်နီပြည်နယ်အနှံ့ တိုက်ပွဲများဖြစ်ပွားသည်။

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

by အေးချမ်းဆု
5 July 2025
4.3k

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်အတွင်း ပြောက်ကျားတိုက်ပွဲများသာ များသည်။

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့သည် / MSDF

မွန်နှင့် ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သစ်များ

by ကိုဦး
3 April 2023
20.2k

မွန်နှင့် ပအိုဝ်းလူမျိုးထဲမှ မြန်မာစစ်တပ်ကို လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်ရန် စဉ်းစားဆုံးဖြတ်ကြသူတို့သည် အဖွဲ့အစည်းအသစ်များ ထူထောင်လာကြသည်။

Next Post
မြန်မာနိုင်ငံသားများ ဇီဝ အချက်အလက် ထိုင်း ကောက်ခံခြင်းက အငြင်းပွားစရာဖြစ်

မြန်မာနိုင်ငံသားများ ဇီဝ အချက်အလက် ထိုင်း ကောက်ခံခြင်းက အငြင်းပွားစရာဖြစ်

လောက်ကိုင်ပြန်စစ်ရှောင်များကို MNDAA ရှေ့တန်းပို့

လောက်ကိုင်ပြန်စစ်ရှောင်များကို MNDAA ရှေ့တန်းပို့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved