• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

by အေးချမ်းဆု
5 July 2025
in ဆောင်းပါး
A A
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၀ ပြည့်နှစ်အတွင်းက တွေ့ရသည့် AA တပ်ဖွဲ့ဝင်တဦး / ဧရာဝတီ

4.3k
VIEWS
Share on FacebookShare on Twitter

၄။ ကရင်ပြည်နယ်

ကရင်ပြည်နယ်တွင် စစ်ကောင်စီ ထိုးစစ်ဆင်သည့်ဒေသ၊ ခံစစ်ဆင်သည့်ဒေသ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်သည့်ဒေသနှင့် ပြောက်ကျားစစ်ဆင်သည့်ဒေသဟူ၍ ခွဲခြားတွေ့မြင်နိုင်သည်။

စစ်ကောင်စီ၏ ကရင်ပြည်နယ်တွင်း အကြီးဆုံးနှင့်အကြာဆုံး တခုတည်းသော ထိုးစစ်ဆင်မှုမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်မှ စတင်ခဲ့သည့် တပ်မ ၅၅ ဦးဆောင်သော အင်အား ၁,၂၀၀ ခန့် ပါဝင်သည့် အောင်ဇေယျ စစ်ဆင်ရေးဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၄ နှစ်ကုန်အထိ ဒေါနတောင်၊ တောနော်ရေတံခွန်ကို မကျော်ခဲ့ပေ။

အကျအဆုံးများပြားသည့် ထိုစစ်ကြောင်းအား အင်အားထပ်မံဖြည့်တင်းပြီး ၂၀၂၅ ခုနှစ်တွင်လည်း ထပ်မံစစ်ဆင်သည်ကို တွေ့ရ၏။ သို့ဖြစ်ရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လများတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အောင်ဇေယျစစ်ကြောင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

ကော့ကရိတ်နှင့် ကျုံဒိုးမြို့ကြားရှိ စစ်ကောင်စီ၏ အခြေချစိုက်တပ်စခန်းများ၊ ကော့ကရိတ်နှင့် ဒေါနတောင်ပေါ်ရှိ အောင်ဇေယျ စစ်ကြောင်းကြား စခန်းငယ်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၁၃ ရက်နေ့မှစပြီး တပြိုင်နက် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့၍ တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့၏။

သို့ဖြစ်ရာ ကျုံဒိုးမှ စစ်ကူလာသည့် စစ်ကြောင်းရော ကော့ကရိတ်မှ အောင်ဇေယျသို့ စစ်ကူပို့သည့် စစ်ကြောင်းပါ ဖြတ်တောက် တိုက်ခိုက်ခံနေရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်အထိ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေပြီး အောင်ဇေယျ စစ်ကြောင်းလည်း တိုးမပေါက်ပေ။

သို့ဖြစ်ရာ ကျုံဒိုးမှ စစ်ကူလာသည့် စစ်ကြောင်းရော ကော့ကရိတ်မှ အောင်ဇေယျသို့ စစ်ကူပို့သည့် စစ်ကြောင်းပါ ဖြတ်တောက် တိုက်ခိုက်ခံနေရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်အထိ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေပြီး အောင်ဇေယျ စစ်ကြောင်းလည်း တိုးမပေါက်ပေ။

ကရင်ပြည်နယ်၏ အခြားနေရာများတွင်မူ စစ်ကောင်စီသည် ခံစစ်သာဖြစ်ပြီး ကရင်နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။

သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းမပေါ်တွင် တည်ရှိသည့် စစ်ကောင်စီ၏ ဗျူဟာအဆင့် အနန်းကွင်း တပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်များက သိမ်းပိုက် ရရှိနိုင်ရန် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ်လပိုင်းမှစတင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ တိုက်ပွဲများ တွေ့ရသော်လည်း နောက်ပိုင်း တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်မှု ရပ်တန့်လိုက်သည်ကို တွေ့ရ၏။ ယခုအချိန်အထိ စစ်ကောင်စီတပ်က ခံစစ်ဆင်နိုင်ဆဲဖြစ်သည်။

ဖာပွန်နယ်တွင် အခြေစိုက် တပ်စွဲထားသည့် လှဂွန်းပျို (ခို့သွိထ) စစ်ကောင်စီတပ်စခန်းသည် ဇန်နဝါရီလ ၇ ရက်တွင် KNLA မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့များထံသို့ လက်နက်ချခဲ့၏။ ကတိုင်တိစခန်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် စတင် ထိုးစစ်ဆင်ခဲ့ရာ သုံးပတ်ကျော်အကြာ ဇန်နဝါရီလ ၂၃ ရက်တွင် စခန်းကို ရှင်းလင်းနိုင်ခဲ့သည်ဟု သိရ၏။ ထို့နောက် ကမမောင်းမှ ကတိုင်တိသို့ ထိုးစစ်ဆင်သည့် စစ်ကောင်စီတပ်အား ဟန့်တားဖြတ်တောက်နိုင်ခဲ့ကြသည်။

သို့သော် နောက်ပိုင်းတွင် KNU တပ်ဖွဲ့များ၏ အလစ်အငိုက်ကို ရယူပြီး ကတိုင်ထိ စစ်ကောင်စီတပ်စခန်းနှင့် ဖာပွန် ခမရ ၃၄၀ ကို ဇွန်လ ၇ ရက်နေ့တွင် စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်လိုက်ကြောင်း သိရသည်။ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းခြင်း၊ အကြိတ်အနယ်တိုက်ခြင်း မရှိဘဲ တော်လှန်ရေးတပ်ဖွဲ့များ ပေါ့ဆမှုကြောင့် သိမ်းပိုက်သွားခြင်း ဖြစ်၏။ အနန်းကွင်း၊ ကတိုင်တိနှင့် ဖာပွန်ဗျူဟာတို့သည် စစ်ကောင်စီ ခံစစ်ဆင်နိုင်သည့် ဗျူဟာစခန်းများဖြစ်၏။

KNU တပ်မဟာ ၆ နှင့် ၇ ဒေသ ဒေါနတောင်ကြောနှင့် ထိုင်းနယ်စပ်တလျှောက်ကမူ KNU က ထိုးစစ်ဆင် သိမ်းပိုက်သည့်ဒေသ ဖြစ်၏။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့မှစ၍ လှိုင်းဘွဲ့မြို့နယ်ရှိ ထိုင်း၊ ကရင်နယ်စပ် ဒေါနတောင်အရှေ့ခြမ်းရှိ KNU ဌာနချုပ်ဟောင်း မာနယ်ပလောအား ကရင်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ မေလအတွင်း ဒေါနတောင်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ်များ အခြေစိုက်သည့် ပွိုင့် ၁၂၄၈ စခန်း (ခေါ်) ပူးလူးတူတပ်စခန်း၊ ခလယ်ဒေးစခန်း၊ မော်ဖားသူစခန်း၊ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး တပ်စခန်း၊ တာလယ်ဗျူဟာစခန်း၊ မောကဝီးလေး (မယ်လ) စခန်းနှင့် မော်ဖိုးကေစခန်း စသည့် စစ်စခန်းများကို ဆက်တိုက် သိမ်းပိုက်ခဲ့သည်။

တဖန် မေလ တတိယပတ်မှစ၍ မြဝတီတောင်ဘက် ဒေါနတောင်အရှေ့ခြမ်းရှိ ဘလယ်ဒိုတပ်စခန်း၊ မော်ခီးစခန်း၊ ဘုရင့်နောင်ဗျူဟာ တပ်စခန်းကုန်း (ပွိုင့် ၁၂၈၆)၊ ကနဲလေး စစ်ကောင်စီ အမြောက်ကုန်းစခန်း၊ ရွှေအေးမြိုင် ဘုရားတပ်စခန်းကုန်း (ဝါးမီထစခန်း၊ ဥကရစ်ထ၏ ကာကင်းစခန်း)၊ သေ့ဘောဘိုးစခန်း၊ ထီးကပလယ် စခန်းများကို ကရင်နှင့်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူပြီး ဆုံဆည်းမြိုင်အနီး ခမရ ၅၅၉ စစ်ကူစစ်ကြောင်းအား ချေမှုန်းခဲ့သည်ကို တွေ့ရသည်။

ထိုင်းနယ်စပ် ဝေါလေမြိုင်ခွင်အတွင်းရှိ ဝေါလေဗျူဟာကုန်း၊ ဥကရစ်ထစခန်း၊ တီသဲလယ် ကာကင်းစခန်း သုံးခုအား ပိတ်ဆို့ဖြတ်တောက်ထားပြီး တိုက်ခိုက်ဆဲဖြစ်၏။

၂၀၂၅ ခုနှစ် ပထမ ခြောက်လပိုင်းတွင် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ စစ်ကောင်စီတပ်စခန်းငယ်များကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး သိမ်းယူပြီးသည့် စစ်ကောင်စီစခန်း ၁၇ ခုအထိရှိပြီး စစ်ကောင်စီတပ်တို့ စခန်းစွန့်ခွာထားခဲ့ရသည့် စခန်းပေါင်း ၁၀ ခု ရှိသည်ဟု သိရသည်။ ကရင်ပြည်နယ် သံတောင်ဘက်ခြမ်းတွင် တိုက်ပွဲကြီးများ မတွေ့ရဘဲ ပြောက်ကျားတိုက်ပွဲများကမူ ပုံမှန်ဖြစ်ပွားနေသည်ကို တွေ့ရသည်။

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
3
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
3.5k
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
113

ထိုဒေသများမှာ KNU နယ်မြေစိုးမိုးမှု ကျယ်ပြန့်အောင် စစ်ဆင်နိုင်သည့် ပြောက်ကျားစစ်ဆင်သည့် ဒေသများဖြစ်၏။ KNU တပ်မဟာ ၄ စစ်ရေး အခြေအနေအား တနင်္သာရီတိုင်းတွင် ထည့်သွင်းသုံးသပ်ပါမည်။

ဒေသတွင်း စစ်နိုင်ခဲ့ဖူးသည့် သေနင်္ဂဗျူဟာများကို လက်ရှိ စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့များက လေ့လာအတုယူနိုင်သည်

၅။ မွန်ပြည်နယ်

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်အတွင်း ပြောက်ကျားတိုက်ပွဲများသာ များသည်။ စစ်ဆင်ရေးအကြီးအနေဖြင့် မဲပလီဗျူဟာ သိမ်းပိုက်ခြင်းသာရှိ၏။ မွန်ပြည်နယ်၊ ဘီးလင်းမြို့၏ မြောက်ဘက်စစ်ရေးအရ အချက်အချာကျသည့် မဲပလီ (မယ်ပရေးခီး) ဗျူဟာစခန်းကိ ဖေဖော်ဝါရီလ ၁ ရက်တွင် KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့သည်။

မဲပလီ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဗိုလ်ကြီးတဦး အပါအဝင် စစ်သုံ့ပန်း ၂၇ ဦး ဖမ်းဆီးနိုင်ခဲ့၏။ ထို့ပြင် ၁၂၀ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး၊ ပွိုင့်ဖိုက်အပါအဝင် လက်နက်မျိုးစုံ ၄၂ လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

မဲပလီ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဗိုလ်ကြီးတဦး အပါအဝင် စစ်သုံ့ပန်း ၂၇ ဦး ဖမ်းဆီးနိုင်ခဲ့၏။ ထို့ပြင် ၁၂၀ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး၊ ပွိုင့်ဖိုက်အပါအဝင် လက်နက်မျိုးစုံ ၄၂ လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

မွန်ပြည်နယ်အတွက် အဓိက သတင်းမှာ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းခြင်းဖြစ်၏။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့သည် ပူးတွဲစစ်ဆင်ရေးလုပ်ငန်းများအတွက် ‘ရာမညပူးတွဲစစ်ကြောင်း’ ကို ဖွဲ့စည်းသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် စတင်တည်ထောင်ခဲ့သည့် မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) သည် MLA နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်မှ စတင်ပူးပေါင်းသည်။ မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP – AD) နှင့် MLA တို့ ၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်တွင် ပေါင်းစည်းပြီး “ဒပ်မန် ရာမည-ရာမညမွန်တပ်တော် (Ramonnya Mon Army – RMA) အဖြစ် ဖွဲ့စည်းလိုက်ခြင်းများ တွေ့ရပြီး ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်တွင် အကွဲကွဲအပြားပြားဖြစ်နေသော မွန်လက်နက်ကိုင်တပ်ဖွဲ့များ ပေါင်းစည်းရေးကို ဆောင်ရွက်နိုင်ကြောင်း တွေ့ရသည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် မွန်-ကရင် စစ်ဆင်ရေးအတွင်း KNLA နှင့် RMA ရာမညမွန်တပ်တော်နှင့် ပူးပေါင်းတပ်များသည် ကျုံဒိုးမြို့မှတဆင့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန် စစ်ကြောင်းထိုးလာသည့် တပ်မ ၄၄၊ တပ်မ ၅၅ တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ကို တွေ့ရ၏။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအပါအဝင် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ၃၀ ဦးခန့်မနည်း သေဆုံးခဲ့သည်။ ရန်သူ့ လက်နက်ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့ပြီး မွန်လက်နက်ကိုင်တပ်များ ပေါင်းစည်းရေးသည် အစကောင်းသည်ဟု ဆိုရပါမည်။

၆။ ချင်းပြည်နယ်

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်တွင် ချင်းပြည်နယ်၌ ဖလမ်းမြို့သိမ်းတိုက်ပွဲ၊ တွန်းဇံမြို့နယ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းသော ဇိုမီးတော်လှန်ရေး အစည်းအရုံး / ဇိုမီးတော်လှန်ရေး တပ်မတော် (ZRO / ZRA) နှင့် တိုက်ပွဲဖြစ်ခြင်းနှင့် မေလ စစ်ကောင်စီ၏ ထိုးစစ် စသည့်သုံးခုကို တွေ့ရ၏။

ချင်းညီနောင်အဖွဲ့ (CB) က ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်တွင် ဖလမ်းမြို့သိမ်းတိုက်ပွဲကို စတင်ခဲ့ရာ စစ်ကောင်စီဘက်ကလည်း ဖလမ်းမြို့ မကျစေရေးအတွက် ခလရ ၂၆၈ တပ်ရင်း အင်အားအပြင် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်ကူအင်အား ၁ဝဝ ခန့်၊ မတ်လတွင် စစ်ကူအင်အား ၁ဝဝ ခန့် ထပ်မံဖြည့်တင်းခဲ့ပြီး ခံစစ်ဆင်ခဲ့၏။

ချင်းညီနောင်စစ်ဆင်ရေး (Operations CB) ကို စတင်ခဲ့ပြီး ဖလမ်းမြို့ရှိ စစ်ကောင်စီ၏ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ရဲစခန်း၊ ခရိုင်ရဲစခန်း အစရှိသည်တို့ကို သိမ်းပိုက်ထားနိုင်ကာ ခလရ ၂၆၈ တပ်စခန်းကုန်းတခုသာ နောက်ဆုံး ကျန်ရှိတော့ခြင်းဖြစ်သည်။

စစ်ကောင်စီက အင်အားအကြိမ်ကြိမ် ဖြည့်တင်းသည့်အပြင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁,၀၀၀ ကျော် ပြုလုပ်ပြီး အပြင်းအထန် ခုခံခဲ့သည်။ ချင်းညီနောင်တပ်ဖွဲ့များက ငါးလကြာခန့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ဖလမ်းမြို့အား သိမ်းပိုက်နိုင်ခဲ့၏။

ဖလမ်း မြို့သိမ်းစစ်ဆင်ရေးအတွင်း ခလရ ၂၆၈ တပ်ရင်းမှူး သေဆုံးပြီး စစ်သုံ့ပန်း ၃၀၀ ခန့် ဖမ်းဆီးရရှိခဲ့၏။ ဟောင်ဝစ်ဇာအမြောက် အပါအဝင် လက်နက်မျိုးစုံ အလက် ၄၅၀ ကျော်နှင့် ခဲယမ်းများစွာ၊ ငွေသား သိန်း ၄,၀၀၀ ကျော် သိမ်းဆည်းရရှိသည်ဟု သိရသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် တခုတည်းသော ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဇိုမီးတပ်ဖွဲ့ ZRA နှင့် ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်ဖွဲများကြား တိုက်ပွဲ သုံးကြိမ်ခန့် ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်မှစ၍ ကလေးမြို့မှ ချင်းတောင်တန်းသို့ တပ်မ ၇၇ မှ တပ်ရင်း ခြောက်ရင်း၊ စုစုပေါင်း စစ်ကောင်စီ အင်အား ၈၀၀ ခန့်ဖြင့် သိုင်းငင်း၊ တီးတိန်သို့ ဦးတည်၍ စစ်ကြောင်းထိုးရာမှ မေလ ၂၁ ရက်တွင် တီးတိန်မြို့နယ်၊ စီးယင်းဒေသ၊ မွာလ်ပီးရွာ မရာက်မီ ချင်းတော်လှန်ရေးတပ်ဖွဲ့များက ခုခံ၍ တိုက်ပွဲများ စတင် ဖြစ်ပွားလာခဲ့သည်။

မေလ ၂၁ ရက်နေ့က တီးတိန်မြို့နယ်၊ ကလေး-သိုင်းငင်း ကားလမ်းပေါ်ရှိ မွာလ်ပီးကျေးရွာအနီးတွင် ၎င်းစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆက်လက် ရှေ့တိုးနိုင်ခြင်းမရှိဘဲ ဇွန်လလယ်တွင် ကလေးမြို့မှ စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်း၊ လူအင်အားများ ထပ်မံဖြည့်တင်းနေသည်ဟု သိရသည်။

မွာလ်ပီး၊ ထေးဇန်ရွာရှိ အဆိုပါ စစ်ကောင်စီစစ်ကြောင်းအား ဇွန်လ ၂၅ ရက်မှစ၍ ချင်းပူးပေါင်းတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ရာ ဇွန်လ ၂၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့၏။ စစ်ကောင်စီတပ်၏ ကာကင်းစခန်းသုံးခု သိမ်းမိသည်။ စစ်ကောင်စီတပ်ဖွဲ့များ အကျအဆုံးများပြီး ရှေ့မတိုးနိုင်သည့်အပြင် နောက်ဆုတ်နေရသည်ကို တွေ့ရသည်။

မွာလ်ပီး၊ ထေးဇန်ရွာရှိ အဆိုပါ စစ်ကောင်စီစစ်ကြောင်းအား ဇွန်လ ၂၅ ရက်မှစ၍ ချင်းပူးပေါင်းတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ရာ ဇွန်လ ၂၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့၏။ စစ်ကောင်စီတပ်၏ ကာကင်းစခန်းသုံးခု သိမ်းမိသည်။ စစ်ကောင်စီတပ်ဖွဲ့များ အကျအဆုံးများပြီး ရှေ့မတိုးနိုင်သည့်အပြင် နောက်ဆုတ်နေရသည်ကို တွေ့ရသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇၊ ၈ ရက်နေ့များတွင် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရသော စစ်ကောင်စီ၏ စစ်သင်္ဘော

၇။ ရခိုင်ပြည်နယ်

ရခိုင်၌ စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင် သုံးမြို့သာ ကျန်ရှိသည့်အနက် မာန်အောင်တွင် စစ်ရေးလှုပ်ရှားမှု မတွေ့ရပေ။ စစ်ကောင်စီတပ်သည် စစ်တွေဝန်းကျင် ရွာများအားလုံးကို ဖျက်ဆီး၍ စစ်တွေတွင် ခံစစ်ပြင်နေသည်ကို တွေ့ရ၏။

စစ်တွေတွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီကြား ရံဖန်ရံခါ စနိုက်ပါများနှင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းရှိသော်လည်း ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်း မရှိပါ။

၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ရမ်းဗြဲမြို့နှင့် ကျောက်ဖြူမြို့နယ် အစိတ်အပိုင်းအချို့အား AA က လုံးဝ အပြီးသတ်သိမ်းယူပြီး တိုက်ပွဲရပ်ထားသည်ကို တွေ့ရ၏။ AA တပ်များသည် သစ်ပုတ်တောင်လမ်းခွဲတွင် တပ်ဖြန့်ထားပြီး ဒိုတန်းတောင်အခြေပြု ရဲတပ်ရင်း ၃၂ တွင် စုဖွဲ့ထားသည့် စစ်အင်အား ၇၀၀ ခန့်ဖြင့် ရင်ဆိုင်ထားသည်။

စစ်ကောင်စီတပ်များသည် ဓညဝတီရေတပ်စခန်းမှလည်းကောင်း၊ ဒိုးတန်းတောင် ရဲတပ်ရင်း ၃၂ မှလည်းကောင်း၊ ရွှေသဘာဝ ဓာတ်ငွေ့သိုလှောင်ပို့ဆောင်စက်ရုံ (OGT) မှ မလကျွန်း၊ လိပ်ခမော်၊ ပြင်ရှည်မှလည်းကောင်း စစ်ကြောင်း သုံးကြောင်းဖြင့် သစ်ပုတ်တောင်လမ်းခွဲရှိ AA တပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၏။

သို့နှင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီမှစ၍ ဓညဝတီရေတပ်စခန်းဘက်တွင် စတင်တိုက်ပွဲဖြစ်ပွားပြီး မတ်လနှင့်ဧပြီလများတွင် ဒိုးတန်းတောင်၊ ပြင်ချေ၊ လိပ်ခမော်ဘက်တွင်ပါ တိုက်ပွဲများဖြစ်လာသည်ကို တွေ့ရသည်။

ဧပြီလတွင် AA တပ်ဖွဲ့များသည် ပြင်ရှည်၊ လိပ်ခမော်၊ မလကျွန်း၊ OGT သို့ ပြန်လည် ထိုးစစ်ဆင်ရာ မေလလယ်တွင် စစ်ကောင်စီတပ်များသည် OGT သို့ ဆုတ်၍ ခံစစ်ပြင်သည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်များသည် ၂၀၂၅ ခုနှစ်၊ မတ်လဆန်းမှစ၍ ရဲတပ်ရင်း ၃၂ မှ ပြိုင်းစေ့ကေ၊ နှမ်းဖဲတောင်၊ မင်းတက်တောင်နှင့် စက်မှုလက်မှုသင်တန်းကျောင်းတို့တွင် ကာကင်းများထုတ်ထား၍ သစ်ပုတ်တောင်လမ်းခွဲအား အခြေပြုထားသည့် AA အား တောက်လျှောက် ထိုးစစ်ဆင်နေခဲ့၏။

ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်များအား ပြန်လည်တိုက်ခိုက်ရာ ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်ခန့်တွင် မင်းတက်တောင်နှင့် စက်မှုလက်မှုသင်တန်းကျောင်း၊ မေလ ၂၈ ရက်ခန့်တွင် နှမ်းဖဲတောင်တို့ကို AA က ထိန်းချုပ်နိုင်ခဲ့သည်ဟု သိရသည်။

ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်များအား ပြန်လည်တိုက်ခိုက်ရာ ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်ခန့်တွင် မင်းတက်တောင်နှင့် စက်မှုလက်မှုသင်တန်းကျောင်း၊ မေလ ၂၈ ရက်ခန့်တွင် နှမ်းဖဲတောင်တို့ကို AA က ထိန်းချုပ်နိုင်ခဲ့သည်ဟု သိရသည်။

ယခုအခါ စစ်ကောင်စီသည် OGT ရှေ့မှ မလကျွန်း၊ ရဲတပ်ရင်း ၃၂ ရှေ့မှ ပြိုင်းစေ့ကေ၊ သစ်ပုတ်တောင် ရေတပ်ဌာနချုပ်ရှေ့မှ ကပ်သပြေတို့အား ကာကင်းအဖြစ် အသုံးပြုနိုင်ရန် ပြန်လည် ထိုးစစ်ဆင်နေသည်ဟု သိရ၏။ ကျောက်ဖြူတွင် အင်အားထောင်ချီ အသုံးပြုထားသော်လည်း ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်အတွင်း အရာရှိကြီးများအပါအဝင် ရာနှင့်ချီသေဆုံး၊ ရာနှင့်ချီ အဖမ်းခံရပြီး ရာနှင့်ချီ၍ လက်နက်ချနေသည်ဟု သိရသည်။

တရုတ်အစိုးရက ရင်းနှီးမြှုပ်နှံမှုများ မထိခိုက်ရန်အတွက် ကျောက်ဖြူကို မတိုက်ရန် AA အား ဖိအားပေးနေသည့်အပြင် စစ်တပ်သည် ရေကြောင်း၊ လေကြောင်းမှ စစ်ကူပို့နိုင်၍ အင်အားဖြည့်တင်းနိုင်ရာ ကျောက်ဖြူတွင် အင်အားထောင်ချီ စုစည်း၍ စစ်ကောင်စီက ထိုးစစ်ဆင်‌နေသော်လည်း AA ကသာ စစ်ရေးအသာစီး ရနေသည်ကို တွေ့ရသည်။

အမ်းမှ နတ်ရေကန်၊ မကွေး၊ ပဒါန်းသို့ ဦးတည်၍လည်းကောင်း၊ တောင်ကုတ်မှ ညောင်ကျိုးအား သိမ်း၍ ပဲခူးတိုင်း၊ ဥသျှစ်ပင်သို့ ဦးတည်၍လည်းကောင်း၊ ဂွမြို့မှ ရေကြည်၊ လေးမျက်နှာသို့ ဦးတည်၍လည်းကောင်း PDF များ၊ နွေဦးတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းချီတက်နေသော AA တပ်ဖွဲ့များလည်း ရှိနေသေးပြီး သက်ဆိုင်ရာ တိုင်းများတွင် ဖော်ပြပါမည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် မွတ်စလင် လက်နက်ကိုင်များ၏ ဝင်ရောက် တိုက်ခိုက်နိုင်ခြေ သတိပေးချက်များရှိ၍ မောင်တော၊ ဘူးသီးတောင်ဒေသတွင် AA က လုံလောက်သော တပ်အင်အားချထားပြီး ခံစစ်ပြင်ထားသည်ဟု ဆိုပါသည်။

(ဆက်လက်ဖော်ပြပါမည်။)

(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

မြို့သိမ်းစစ်ဆင်ရေးများ မြန်မာစစ်တပ် ဆက်လက်တောင့်ခံနိုင်

ရှမ်းမြောက် ရမခ စစ်အင်အား ပြန်ဖြည့်နေသည်

နတ်ရေကန် ဗျုဟာစခန်း မကျအောင် ၉၉ တပ်မမှူးသစ် စွမ်းဆောင်နိုင်မလား

စစ်တပ်ထိုးစစ် နောင်ချိုမြို့အနီး ချဉ်းကပ်လာ

မြန်မာပြည်တွင်းစစ် မည်သို့ အဆုံးသတ်မည်နည်း

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAACBCNAKNLAKNUNUGPDFZRAချင်းပြည်နယ်စစ်ကောင်စီစစ်အာဏာသိမ်းမှုတရုတ်တော်လှန်ရေးအင်အားစုနွေဦးတော်လှန်ရေးပြည်တွင်းစစ်ပြည်သူ့စစ်ပြောက်ကျားစစ်မွန်ပြည်နယ်ရခိုင်ပြည်နယ်လေကြောင်းတိုက်ခိုက်မှုအောင်ဇေယျစစ်ဆင်ရေး
အေးချမ်းဆု

အေးချမ်းဆု

အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

ဖားဆောင်းစခန်းသိမ်းတိုက်ပွဲ (ရုပ်/သံ)

ဖားဆောင်းစခန်းသိမ်းတိုက်ပွဲ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved