• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တပ်ထိုးစစ် နောင်ချိုမြို့အနီး ချဉ်းကပ်လာ

by ဧရာဝတီ
2 July 2025
in သတင်း
A A
စစ်တပ်ထိုးစစ် နောင်ချိုမြို့အနီး ချဉ်းကပ်လာ

နောင်ချိုကို ပြန်ရရန် စစ်ဆင်လာသည့် စစ်တပ်စစ်ကြောင်းပြ မြေပုံ (ဧရာဝတီ)

4.3k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းထားသည့် နောင်ချိုမြို့ကို ပြန် ရရေး ထိုးစစ်ဆင်နေရာ ယခုအခါ စစ်ကြောင်းများက တဖြည်းဖြည်းရှေ့တိုးပြီး မြို့အနီးချဉ်းကပ်လာနေသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း မြေပြင်စစ်ရေးသတင်းအရင်းတဦးက ပြောသည်။

စစ်တပ်ထိုးစစ်သည် TNLA ပူးပေါင်းတပ်များ အခိုင်အမာခံစစ်ယူထားသည့် ပြင်ဦးလွင်-နောင်ချိုလမ်းပေါ်က အုမ္မသီးရွာနှင့် တောင်းခမ်း-နောင်ချိုလမ်းပေါ်မှ ကံကြီးရွာတို့အား ကျော်လွန်ကာ နောင်ချိုနှင့် ၄မိုင်ခန့် ဝေးသည့် မျက်ချင်းနုရွာအထိ တိုက်ပွဲများ ရောက်လာခြင်းဖြစ်သည်။

မြေပြင်ရဲဘော်တဦးက “သူတို့(စစ်တပ်) လူအင်အားအရင်းအမြစ် ထုတ်သုံးပြီးတော့ ဆက်တိုးနေတာပါ။ အင်အား တဝက် ကျော်ကျော်က အတင်းစုဆောင်းထားတဲ့ တက်သစ်စလေးတွေပါ။ သူတို့ကိုရင်းပြီး တိုက်နေတာ။ ၅၀ တိုးရင် ၃၀ ကျပါ တယ်။ လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်ရော အများအပြားသုံးနေတယ်” ဟု ပြောသည်။

ယနေ့တွင်လည်း စစ်တပ်ထိုးစစ်ကြောင့် နောင်ချိုမြို့နယ်အတွင်း မြေပြင်တိုက်ပွဲများ ဆက်ရှိနေသည့်အပြင် နေ့လယ်ပိုင်း၌ လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားရာ ပတ်ဝန်းကျင်အား ဗုံးသုံးလုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သေးကြောင်း ကျောက်မဲ ခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့မှ ရဲဘော်တဦးက ဆိုသည်။

၎င်းက “နေ့စဉ်နီးပါး ကျည်ပေါက်နေပြီး ဒရုန်းကတော့ တော်တော်လေးသုံးနေပါတယ်။ ကျနော်တို့ ပူးပေါင်းတပ်တွေ အနေနဲ့ TNLA၊ DPLA တို့နဲ့အတူ နောင်ချိုခွင်က စစ်ကောင်စီထိုးလာသမျှကို ခုခံနေသလို အချို့နေရာတွေကို ပြန်လည်ရရှိဖို့အတွက် ကြိုးပမ်းနေတာတွေလည်း ရှိပါတယ်” ဟု ပြောသည်။

လက်ရှိ ပြင်ဦးလွင်-နောင်ချို ပြည်ထောင်စုလမ်းအတိုင်း ထိုးစစ်ဆင်လာသည့် စစ်တပ်နှင့် TNLA ပူးပေါင်းတပ်များကြား အုမ္မခါးနှင့် နောင်ဖာရွာပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ တောင်းခမ်း-နောင်ချိုလမ်းပိုင်းရှိ မြက်ချင်းနု၊ နောင်လင်၊ လုံစံရွာအနီးတို့၌လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း ယမန်နေ့၌ TNLA က သတင်းထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ မြေပြင်ထိုးစစ်အပြင် လက်နက်ကြီးပစ်ခတ်မှု ၁၇၂ လုံး၊ လေကြောင်းဗုံးကြဲမှု ၄၇ လုံး နှင့် ဒရုန်းဖြင့် ဗုံး ၃၁ လုံးကြဲချကာ ပစ်ကူပေးခဲ့ပြီး ဇွန် ၂၉ ရက်တွင် ယင်းကျေးရွာများအနီး ဖြစ်ပွားသည့် တိုက်ပွဲများ၌ လည်း လေကြောင်းဗုံးနှင့် လက်နက်ကြီးကျည် တရာကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ဆိုထားသည်။

စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်လည်း နောင်ချိုမြို့နှင့် သုံးမိုင်ကျော်သာကွာဝေးသည့် မျက်ချင်းနုရွာ နှင့် နောင်ဩရွာအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး TNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများနှင့် လက်နက်အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
36
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
32
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
51

စစ်တပ်အနေဖြင့် တိုက်ပွဲအတွင်း လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်နေသည့်အပြင် နောင်ချို မြို့နှင့် ကျောက်မဲမြို့ပေါ်ရှိ လူနေရပ်ကွက်များပေါ်သို့ ဗုံးကြဲမှုများလည်း ဆက်တိုက်ပြုလုပ်နေရာ အရပ်သားသေဆုံးမှုများ ရှိနေသည်။

အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး နောင်ချိုမြို့နယ် ရှေ့တန်းတနေရာတွင် လာရောက် စစ်ဆေးစဉ် / ခိုင်ဇော်

TNLA သိမ်းပိုက်ထားသည့် ကျောက်မဲမြို့ပေါ်သို့ ပြီးခဲ့သည့်တပတ်တာအတွင်း လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၅ ဦး သေဆုံးကာ ကလေးငယ်နှစ်ဦး အပါအဝင် အရပ်သား ၂၀ ကျော် ဒဏ်ရာရခဲ့ပြီး နေအိမ် ၅၀ ကျော်နှင့် စာသင်ကျောင်းအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

လတ်တလော နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ပြင်းထန်နေမှု အခြေအနေများနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် TNLA ထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်တပ်အနေဖြင့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားစဉ်အတွင်း အခွင့်ကောင်းယူကာ အဆက်မပြတ် ထိုးစစ်ဆင်နေ မှုကြောင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေကြောင်း TNLA က ပြောထားပြီး ၎င်းတို့အနေဖြင့် ခုခံကာ ကွယ်စစ်သာ ဆင်နွှဲနေခြင်းဖြစ်ကြောင်း ဆိုထားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း အပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီနှင့် TNLA ပါဝင်သော ညီနောင်မဟာမိတ်အဖွဲ့တို့က တရားဝင် ထုတ်ပြန်ခဲ့သော်လည်း မြေပြင်တိုက်ပွဲများနှင့် စစ်တပ်၏ လေကြောင်းဗုံးကြဲမှုများစွာရှိခဲ့ကာ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဇွန် ၃၀ ရက်တွင် နှစ်ဖက်အပစ်အခတ်ရပ်စဲကြောင်း သတ်မှတ်ရက် ကုန်ဆုံးသွားပြီဖြစ်သော်လည်း ယနေ့ညနေပိုင်းအထိ သက်တမ်းတိုးကြောင်း ထပ်မံကြေညာခြင်းမရှိသေးရာ အပြန်အလှန်ထိုးစစ်ဆင်မှုများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း စစ်ရေး လေ့လာသူတဦးက ပြောသည်။

စစ်ကောင်စီ၏ ခမရ-၁၁၄၊ ခမရ-၁၁၅ နှင့် အမှတ်-၆၀၆ ဒုံးတပ်ရင်းတို့ အခြေစိုက်ထားသည့် နောင်ချိုမြို့အား TNLA ပူးပေါင်းတပ်များက ယမန်နှစ်ဇူလိုင်လတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိုတပ်ရင်းသုံးခုရှိ အဆောက်အဦ အားလုံးနီးပါး ပြိုကျပျက်စီးနေသော ဂူဂယ်မှတ်တမ်းများအရ တွေ့ရသည်။

တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် TNLA တို့ကြား ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေစဉ် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များမှ TNLA တပ်များ ဆုတ်ခွာပေးရန် စစ်တပ်က တောင်းဆိုခဲ့ပြီး TNLA ဘက်ကမူ မြို့များအား ပြန်ပေးမည်မဟုတ်ကြောင်း အခိုင်အမာ ပြောထားသည်။

You may also like these stories:

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

TNLA နှင့် စစ်တပ် ဆွေးနွေးမှု သဘောတူညီချက်မရ

Your Thoughts …
Tags: TNLAစစ်တပ်နောင်ချို
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒတွေ ပြောင်းလဲဖို့ မြန်မာပြည်ဖွားတွေ ကြိုးပမ်းနေ (ရုပ်/သံ)

အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒတွေ ပြောင်းလဲဖို့ မြန်မာပြည်ဖွားတွေ ကြိုးပမ်းနေ (ရုပ်/သံ)

စစ်မှန်တဲ့ ရွေးကောက်ပွဲဆို ဥပဒေတွေနဲ့ ကာကွယ်နေစရာ မလိုဘူး (ရုပ်/သံ)

စစ်မှန်တဲ့ ရွေးကောက်ပွဲဆို ဥပဒေတွေနဲ့ ကာကွယ်နေစရာ မလိုဘူး (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved